ကျနော်ဈေးထဲမှာဘုရားပန်းသွားဝယ်ရင်းနဲ့ကြားခဲ့ရတဲ့အသံလေးပါ။ အဲဒီအသံလေးကြားလိုက်ရတော့ အော် ကျနော်တို့မြန်မာနိုင်ငံက

ကန်ဇွန်းရွက်တောင်မှ မထွက်တော့ဘူးလားလို့ တွေးမိလို့ပါ ကျနော်တို့မြန်မာနိုင်ငံမှာ ဘယ်လောက်ထိ တရုတ်တွေစိုးမိုးနေတာလဲဆိုတာသာကြည့်ပါတော့ ကန်စွန်းရွက်တောင်မှ တရုတ်ကန်ဇွန်းရွက်တဲ့ မြန်မာနိုင်ငံမှာတရုတ်တွေတော်တော်ကြီးစိုးမိုးနေပါလားလို့..။

ကလေးကစားစရာလဲ တရုတ် ဆိုင်ကယ်လဲတရုတ်ဖုန်းလဲတရုတ် ကားလဲတရုတ် လူကြီးအသုံးအဆောင်ကအစ ..ကလေးကစားစရာအဆုံးတရုတ်တွေပဲ ရှိနေတော့ အော် ကျနော်တို့နိုင်ငံတော်တော်ကြီးနောက်ကျနေပါလားလို့တွေးမိလိုက်လို့ပါ ကျနော်တို့မြန်မာနိုင်ငံက လူတွေကပဲတစ်ခြားနိုင်ငံကထုတ်ကုန်တွေ

ပစ္စည်းတွေကိုမှအထင်ကြီးကြတားလား..ဒါမှမဟုတ် ဒီနိုင်ငံက ဘာမှမထုတ်လုပ်နိုင်တာလားဆိုတာမတွေးတတ်တော့ပါဘူး…

 

About soethuya7

has written 5 post in this Website..