လူတိုင်းမှာ ကိုယ်ပိုင်အတွေးနဲ့ ဆုံးဖြတ်ကိုယ်စီရှိကြပါတယ် ။ ပုံစံတူ ကိစ္စတစ်ခုကို ဖြစ်ခဲ့မယ်ဆိုရင်တောင် ကိုယ်အတွေးနဲ့ ဆုံးဖြတ်ချက်က တစ်ယောက်ဆုံးဖြတ်ချက်နဲ့ တစ်ယောက်မတူတက်ကြတာ သဘာဝပါပဲ .။ အဲတာလေးနဲ့ ပတ်သတ်ပြီး နွယ်ပင်ဖတ်ဖူးထားတဲ့ ဟာသ ပုံပြင်လေးကို ပြောပြချင်ပါတယ်
ပုံပြင်လေး အစကတော့ ………………..
တစ်ခါက တိုင်းပြည်ကြီး တစ်ပြည်က ဘုရင်ကြီးတစ်ပါးမှာ အရမ်းတော်တဲ့ ပညာရှိအမတ်တွေရှိကြသတဲ့ ပညာရှိအမတ်တွေရဲ့ ဂုဏ်သတင်းဟာ
အနယ်အရပ်အရပ်ကို ပျံလွင့်သွားတဲ့အတွက် အခြားတိုင်းပြည်တွေက ပညာရှိအမတ်တွေနဲ့ ပညာဖလှယ်ပွဲတွေ ပြိုင်ပွဲတွေကိုလဲ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်တဲ့
ပညာပြိုင်ပွဲတွေ လုပ်တိုင်းလဲ အဲဒီတိုင်းပြည်က ပညာရှိအမတ်တွေကသာ အနိုင်ရပါတယ် ။ တစ်နေ့မှာတော့ တရုပ်ပြည်က သံတမန်တွေရောက်၇ှိလာပြီး
သူတို့တိုင်းပြည်က ပညာရှိအမတ်တွေနဲ့ ပြိုင်ပွဲကလေး တစ်ခုပြုလုပ်လိုကြောင်း တကယ်လို့ အနိုင်ရခဲ့မယ်ဆိုရင် သူတို့မှာပါလာတဲ့ ကုန်ပစ္စည်းတွေအပြင် လှေကိုပါပေးအပ်မယ်အကြောင်းနဲ့ တကယ်လို့များ ရှုံးနိမ့်ခဲ့မယ်ဆိုလို့ရှိရင် ဒီတိုင်းပြည်က သူတို့ အလိုရှိတဲ့ ရွာငယ်လေးတစ်ရွာကိ အပိုင်စားပေးရန်တောင်းဆိုပါတယ် ။
နောက် ပြိုင်ပွဲ စည်းကမ်းအနေနဲ့ အမေးအဖြေများကို ပါးစပ်နဲ့ မပြောပဲအမူအရာနဲ့ သာပြုလုပ်ရန်သဘောတူကြပါတယ်တဲ့ ။
ဒီလို ဘုရင်ကြီးက သူ့ရဲ့ ပညာရှိအမတ်တွေကို ယုံစားပြီး ပြိုင်ပွဲလုပ်ဖို့ သဘောတူခဲ့ပင်မယ့် သူရဲ့ ပညာရှိအမတ်တွေကတော့ စကားမပြောရတဲ့ ပညာပြိုင်ပွဲကြီးကို
ကြောက်လန့်ပြီး မပြိုင်ရဲ့ကြပါဘူး သူတို့အနေနဲ့ကလဲ တစ်ခါမှ ဒီလို အမူအ၇ာနဲ့ပြိုင်ရတဲံ့ ပညာပြိုင်ပွဲမျိုးကို မပြိုင်ဖူးကြတော့ စိတ်ထဲမှာလဲကြောက်နေကြပါသတဲ့ ။
ဘုရင်ကြီးကလဲ ပြိုင်ပွဲရက်နီးလာလေ ပြိုင်ဆိုင်မယ့် ပညာရှိအမတ်က တစ်ယောက်မှထွက်မလာတော့ စိုးရိမ်ပူပန်လာတာပေါ့ အဲတာနဲ့ ပြိုင်ပွဲ၇က်ရောက်လို့မှ ပြိုင်မယ့် ပညာရှိအမတ်မရှိရင် အမတ်ကြီးတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တော့တာပေါ့ အဲတာနဲ့ အမတ်ကြီးတွေလဲ မြို့ရွာ အနှံကိုဆင်းပြီး ပြိုင်ပွဲဝင်မယ့် လူတွေကို လိုက်ရှာကြပါလေရာ ဒါပေမဲ့ တစ်ယောက်မှကိုမှ ဒီထူးဆန်းတဲ့ ပြိုင်ပွဲကို မဝင်လိုချင်ကြပါဘူးတဲ့ ဒါပေမဲ့ ကံကောင်းချင်တော့ အမတ်ကြီးတစ်ပါးကတော့ ပြိုင်ပွဲဝင်မယ့် လူတစ်ယောက်ကိုရှာလာနိုင်ခဲ့ပါတယ် ဖြစ်ချင်တော့ ၇ှာလာတဲ့ သူကလည်း အရက်သမားကြီးတစ်ယောက်ပါတဲ့ သူတို့က အရက်သမားကြီးကို မကြိုက်ပင်မဲ့လည်း ပြိုင်ပွဲဝင်လိုတဲ့ သူကလည်း တစ်ယောက်မှ မ၇ှိကြပါဘူး ။
ဘယ်လိုပဲဖြစ်ဖြစ် အမတ်ကြီးတွေကတော့ အ၇က်သမားကြီးကိုပဲ ပညာရှိအမတ်တစ်ယောက်ဝတ်ဆင်ရမယ့် ဝတ်ကောင်းစားလှတွေကို ဝတ်ဆင်ပြီး ပြိုင်ပွဲအတွင်းကိုခေါ်ဆောင်လာပါသတဲ့ ။ အဲတာနဲ့ ပြိုင်ပွဲလဲစရော တဖက်က တရုပ်ပညာရှိတွေထဲက တစ်ယောက်ကထပြီး အမူအယာနဲ့ လက် (5) ချောင်းထောင်ပြပါရော ဒါကို အရက်သမားပညာရှိကြီးက စဉ်းတောင်မစဉ်းပဲ ချက်ခြင်းပဲ လက် (10) ချောင်း ပြန်ထောင်ပြပါတယ် ဒီလိုလက် (10) ချောင်းပေးတဲံအဖြေကို တရုပ်ပညာရှိကြီးက သဘောကျပြီး လက်ခုပ်လက်ဝါးတီးကာ ကောင်းချီးပေးပြီး နောက်မေးခွန်းတစ်အနေနဲ့ သူ့ရဲ့လက်နဲ့ ရင်ဘက်ကို သပ်ပြပါသတဲ့ အဲဒီမေးခွန်းကိုလဲ အရက်သမားပညာရှိကြီးက ချက်ခြင်းပဲ သူရဲ့ လက်နဲ့ ကျောရော ရင်ရော (2) ဖက်လုံးကို သပ်ပြလိုက်ပါတယ် ။ ဒီအခါမှာ တရုပ်ပြည်က ပညာရှိတွေက သဘောကျပြီး သူတို့ပေးထားတဲ့ ကတိအတိုင်း ကုန်ပစ္စည်းတွေအပြင် လှေကိုပါပေးအပ်လိုက်ပါတယ် ။
ဒီလိုနဲ့ ပြိုင်ပွဲကြီးက ပြီးသွားခဲ့ပင်မယ့် ဘုရင်ကြီးက ဘာကိုမေးပြီးဘာကိုဖြေလိုက်မှန်းမသိတော့ တရုပ်ပညာရှိအမတ်တွေကို ညစာနဲ့တည်ခင်းဧည့်ခံရင်း မေးမြန်းပါသတဲ့ ဒါနဲ့ တရုပ်ပညာ၇ှိကြီးက ပထမမေးခွန်းအနေနဲ့ မေးတာကတော့ သင်တို့ရဲ့ ဘုရင်ကြီးက မင်းကျင့်တရား (5) ပါးနဲ့ အညီတိုင်းပြည်ကို အုပ်ချု့ပ်ပါလားလို့မေးတာပါ ဒါကို သင့်ရဲ့ပညာရှိက (5) ပါးတင်မကဘူး မင်းကျင့်တရား (10) ပါးနဲ့ အညီ အုပ်ချုပ်ပါတယ်လို့ဖြေပါတယ် ၊ ဓုတိယမေးခွန်းကတော့ ဘုရင်ကြီးက တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့အုပ်ချုပ်ရဲ့လားကို ကျောသားရင်သားမခွဲခြားပါဘူးလို့ ပြန်ဖြေတာပါလို့ပြောပါတယ် ။
ဘုရင်ကြီးက တရုပ်ပညာ၇ှိကြီး၇ဲ့ အဖြေက်ု သဘောကျသွားပြီး ငါရဲ့ ပညာ၇ှိကြီးကရော ဘယ်လို အတွေးနဲ့ဖြေပါလိမ့်ဆိုပြီး အရက်သမားပညာရှိကြီးကိုမေးတော့ သူက အရက်သမားကြီးဆိုတဲ့ အတိုင်းသူ့မှာ အမြဲအရက်အကြောင်းတွေးနေတာဆိုတော့ ” ပထမမေးခွန်းက ကျွန်တော်မျိုးကို အရက် (5) လုံးသောက်နိုင်လားမေးလို့ (10) လုံးသောက်နိုင်တာပါလို့ဖြေပြီး ဒုတိယမေးခွန်းက အဲတော့ ရင်မပူဘူးလားလို့မေးတာကို ရင်ဘက်တင်မကဘူး ကျောပါပူပါတယ်လို့ ပြန်ဖြေတာပါလို့ လျှောက်တင်လိုက်ပါသတဲ့ :) :D

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..