မန္တလေးမှာ တရုတ်-မြန်မာ ကုန်သည်တွေ ရိုက်ပွဲ ဖြစ်ခဲ့

ဂ်စ္စူJune 27, 20112min18927


ကားနဲ ့ထုတ်သွားတယ်




ပြဿနာတက်ခဲ့တဲ့ ဆိုင်


ရဲကအကာအကွယ်ပေးပြီး တရုတ်တွေကိုထုတ်သွားရတယ်

တစ်ကယ်အကြီးကျယ်ပါလားဗျို ့..

ပုံတွေမြင်ရမှသိတော့တယ်
ပုံတွေကတော့ Aung Shin facebook မှ ဖြစ်ပါတယ်
ဒီနေ့မနက် မန္တလေး မဟာအောင်မြေမြို့နယ် ၈၇၊၈၈ ၃၈၊လမ်း ၄ဝကြားက ကျောက်ဝိုင်းမှာ ဗမာကျောက်ကုန်သည်တယောက်နဲ့ ဧည့်ဗီဇာနဲ့လာတဲ့ တရုတ်ကုန်သည်တို့ ပါးစပ်နဲ့ အရောင်းအဝယ်တည့်ထားတဲ့ ကျောက်လွှာထုပ်ကို ဈေးပိုတောင်းတာ မပေးလို့ တခြားတရုတ်တယောက်က ဈေးပိုပေးလို့ရောင်းလိုက်ရာက ကျောက်ဝိုင်းမှာ လူရိုက်မှုတွေဖြစ်ခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ သိန်း ၄ဝနဲ့ ဈေးဆိုင်ထားတဲ့ ကျောက်လွှာထုပ်ကို တရုတ်


ကုန်သည်က ဝယ်မယ်ဆိုပြီး လက်မှတ်ထိုး တိပ်ပတ်ထုတ်ထားခဲ့ပါတယ်။ ရောင်းမယ့်ဗမာကုန်သည်က ဈေးပိုလိုချင်လို့ ထပ်တောင်းပေမယ့် အကြောင်းမပြန်လို့ တခြားကုန်သည်ကို တိပ်ပတ်ထားတဲ့အထုပ်ကိုဖြည်ပြတော့ အရင်ကုန်သည်ထက် ၅သိန်းပိုပေးလို့ အရောင်းအဝယ်ဖြစ်သွားပါတယ်။ ဒီမှာတင် အရင်လေနဲ့တည့်ထားတဲ့ တရုတ်က သူ့ကိုမရောင်းလို့ဆိုပြီး ဗမာကုန်သည်ကို သူ့အခန်းခေါ်ပြီး တရုတ်တွေက ဝိုင်းထိုးနှက်ခဲ့ပါတယ် ။ ဒီမှာတင် ဗမာကုန်သည်အသိုင်းအဝိုင်းက မခံမရပ်နိုင်ဖြစ်ပြီး တန်ပြန်ထိုးနှက်ရာကနေ တရုတ်ပိုင် ဆိုင်ခန်းနံပတ် ၈ နဲ့၉ကိုဖျက်စီးလိုက်ပါတယ်။

ဆိုင်ခန်းရှင် တရုတ်က ရဲကိုဖုန်းဆက်ခေါ်တဲ့အတွက် ရဲတွေရောက်လာပြီး ရန်ပွဲရပ်သွားခဲ့ပါတယ်။ မူလကတည်းက တရုတ်တွေနဲ့ အရောင်းအဝယ်လုပ်ရတာ မကျေမချမ်းဖြစ်နေရတဲ့ထဲ ခုလိုကိုယ်ထိလက်ရောက် ဗမာကိုစော်ကားရမလားဆိုပြီး ရာနဲ့ချီတဲ့ ဗမာအုပ်စုက အဲဒီနားမှာဝန်းရံနေတယ်လို့ သိရပါတယ်။ နောက်ဆုံးရတဲ့သတင်းကတော့ ကျောက်ရောင်းတဲ့ဗမာကုန်သည်က တိမ်းရှောင်နေပြီး အခန်းပိုင်ရှင်တရုတ်ကိုတော့ ရဲစခန်းမှာ ခေါ်ယူမေးမြန်းနေတယ်လို့ ကျောက်ကုန်သည်တွေကပြောပါတယ်။ ကျောက်ဝယ်တဲ့ တရုတ်ကတော့ ဟိုတယ်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်ခင်များ။..

မူရင်း..http://anyarnwaytamarmyay.blogspot.com/2011/06/blog-post_27.html ဖြစ်ပါတယ်

27 comments

  • Shwe Tike Soe

    June 27, 2011 at 3:16 pm

    ကျေးဇူးတင်ပါတယ် အခုလို သတင်းကို ဓာတ်ပုံနဲ.တကွ ဖော်ပြပေးတာ.. နောက်လဲ အားပေးနေပါမယ်…

  • pooch

    June 27, 2011 at 4:22 pm

    ဒါနဲ့ ကြားတာက အရိုက်ခံရတဲ့ သူက ဆေးရုံတင်ထားရတယ်ဆို…
    တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိစေရဘူး လို့ကြွေးကြော်ထားတဲ့ လူကြီးမင်းများ ဒီအမှုကို ဘယ်လိုများ စီရင်မှာပါလိမ့်…..

  • kai

    June 27, 2011 at 8:41 pm

    သတင်းက.. မြန်မာလူမျိုး(တရုတ်ဆိုခံရသူများ)နဲ့..တရုတ်ပြည်ကတရုတ်ကို ရှုပ်ရှုပ်ထွေးထွေးရောချထားတယ်..။
    .ရည်ရွယ်ချက်များ ရှိသလားတောင်မသိဘူး..။

    ထားပါတော့…
    တော်တော်လေး…သတိထားကိုင်တွယ်ရမယ်..။
    ကချင်၊ရှမ်းကိစ္စနဲ့ပါတ်သက်ပြီး..တရုတ်ပြည်နဲ့.မြန်မာပြည်ဆက်ဆံရေး. အရှုပ်အထွေးဖြစ်နေတော့ကာ…

    တရုတ်ပြည်ကလည်း.. လက်နက်နဲ့..ငွေအင်အားတောင့်လာပြီမို ့… အင်အားလက်တည့်စမ်းဖို့.. လက်ယားနေပုံရတော့ကာ…
    တော်တော်လေး…သတိထားကိုင်တွယ်ရမယ်..။
    အနောက်အုပ်စုက… အရှေ ့အလယ်ပိုင်းနဲ့.. မြောက်အာဖရိက.. ပါဝါပြ..လုပ်ပြနေတာကို… တရုတ်ကထိုင်ကြည့်နေတာ အလကားတော့ မထင်မိဘူး..။ သူ့အလှည့်စောင့်နေတာပဲ..။
    အနေမတတ်ရင်… နေရင်းထိုင်ရင်း.. ကြားညပ်သွားဦးမယ်…။

    အကျယ်မဖြစ်အောင်.. ပြသနာတက်စေတဲ့.. တရုတ်(တွေ)ကို… တရုတ်အစိုးရလက်ပြန်အပ်ပြီး.. နိုင်ငံအတွင်း..နစ်နာမှုတွေအတွက်.. လျှော်ကြေးတောင်း… ငွေပေးသင့်သူတွေ..ပေးလိုက်ကြဖို့ကောင်းတယ်..။

    ==========
    တရုတ်ပြည်က.. အင်အားလက်တည့်စမ်းချင်နေတဲ့ ဒီရက်ပိုင်းတက်လာတဲ့.. သတင်းတွေ…။
    http://www.voanews.com/english/news/asia/east-pacific/China-Warns-Vietnam-of-Possible-Military-Response-in-South-China-Sea–124275629.html
    June 21, 2011
    China Warns Vietnam of Possible Military Response in South China Sea

    http://www.malaya.com.ph/june28/news1.html
    Aquino wary of ‘no-invasion’ vow

    Asks why China had to make it
    BY REGINA BENGCO

    NAGA CITY, Cebu. – President Aquino on Monday expressed reservation over China’s statement that it will not invade the Philippines.
    ==
    http://www.chinapost.com.tw/asia/vietnam/2011/06/27/307670/China-Vietnam.htm
    China, Vietnam govt’s vow to cool South China Sea tensions
    BEIJING — China and Vietnam pledged to resolve a row over the strategic South China Sea, state media said Sunday, in a bid to ease tensions that prompted accusations of Chinese bullying in the region.

  • shadowless

    June 28, 2011 at 1:57 am

    ပါးရိုက်ရင်တော့ နားပြန်ကိုက်ရမှာပဲ
    ဒီလို များများဖြစ်တာကောင်းတယ်
    တရုတ်အစိုးရနဲ့ မတည့်တာကောင်းတယ်
    နို့မို့ စီးပွားရေးကျွန်ပြုခံနေရတာ ပိုဆိုးတယ်
    ဘေဂျင်းနဲ့ ရန်ဖြစ်ပြီး ဝါရှင်တန်နဲ့ ပြန်ခေါ်ရင် သာတောင်ကောင်းသေး
    သတိထားတော့ ကိုင်တွယ်ရမှာပဲ
    ကျုပ်ကတော့ သူချ ကိုယ်ချပဲ
    တစ်နိုင်ငံလုံး ပြုတ်ပြုတ်ပြုန်းသွား နားအေးတာပဲ
    နောက်ဆုံး
    ကိုးရီးယားလို တောင်မြောက်ကွဲပြီး
    ဘေးဂျင်းတစ်ဘက် ဝါရှင်တန်တစ်ဘက်လည်းကောင်းတာပဲ
    ဝါရှင်တန်ဘက် သွားနေလို့ရတယ်
    ခုတော့ သမ္မတက ဘေဂျင်းကို အဘခေါ်တာနဲ့ပဲ
    ကျုပ်တို့ကပါ လိုက် အဘနေရတယ်

  • bigcat

    June 28, 2011 at 1:58 am

    ရောင်းပြီးသားကျောက်ကို ငွေထပ်တောင်းတာ ရောင်းသူဖက်က မှားတယ်ထင်ပါတယ်။ ကျောက်ဝိုင်း ထုံးစံတော့ မသိဘူးပေါ့လေ။
    နောက်တပိုင်းက ရောင်းသူတဦးထဲကို ဝယ်သူအုပ်စုဝိုင်းဖွဲ့ ရိုက်တာပါ။ သာမာန်အားဖြင့် သူများနိုင်ငံမှာ စီးပွားရေးလုပ်တာမို့ အနေအထိုင် ဆင်ခြင်ရပါတယ်။ လုံခြုံရေးအတွက်လည်း ရဲ၊ နယ်မြေခံပုဂ္ဂိုလ်များကို လိုင်းဝင်ထားကြမှာပါ။ အဲဒီလမ်းကြောင်းရှိတာနဲ့ နယ်ခံတွေကို ထင်သလိုပြုမူ ဆက်ဆံတာတော့ အရုပ်ဆိုး လွန်းလှပါတယ်။ ကိုယ့်လူမျိုး အနေအထားကို ပြန်ဆန်းစစ်ဖို့ အရေးတကြီး လိုအပ်နေပါပြီ။

  • captainamerica

    June 28, 2011 at 2:17 am

    မပြောတော့ပါဝူး ။ဗမာပြည်မှာလုပ်ချင်သလိုသာလုပ်ကြပေတော့။

  • shweminthar

    June 28, 2011 at 2:23 am

    ခေါင်းစဉ်ကိုက ပွဲ မဆူ ဆူအောင်လုပ်ထားတယ်
    ဘာဆိုင်လဲ ရောင်းသူဝယ်သူ စည်းဖေါက်ကြလို့ ဆော်ကြတဲ့ကိစ္စ
    တိုင်ပြည် မဆူ ဆူအောင် လုပ်နေကြတာလား

  • pan pan

    June 28, 2011 at 3:15 am

    မန်းလေးမှာ တရုတ်တွေ တော်တော်ပေါနေပြီ ထင်တယ်
    မြန်မာဦးရေထက်တောင် ပိုမလားမသိဘူးနော်

  • fatty

    June 28, 2011 at 3:49 am

    သတင်းတင်ပြနိုင်သူကို ချီးကျူးတယ်ဗျာ ..။ ကျနော်တို့ သိတောင်မသိလိုက်ရဘူး။ အခုမှသိရတာ။

  • PaukPhaw

    June 28, 2011 at 4:05 am

    အရင်ဆုံး ဒီသတင်းကို အညာနွေတမာမြေက ဖတ်ရတာပါ
    ပုံတွေမပါသေးတော့ မယုံလို ့ ဒီတိုင်းထားထာ..
    နောက်မှ Aung Shin’s Facebook မှာ ပုံတွေ ့ရတာနဲ ့ တင်လိုက်တာပါ
    “ဖွ”တာတော့ ဟုတ်ပါဘူးဗျာ..သိရအောင်ပါ

    ဉာဏ်မီသလောက်ဝင်ဆွေးနွေးရရင်တော့ ၂ ဘက်လုံး မှားတယ်လို ့ထင်ပါတယ်
    အရောင်းအဝယ်တည့်၊စာချုပ်ချုပ်ပြီးသား၊တိပ်ပတ်ပြီးသား ဆိုမှတော့ တခြားတရုတ်တစ်ယောက်ကို မရောင်းသင့်တော့ဘူး..
    ဒါကို ကိုမော်ကြီးက ကတိမတည်ပဲ သွားရောင်းမိတော့..မှားတာပါပဲ..
    ကိုတရုတ်ကြီးကလဲ သူများနိုင်ငံရောက်နေမှန်းမသိ..ကိုယ့်အခြေအနေ ကိုယ်မဆင်ခြင်ပဲ အုပ်စုဖွဲ ့ဝိုင်းရိုက်ရာက သူမှား၊ကိုယ်မှား ဖြစ်ကုန်တာပေါ့.ဗျာ..

    ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်လူမျိုးထိရင်တော့ ဝိုင်းတွယ်ကြမှာပဲလေ..
    ဆွမ်းကြီးလောင်းချင်နေတဲ့မြန်မာတွေလဲ ကြည့်လိုက်ပါဦး..ပုံထဲမှာ..
    ရဲတွေမရှိရင် မလွယ်ဘူးဗျ

    ဖြစ်တဲ့ညကပဲ တရုတ်ကုန်သည်တွေကို စခန်းကနေပြီး တရုတ်ကောင်စစ်ဝန်တွေက ခေါ်ထုတ်သွားပြီလို ့သိရပါတယ်..ဘာအတွက်လဲတော့ မသိပါ

  • king

    June 28, 2011 at 5:56 am

    ဘာမှတော့ မပြောလိုပါ …
    သူမှားကိုယ်မှား ….. ဘယ်သိမပြု မိမိမှု …..
    🙁

  • moonpoem

    June 28, 2011 at 8:10 am

    မန်းတလေးမှာက တရုတ်က ဗမာလူဦးရေနဲ ့ဆတူလောက်ပဲ ထင်ပါတယ်နော်။
    ဘာနိုင်ငံခေါ်ရမလဲမသိ။

  • R Ga

    June 28, 2011 at 8:45 am

    ညကတော့ bbc မှာလာသွားတယ်ပြောတာပဲ။ဖတ်ချင်နေတာနဲ့အတော်ပဲ..။နောက်ကြားရတာတစ်ခုက မန္တလေးက တို့မြန်မာတွေ ကရဲတွေကို ကိုယ့်လူမျိုးဘက်လိုက်မှာလား တခြားလူမျိုးဘက်လိုက်မှာလားဆိုပြီး ပြောဆိုတာတွေရှိခဲ့ပြီး။ ကမ္ဘာမကျေ(နိုင်ငံတော်သီချင်း)ကိုဆိုသွားသေးသတဲ့။

    ဒါမှတို့မြန်မာကွ..။

  • ရွှေဘိုသား

    June 28, 2011 at 9:58 am

    ကိုယ်လူမျိုးကို ပစ်ပြီးတော.
    တရုတ်အဖေ ထင်နေတဲ.အစိုးရနဲ.
    ကြားထဲက မြေစာပင်ဖြစ်နေတဲ. ပြည်သူ

  • etone

    June 28, 2011 at 10:18 am

    မြန်မာပြည်မှာ မွေးတဲ့ မြန်မာနိုင်ငံသား တရုတ်လူမျိုးလား ၊
    ဟိုမှာမွေးတဲ ့တရုတ်နိုင်ငံသား တရုတ်လူမျိုးလား ၊ ကွဲကွဲပြားပြားလုပ်စမ်းပါဗျို့ … ။

    ဟိုကကောင်တွေ ဒီမှာလာ ကျယ်နေလျှင်တော့ ဆော်လိုက်တာ မှန်တယ် ။ မြန်မာနိုင်ငံသားတွေကို ဘာမှန်းသိအောင် ဗျင်းပစ်လိုက်ရမယ် ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 28, 2011 at 12:00 pm

    ဒီသဂျီးဂဒေါ့
    ဒဂယ့်အရေးအကြောင်းဆို
    ရွေးကောက်ပွဲထောက်ခံရေး
    ဆန်ရှင်ဖွင့်ပေးရေးနဲ့
    ခုလည်း
    တရုပ်ကို ဖင်ကုန်းပေးရေးတွေ ဟောပြောနေပြန်ပြီ
    ဝါသနာပါသူတွေတွက်
    ဆီပုလင်းကျုပ်ဒဂါခံမယ်

    • ချစ်စ/ဆ ရာ

      June 29, 2011 at 5:10 pm

      ဒီလောက်ထိတော့ မပြောသင့်ပါဘူး
      သူတို့ကိစ္စ သူတို့ရှင်းမှာပါ

  • nature

    June 28, 2011 at 2:58 pm

    အမှိုက်ကစ ပြသာဒ်မီးမလောင်ပါစေနဲ့လို့ ဆုတောင်းပါတယ်။

  • xman

    June 28, 2011 at 3:17 pm

    ဒါက ကုန်သည်တွေကကြားက ပြဿနာပါ။
    လူမျိုးရေးနဲ့ နွယ်ပြီး မမြင်လာအောင် တာဝန်ရှိသူတွေက မျှမျှတတဖြေရှင်းသင့်ပါတယ်။
    မြန်မာပြည်သားတရုတ်ပဲဖြစ်ဖြစ် ဟိုကလာတဲ့တရုတ်ပဲဖြစ်ဖြစ် ဒီလောက်ပိုက်ဆံလေးနဲ့ ဝိုင်းရိုက်ရဲတယ်ဆိုတာ တရားဥပဒေကို မျက်စေ့ထဲမထားရာ ရောက်ပါတယ်။
    ဘာကြောင့် မျက်စေ့ထဲမထားတာဆိုတာ တာဝန်ရှိသူတွေ သုံးသပ်သင့်တယ်။

  • ဆူး

    June 28, 2011 at 3:45 pm

    သတင်း အတွက် ကျေးဇူးတင်ပါတယ်။

  • Ko Ko Aung

    June 28, 2011 at 4:58 pm

    ကျွန်တော့အမြင်တော့ အဲဒါ ရိုးရိုးရန်ပွဲပါ။
    ဒီလိုမျိုး ထိုင်းမှာသွားလုပ်ရင် အသတ်တောင်ခံရနိုင်တယ်။
    ဒါကိုအကြောင်းပြုပြီး ဟိုဘက်နိုင်ငံက ပြဿနာလုပ်လာရင်ဖြစ်ဖြစ်
    ပြဿနာမလုပ်ရင်ဖြစ်ဖြစ် သူတို့သဘောထားကိုမြင်ရမှာပဲ။

  • ကျောက်ဝိုင်းမှာရှိတဲ့မိတ်ဆွေကို မေးကြည့်တော့ အခုလိုအရောင်းအဝယ်ပျက်တယ်ဆိုတာ မဆန်းသောကိစ္စတွေပါတဲ့။
    ဒီမှလုပ်ကြကိုင်ကြရောင်းကြဝယ်ကြတာက နုတ်ကတိနဲ့ဘဲလုပ်ကြတာဆိုတော့ တစ်ဖက်ဖက်က ဖျက်သွားလဲ
    ဘာမှလုပ်မရသလို နောက်အဲဒီလူနဲ့အလုပ်မလုပ်တာက လွဲလို့ ဘာမှ မတတ်နိုင်ကြတာများပါတယ်။
    အခုကိစ္စကတော့ အရောင်းအဝယ်ပျက်တယ် အုပ်စုများတဲ့ကောင်က ရောင်းတဲ့သူတစ်ယောက်ထဲဆိုပြီး
    ခေါ်ဗျဉ်းတယ် အဲတော့ အဗျဉ်းခံရတဲ့ကောင်ရဲ့ ဘော်ဒါတွေက လူစုပြီး ပြန်ဗျဥ်းတယ်။
    ဒါရောင်းတဲ့ ဝယ်တဲ့နေရာမှာ တိတိကျကျ မလုပ်ကြလို့ ဖြစ်တဲ့ကိစ္စပါ.။
    လူမျိုးရေးပဋိပက္ခမဟုတ်ပါဘူး။
    အဲတော့ ဒါလေးကို အကြောင်းပြုပြီး ရှုပ်အောင်မလုပ်ချင်ပါနဲ့။
    တကယ်ဖြစ်လို့ ဒုက္ခရောက် တနေ့လုပ်မှတနေ့စားရတဲ့ အောက်ခြေလူတန်းစားဘဲ အထိနာမှာပါ။
    ဒါအားလုံးအတွက်ပြောပြတာပါ။

  • Niko

    June 29, 2011 at 6:28 am

    I heard someone say it describe in VOA, I was wondering if they r trying to exaggerat this issues and affect the diplomatic relationship of the two countries, but, unfortunately, Burma-born Chinese ethnic will be the victims if it goes wild.

  • Niko

    June 29, 2011 at 6:35 am

    I heard someone say it describe in VOA, I was wondering if they r trying to exaggerat this issues and affect the diplomatic relationship of the two countries, but, unfortunately, Burma-born Chinese ethnic will be the victims if it goes wild…

  • eros

    June 29, 2011 at 7:03 am

    ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသား ကိုယ် ကာကွယ်ရမှာပဲ။ တရုတ်အနွယ်ဝင် မြန်မာနိုင်ငံသား လည်း မြန်မာလူမျိုးပဲ။ ဒီတော့ ကိုယ့်မြေအပေါ် လာစော်ကားတာကတော့ ဟိုဟို ဒီဒီ အကြောင်းမပြပဲ ဥပဒေကြောင်းအရ ဆွဲထည့်လိုက်ရမှာပဲ။

  • nature

    June 29, 2011 at 1:18 pm

    ဥပဒေအရ အရောင်းအဝယ် ဖောက်ဖျက်တဲ့သူကို ဥပဒေအတိုင်း တရားမမှုနဲ့ အရေးယူသင့်ပါတယ်။ စရိုက်တဲ့သူကိုလည်း ဥပဒေနဲ့အညီ ရာဇဝတ်မှုနဲ့ အရေးယူသင့်ပါတယ်။ ပြန်ရိုက်တာဟာလည်း ရာဇဝတ်မှု မြောက်ပါတယ်။ ကိုယ့်နိုင်ငံသားကို အကာအကွယ်ပေးတာ ဥပဒေနဲ့အညီ ဖြစ်သင့်ပါတယ်။ ဒီရန်ပွဲလေးကို အခွင့်ကောင်းယူပြီး ဝါဒဖြန့်သူတွေရဲ့ သွေထိုးစကားကို နားဝင်သွားရင် လူမျိုးရေးပဋိပက္ခ ဖြစ်သွားနိုင်ပါတယ်။ နယ်စပ်မှာ မညိမ်မသက်ဖြစ်နေချိန်မှာ ဒီလိုအချိန်ကိုက်ဖြစ်လာတာ တွေးစရာတခုပါ။ ဒီအဖြစ်အပျက် ဟာတနိုင်ငံလုံးသိတာမို့ ပညာပေးတတ်ရင် တရားဥပဒေဆိုတာဘာလဲ ဆိုတာကို ၊ တရားဥပဒေ ကို ပြည်သူတွေ လေးစားလိုက်နာလာအောင် စံပြ ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။

  • တညင်သား

    June 30, 2011 at 1:08 am

    တောင်ကိုရီးယားက ဥပဒေက မဆိုးဘူးလို့ပြောရမယ်.. ပြဿနာ ဖြစ်ရင် တရားရုံးမှာရှင်း ထိုးတာ ရိုက်တာ ဆိုရင် အရင် စပြီးလုပ်တဲ့သူက အရှုံးပဲ တယောက်နဲတယောက် အော်နေကြပေမဲ့ ဘယ်သူမှ စပြီး မလုပ်ရဲဘူး ………..

Leave a Reply