Google Voice Search

we R oneJune 28, 20111min1044

ကမာ္ဘတစ်လွှား နာမည်ကျော် လူသုံးများသည့် Google Search Engine တွင် ဇွန်လ 14 ရက်နေ့ မှ စင်တင်ကာ အသံဖြင့်ရှာဖွေနိုင်သည့် Voice Search အပါအဝင် ရှာဖွေရေးနည်းပညာသစ်များ ထည့်သွင်းလာကြောင်း ပြည်တွင်း အင်တာနက် သုံးစွဲသူအသိုင်းအဝိုင်း ထံမှ သိရသည်။

အဆိုပါ နည်းပညာသစ်များ တွင် Search box သို့ စာရိုက်ထည့်ရန်မလိုဘဲ မိုက်ခရိုဖုန်းမှ တစ်ဆင့် အသံဖြင့် ရှာဖွေနိုင်သည့် Voice Search ၊ Search Box တွင် သောချက်စကားလုံးများ ( Keyword)  များ အစား ဓါတ်ပုံများ ထည့်သွင်း ရှာဖွေနိုင်သည့် Search by Image နှင့် ရှာဖွေမှုရလဒ် Web Page များကို သမားရိုးကျ အခြေအနေထက် ပိုမိုမြန်ဆန်စွာ ပြန်လည်ဖော်ပြပေးနိုင်သည့် Instant Pages ဆိုသည် နည်းပညာသစ်များ ပါဝင်ပြီး လက်ရှိတွင် အဆိုပါစွမ်းဆောင်ရည်များကို Google ထုန် Chrome Browser သုံးစွဲသူများသာ ရယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း Google ၏ ထုန်ပြန်ချက်အရ သိရပါသည်။

 

” Chrome Browser အတွက် Promotion လုပ်တာမျိုးပါ ။ ဒါပေမဲ့ Voice Search လို နည်းပညာမျိုး က Disable တွေ အတွက် အထောက်အကူဖြစ်လာနိုင်ပါတယ်” ဟု ပြည်တွင်း မီဒီယာ တစ်ခုမှ အယ်ဒီတာ တစ်ဦးက ဆိုသည်။

အသံဖြင့်ရှာဖွေနိုင်သည့် နည်းပညာမှာ iPhone   နှင့် Google ထုတ် Android သုံး Handheld Device များတွင် ယခင်ကတည်း က အသုံးပြုနိုင်ခဲ့ပြီး ယခုအခါ အဆိုပါနည်းပညာမျာကို Desktop ကွန်ပြူတာတွင် အသုံးပြုလာနိုင်ခြင်းဖြစ်သည်။

Google Voice Search ကို အသုံးပြုလိုသူများအနေဖြင့် မိမိ၏ ကွန်ပြူတာတွင် မိုက်ခရိုဖုန်း တစ်ခု တပ်ဆင်ထားရမည်ဖြစ်ပြီး Google Search Bar ညာဘက်ခြမ်းရှိ မိုက်ခရိုဖုန်းပုံ Icon ကို နှိပ်ကာ မိမိရှာဖွေလိုသည့် စကားလုံး သို့မဟုတ် စကားစုကို အသံဖြင့် ပြောဆို၍ ရှာဖွေနိုင်မည်ဖြစ်သည်။  သို့ရာ၌ လက်ရှိတွင် အမေရိကန် အင်္ဂလိပ်စကားကို သာ အသုံးပြု၍ရှာဖွေ နိုင်မည်ဖြစ်ကြောင်းသိရသည်။

Google Voice Search သည် စာလုံးပေါင်းရန် ခက်ခဲ့သည့် ရှာဖွေမှုများ ၊ အလွန်အမင်း ရှည်လျားသည့် ရှာဖွေမှုများ အတွက် အသုံးဝင်မည်ဖြစ်ပြီး မိမိ ကွန်ပြူတာ တွင် အသံဖြင့် ရှာဖွေနိုင်ခြင်း ၊ စာရိုက်ရန်မလိုအပ်ခြင်း တို့ကြောင့် နှစ်လိုဖွယ် ရှာဖွေမှုများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း Google ၏ အဆိုအရ သိရသည်။ Google ၏ နှစ်အလိုက် ရှာဖွေရေးနည်း ပညာတိုးတက်အောင်မြင်မှု များကို http://www.google.com/insidesearch/voicesearch.html  တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

Ref; The Voice Journal, Vol.7/No.28

4 comments

  • Snowy

    June 28, 2011 at 3:59 am

    Iphone 4 / Android software ရှိသူများ application store မှာ download လုပ်နိုင်ပါတယ် …
    Google Goggles ဆိုပြီးရှာကြည့်ပါ … စမ်းသပ်ကြည့်ပြီးပြီ voice ကသိပ် accurate မဖြစ်ဖူးလိုပဲ .. Pronunciation ကြောင့်ထင်တယ်နော်…
    ဓါတ်ပုံဆိုရင်တော့ရှာတာ အရမ်းမြန်တယ် … ကိုယ်သိချင်တဲ့ ကို Photo ရိုက်ပြီး Analyst လုပ်ပေးတယ် …

  • pan pan

    June 28, 2011 at 4:15 am

    အင်္ဂလိပ်စကားမပီတဲ့လူဆိုရင် ရှာတာတခြား တွေ့တာတခြားများ ဖြစ်လေမလားမသိဘူးနော်…. 😀

  • ဆူး

    June 29, 2011 at 3:01 pm

    စမ်းလို့ မရသေးဘူး တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • nature

    June 29, 2011 at 4:29 pm

    ကျေးဇူးတင်ပါတယ်။bookmark လုပ်ထားလိုက်ပါတယ်။

Leave a Reply