“ဒီမိုကရေစီနဲ့ မအပ်စပ်တဲ့ လူတန်းစား”

Good IdeaJune 26, 20111min66

အထက်အညာ အင်းတော်ကြီးဒေသ မာန်လည်မြို့ကလေးက လူငယ်တစ်ယောက် ဂျာနယ်တိုက်တွေကို စုံစမ်းမေးမြန်းပြီး ရောက်လာတယ်။ ချစ်စရာ မြန်မာ့ရိုးရာ ဓလေ့အတိုင်း ရောက်ရောက်ချင်း ဦးချကန်တော့ပြီးမှ သူ့ကိုယ်သူ မိတ်ဆက်တယ်။ နောက်တော့ သူ့ရင်ထဲမှာ မျိုသိပ်ထားရတာတွေ များလွန်းလို့ ဘယ်လိုမှ အောင့်အီး မနေနိုင်တော့လို့ လာပြီး ရင်ဖွင့်တာပါလို့ နတ်သံမနှောဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။

 

ရွှေရှာကျောက်တူး

နေမကောင်းလို့ စာတောင်မရေးနိုင်တဲ့အချိန် ဖြစ်နေပေမယ့် သူ့ခမျာ ဒီလို ရင်ဖွင့်ဖို့ သက်သက် ဝေးလံခေါင်ဖျား ဒေသက တပင်တပန်း လာခဲ့ရရှာတာ ဖြစ်တဲ့အတွက် သက်သာသလို နေရင်း နားထောင်ပေးခဲ့တယ်။

စကားပြောရင်သာ မောပြီး နားထောင်တာက မောမှမမောတာ။ သူပြောတာက သူတို့ဒေသ တစ်ဝိုက်က လယ်သမားတွေ လယ်မလုပ်တော့ဘဲ မြစ်ရိုးတစ်လျှောက် ရွှေရှာသူတွေက ရှာကြ၊ မှော်တွေထဲသွားပြီး ကျောက်တူးသူတွေက တူးကြ ဖြစ်နေတဲ့အတွက် တစ်ချိန်ချိန်မှာ သူများနိုင်ငံက ဆန်ကို ဝယ်စားရတဲ့ အဖြစ်မျိုး ရောက်သွားမှာ စိုးရိမ်နေရပါတယ်တဲ့။ ”ရွှေမရှိတာက ဘာမှမဖြစ်ဘူး။ ဆန်မရှိရင်တော့ ဒုက္ခ အကြီးအကျယ်ရောက်မှာ ခင်ဗျ’

 

မျက်နှာစိမ်းတွေ

အနီးအနား ဝန်းကျင် ဒေသတွေက သာမက မန္တလေးလို နေရာက မျက်နှာစိမ်းတွေလည်း အများကြီး တွေ့မြင်ကြရတယ်တဲ့။ ခြံစောင့်ရရင် တော်ပါပြီ၊ သွားနေပြီး လုပ်စားကြပါ။ ထွက်သမျှ သီးနှံတွေ အကုန်ယူပါလို့ ပြောတာတောင် သွားနေချင်သူ မရှိတဲ့ နေရာတွေက ခြံမြေတွေကို သိန်းရာနဲ့ ထောင်နဲ့ချီ ပေးပြီး ဝယ်တာကို မရောင်းချင်သူ ဘယ်သူရှိပါ့မလဲ။ ဒါသဘာဝပဲ။ အပြစ်တင်လို့လည်း မရဘူး။ မနေ့ကတောင် သန်လျင် သီလဝါဆိပ်ကမ်းသွားရာ လမ်းဘေးဝဲယာရှိ လယ်ကွက်တွေကို အဝယ်လိုက်နေလို့ တစ်ဧကကို သိန်း ၂ဝ လောက်နဲ့ ရောင်းနေကြတယ် ဆိုတဲ့ သတင်းတွေ ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရသေးတယ်။

 

ဇောကြီးလွန်းလို့

နိုင်ငံ တည်ဆောက်စ ကာလမှာ စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ကြ၊ မြို့ပြဖွံ့ဖြိုးတွေ လုပ်ဆောင်ကြ ဆိုတာ လုပ်ရိုးလုပ်စဉ် ဖြစ်ရိုးဖြစ်စဉ် တွေမို့ ဒီသတင်းမျိုးတွေဟာ သိပ်မဆန်းပါဘူး။ ဒါပေမဲ့ စည်းလွတ်ဝါးလွတ်တော့ မဖြစ်စေသင့်ဘူး။ ၁၉၅ဝ ဦးပိုင်း ကာလက လွတ်မြောက်လာစ တရုတ်ပြည်မှာ တည်ဆောက်ရေးဇောတွေ ကြီးမားလွန်ကဲပြီး ကျေးလက်ဒေသက အိမ်တိုင်းအိမ်တိုင်းမှာ သံရည်ကျိုဖိုတွေ ရှိရမယ်။ သံတိုသံစတွေ စုဆောင်းရှာဖွေပြီး သံရည်ကျိုလုပ်ငန်း လုပ်ရမယ်။ သံနဲ့သံမဏိ များများ ထုတ်လုပ်နိုင်မှ မြန်မြန် စက်မှုနိုင်ငံကြီး တည်ဆောက်နိုင်မယ် ဆိုတဲ့’ မဟာခုန်ပျံကျော်လွှား’ (Great Leap Forward) စီမံကိန်းကြီး ချမှတ် လုပ်ဆောင်ခဲ့တာကြောင့် ကသောင်းကနင်း ဖြစ်မှုကြီး ကြောက်စရာကောင်းအောင် ပေါ်ပေါက်ခဲ့ဖူးတယ်။

 

သင်ခန်းစာယူသင့်

တောက လယ်သမားတွေ လယ်မစိုက်နိုင်တော့ စပါး မထွက်တော့ဘဲ ကြီးမားတဲ့ အငတ်ဘေးကြီး ကြုံတွေ့ခဲ့ရလို့ ပေါ်လစီ အမှားကို အမြန် စွန့်ပစ်ပြီး လယ်ယာစိုက်ပျိုးရေးကို %