ဒီအကြောင်းလေးက တနေရာမှာကျနော်မန်းပြီးသားပါ ….။
ဒါပေမဲ့ သိပ်သတိမထားမိကြဘူး …. king တယောက်တော့ရိပ်မိသွားတယ်ထင်ရဲ့ .. ဦးဖက်နော် အတော်စုံလှပါလား
ဆိုပြီး ပြန်ပြောသေးတယ် ..။ တချို့လဲသိချင်သိမယ် တချို့လဲ သိချင်မှသိမယ် ..။

သူငယ်ချင်းတယောက်က သူ့အတွေ့အကြုံပြောပြလို့ကျနော်လဲသိရတာပါ …။ ကိုယ်တွေ့မဟုတ်ပါဘူး ..။
သူငယ်ချင်းက ကုမ္ပဏီတခုမှာ အလုပ်လုပ်တယ်။ သူ့အလုပ်က အင်ပို့ အိပ်စ်ပို့ နဲ့ဆိုင်လို့
မြို့ထဲကိုအမြဲသွားနေရတယ် … ဘဏ်မှာ L/C ဖွင့်မယ် earning ၀ယ်မယ် … အစရှိသဖြင်းပေါ့ ..။

အဲတော့မြို့ထဲကိုနေ့တိုင်းရောက်တာပေါ့ဗျာ .. နွေရာသီဆိုရင်တော့ ပိုပြီး ပင်ပန်းတယ် ရာသီဥတုက ပူလွန်းတော့
ဟိုရုံးပြေးဒီရုံးပြေးနဲ့ ချွေးတလုံးလုံးပေါ့ ….။ တခါတခါ မောလွန်းလို့ မြို့ထဲက အဲယားကွန်းရှိတဲ့ဆိုင်တွေမှာ
ဝင်နားပြီး စာရွက်စာတမ်းတွေစစ်ဆေးတာ ဖေါင်တွေဖြေ့တာ ထမင်းဘူးဖွင့်စားတာတွေ လုပ်တာပေါ့ ..။

တခါတော့ မြို့ထဲက ဂျေဒိုးနပ် ဆိုင်မှာ ၀င်နားလိုက်တယ် စာရွက်စာတန်းလေးတွေ အေးအေးဆေးဆေး စစ်မယ်ပေါ့။
ပြီးတော့ အအေးမှာသောက်ရင်း အလုပ်လုပ်နေလိုက်တယ်။ ဒါတင်မပြီးသေးဘူး ရေသန့်တဘူးမှာသောက်လိုက်ပြန်တယ်။
သူတို့က ရေသန့်မှာရင် ဖန်ခွက်ပါချပေးတာကိုး ..။ ရေသန့်လေး အေးအေးဆေးဆေး သောက်ပြီး
အမောဖြေဘို့ ဘေးဘီလှည့်ပတ်ကြည့်တော့ ဆိုင်ထဲကလူတွေ တချို့က ဖန်ခွက်လေးတွေကို သောက်ပြီး
မှောက်ထားတာတွေ့လို့ သူလဲအဲလိုဘဲထားလိုက်တာပေါ့ …။ ပြီးတော့ ပါလာတဲကစာရွက်စာတန်းတွေ ထုတ်ပြီးပြန်စစ်ရင်း
အမောဖြေနေလိုက်သတဲ့ …။

အဲဒီမှာ ဇာတ်လမ်းစတော့တာပါဘဲ ..။ သူ့နားကို အသားညိုညို သန့်သန့်ပြန့်ပြန့်လူတယောက်လာထိုင်တယ် ..။
ညီလေး ဘယ်လောက်လဲပြောတဲ့ .. သူလဲအူကြောင်ကြောင်ဖြစ်နေတာပေါ့ ..။ အဲဒီလူကပြောပြန်တယ်
အော် ငါ့ညီက လူသစ်ထင်တယ် ပိုအဆင်ပြေတာပေါ့ မင်း ထုံးစံထက်ပိုရလိမ့်မယ်လို့ပြောပြန်တယ် ..။
သူကတော့ အကိုကြီးလူမှားနေပြီထင်တယ် .. ကျနော့မှာဘာမှရောင်းစရာမပါ ပါဘူး ကျနော်က ကုမ္ပဏီဝန်ထမ်းပါ …
ရှင်းပြရတာပေါ့ ….။ အဲဒီလူက မလျှော့သေးဘူး အဖွားကြီးက သိပ်မကြီးသေးပါဘူးကွတဲ့ …။ ကဂျီကဂျောင်လဲ မကျပါဘူးတဲ့ ..။

သူလဲဘေးဘီကြည့်လိုက်တယ် .. တချို့လူတွေကလည်း သူ့ကိုမသိမသာကြည့်နေကြတယ် ..။ အဲဒီအကြောင်းတွေကို အဆောင်ပြန်ရောက်မှ
သူ့သူငယ်ချင်းတွေကိုပြောပြတော့ …. မင်းပါမသွားတာကံကောင်းတယ်တဲ့ .. မင်းမသိဘူလား အဲဒီအကြောင်းတွေကို .. ဆိုပြီးသူ့သူငယ်ချင်းတွေက
ရှင်းပြရတယ် .. သူ့သူငယ်ချင်းတယောက် အူကြောင်ကြောင်နဲ့ပါသွားဘူးတယ် .။ သူ့ကိုကားနဲ့ခေါ်သွားတယ်တဲ့ အိမ်တအိမ်ရောက်တော့
သားသားနားနား အဖွားကြီး နဲ့နှစ်ပါးသွးရတာပါဘဲ …..။

………………… စိတ်ဝင်စားရင်ဆက်ပြောမယ်လေ ……………။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.