ဗဟုသုတ

ေရႊဘိုသားJune 27, 20111min15912

*
*
*သတိထားလေ အမှားလုပ်မိလေ*

တောင်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းက
ဘုန်းကြီးတစ်ပါးဟာကိုရင်တစ်ပါး

ကို တောင်အောက်လွတ်ပြီး
ဆီအဝယ်ခိုင်းခဲ့တယ်။
ကိုရင်ဆီမဝယ်ထွက်ခင် ဘုန်းကြီးက ဆီထည့်ဖို့ ခွက်တစ်လုံးပေးပြီး ”
ကျောင်းမှာ အသုံးစရိတ် မလုံလောက်တဲ့အတွက် ဆီကို လုံးဝ မဖိတ်စင်အောင်
ဂရုတစိုက် ထည့်ခဲ့ပါ ကိုရင်” လို့ သတိပေး မှာကြားလိုက်တယ်။ ကိုရင်က
တောင်အောက်ဆင်း ဆီဝယ်ပြီးနောက် တောင်ပေါ်ကို ပြန်လာလာခဲ့တယ်။
လမ်းမှာ ဘုန်းကြီးရဲ့ အမှာစကားကို ပြန်ကြားယောင်ပြီး လက်ထဲကဆီဖိတ်မှာ
အရမ်းစိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဆီခွက်ကိုပဲ စိုက်ကြည့်ပြီး
တောင်ပေါ်လမ်းအတိုင်း တက်လာခဲ့တယ်။ ဘေးဘီကိုလဲ မကြည့်ရဲခဲ့သလို
ရှေ့ကလမ်းကိုလည်း မကြည့်ခဲ့ဘူး။ အဲဒီလိုနဲ့ ကျောင်းရောက်ခါနီးမှာ
ရှေ့ကိုမကြည့်ခဲ့တာကြောင့် ချိုင့်တစ်ခုကို နင်းမိပြီး
ယိုင်လဲသွားခဲ့တယ်။ လက်ထဲကဆီ သုံးပုံတစ်ပုံလောက် ဖိတ်သွားခဲ့တယ်။
ဘုန်းကြီးဆူတော့မယ်ဆိုတဲ့ အတွေးနဲ့ ကိုရင်ဟာ ကြောက်လန့်ပြီး
လက်တွေတုန်လာခဲ့တယ်။ ဆီခွက်ကို အငြိမ်မကိုင်နိုင်ခဲ့လို့ ဆီခွက်ဟာ
မီးဖိုချောင်အရောက်မှာ တစ်ဝက်သာကျန်ခဲ့တော့တယ်။

ဒါကို ဘုန်းကြီးကသိတော့ ကိုရင်ကို စိတ်ဆိုးပြီး “သေချာယူခဲ့ပါလို့
မှာထားရက်နဲ့ ဖိတ်ဖြစ်အောင်ဖိတ်ခဲ့သေးတယ်” ဆိုပြီး ဆူတော့ ကိုရင်
စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဒီအဖြစ်ကို တစ်ခြားဘုန်းကြီးတစ်ပါးက သိတော့
ကိုရင်ကိုခေါ်ပြီး နှစ်သိမ့်လိုက်တယ်။ အဲဒီနောက် ကိုရင်ကိုခေါ်ပြီး
“ကိုရင်ကို ဆီသွားဝယ်ခိုင်းအုန်းမယ်။ ဒီတစ်ခေါက်သွားရင် လမ်းပေါ်မှာ
ကိုရင်တွေ့တဲ့ လူ၊ ပစ္စည်းမှန်သမျှ ဘုန်းကြီးကို ပြန်လျှောက်ရမယ်” လို့
မှာလိုက်တယ်။

ဘုန်းကြီးစကားကို ကြားတော့ ကိုရင်က မသွားချင်ခဲ့ဘူး။ ပထမတစ်ခေါက်က
ဆီခွက်ကို မဖိတ်အောင် မယူနိုင်ခဲ့တဲ့အပြင် ဒီတစ်ခေါက်က ဘေးဝဲယာကို
ကြည့်ရမယ်ဆိုတော့ ဒီအလုပ်ကို သူလုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေခဲ့တယ်။
ဒါပေမယ့် ဘုန်းကြီးရဲ့ တိုက်တွန်းမှုကြောင့် မဖြစ်မနေ သူသွားခဲ့ရပြန်တယ်။

ဆီဝယ်ပြီး အပြန်လမ်းမှာ ကိုရင်က ဘေးဝဲယာကို ကြည့်ပြီး ပြန်လာခဲ့တယ်။
ပျော်ပျော်ပါးပါး ဆော့ကစားနေကြတဲ့ ကလေးတွေ၊ တောတောင်ရဲ့အလှကို ခံစားရင်း၊
လယ်သမားတို့ရဲ့ လှေကားထစ် စိုက်ခင်းတွေကို ကြည့်ရှုရင်း စိတ်တွေက
ပေါ့ပါးနေခဲ့တယ်။ ပတ်ဝန်းကျင်အလှမှာ နစ်မျှောနေခဲ့လို့
ဘုန်းကြီးကျောင်းရှေ့ သူရောက်လို့ရောက်လာမှန်း မသိခဲ့ဘူး။
မီးဖိုချောင်ရောက်တဲ့အထိ ခွက်ထဲက ဆီက တစ်စက်မှတောင် မဖိတ်ခဲ့ပါဘူး။

သတိထားလေ အမှားလုပ်မိလေပါပဲ။ ဒါကြောင့် သင်ယူချိန်မှာဖြစ်ဖြစ်၊
အလုပ်ချိန်မှာဖြစ်ဖြစ် စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး အတွေ့အကြုံအတွက်
သင်ယူလေ့လာနိုင်ခဲ့ရင် အကောင်းဆုံးပါ။ အတွေ့အကြုံထဲကနေ ဘဝရဲ့
ပျော်ရွှင်မှုကို ရှာဖွေတတ်သူတွေကမှ စိတ်ရဲ့ဖိစီးမှု၊ စိတ်ညစ်မှုတွေနဲ့
ကင်းဝေးမှာဖြစ်တဲ့အကြောင်း ဒီပုံပြင်က ပြောသွားခဲ့ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
*

“အသက်ရှင်ရေး*

ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေက
သေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင်
သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား
တံငါသည်တွေရဲ့ လှေနဲ့တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက
ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကို တွေ့ရတယ်။ ဒါကြောင့်
သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။
နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုဆောင်းမိပြီး အရွယ်ထောက်လာတာကြောင့်
ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဥ့်ဖမ်းတဲ့ လျှို့ဝှက်ချက်
သင်ပေးလိုက်တယ်။

အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ Catfish လို့ခေါ်တဲ့
ငါးတစ်ချို့ထည့်ထားပြီး ဖမ်းရတဲ့ငါးရှဥ့်ကို Catfish နဲ့အတူ
ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း
ကိုက်ဖြတ်ကြတယ်။ Catfish ရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်က မဖြစ်မနေ
ပြန်ခုခံခဲ့ရတယ်။ ငါးရှဥ့်ရဲ့ “အသက်ရှင်ရေး”ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန်
တိုက်ခိုက်မှုအောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ
ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။

တံငါသည်က ဆက်ပြီး သားကို ပြောပြခဲ့တယ်။ ကမ်းမကပ်ခင် သေရတဲ့ ငါးရှဥ့်တွေက
သူတို့ကို ဖမ်းမိသွားပြီ။ ဘယ်လိုပဲရုန်းရုန်း လွတ်တော့မှာ
မဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့
အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်က အလွယ်တကူ ပျက်စီးခဲ့ရတယ်။ ဒါကြောင့်
လှေဝမ်းထဲမှာ ကြာကြာမနေရဘဲ အချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။

တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့်
ဘဝရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က
ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။

ဂျပန်မိဘတွေက ကိုယ့်သားသမီး ကြီးပြင်းလို့ နားလည်မှုအတင့်သင့် ရှိလာတဲ့အခါ
ဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့
ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတိ္တ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက
ယနေ့အာရှမှာ အတိုးတက်ဆုံး နိုင်ငံဖြစ်ခဲ.တာပါတဲ.။

ဆိုဒ်တစ်ခုထဲကတွေ.လို. ရွာသူရွာသားတွေဖတ်ရအောင်တင်ပေးလိုက်တာပါ
ကျွန်တော်ကတော. တော်တော်ကိုသဘောကျလို.ပါ
မဖတ်ရသေးတဲ.လူတွေ အတွက်ပေါ.  ဖတ်ပြီးသားလူတွေကိုတော. အချိန်ကုန်အောင်လုပ်မိလို.
တောင်းပန်ပါတယ်။

12 comments

  • bigcat

    June 27, 2011 at 3:30 am

    သတိထားလွန်းရင် အကျိုးယုတ်တတ်တယ်၊ ဒါကြောင့် ကွန်ဒုံးကို ဟိုဟာလုပ်ရင် မသုံးကြပါနဲ့.. ဂလိုလား…

  • weRone

    June 27, 2011 at 3:49 am

    သတိဆိုတာ လိုတယ် မရှိဘူး ပိုတယ်ပဲ ရှိတယ် .. အဲ မှားလို့
    ပိုတယ်မရှိ လိုတယ် ပဲ ရှိတယ်တဲ့ .. ။ ကြားဖူးတာ .. 😀

  • ရွှေဘိုသား

    June 27, 2011 at 3:54 am

    ကိုကြောင်ကြီး ကွန်ဒုံးဆိုတာ ဘာလည်းဗျ
    တားတားမသိလို.ပါ အခုမှရွှေဘိုကလာတာဆိုတော.လေ
    လူတွေနေတဲ. ကွန်ဒိုကိုပြောတာလား ဟင်ဟင်ဟင်

    • king

      June 28, 2011 at 6:08 am

      ကွန်ဒိုထဲမှာတော့ သက်ရှိ လူသားကအစ နေထိုင်ပြီး
      ကွန်ဒုံးထဲမှာတော့ …… အဲ
      ကိုကြောင်ကြီးအလှည့် သူရှင်းပြပါလိမ့်မယ် ….. 😛

  • pan pan

    June 27, 2011 at 7:44 am

    ပထမပုဒ်တော့ ဖတ်ဖူးတယ်။
    ဒုတိယပုဒ်ကတော့ ခုမှဖတ်ဖူးတာ..။
    “မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်” ပေ့ါ..။

  • padonmar

    June 27, 2011 at 2:21 pm

    river catfish =ငါးရွေး၊ငါးထွေ၊ငါးအုပ်ဖားတဲ့၊
    ငါးထွေဆိုရင် ကျောင်းတော်ရာကငါးကြီးတွေ ပြေးမြင်မိတယ်။
    ငါးရှဉ့်နဲ့တော့ ဘယ်လိုသတ်မလဲမသိဘူး၊
    fresh water catfish =ငါးခူ ငါးကျည်းဆိုရင်တော့ ငါးရှဉ့်နဲ့ ဘက်ညီလောက်တယ်။လှေထဲလည်းထည့်နိုင်တယ်။

    • antimoe

      June 28, 2011 at 4:29 am

      ဂျပန်မှာ catfish ဆိုရင်…Namazu(ငါးခူ) ကိုပြောတာပါ။

  • pooch

    June 27, 2011 at 4:05 pm

    ဖတ်ဖူးတယ် ဖတ်မိတိုင်းလည်း ကြိုက်တယ်။

  • PinkCandy

    June 28, 2011 at 6:40 am

    အခုမှ ဖတ်ဖူးတာ အရမ်းကြိုက်ပါတယ် 🙂

  • ဆူး

    June 29, 2011 at 2:55 pm

    သတိပိုတယ် မရှိဘူး သာ ပြောတာ.. ပုံပြင် တခု ရှိတယ် ဘုရင်က ရေတခွက် အပြည့်ထည့်ပြီး မဖိတ်စေနဲ့ ဖိတ်ရင် သေဒဏ်လို့ ပြောတဲ့ အတွက် သေဘေးနဲ့ ကြုံဖို့ ရင်ဆိုင်ရတော့ ရေတစက်တောင် မဖိတ်ဘူးလို့ ဒါကြောင့် သတိဆိုတာ ပိုတယ် မရှိပါဘူး။
    ချိုင့်နင်းမိလို့ မှောက်တယ် ဆိုတာ.. သတိ တချက်လွတ်ပြီး နင်းမိလို့သာ ချိုင့်ကို နင်းမိသွားတာပါ.. သတိတရား မြဲ နေမယ် ဆိုရင် ချိုင့်ဆိုတာ လမ်းမှာ တခု မက ရှိနေတာ ဒီတခုမှ နင်းမိပြီး မှောက်စရာ အကြောင်းမရှိပါကြောင်း။

  • nature

    June 29, 2011 at 4:56 pm

    pressure သိပ်များသွားလို့ စိုးရိမ်စိတ်ကြောက်စိတ်လွန်ပြီးဖြစ်သွားတာပါ။ ကိုရင်လေးကလည်းတော်တော်ကြောက်တတ်ပုံရပါတယ်။

  • forever

    July 2, 2011 at 1:55 pm

    ခွက်ထဲကရေမဖိတ်အောင်ဆိုရင်
    အဖုံးအုပ်လိုက်ပေါ. လွယ်လွယ်လေး………

Leave a Reply