မြန်မာပြည်သူပြည်သားတို့အတွက် တဘောင်သီချင်း

thihayarzarJune 28, 20111min828

အရင်ကတော့ စိုင်းစိုင်းခမ်းလှိုင် ရေးပြီး ဆိုပါတယ် …. အခုတော့ သူများရေးပြီး သူများဆိုတယ် …. ကျွန်တော်ရေးထားတာမဟုတ်ပါဘူး … သဘောကျလွန်းလို့ မေးလ်ထဲကနေ တဆင့် အားလုံးသိအောင် တင်ပြပေးလိုက်ပါတယ် ….

၁၉၉ရ ဒီဇင်ဘာလ ၁ ရက် ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ အမွဲဇယားကိုစတင်ခဲ့ ….. အဲဒီနေ့ကအပူးမထွက်ပါ …..

ဒီဇင်ဘာ ၈ ရက် နှလုံးသားကိုဓာက်လိုက်ခဲ့ တစ်လုံးပဲကပ်ပြီးလွဲခဲ့ ….

ဧပရယ် ၁ဝ ရက် ကျွန်တော်ဂဏန်းလေးထွက်သွားခဲ့ အို့ …အို့ …. အရှုးအမူးပဲ ….

မေလ ၂၃ ဘဝတစ်သက်တာချဲထိုးစားမယ်လို့ လေထဲတိုက်အိမ်ဆောက်ခဲ့ဖူးတာဘဲ ပျော်မြူးခဲ့ တစ်ညလုံးမအိပ်ပဲ ချဲတွက်ခဲ့ တစ်ဘဝလုံးဆိတ်သုဉ်း မွဲရောဘဲ ပေးလိုက်ရတာ ဆွဲကြိုးနဲ့ ပြန်ရလိုက်တော့ အကြွေးဇယားပဲ ……

အောက်တိုဘာ ၁၆ ရက် ပျော်ရွှင်ရတဲ့နေတွေရှိသလို ထမင်းတွေလည်းငတ်ခဲ့ …..ပြန်ပေါက်လိုက် ပါသွားလိုက်နဲ့ အကြွေးနွံထဲနစ်ခဲ့ ….

ဖေဖော်ဝါရီ ၉ ရက် ကျွန်တော်ဘဝကွဲပျက်…………………………………………………..

………………………. ကျွန်တော်ကိုသနားလို့တဲ့ သူတောင်းစားတွေက ငွေ ၂ဝ ပေးသွားတယ် အရှက်ကိုကွဲရော ……..

မြန်မာပြည်သူပြည်သားတွေ ဆင်းရဲခြင်းမှ ကင်းလွက်ကြပါစေ …..

8 comments

  • weRone

    June 28, 2011 at 3:42 am

    ~~~ စုတ်ပြတ်နေတဲ့အိမ်.. ချဲထိုးနေလို့ တစ်အိမ်လုံးမွဲ ချမ်းလို့တုန် မိုးသည်းတဲ့ ညတွေမှာ ချဲတွက်နေ တစ်ညလုံး ချဲမပေါက်တဲ့ ငါတော့ ရူး… 😀 Melody လေး ဝင်ဆိုပေးတာ 😀

  • eros

    June 28, 2011 at 4:30 am

    တောက် Mandalay Gazette hip hop group လုပ်လိုက်ရရင် အလန်းပဲ။

    • king

      June 28, 2011 at 6:13 am

      King Entertainment နဲ့
      စာချုပ်ချုပ်မယ့် သူတွေပါ ….. ဟားးးးး
      😀 😛 🙂

  • windtalker

    June 28, 2011 at 5:39 am

    ရို ့ရို ့ခင်မောင် ခင်မောင်

  • eros

    June 28, 2011 at 6:41 am

    ဒါပေမယ့် စည်းကမ်းချက် အမှတ် ၄ အရ forwarded email ကူးတင်ခွင့်မရှိပါ။ ဒါလေးကို ဖော်ပြချင်တယ်ဆိုရင် ဒီသီချင်းနဲ့ ပတ်သက်ပြီး ကိုယ့်အနေနဲ့ အတွေးအမြင် ကိုယ့်ပတ်ဝန်းကျင်ဖြစ်ပျက်နေတာကို ဖော်ပြရင်ကောင်းပါမယ်။

  • နွယ်ပင်

    June 28, 2011 at 7:15 am

    ဒီ သီချင်းကို သိနေတာကြာပြီ … copy ဆိုလဲ eros ပြောသလို လုပ်တာ ပိုမှန်မယ်ထင်တယ် ။

  • winkyawaung

    June 28, 2011 at 4:02 pm

    မြန်မာပြည်မှာ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးတွေ ပျောက်အောင် ဆောင်ရွက်နေပါပြီ..။ သူတို့ပဲပျောက်မလား..။ အပတ်စဉ်ဆက်ကြေးကို မြို့တစ်မြို့မှာ သိန်းရာချီ၊ ထောင်ချီပြီး ကောက်နေသူတွေပဲ ငတ်မလား..။ စောင့်ကြည့်နေရပါမည်။

  • thihayarzar

    July 6, 2011 at 3:19 pm

    ကျွန်တော်ကကူးပြီးတင်တာမဟုတ်ပါဘူး …. ကျွန်တော်ကိုယ်တိုင် ဟိုကြည့်ဒီကြည့်လုပ်ပြီး အပင်ပန်းခံ တင်ထားတာပါ ….. နည်းနည်းတောင် တည်းဖြတ်လိုက်သေးတယ်….. ကြိုက်လို့ ပါ အားလုံးကိုလည်း ပျော်စေချင်လို့ပါ … ကျေးဇူးတင်ပါတယ် ……………….

Leave a Reply