R လိုက်ရမှာလားဆရာ။။

R လိုက်ရမှာလားဆရာ။။

ကျွန်မလေ ဒီမနက်မှ ကို့ကိုယ်ကိုအလုပ်တော်တော်ရှုပ်တယ်လို့ထင်နေတယ် ညထဲက ဘုန်းကြီးကျောင်းကပေးလိုက်တဲ့
နှစ်လုံးဂဏန်းကိုစိတ်ကစွဲနေတုန်းပဲ နှစ်လုံးထိုးဘို့ စိတ်စောနေတာလဲပါမှာပေါ့လေ နှစ်လုံးရောင်းတဲ့ကောင်မလေးက
ကျွန်မတို့ နေတဲ့ စက်ရုံဝင်းထဲကို မနက်ကိုးနာရီထိုးရင်ရောက်နေကျ ဒါကြောင့်မနက်စောစောထ အိမ်ဦးနတ်ကြီးကတော့
အလုပ်သွားနှင့်ပါပြီ သူကနောက်မှထမင်းချိုင်လိုက်ပို့လို့ရတယ်လေ ကျောင်သားသုံးယောက် အငယ်ကောင်ကတော့ဖျားနေလို့
ကျောင်းတက်နိုင်မှာမဟုတ်ဘူး အကြီးနှစ်ကောင်အတွက် ကျောင်းထမင်းချိုင့်ထည်ဘို့နောက်ကျနေမှာ ဈေးကိုစောစောပဲထွက်လာမိတယ်
ဈေးနားရောက်ခါနီးမှ ဘုရားပန်းတွေညိုးနေတာသတိရတယ် ဘုရားပန်းပါဝယ်အုံးမှ အိမ်အတွက်တော့ ချဉ်ပေါင်ရွက်ကလေးပဲကြော်ထားလိုက်မယ်
ခပ်သုတ်သုတ်သွားမှ.. ဟိုကောင်မလေးရောက်လာရင် မတွေ့လိုက်ပဲနေအုံးမယ် ဈေးဘက်ကိုခပ်သုတ်သုတ်ပဲထွက်ခဲ့မိတယ်။။။
ဈေး အပြန်။။။။ စက်ရုံးဝင်းထိပ်ရောက်တော့ လင်တော်မောင်ကလုံခြုံရေးဆိုတော့ သူ့ပဲမေးလိုက်တယ် နှစ်လုံးထီရောင်းတဲ့ကောင်မလေး လာပြီလား
လင်တော်မောင်ကတော့မျက်ထောက်နီကြီးနဲ့ ဘယ်ချိန်ရှိသေးလို့လဲလို့ ခပ်မာမာ အသံနဲ့ပြန်ဖြေတာကိုဂရုမစိုက်အား လုံခြုံရေးဂိတ်တဲက
တိုင်ကပ်နာရီကိုကြည့်လိုက်တော့ ခြောက်နာရီ ထိုးလုထိုခင် အိမ်မြန်မြန်ပြန်မှ အိမ်ရောက်တယ်ဆိုရင်ပဲ အကြီးနှစ်ကောင်ရေချိုး
ကျောင်အဝတ်စားလဲထားဘို့ အော်ဟစ်ပြောဆိုရင်း မီးဖိုချောင်ထဲဝင် ချက်ရပြုတ်ရတော့တာပဲချဉ်ပေါင်ရွက်ကျော်ရမှာဆိုတော့ မြန်မှာပါ
အော်ဘုရားပန်းအတွက် သပြေ တွေဝယ်လာတာ ပန်းလဲရအုံးမှာပဲ ချဉ်ပေါင်တွေ ခပ်သွက်သွက်ခြွေ ရေဆေး အရောင်တင်မှုန့်လေးဆီသတ်
ပြီးမွေထားလိုက်တယ်။။
ချဉ်ပေါင်တွေမကြေသေးခင် သပြေပန်းတွေရေဆေးပြီး ဘုရားပန်းကပ်ထားလိုက်မှ မီးဖိုချောင်ထဲပြန်ရောက်တော့ ချဉ်ပေါင်တွေက မနွမ်းသေး
အောင်မလေး အရင်လိုကာမှ ကြာလိုက်တာ ချဉ်ပေါင်တွေခပ်သွက်သွက်မွေ အနေတော်လောက်ပြီထင်တော့ချ အကြီးနှစ်ယောက်အတွက်
ကျောင်းထမင်းချိုင့်ကို ချဉ်ပေါင်ရွက်ကျော်နဲ့ထည်ပေးပြီး ကဲသွားကြတော့ ကားလမ်းလဲကြည်ကူးကြနော် ဝင်းထိပ်နင့်တို့အဖေဆီက မုန့်ဘိုးတောင်း
သွားကြ အငယ်ကောင်ကို အခန်းထဲဝင်ကြည့်တော့ ကိုယ်ကပူတုန်း. ညကတော့ ကိုပူကျဆေးနှစ်လုံးတိုက်ထားသေးတာပဲ. သားခဏနေအုံးနော်
အမေ နှစ်လုံးထီထိုးပြီတာနဲ့ဆေးခန်းလိုက်ပို့မယ်..အင်းလို့လေသံသံပြော့ပြော့နဲပြန်ပြောတာကို ဆုံးအောင်နားမထောင်နိုင်ဘူး တိုင်ကပ်နာရီကြည့်လိုက်တော့
အောင်မလေး ရှစ်နာရီခွဲနေပြီ ဝင်းထိပ်ပြန်မြန်ပြန်ထွက်မှ ဟိုကောင်မလေးလာရင်ထိုးရအောင် ဂဏန်းရေးထားတဲ့ စာရွက်ပိုင်းလေး ဘယ်ထားမိပါလိမ့်
ရှာတာမတွေ့ သတိတွေကအသက်ကြီးလို့မေ့ချင်ပေမယ့် ဒီဂဏန်းတွေတော့မှတ်မိပါတယ် တော်ကြာ လွတ်ကျန်ခဲ့မှာစိုးလို့သာရှာနေရတာ
အော် ဘုရားစင်ပေါ်တင်ထားမိတာပဲ ပိုက်ဆံအိတ်ထဲဖြဲရှာရာက သတိရပြီးဘုရားစင်ဘက်ထွက်လာ ဘုရားစင်ကြည့်လိုက်တော့….ဘုရားရေ။။
မီးဖိုချောင်ဘက်ပြန်လာပြီးချဉ်ပေါင်ကြော် အိုးကိုကြည့်လိုက်တော့ …..ဗုဒ္ဓေါ။။။
သွားပါပြီ နှစ်လုံးထီထိုးချင်ဇောနဲ့ ချည်ပေါင်ရွက်တွေ ဘုရားပန်းကပ်ပြီး သပြေပန်းတွေကို ကြော်လိုက်မိတယ် သွားပြီ..သွားပြီ
ကျောင်သားနှစ်ကောင်တော့ ဘယ်လိုစားကြမလဲမသိဘူး။။
ဒါကနောက်ထား အခုအရေးကြီးတာက နှစ်လုံးထိုးဖို့ ဝင်းထိပ်ရောက်တော့ ကောင်မလေးကရောက်နေပြီ တော်သေးတယ်မှီလိုက်လို့
သမီးရေ။။။။။။။။။။။@#% ။။ကနှစ်ရာဘိုး R ။။။။။*&^% ။။။။က တစ်ရာဘိုး သူလဲ R ပဲ အင်း နောက်ဘာတစ်လုံးကောင်းတယ်ကြားသေးလဲ
အေးအေး သမီးပြောတဲ့ အကွက်လဲ တစ်ရာဘိုးစီလောက် R လိုက်ပါသမီးရယ် ။။။တစ်ခြားလူတွေထိုးတာဂရုမစိုက်တော့ဘူး နောက်မို့ အကွက်တွေ
များရင် နောက်နေ့ဈေးဘိုးပြောင်မှာ သားအငယ်ကောင်လဲဆေးခန်းပြရအုံးမှာ ပိုက်ဆံကကုန်စရာရှိသေးတယ်လေ ဒီလောက်နဲ့ပဲ စိတ်ပိုင်းဖြတ်ပြီး
အိမ်ပြန်လာခဲ့တယ် …။။အင်းဒီအကွက်လေးပေါက်ရင်တော့ ဒီတပါတ်ရှုံးထားတာလေး ပြန်ရကောင်းပါရဲ့ ………….
အိမ်ပြန်ရောက်တော့ ဘောက်ချာစာရွက်အပိုင်းလေး ဘုရားစင်မှာတင်ထားလိုက်တော့ ဘုရားပန်းအိုးထဲက ချဉ်ပေါင်ရွက်တွေကိုတွေ့မှသတိရတယ်
အငယ်ကောင်ဆေးခန်းပြပြီးမှပဲ ပြန်စွန့်ပြီးကြော်ရမှာပဲ အခုတော့ထားလိုက်တော့ ကဲသားလေးထ ဆေးခန်းသွားရအောင် သားကိုအဝတ်လဲပြီး
ဝင်းထိပ်ကို ခေါ်လာပြီးပြန်ထွက်လာ လင်တော်မောင်ကိုဆိုက်ကားငှားခိုင်းပြီးသားအမိနှစ်ယောက် ဆေးခန်းထွက်လာလိုက်တယ်
အင်း….ဘုန်ကြီး ပေးတဲ့အကွက်ကပေါက်ရင်တော့ ဒီအပါတ်အဆင်ပြေပါပြီ။။။။အော်ဆေးခန်းရောက်ပြီ ဆေးခန်းမှာ အလှည့်ကျလူတွေကိုထိုင်စောင့်ရင်း
နောက်ရက်အတွက် တြိတြံတြာ ချိုင်းထဲက နှစ်ကွက်ကို R ဘို့စဉ်းစားထားတယ် သူကမွေးထိုးရမှာ။။။။ဟော.သားအလှည်ရောက်ပြီ ဆရာဝန်ကသားကို
ဟိုစမ်းဒီစမ်း ပြီးတော့ စာရွက်ပိုင်းလေထုတ်ပြီး ဆေးစာရေးနေတာတွေ့တယ်။။။။။
ခဏ နေတော့ ။။။။။။ရော့အမ ကြီး ကလေးက နေ့ပူထဲ အရမ်းထွက်တယ်နဲ့တူတယ် တုတ်ကွေးတော့မဟုတ်ဘူး ဆေးထိုးပေးလိုက်မယ် ဒီဆေးလေးတွေ
ဝယ်တိုက်လိုက် ဝယ်ဘို့ဆေးစာရေးပေးထားတယ်ရော့။။။
ကျွန်မလက်ထဲကိုရောက်လာတဲ့စာရွက်အပိုင်းလေး နှစ်လုံးထီဘောက်ချာလေးလိုပဲ ..ကျမလဲ ဘယ်ဆိုင်မှာဝယ်ရင်ကောင်းမလဲ ဆရာကိုမေးလိုက်တယ်
ဒါပေမယ် မေးတာနဲ့ကျွန်မ ပါးစပ်ကထွက်တာနဲ့တစ်ခြားစီဖြစ်သွားတယ်ဆိုတာသတိမထားလိုက်မိဘူး။။
။။။။ဆရာ R လိုက်ရမှာလားဟင်။။။။။။။။။။။။။။။။
ဆရာဝန် ပထမတော့ကြောင်သွားပုံပေါ်တယ် နောက်တော့မှပြုံးပြုံးကြီးနဲ့။။။။။ R သာ R လိုက်ဗျာတဲ့
ကျွန်မလည်းရှက်ရှက်နဲ့ တစ်လမ်းလုံးဆရာဝန်ရေးပေးလိုက်တဲ့ဆေးစာလေး လုံးချေ လာ လိုက်တာ…အင်းးးးးးးး

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။