ပွိုင့်တွေ အကုန် ပေးမယ် vote ပေးကြပါ…

susunosukiJune 27, 20111min20416

မနာ္တလေးဂေဇက် အက်မင်နှင့် တကွရေးဖော်မိတ်ဆွေ အပေါင်းတို့ခင်ဗျာ…

ကျွန်တော်တစ်နှစ်ကျော်( စိတ်အထင်-နည်းနည်းလွဲနိုင်တယ်) ရေးလို့ ရတဲ့ ပွိုင့် ၄ သောင်းကျော်ကို လှူချင်ပါတယ်။

ဒီဆိုဒ်မှာ ရေးနေတဲ့ အကောင်းဆုံး ရေးတယ်လို့ အများက မဲပေးတဲ့ လူကို ပေးချင်ပါတယ်။

ကျွန်တော့်ထက်စာရင် ဆိုဒ်ကိုပိုအကျိုးပြုနိုင်တယ်ထင်လို့် ဂုဏ်ပြုတာပါ။

အားလုံး vote ပေးကြပါ။

(ပေးလို့ရ, မရ လည်းသိချင်ပါတယ်။ ဒါတွေအကုန်လုံးကို အက်မင်ကပဲ ကိုင်တာမို့လို့ ရနိုင်မယ်ထင်ပါတယ်)

16 comments

  • Ko Ko Aung

    June 27, 2011 at 6:27 am

    လွှဲပေးလို့မရဘူးလို့ ထင်ထားတာ …။
    ရရ မရရ vote လုပ်ကြရင်တော့ လူကြိုက်အများဆုံး စာရးသူကို သိနိုင်ကြတာပေါ့။

  • king

    June 27, 2011 at 6:33 am

    အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ က ဖီဖာ ဥက္ကဋ္ဌနေရာ ရွေးကောက်ပွဲအတွက် မဲဝယ်ယူခဲ့မှုအား ဖီဖာ က စစ်ဆေးတော့မည် …
    အင်း ………..
    😛 😀 🙂

  • နွယ်ပင်

    June 27, 2011 at 6:48 am

    ပွိုင့်က အဲလိုလွှဲပေးလို့ ရလို့လား
    susunosuki က မရေးတော့လို့ သူများကို ပွိုင့်တွေလွှဲပေးချင်တာလား
    လှူချင်တယ်ဆိုလဲ တစ်သိန်း ပြည့်ပြီး ပိုက်ဆံ ထုတ်ပြီးမှ တစ်ခါတည်း တန်းလှူပါလား 🙂
    ဒါနဲ့ အခုပို့စ်ကလဲ ဘယ်လိုဖြစ်ပြီး Copy/Paste ကြီးဖြစ်နေရတာလဲ
    Copy/Paste ဆို ပို့စ်တင်တာ ပိုက်ဆံမရဘူးလေ ဒီပို့စ်က ကို်ယ်တင်ရေးပြီးတင်တာ မဟုတ်ဘူးလား

    • susunosuki

      June 27, 2011 at 11:11 am

      copy/paste နဲ့ ပါတ်သက်ပြီး နည်းနည်းပြောချင်တယ်။ ကျွန်တော်က ဒီလိုစာရေးပြီးတင်တာပဲ။ ဘာလို့ ဒီ copy/paste က default ဝင်နေရတာလဲ။ လိုင်းအလွန့်အလွန် ညံ့နေသေးတဲ့ မြန်မာပြည်မှာ ဒီစာကို ဆိုဒ်ထဲမှာရေးပြီး ဘယ်နှမိနစ်ကြာအောင်စစ်နိုင်ကြမလဲ မသိပါဘူး။ တစ်နာရီ ၃၅ဝ ပေးရတဲ့ အင်တာနက် ဆိုင်မှာလေ။

      နောက်တစ်ခုက ကျွန်တော် စာတွေ ပြန်ပြင်ချင်တာ edit bottom မပါတော့ဘူး။
      ပြင်စရာရှိတော့ ပြင်မရဘူးပေါ့။

      ဥပမာ -” နေရာတစ်ကာ” ကို” နေရာတကာ” လို့ ပြင်ချင်တာ ”မိုင်တိုင် ၇၆” ပိုစ့်မှာလေ။ ခေါင်းစဉ်ကြီးဆိုတော့ အမြဲမြင်နေရတယ်။ ကျွန်တော့်ကို မြန်မာစာ သင်ပေးတဲ့ ဆရာများအားနာလို့ပါ။

  • PaukPhaw

    June 27, 2011 at 6:53 am

    စည်းကမ်းတွေထဲမှာတော့
    “ရရှိထားတဲ့ ပွိုင့်တွေကို မည်သူ့ကိုမှ လွှဲပြောင်းခြင်း မပြုလုပ်ရ။” ဆိုပဲ
    ရမည်မထင်…မထင်..
    အဲလိုလွှဲလို ့ရကြေးဆို .. ကျန်တဲ့သူတွေလဲ လွှဲလာကြမှာပဲလေ..

  • fatty

    June 27, 2011 at 7:14 am

    စိုးရေ …. အဲလိုလှုလို့ရရင်လဲ တစ်စုံတစ်ယောက်ထက် တကယ်လိုအပ်နေတဲ့ အဖွဲ့အစည်း
    တစ်ခုခုကို admin ကနေတဆင့် လှုခိုင်းပါလားကွယ် ..။

  • kai

    June 27, 2011 at 7:16 am

    စည်းကမ်းတွေထဲမှာ…
    “ရရှိထားတဲ့ ပွိုင့်တွေကို မည်သူ့ကိုမှ လွှဲပြောင်းခြင်း မပြုလုပ်ရ။” ရေးထားပါတယ်နော..။
    ဆိုတော့…
    ၁သိန်းပြည့်တဲ့အခါ..ငွေအဖြစ်ပြောင်းပြီး..အဲဒီငွေကို ကြိုက်နှစ်သက်သလို… အသုံးပြုနိုင်ပါတယ်ခင်ဗျား..။

  • ရွှေဘိုသား

    June 27, 2011 at 7:21 am

    မနွယ်ပင် ပြောသော Copy/Paste ကိုကျွန်တော်ပြောပြချင်ပါသည်။
    ကျွန်တော် တစ်ခါတစ်လေ အလုပ်မှာ Word နဲ.ရိုက်ပြီး ယူလာပါသည်
    အင်တာနက်ဆိုင်ရောက်မှ Copy/Paste လုပ်ထည်.ပြီးပို.စ်တင်ပါသည်။
    အဲလိုကျတော.ရော ပွိုင်.ရသလားမရဘူးလားသိချင်ပါသည်။

    ကျွန်တော်ကတော. ကိုပေါက်ကိုကြိုက်တယ်ဗျ။
    သူကလည်း အချစ်ဆုံးလို.ပြောထားတာကိုး
    အပြန်အလှန်ပေါ.
    တကယ်လည်းကြိုက်ပါတယ်သူရေးသားတာတွေကို

    • R Ga

      June 27, 2011 at 8:50 am

      အဲဒီလို Copy/Paste ကိုယ်တိုင်ရေးထားတာကျတော့ရပါတယ်ဗျာ။ သူများစာကိုCopy/Paste လုပ်ရင်သာမရတာ။ ကိုယ့်ဖာသာကိုရိုက်ထားတဲ့စာကို (ကိုယ့်အတွေးနဲ့ကိုရေးထားတဲ့စာပေါ့ဗျာ)
      အိမ်မှာရေးထားမယ် ဆိုင်ရောက်မှ Copy/Paste လုပ်တာကို Copy/Paste Label ထဲမထည့်နဲ့ ပေါ့ဗျာ..။Copy/Paste Label ထဲ ထည့်လိုက်ရင်တော့မရဘူးနဲ့တူတယ်။

  • parlayar46

    June 27, 2011 at 10:20 am

    susunosuki ရေ-
    ဆရာဝန်ကဘာများပြောလိုက်လို့လဲ …..။
    🙂 🙂

  • nature

    June 27, 2011 at 12:05 pm

    ပွိုင့်တွေကိုdiscount ပေးရင်ဝယ်မယ်လေ။

  • Big Defender

    June 28, 2011 at 9:23 am

    ပွိင့်တွေကဘာကိုကြည့်ပြီးပေးတာလဲမသိ
    ကျွန်တော်မသိလိုမေးတာနော်။

  • တစ်ခါတစ်ရံမှာ ကော်နက်ရှင်မကောင်းသောအချိန်တင်မိပါက
    အလိုလို copy and past
    ဖြစ်သွားတတ်ပါတယ်။
    ရွှေ့ဘိုသားရေ မင်းလုပ်တာနဲ့ဘဲ သားအဖမှန်းလူသိကုန်ပါပြိကွာ။

  • nature

    June 28, 2011 at 3:03 pm

    တကယ်သာပွိုင့်တွေကိုလွဲပေးလို့ရရင် register ၂၅ဝလောက်ဝင်လုပ်။တယောက်ကို ၄၀ဝနှုန်းနဲ့ဆို ၁၀၀၀၀ဝပွိုင့် တယေက်တည်းကိုပြန်လွဲပေးပြီးထုတ်ရင် သူကြီးမွတ်သွားမယ်။

  • ဆူး

    June 28, 2011 at 3:39 pm

    ပွိုင့်တွေ သူများကို လွဲပြောင်း ပေးလို့ မရတဲ့ အတွက် ၁သိန်းပြည့်အောင်သာ အားစိုက် ထုတ်ပြီး ကိုယ်ထိ လက်ရောက် လှူလိုက်တာ ပိုကောင်းမယ် ထင်ပါတယ်။

Leave a Reply