ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၁)

၁။ Leafy seadragon

မြန်မာလို ဆိုရင်တော့ သစ်ရွက်များနဲ့ ပင်လယ်နဂါးလို့ ပြန်ဆိုလို့ ရပါတယ်။ သူ့ရဲ့ ကိုယ်မှာ အစိမ်း၊ လိမ္မော်နဲ့ ရွှေရောင်တို့ ပါရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ အပြင်ဖက်ပိုင်းက ထူခြားပြီး သစ်ရွက်တွေနဲ့ တူလှပါတယ်။ သူ့ကိုယ်သူ ဖုံးကွယ်ထားဖို့၊ ဒါမှ အယောင်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ရေမြင်းတွေလိုပဲ seadragon အထီးတွေဟာ ဥတွေကို သယ်ဆောင် ထားကြပါတယ်။ ဥပေါင်း ၁၅ဝ ကနေ ၂၀ဝ အထိ ဆိုပါတော့။ ဒီအကောင်တွေကို Australia မှာတော့ Australian seahorses လို့ ခေါ်ကြပါတယ်။ သူတို့ဟာ ခန့်မှန်းခြေအားဖြင့် ၅၀-၅၄ ဒီဂရီ ဖာရင်ဟိုက်အကြား အေးတဲ့ရေ၊ လှိုင်းမရှိတဲ့ရေတွေထဲမှာ တွေ့ရလေ့ရှိပါတယ်။ Leafy seadragon တွေကို Australia အစိုးရက ၁၉၈၂ ခုနှစ်ကနေစပြီး ထိန်းသိမ်း ထားခဲ့ခြင်း ဖြစ်ပါတယ်။

၂။ Sun Bear

ဒီအကောင်က ဝက်ဝံ မျိုးနွယ်ပါပဲ။ အဓိကအားဖြင့် အရှေ့တောင်အာရှရဲ့ အပူပိုင်းဇုန် သစ်တောတွေထဲမှာ တွေ့ရလေ့ရှိပါတယ်။ ၄ ပေလောက် မြင့်ပါတယ်။ တစ်ခါတစ်လေ ဒီအကောင်တွေကို ခွေးဝက်ဝံလို့လည်း ခေါ်တတ်ကြပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ သေးငယ်တဲ့ × တွေကြောင့်ပါပဲ။ သူတို့ ခန္ဓာကိုယ်ဟာ ပျမ်းမျှအားဖြင့် ၁၄၅ ပေါင်လောက် ရှိပါတယ်။ အထီးတွေဟာ အမတွေထက် ကြီးပါတယ်။ အခြား ဝက်ဝံတွေထက် ထူးခြားချက်ကတော့ သူတို့ရဲ့အမွေးတွေဟာ တိုပြီး ချောမွတ်တောက်ပြောင်နေတာပါပဲ။ ဒီလိုမျိုး ဖြစ်နေခြင်းကလည်း သူတို့နေထိုင်ကြတဲ့ မြေနိမ့်ပိုင်း ရာသီဥတုကြောင့် ဖြစ်နိုင်ပါတယ်။ မည်းနက်နေတဲ့ ဒါမှမဟုတ် အညိုရောင်သမ်းနေတဲ့ အမွေးတွေက တစ်ကိုယ်လုံးကို ဖုံးအုပ်ထားပေမယ့် သူတို့ရဲ့ ရင်အုပ်ကတော့ လိမ္မော် – အဝါရောင် ဖျော့ဖျော့ပါပဲ။ ဆင်တွေရဲ့ အရောင်နဲ့တူတဲ့ အမွေးတွေကိုတော့ သူတို့ရဲ့ နှုတ်သီးနဲ့ မျက်လုံးများမှာ တွေ့ရပါတယ်။ ဒါကပဲ Sun bear လို့ခေါ်ရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

၃။ Komondor Dog

ရှည်လျားလှတဲ့ အမွေးတွေနဲ့ ဖုံးအုပ်ထားတဲ့ ခွေး အမျိုးအစား ဖြစ်ပါတယ်။ သာမာန်အားဖြင့် ကြည့်လိုက်ရင် အမွေးတွေက ကြမ်းတမ်းနေပြီး အဲဒီ အမွေးတွေနဲ့ ပိနေတဲ့ ခွေးတွေလို့ ထင်စရာရှိပါတယ်။ တကယ့် လက်တွေ့မှာတော့ သူတို့ဟာ အလွန် လျင်မြန်ပြီး၊ သွက်လက်ကြပါတယ်။ ရှည်လျား၊ ထူထဲ ဖြောင့်စင်းပြီး ကြိုးလုံးပုံစံရှိတဲ့ အဖြူရောင် အမွေးတွေက ကမ္ဘာ့ ခွေးအမျိုးအနွယ်တွေထဲမှာ အများဆုံးပါပဲ။

၄။ Angora Rabbit

Angora Rabbit တွေဟာ ယုန်အမျိုးအနွယ်တွေပါပဲ။ သူတို့ဟာ ရှေးကျတဲ့ အိမ်မွေး တိရစ္ဆာတွေပဲ ဖြစ်ပါတယ်။ အရုပ်ဆိုးလိုက်တာဆိုပြီး ပေါ့သေးသေးတော့ မတွက်လိုက်ပါနဲ့။ သူတို့ဟာ ၁၇၀ဝ ပြည့်နှစ်များဆီက တော်ဝင် ပြင်သစ်မျိုးနွယ်တွေထဲမှာ ကျော်ကြားတဲ့ အိမ်မွေး တိရစ္ဆာန်တွေ ဖြစ်ခဲ့ကြပါတယ်။ အဲဒီ နှစ်များရဲ့ အဆုံးမှာတော့ ပြင်သစ်ကနေ အခြား ဥရောပနိုင်ငံတွေဆီကို ပျံ့နှံ့ခဲ့ပါတယ်။ ၁၉၀ဝ ပြည့်နှစ်များဆီမှာ အမေရိကကို ပထမဆုံး ရောက်ရှိခဲ့ပါတယ်။

၅။ Red Panda

ကြောင်တစ်ကောင်နဲ့ ခပ်ဆင်ဆင်ပါ။ ဒါပေမယ့် Red Panda တွေဟာ ကြောင်တွေထက် အနည်းငယ် ပိုကြီးကြပါတယ်။ သူတို့ ခြေဖဝါးဆီက အမွေးထူထူကြီးတွေက အအေးဒဏ်ကို ကာကွယ်ဖို့ အတွက်ပါ။ သူတို့ရဲ့ ဇာတိကတော့ နီပေါနဲ့ တရုတ်နိုင်ငံ တောင်ပိုင်း ဖြစ်ပါတယ်။ Panda ကို ဝက်ဝံလို့ပဲ ကျွန်တော်တို့ သိထားကြတာပါ။ တကယ်တော့ ပန်ဒါ (Panda) ဆိုတဲ့ စကားလုံးဟာ နီပေါတွေရဲ့ အသုံးအနှုန်းဖြစ်တဲ့ “ponya” ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဝါးနဲ့ အပင်တွေကို စားတဲ့ တိရစ္ဆာန်လို့ အဓိပ္ပါယ်ရပါတယ်။

၆။ Sloth

Sloth လို့ခေါ်တဲ့ (မျောက်မောင်းမ) မျောက်တွေဟာ အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ နေထိုင်တဲ့ နို့တိုက် သတ္တဝါတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ မျောက်ဆိုပေမယ့် အစုံစား သတ္တဝါတွေပါပဲ။ အင်းဆက်တွေ၊ ဖွတ်ပုတက် အသေးလေးတွေ၊ အသေကောင်တွေကိုလည်း စားကြပါတယ်။ သစ်ရွက်တွေကတော့ သူတို့ရဲ့ အဓိက အစားအစာပါပဲ။ Sloth တွေရဲ့ ဝမ်းဗိုက်ဟာ ကြီးပြီး အထူးပြုလုပ်ထားသလိုပါပဲ။ သူတို့ရဲ့ ဝမ်းဗိုက်ထဲမှာ အခန်းပေါင်း များစွာ ပါဝင်ပြီး အဲဒီထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက မာကျောတဲ့ အရွက်တွေကို ချိုးဖျက်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အစာချေဖျက်နိုင်စွမ်းဟာ နှေးကွေးပြီး အစာကြေဖို့ တစ်လ ဒါမှမဟုတ် တစ်လထက်ပိုပြီး အချိန်ယူရလေ့ရှိပါတယ်။ Sloth တွေဟာ များသောအားဖြင့် Cecropia သစ်ပင်တွေမှာ နေထိုင်လေ့ရှိကြပါတယ်။

Post by  Anzartone

12 comments

  • shwe ni

    June 27, 2011 at 5:22 pm

    စိတ်ဝင်စားစရာပါ။ reference တော့ထည့်ရမယ်နဲ့တူတယ် အန်စာတုံးရေ

    • Anzartone

      June 28, 2011 at 2:42 am

      ဟုတ်ကဲ့။ နောက်ဆုံး အပုဒ်ကျမှ reference ကို တစ်ခါတည်း ထည့်မယ်လို့ စဉ်းစားထားပါတယ် ခင်ဗျ။

  • kai

    June 27, 2011 at 8:58 pm

    စိတ်ထဲ….
    မြန်မာပြည်ဆောင်းတွင်းမှာ.. ထွက်ထွက်လာတဲ့… နီယွန်မီးအောက်က.. ပိုးမွားသောင်းချီတွေဟာ…
    ကမ္ဘာ့ အဆန်းကြယ်ဆုံး ပိုးမွားတွေထဲပါမလား တွေးမိပါရဲ့..။

    တကောင်ခြင်းစီဖမ်းပြီး..သုတေသနလုပ်ဖို့ကောင်းတယ်..။
    ဒေါက်တာဘွဲ ့တောင်ရနိုင်မလားပဲ..။

  • chitpyae

    June 28, 2011 at 1:05 am

    တော်တော်လေး စိတ်ဝင်စားစရာ သတ္တဝါ လေးတွေပဲ …
    ကျေးဇူးနော် … 🙂

  • pan pan

    June 28, 2011 at 2:58 am

    Komondor Dog ဆိုတဲ့ ခွေးလေးကို တော်တော်သဘောကျတယ်
    မွေးထားချင်လိုက်တာ..
    Leafy seadragon ကတော့ အထူးဆန်းဆုံးပဲ
    မမြင်ဖူးသေးတဲ့ အကောင်လေးတွေကို မြင်ရသိရလို့ ကျေးဇူးတင်ပါတယ်

  • etone

    June 28, 2011 at 3:45 am

    25 ကောင်ဆိုပြီးတော့ နည်းနည်းချင်းစီပြမယ်ထင်တယ်နော် 🙂

    • Anzartone

      June 30, 2011 at 2:30 am

      တတ်သလောက် မှတ်သလောက် ဘာသာပြန်ပြီး တင်ရတာမို့ နည်းနည်းချင်းစီပဲ တင်ရခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်လို ရေးထားတာကို Direct ဖတ်ချင်တယ်ဆိုရင်တော့ http://divaboo.info/ မှာ သွား ဖတ်နိုင်ပါတယ် ခင်ဗျာ။

  • MaMa

    June 28, 2011 at 4:03 am

    ရွာထဲမှာ နေရင်းနဲ့ ပဒေါင်လူမျိုး ဖြစ်တော့မယ်။

  • PinkCandy

    June 28, 2011 at 5:03 am

    စိတ်ဝင်စားစရာကောင်းပါတယ်
    ဆက်လက်အားပေးပါဦးမယ်

  • ဆူး

    June 29, 2011 at 3:00 pm

    Red Panda ဆိုတာ အရင်က ရန်ကုန် တိရိစာ္ဆန် မှာ ရှိတယ်။ အဲကွန်းနဲ့ ထားတာ.. အခုတော့ မသိတော့ဘူး အရင်က အဲကွန်းနဲ့ နေတဲ့ အကောင် ဆိုပြီး သွားသွား ကြည့်တယ်။

  • winnmyo

    June 30, 2011 at 5:04 am

    စိတ်ဝင်စားဖို့ကောင်းပါတယ်. ထပ်တင်ပေးပါအုံး

Leave a Reply