June-5 ရက်နေ့ မနက် 6 နာရီ အချိန်. နိုးစက် အသံကြောင်းနိုးလာခဲ့တယ်။ အဲဒီ နေ့ က ကမ္ဘာသဘာဝ ပတ်ဝန်းကျင် နေ့ ။ Myanmar Youth In Action က အသိတစ်ယောက် က အဲဒီနေ့ ကွန်းခြံကုန်း မှာ သစ်ပင်စိုက်ပွဲရှိတယ် လိုက်မလား ဆိုတော့  စိတ်ပါဝင်စားစွာ လိုက်မယ်ဆိုပြီပြောခဲတယ်။  တကယ်လည်း အိပ်ရာ က ထမယ် ကြံ တော့ မသွားချင်သေးဘူး။ 6 နာ၇ီပဲ ရှိသေးတယ် လေ။ ကိုယ် တကယ် နိုးမယ့် အချိန်က နောက် 1 နာရီခွဲတောင် လိုသေးတာ။ ဒါပေမဲ့ လက်မယ်ဆိုပြီးစာရင် ပေးတားတာ မလိုက်ရင်လည်း  မျက်နှာပျက်မယ် ၊ အဆောင်က မသွားခင် သုံးရက် လောက် ကတည်း က လိုက်ပြီးစည်းရုံးခံ ရတဲ့ သူတွေ ဆီမှာလည်း မေတ္တာ ပို့ခံရမှာကြောက်လို့ ရယ်ကြောင့် မှိတ်နေတဲ့ မျက်စိ ကိုအတင်းဖွင့်ပြီး ရေသွားချိုးလိုက်တယ်။ ကိုယ်ကသာ မနိုးသေးတာ နောက်က လိုက်မယ့် သူတွေ က အားလုံးပြင်ဆင်ပြီးပြီ။

ရေမိုးချိုး ၊ ပြင်ဆင်ပြီးတော့ 7 နာ၇ီဖြစ်နေပြီ။ 7:30 ကို ဒဂုံစင်တာရှေ့ကို အရောက်သွားရမှာဆိုတော့ သူငယ်ချင်းဝယ်လာပေးတဲ့ ကောင်းညှင်းပေါင်း ကိုတောင် ကားပေါ်ရောက်မှစားရတယ်။ အဲဒါ နဲ ကျွန်မ ဆို့ သူငယ်ချင်း  6 ယောက် 7:30 အချိန်အတိအကျ မှာ ဒဂုံစင်တာ ရှေ့ကို ရောက်ခဲ့ လေသတည်ပေါ့။

ရောက်နေတဲ့ လူတွေက အားလုံး လူငယ်တွေ ချည်းပဲ။ ၀ဲ ကြည့်လိုက်တော့ တစ်ယောက်မှ သိတဲ့သူမပါ။ လိုက်ဖို့ဖိတ်ခေါ်တဲ့ MYIA က အသိက လည်း တစ်ခါမှ မမြင်ဖူး အွန်လိုင်မှာ ပဲ စကားပြောဖူးတာ။ ဟော တွေ့ပါပြီ.တစ်ယောက် ကျွန်မ တို့ အလုပ်က ထွက်သွားတဲ့ အစ်မ တစ်ယောက်။ သူ့အနား သွားကပ်ပြီး အစ်မရယ် ဒီနေ့ အကျွေးအမွေးလေး ပါလားလို့ မေးတော့ ထမင်းကြော် ကျွေးမယ်လို့ပြောတော့ လိုက်ရတာ အားတက်သွားတယ်။ :D

မနက် 8း 30 မှာ ကားစထွက်ပါတယ်။ ကျွန်မ ထင်ထားတာ က ကွန်းခြံကုန်းဆိုရင် သံလျှင် ဘက် က သွားရတယ် ထင်နေတာ။ လက်စ သတ်တော့ လှိုင်သာယာ ဘက်က သွားတာကို။ :D

တွံတေး တံတားပေါ် က ဖြတ်သန်းစဉ်

တွံတေး တံတားပေါ် က ဖြတ်သန်းစဉ်

 

 

ဒီလို ဆိုင်းဘူတ်လေးတွေလည်း အများကြီးတွေ့ခဲ့ ရတယ်

ဒီလို ဆိုင်းဘူတ်လေးတွေလည်း အများကြီးတွေ့ခဲ့ ရတယ်

ကွန်းခြံကုန်း မြို့ ကို အရင်ရောက်ပါတယ်။ အဲဒီမြို့ပေါ် က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာခဏ ၀င်ပါတယ်။ ပါလာတဲ့ ပစ္စည်းလေး တွေ လှူကြ တာပေါ့။

ဟော ရောက်ပါပြီ. ကျွန်မ တို့ သစ်ပင် စိုက်မယ့် ရွာ နာမည် က ကျခတ် ရွာ တဲ့ ။ အိမ်ခြေ 60 လောက်ရှိပါတယ်။ တစ်ရွာလုံး ကရင် တွေ ချည်းပါပဲ။သဘောလည်း တော်တော် လည်း သဘော ကောင်းကြတယ်။

ပျော်ပျော်ပါးပါး သစ်ပင် စိုက်ကြ စဉ်

ပျော်ပျော်ပါးပါး သစ်ပင် စိုက်ကြ စဉ်

ရွာရဲ့ လမ်းမ တလျှောက်မှာ စိုက်ကြတာ။ ရွာသား တွေကလည်း ကြိုပြီးလုပ်ပေးထားကြတယ်ရှင့်။ သစ်ပင် စိုက်ရတာ ပျော်စရာ ကြီး။ ကျွန်မ က 5 ပင်တောင် စိုက်ခဲ့တာ။

သစ်ပင်တွေ စိုက်ပြီးရော ဘုန်းကြီးကျောင်ကို သွားပြီထမင်းစားကြတယ်။ ဗိုက်ဆာနေလို့လား မသိဘူး တော်တော် စားလို့ကောင်းပါတယ်။ စားသောက်ခြင်းအစီအစဉ် ပြီးသွားတဲ့ အခါ ဟောပြောပွဲစပါတယ်။ Htoo Foundation က တာဝန်ရှိတဲ့ သူက သဘာဝ ပတ်ဝန်းကျင်အကြောင်း ၊ MYIA က တာဝန်ရှိတဲ့ သူ က သစ်ပင်စိုက်ရ ခြင်းအကြောင်း ပြောပြကြတယ်။ Myanmar Story Teller အဖွဲ ကလည်း သစ်ပင်း စိုက်ခြင်းအကြောင်းကို ပုံပြင်သရုပ်ဖော်ပြီးပြောပြသွားပါတယ် ။ နောက်ဆုံးမှာ MYIA က စပ်ထား တဲ့ သီချင်းလေးနဲ အဆုံးသတ်လိုက်ပါတယ်။

ရန်ကုန်ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ သီချင်းတွေ ဆိုလိုက်၊ မိုက်ဆက်လိုက်နဲ ပျော်စရာကြီးပါ။

အခုလည်း သစ်ပင်စိုက်ထားထာ 1 လနီးပါးရှိနေပြီးဆိုတော့ ကိုယ်စိုက်ထားတဲ့ အပင်လေး တွေ ဘယ်လို အခြေ အနေ ရှိနေပြီလဲ 3-Jul-2011 မှာ သွားကြည့် ဖို့အတွက် MYIA က မေလ် ရထားတယ်။

 

ကျေးဇူးတင်ပါတယ်

weRone

 

 

 

About we R one

has written 65 post in this Website..

https://5tds.wordpress.com/