ရှားပါးလာမယ့် ယောက်ျားများ…

lu ta loneMay 14, 20101min18637

လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျေုာ်လောက်က ပြောပြောနေကြတဲ့ စကားတစ်ခွန်းကို မှတ်မိကြတယ် ဟုတ်..။ နောင်တစ်ချိန်မှာ မိန်းမတွေ ရင်ထုပြီး လင်လုရတော့မယ် ဆိုတဲ့ စကားတစ်ခွန်းလေ..။ ဒီစကားဟာ နမိတ်လိုလို တဘောင်လိုလိုနဲ့ ခေတ်စားခဲ့တာတော့ အမှန်ပါပဲ။ အဲဒီအချိန်တုန်းကလည်း ပြောကြတယ်လေ။ ဆေးရုံတွေ၊ သားဖွားခန်းတွေမှာ ကြည့်လိုက်.. မိန်းကလေးက ၁ဝ ယောက်မွေးရင် ယောက်ျားလေးက ၂ ယောက်လောက်ပဲ ပါသတဲ့..။ ဒါကြောင့် နောင်ဆိုရင် ယောက်ျား တစ်ယောက်ကို မိန်းမတွေ အများကြီးက ဝိုင်းပြီး လုကြရတော့မယ်လို့ ပြောခဲ့ကြတယ်။

ဒီနောက်ပိုင်းမှာပဲ ခေတ်စားလာတဲ့ ဇာတ်လမ်းတွဲကိုလည်း ကြည့်လိုက်ဦးလေ..။ ကိုးရီးယား ကားတွေပေါ့..။ သိတယ်ဟုတ်.. ဒီကားတွေမှာ ယောက်ျားလေးတစ်ယောက်ကို မိန်းကလေး နှစ်ယောက်က ပြိုင်လုတာတို့၊ သုံးယောက်က ပြိုင်လုတာတို့..။ ဒီနောက်ပိုင်းတွေမှာ ခေတ်အနေအထားအရ မိန်းကလေးတွေက ရည်းစားစကားကို စပြောလာကြပြီး ယောက်ျားလေးတွေက အတော်စဉ်းစားနေကြရတဲ့ အနေအထားဖြစ်လာသလိုလို..။ စဉ်းစားမယ်ဆိုရင်လည်း စဉ်းစားစရာလေ..။ တစ်သက်လုံးရှာကျွေးရမှာကိုး …။ ဟုတ်တယ်ဟုတ်..။ ဒီခေတ်ကြီးရဲ့ စီးပွားရေး အနေအထားကိုလည်း သိကြတဲ့ အတို်င်း ။ ပြီးတော့ ယောက်ျားလေး ဆိုတာကလည်း ဖက်ပေါ်ဆူးကျတော့ ဆူးကောက်၊ ဆူးပေါ် ဖက်ကျ တော့လည်း ဆူးကျိုး ရမယ့် ဘဝမျိုး ဖြစ်လာနေတော့.. ကြက်ဥက ကျောက်တုံးပေါ် ကျကျ ၊ ကျောက်တုံးက ကြက်ဥပေါ် ကျကျ ဥဘက်က အနာကြီးပဲဆိုတော့လေ.. အတော် စဉ်းစားကာမှသာ တော်ကာကျမယ်လေ..။

ခုချိန်မှာ ယောက်ျားတွေရှားလာတယ်ဆိုတာတော့ အမှန်ပဲလို့ ထင်မိတယ်..။ ဒါပေမယ့် ဟိုအရင်က ထင်ခဲ့ကြသလို မိန်းကလေး မွေးနှုန်းနဲ့ ယောက်ျားလေး မွေးနှုန်း ကွာဟချက်ကြောင့်တော့ မဟုတ်ဘူးဗျ..။ ခုချိန်မှာ ယောက်ျားရှားပါးလာမှုရဲ့ အဓိက သော့ချက် ကတော့ ပုန်းလာတဲ့ ယောက်ျားတွေ များလာလို့ ပါပဲ။ ခုခေတ် ပတ်ဝန်းကျင် တော်တော် များများမှာ ပုန်းနေကြတဲ့ ယောက်ျားတွေ များစွာတွေ့နေရတယ်….။ မသိမသာ ပုန်းသူတွေ၊ သိသိသာသာ ပုန်းသူတွေ၊ လူမသိ သူမသိပုန်းသူတွေ၊ ထင်ထင်ပေါ်ပေါ်ပုန်းသူတွေ၊ အမှန်အကန် ပုန်းသူတွေ၊ မဝံ့မရဲ ပုန်းသူတွေ၊ ပြတ်ပြတ်သားသား ပုန်းသူတွေ၊ အဆုံးထိပုန်းကြသူတွေ ။ ( ဂျီတော့မှာ ပုန်းပြီး ချက်နေကြတဲ့ ဂျီပုန်းများထဲမှာလည်း ပုန်းသူတွေ ပါမပါတော့ မသိ ) ဘာပဲ ပြောပြောပုန်းသူများသော ခေတ်ရောက်လာလေပြီ။

ခုဆိုရင် ပုန်းသူများ စိတ်တိုင်းကျ ပီပီပြင်ပြင်ပုန်းနိုင်ဖို့ ဆိုပြီး မြန်မာနိုင်ငံမှာတောင် ဝန်ဆောင်မှု ကောင်းကောင်းရှိနေပါပြီ ..။ ပိုက်ဆံ တတ်နိုင်ကြသော ပုန်းသူ များ အကြိုက်ဖြစ်ပါလိမ့်မယ်။ ဒီအတိုင်းဆိုရင် ရှေ့လျှောက်တော့ တကယ့်အစစ်တွေ ရှားပါးလာပါတော့မယ်။ ပုန်းသူတွေကလည်း သိကြတဲ့ အတိုင်း ယောက်ျားလေးပဲ ကြိုက်ကြတယ်။ မိန်းကလေးတွေ ကလည်းယူရင် ယောက်ျားပဲ ယူကြမှာဆိုတော့ ဝေစုတည့်မည်မထင်။ ( ခြွင်းချက်အနေနဲ့ မိန်းကလေး အချင်းချင်းပြန်ယူကြတာတွေလည်း ရှိပါလိမ့်မယ် ) ဒီတော့ ဟိုုအရင်ကပြောသလို မိန်းမတွေ ရင်ထုပြီး လင်လုရတော့မယ့် ခေတ်မကြာခင်ရောက်လာပါတော့မယ်..။ ထို့ကြောင့် ကျွန်တော်တို့လိုယောက်ျားစစ်စစ်များ အနေနဲ့ သတိ ဝိရိယနဲ့ နေကြရင်း မိန်းမစစ်စစ်ရဖို့သာ ကြိုးစားရပေတော့မည်။

From: UCSY

37 comments

  • susunosuki

    May 4, 2010 at 10:47 am

    ဟုတ်တယ်
    ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အပုန်း Gay တွေတဖြည်းဖြည်းများလာတယ်
    ၂၀၅ဝ ကျရင်ယောကျင်္ားအချင်းချင်းစိတ်ဝင်စားမှု့ပိုများမယ်လို့ပြောသူလဲရှိတယ်

  • herostar

    May 4, 2010 at 11:19 am

    အင်း .. စဉ်းစားစရာတော့ ဖြစ်နေပြီ။ စွံတဲ့သူတွေသာ စွံကြပေမဲ့ လူပျိုကြီး ဘဝနဲ့ အရိုးထုပ်ရမဲ့ ဘဝကို ရောက်နေသူတွေအတွက် ဘယ်နေရာမှာများ ဝန်ဆောင်မှုပေးနေလဲ သိပါရစေ။ 😛 😛

  • NewAges

    May 4, 2010 at 10:18 pm

    နတ်ပြည်မလဲ နတ်သားတယောက် နတ်သမီး လေး-ငါးရာ ရှိကြဆိုပါတယ်။
    အဲဒီမှာလည်း ယောက်ျားရှားပုံရသဗျို ့

  • LadyGAGA

    May 4, 2010 at 10:36 pm

    ရှားလိုက်တဲ့ယောက်ျားတွေ နိုက်ကလပ်သွားရင် ပါးချခေါ်လို့ရတယ်။ ဘာလင်မှလုစရာမလိုဘူး /ဒါပဲ။

    • Myo Min Oo

      June 16, 2012 at 5:11 pm

      ကိုယ်တွေ့လားဟင်

  • kopauk mandalay

    May 5, 2010 at 1:04 am

    ကျနော်တို.ယောက်ျားလေးတွေ ကကျွေးနိုင်တယ်ဆိုရင်တပြိုင်တည်းမိန်းမဘယ်နှစ်ယောက်ယူယူ ပြဿနာမရှိ ရှော.မရှိပါ။
    ယူစရာ မိန်းမအလုံအလောက်ရှိဘို.သာလိုတာပါ။
    မိန်းကလေးတွေကြတော. ဥပဒေအရကြည်.ကြည်. လူမူရေးဘက်ကဘဲကြည်.ကြည်. ယောက်ျားတစ်ယောက်ထက်ပိုပြီး တပြိုင်နက်ထည်း ယူလို.မရဘူးလေ။
    အဲဒီတော. မိန်းကလေးအစစ်တွေပေါပြီး ယောက်ျားရှားရင်ဘဲဖြစ်ဖြစ် အပုန်းတွေများလာရင်ဖြစ်ဖြစ်ကျနော်တို.အတွက်ဘာမှမထိခိုက်ဘူး
    ပေါတာကို များများဝယ်လိုက်ပေါ.။
    ကြောက်ရမှာက မိန်းကလေးအရေအတွက်နည်းလာရင်ဘဲဖြစ်ဖြစ် ယောက်ျားစိတ်ပေါက်တဲ.မိန်းမများလာရင်ဖြစ်ဖြစ် ကျနော်တို.အတွက်စိုးရိမ်ရေမှတ်ကိုရောက်ပြီလို.သာမှတ်လိုက်ပေတော.။
    မိန်းကလေး နည်းလို. ယောက်ျားများရင် အချစ်ကြောင်.ဖြစ်တဲ.စစ်ပွဲတွေဖြစ်မယ်ဆိုရင်လဲမ မိုက်ဘူး
    မြစ်ရေ လိုရှိတဲ.မြစ်ကလေးကို ဝိုင်းစုပြုံပြီးသုံးရမယ် ဆိုရင ်တွေးကြည်.မိတာနဲ.တင်ကျောချမ်းလိုက်တာ။

  • snoopy88

    May 5, 2010 at 3:22 am

    မှားတယ် မှားတယ် Lu ta lone ကိုက မဟုတ်တာ ။ ယောက်ျားဘဲရှားရှား မိန်းကလေးဘဲ ရှားရှား အဓိက ကတော့အသက်ရှင်နေထိုင်ဖို့အတွက် ကိုယ့်ဝမ်းစာကိုယ်သာသိတဲ့…။

  • mgmoetian

    May 9, 2010 at 4:07 pm

    အော် …. ယောက်ကျားတွေအိမ်တွင်းပုန်းပြီး … လူပျိုတွေဆီကို အပျိုတွေလှည့်ရတော့မယ် …… အော် မိခင်များ သားများများမွေးထားကြပါ … နောင်ဆိုဈေးကောင်းတော့မယ်တဲ့ ….. ကယ်ကြပါဦး …. ကျွန်တော်ကိုလာလုနေတယ် …..

  • intro

    May 14, 2010 at 10:08 am

    အဟိ…. ဈေးကောင်းတော့မယ်တဲ့…. အောင်းထားဦးမှ

  • susunosuki

    May 16, 2010 at 4:45 am

    ဟုတ်တယ်
    .ယောက်ျားလေးတွေ ထက်မိန်းကလေးပိုများလာလို့မဟုတ်ပဲ
    ယောက်ျားလေးအချင်းချင်းစိတ်ဝင်စားသူတွေပိုများလာလို့ပဲ
    ကျွန်တော်တို့ရပ်ကွက်ထဲမှာ ယောက်ျားလေးအချင်းချင်းပေါ်ပေါ်တငတင်ယူတာတွေတောင်ရှိလာပြီ

  • Shwemannmay

    May 19, 2010 at 6:56 am

    ကိုလူတစ်လုံး

    လမ်းထွက်ရင်သတိထားနော် 😀
    ဘယ်သူခေါ်ခေါ်မလိုက်နဲ ့ ။ သူများကျွေးတာမစားနဲ ့သိလား

  • moethiha

    May 21, 2010 at 4:37 am

    အနော်ကတော့ avator ကားကိုပဲပြေးမြင်မိတယ်ဗျာ ကောင်မလေးတွေက ယောက်ျားတစ်ယောက်ပဲယူရမယ်ဆိုတာလေ။
    မိုက်ပြီဗျနော်။အနော်တို့ကတော့ထောပြီ

  • etone

    May 22, 2010 at 1:52 am

    ဘယ်လိုများရေးထားတဲ့ postပါလိမ့်နော် ..။
    မိန်းမတွေရင်ထုပြီးလင်လုရမဲ့ခေတ်ဖြစ်လာမယ်ထင်လား ဝေးသေးတယ် ။
    ယောကျာင်္းတွေရှားပြီး မိန်းမတွေများလာလည်းဘာဖြစ်လဲ ။ ဆေးရုံတွေမှာမိန်းကလေးတွေအမွေးများတာကရောဘာဖြစ်လဲ ။ ယောကျာင်္းလေးမမွေးတာက မိဘဖြစ်နေတဲ့လူတွေရဲ့ သီလသမာဓိအားနည်းလို့ပဲ ယူဆတယ် ။ အခုဆိုလူတွေက ပိုပြီးဆုတ်ယုတ်တဲ့စိတ်ဓါတ်တွေ ၊ နိမ့်ကျတွေအတွေး၊ လုပ်ရပ်တွေထဲမှာ နစ်မြောနေတာတွေက များတယ် ။
    ရှားပါးလာတဲ့ယောကျာင်္းလေးတွေကလည်း ” ယောကျာင်္းကောင်းမောင်းမတစ်ထောင်” ဆိုတဲ့ဘယ်သူထွင်လိုက်တဲ့စကားပုံကို အကောင်ထည်ဖို့လားမသိဘူး ရောက်ချင်တဲ့နေရာတွေရောက် ၊ အကျင့်ပျက်၊ သီလပျက်ပြီး A ကိုက်ခံနေရတာတွေများတယ်ဆိုတာ မေ့နေသလား လူတလုံးရယ် 😀
    ကိုရီးယားရုပ်ရှင်ထဲမှာသာ ယောကျာင်္းရှားတာပါ ။ ဒါက မြန်မာနိုင်ငံဆိုတာ မေ့နေတာလား ။

    • panchitthu

      August 17, 2010 at 10:21 am

      မှန်လိုက်တာ သူငယ်ချင်းပြောတာမှန်ပါ့… အခုခေတ်မှာယောကျာင်္းတွေပေါပါတယ်.. ယောကျာင်္းကောင်းသာရှားနေတာ.. အပြောချိုချိုနဲ့ ပြောပီး ကွယ်ရာကျ နေချင်သလိုနေကြတဲ့လူတွေအများကြီးပါပဲ… အထင်ကြီးစရာမရှိတဲ့ယောကျာင်္းတွေမှ ပုံလို့ပါပဲ… ယောကျာင်္းတွေရှားပါစေ.. ကိုယ်ကျင့်သီလနဲ့ပြည့်စုံတဲ့ယောကျာင်္းတွေရှိဖို့ပဲလိုအပ်တယ်…

  • mr.joker888

    May 22, 2010 at 11:54 am

    ကလပ် မှာ ပါရိုက်ပြီး ခေါ်လို ့ရတဲ့ ယောကျာင်္း ဆိုတာ ဖာကောင်း(ခေါင်း) ပဲ ဖြစ်မှာပေါ့
    ဒီတော့ ယောကျာင်္းကောင်းလိုချင်ရင် တတိယမြောက်/စတုထမြောက် ဖြစ်နေရင်လည်း ဂရုမစိုက်ပါနဲ ့

  • nyanay

    May 24, 2010 at 9:33 am

    အဲ ခက်နေပီပဲ ဒါဆိုရင်တော့……။

  • Phyo Myint Kyaw

    June 4, 2010 at 2:51 am

    ဟုတ်တယ်.. ယောက်ျားတွေရှားပါးလာပီ ဆိုတာ ကျွန်တော် အရင်တုန်းထဲက သတိပြုမိတယ်….. ကမ္ဘာပေါ်မှာကိုက မိန်းကလေး အရေအတွက်က ယောက်ျားလေးအရေအတွက်ထက် ပိုများနေတာပဲလေ…
    အင်းပေ့ါလေ.. တန်ဖိုးရှိတဲ့ အရာဆိုတာ အမြဲ ရှားပါးတာ သဘာဝပဲ….. ဟဲ…ဟဲ…

  • Suu

    June 4, 2010 at 12:16 pm

    ယောကျာင်္းလေးရှားလာတယ်၊ မိန်းကလေးပေါလာတယ် ဆိုတာထက်…..
    ယောကျာင်္းကောင်း ရှားလာတယ်၊
    မကောင်း(အကျင့် သီလပျက်)တဲ့ မိန်းကလေးပေါလာတယ် လို ့
    ပြောရင် ပိုမှန်မယ်ထင် ပါတယ်….လူတလုံး။

  • soemoe

    June 5, 2010 at 5:17 am

    အဲသလိုမှန်းမသိလို့ကွာ ဒါမြင့်ဆို ဘယ်သူကိုမှ ရည်စားစကားလိုက်မပြောဘူး
    ခုတော့ဈေးတက်အောင်စောင့်လိုက်အုံးမယ်

  • be bell

    June 6, 2010 at 5:35 am

    ဘော်ဒါတို့ ဒီလင့်မှာ ကြည့်လိုက်
    http://www.ptown.org/Home.asp
    အမေရိကန်ရဲ့ ဂေးမြို့
    LGBT တွေ အများဆုံး လာတယ်
    ကျွန်တော် အပါ အဝင် မြန်မာ ၂ ယောက်ရှိတယ်
    အဲ ဒီ မြို့ က summer 3 လရှာရင် ၁ နှစ် ထိုင်စားလို့ရတယ်ဆိုပဲ

  • zaylay

    June 10, 2010 at 4:25 am

    So i don’t broken my lover. he is also boy. hote bu lar.

  • dondon

    June 10, 2010 at 12:09 pm

    ရှားပါးလာမယ့် ယောက်ျားများ…
    (ရှားပါးလာမယ့် ယောက်ျားကောင်းများ…)
    ဆိုရင်ပိုမှန်မှာနော် !!!

  • anyarthar

    June 13, 2010 at 8:31 am

    ယောက်ျား လေး တွေ ရှားလာမယ် ဆို တာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်….မွေးနူန်းက တော.အဲ့ဒီလောက်ကြီး မလျှောကျပါဘူး အခုခေတ်ကြီး မှာ ယောက်ျားလေး အတော်တော် များများ ဟာ အလုပ်တွေ တစ်အား လုပ်ရပါတယ် အဲ့ဒီလို လုပ်ပြီး မောပန်းနေတာတွေကို နည်းအမျိုးမျိုးနဲ့ ဖြေဖျောက်ကြပါတယ် တစ်ချို. ကျတော.အရက် သောက်ပြီး ဖြေဖျောက်တယ် ( အရက် ကို တက်နိုင်တဲ့သူလောက်ပဲသောက်ကြတယ် ဒီထက် အဆင့်မြင်တဲ့သူ ဝင်ငွေများများ ရှာနိုင်တဲ့သူတွေ ကျတော.ဘီယာတွေ သောက်တယ် )ပြီးရင် အပေါင်းအသင်းတွေ ကောင်းရင် ကောင်းသလို. နေရာ စုံအောင် သွားပြီး အပန်းတွေ ဖြေကြတယ် ညအချိန်မတော် မူးမူးနဲ့ ယာဉ်တွေ ကို မဆင် မကျဉ်မောင်းတယ် ပြီးတော. အသက် စတေးလိုက်ရတယ် နောက်ပိုင်း ကြိုက်တတ်သွားတယ် ပြီးတော.ကျန်းမာရေးပါ ထိခိုက်လာတယ် အသက် ကလေး ငယ်ငယ်လေးတွေ နဲ့ ဆုံး ရှံးတာ များတယ် ယောက်ျားလေး အတော် များများ ဟာ အသက် စတေးဖို. နည်းလမ်းဟာ မိန်းခလေးတွေ ထက် များပါတယ် အဲ့ဒါကြောင့် ယောက်ျာ လေးတွေ ဟာ နည်းနည်း လျှောနည်းလာပါတယ်

  • taungporthu

    June 14, 2010 at 5:31 am

    သိတယ်သိတယ်ယောကျာ်းလေးတွေရှားလာတယ်ဆိုတာယောကျာ်လေးတွေတော်တော်များများအခြောက်တွေဖြစ်နေတာကိုးနေရာတိုင်းလိုလိုပါပဲမြင်နေရတာစိတ်ကုန်ချင်စရာ
    ချတ်တင်ထိုင်တိုင်းလဲဒီအခြောက်တွေပဲအွမ်လိုင်းပေါ်စိုးမိုးနေတာတကယ်စိတ်လေတယ်မိန်းခလေးဘောင်းဘီကျပ်တွေလဲလိုက်ဝတ်နဲ ့ဘာတွေလဲမသိပါဘူး။

  • zinanzin

    June 18, 2010 at 1:53 am

    ယောက်ကျားလေးတွေရှားတာတော့မှန်လိပ့်မယ်..ဘာလို့လဲဆိုတော့သေပြီးတဲ့ယောက်ကျားလေးတွေကကောင်းတာသိပ့်မလုပ်ကျလို့လေ..သေပြီးလို့လူပြန်ဖြစ်ရင်..ဘုန်းမြင့်တဲ့ယောက်ကျားဘဝပြန်မရကျတာ..တို့အတင်ပြောရရင်တော့အရင်တုန်းကဆိုရင်ယောက်ကျားတွေတော်များများရှိကြာမှာ..ယောက်ကျားတယောက်သေပြီးရင်ယောက်ကျားမှပြန်မဖြစ်တော့တာ.ဒါေကြောင့်ယောက်ကျားလေးတွေ့လျှော့ကျသွားတာဖြစ်မယ်..တချို့တွေကကံကောင်းထောက်မလို့ယောက်ကျားလေးဘဲဖြစ်နေရင်တောင်မိန်းမစိတ်ပေါက်ပြီးယောက်ကျားအခြင်းခြင်းယူကျတာလဲရှိသေး…သနားဖို့ကောင်းလိုက်တာ..သူ့ဘဝသူ့ဝဘ

  • harry potter

    July 16, 2010 at 4:39 am

    လူပျိုအမေဆန်တအိတ်နဲ တောင်ပေါ်ထိတ်မှာ ပုန်းအိပ်ရမယ်။
    ဗမာ. စကားပုံ တွေမှန်တော.မယ်ပေါ. ကောင်စွကောင်စွ

  • phuu.sar.shin

    July 20, 2010 at 3:10 pm

    ..တကယ်လားဟင်….
    ဒါဆို..
    အောင့်ထားလိုက်အုံးမယ်..ဈေးကောင်းမှ..ထုတ်ရောင်းတော့မယ်…:D:PPPPPPP

  • happy.happy

    August 15, 2010 at 10:41 am

    ယောက်ကျားတွေပဲပေါတာလား မိန်းမတွေပဲများတာလားတော့မသိဘူး………………..အဓိကကတော့ ကိုယ်ကျင့်သိက္ခာရှိဖို့ပါ ……………..မိန်းမပေါပေါ ရချင်ရင် အိမ်ထောင်တော့မပြုနဲ့…ကြိုက်သလောက်ယူကျ…ဒါပေမယ့် အိမ်ထောင်တစ်ခု ထောင်ပြီးရင်တော့ ကိုယ်ကျင့်သိက္ခာ ရှိကြပေါ…နော…

    ဟဟဟဟဟ

  • HayMonChan

    September 25, 2010 at 5:55 pm

    ဟားဟား.ကွန်မန် ့တွေဖတ်ပြီးရယ်ရတာအူနာတယ်ဗျို ့

  • Ko out of...

    March 7, 2012 at 2:33 pm

    တရုပ်ပြည်ကျတော့ ယောင်္ကျားတွေများလွန်းလို့ မြန်မာပြည်က မိန်းမတွေ ယူနေရတယ်လို့ ကြားဖူးတယ်..

  • Mr. MarGa

    March 7, 2012 at 3:46 pm

    ကြော်ငြာဝင်ပါရစေနော်
    အလိုရှိသည်(ပြည်တွင်း၌သာခန့်ထားရန်)
    တာဝတိႍသာ မှ သိကြားမင်းကြီး ဦးမာဃသည် လူ့ပြည်တွင်ထားရန် မိဖုရားများ အလိုရှိပါသောကြောင့်
    စိတ်ပါဝင်စားသော မိန်းမပျိုလေးများ လာရောက်လျှောက်ထားနိုင်ပါသည်။
    ရှိရမည့် အရည်အချင်းများမှာ
    အိမ်ထောင်မရှိသူ(အပျိုစင်) ဖြစ်ရမည်။
    ရုပ်ရည် ချောမောပြေပြစ်ရမည်။
    နတ်သူ နတ်သားများ၏ ပြဿနာများအား ဖြေရှင်းရာတွင် ဦးမာဃအား အကြံပေးနိုင်ရမည်။
    အသက် ၁၈နှစ် မှ ၂၅ နှစ်ကြား ဖြစ်ရမည်။
    လျှောက်ထားလိုသူများသည် ကိုယ်ရေးရာဇဝင်၊ထောက်ခံစာအပြည့်အစုံ၊ကိုယ်လုံးပေါ်ဓာတ်ပုံသုံးပုံနှင့်တကွ
    mr.marga2011@gmail.com သို့ e-mail ပို့၍ လျှောက်ထားနိုင်ပါသည်။
    လူတွေ့စစ်ဆေးမည့် နေ့ရက်ကို ဆက်လက်ကြေညာပါမည်။
    မှတ်ချက်။ ။စပွန်ဆာလိုချင်သော မော်ဒယ်လ် များ လျှောက်ထားရန်မလိုပါ။
    စပွန်ဆာလိုချင်ပါက အအေးဆိုင်သို့ သွားရောက်ဝယ်ယူနိုင်ပါသည်။

    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

  • Green Rose

    March 7, 2012 at 10:36 pm

    ဟင်.. ဟုတ်လို့လား.. သိရသလောက်တော့ တရုတ်ပြည်မှာ မိန်းခလေးရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်ဆိုလား……

  • သူရဇော်

    March 8, 2012 at 10:18 am

    အိုဘယ်သူတွေဘာပဲပြောပြော သတိတော့ထားရမယ်………ယောကျ်လားသားမဟုတ်လား…… စဉ်းစားရမယ်လေ………သူတို့ချစ်တယ်ကြိုက်တယ်ပြောတိုင်း လက်ခံစရာလား………. ဘယ်မျိုးရိုးက ပေါက်ဖွားလာတာမှန်းမသိဘာမသိနဲ့ လူတွေ့ရင် အတင်းမရမက ချစ်ရေးဆိုချင်ကြတယ်………..မပြောချင်ဘူး ………… စိတ်အရမ်းညစ်တယ်……….လမ်းကိုမထွက်ချင်ဘူး…………..မိန်းမတွေများပြောပါတယ်……….ဟွန်း….

  • zarni

    March 23, 2012 at 3:06 am

    ဥသျှစ်တစ်တင်းနှင်းတစ်တဲ့….ယောကျာ်းနဲ့မိန်းမအရည်အတွက်ကွာပုံပြောပါတယ်…ကျွန်တော်ကထပ်ဖြည့်ပေးလိုက်ပါတယ်…မန်းကျည်တစ်ခက်ပိန်းတစ်ရွက်လို့ 😀

  • မွန်မွန်

    June 16, 2012 at 5:33 pm

    ယောက်ျားရှားတာလား…ယောက်ျားကောင်းရှားတာလားတော့မသိဘူး… ဒီခေတ်ကြီးထဲမှာ ယောက်ျားရှားခဲ့မယ်ဆိုရင်တောင် ရင်ထုပြီး လင်လုစရာအကြောင်းတော့ မရှိဘူးထင်တယ်။ မိန်းကလေးတွေအနေနဲ့ ယောက်ျားမယူလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်အစွမ်းအစနဲ့ တစ်သက်လုံး နေသွားလို့ ရပါတယ်။ ယောက်ျားလေးတွေသာ ပေါပါတယ်ဆိုတဲ့ မိန်းကလေးတွေထဲက မိန်းမကောင်းဆိုတာတွေကို ရွေးနိုင်ဖို့ အရေးကြီးပါတယ်။ ရှာကျွေးမယ်သာပြောကြတာ မိန်းမက အလုပ်မလုပ်ဘဲ ယောက်ျားလုပ်စာပဲ ထိုင်စားဖို့ဆိုတာလည်း တော်တော်စဉ်းစားရမယ့် ကိစ္စပဲ။ ရင်ထုပြီးတော့ လင်မလုပါဘူး။ ယောက်ျားကောင်းရှားတဲ့ ဒီခေတ်ထဲမှာ အပျိုကြီးလုပ်တာက ပိုကောင်းမယ်ထင်တယ်။

  • nature

    June 16, 2012 at 6:25 pm

    ဥသျှစ်တတင်းနှမ်းတတင်းဆိုတာ မငြင်းလိုပေမဲ့ မိန်းမတွေရင်ထုပြီးလင်လုရမယ်ဆိုတာကတော့ အမျိုးသမီးထုတွေရဲ့ဒေါသကို ဆွပေးရာရောက်ပါတယ်။ စာရေးသူဟာအဲဒီစာကိုရေးတဲ့အချိန်မှာရည်းစားကွဲ၍သော်လည်းကောင်း ရည်းစားက သစ်စိမ်းချိုးချိုးသွား၍ သော်လည်းကောင်း အသဲကွဲ နာကျည်းနေပုံရပါတယ်။
    ရင်ထုပြီးလင်လုဖို့နေနေသာသာပြည့်တန်ဆာခန်းသွားရင်တောင်ငွေပေးမှသွားလို့ရတာပါ။

Leave a Reply