မဟာကျိန်သစ္စာရှင် ဘုရားကြီး

CharTooLanJune 28, 20111min17015

 

 

 

 

ရန်ကုန်မြို ့(ရန်ကုန်တိုင်းဒေသကြီး)၊ မြောက်ဥက္ကလာပမြို ့နယ်၊ သုန္ဒာလမ်းတွင်တည်ထားပီး အမြင့်ပေမှာ ပလ္လင်မှ မကိုဋ္ဋ်တော်အထိ ၁၂၉ပေ ၆လက်မ ရှိသည်။ မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော် ဦးဆောင်၍တည်ထား ပီး အမျိုးသားများ ဘုရားအတွင်းသို့ ဝင်ရောက်လှည့်လည်ဖူးမျှော်ခွင့်ရှိ သည်ဟုသိရှိရသည်။

ကျနော်မြင်ဖူးသမျှထဲမှာ ပုံသဏ္ဍန်ဆန်းတဲ့ ဘုရားမို့ တင်ပေးလိုက်တာပါ။ သိပီးရှိပီဖြစ်နေရင်တော့ ခွင့်လွှတ်ကြပါ။

15 comments

  • char too lan

    June 28, 2011 at 4:55 am

    ရွာနဲ့တော်တော်အလှမ်းဝေးနေတာ… ဒီပိုစ့်ကို နှစ်ရက်လောက်တင်ယူရတယ် ဒါတောင် Home Page မှာမတက်လို့ ကူလီကူမာလုပ်ပီး ထပ်မန်းထားတာ 🙂

  • pan pan

    June 28, 2011 at 5:05 am

    ဘုရားကို အဆောက်အအုံရဲ့ ခေါင်မိုးမှာ တည်ထားတာလား..

  • MaMa

    June 28, 2011 at 7:09 am

    အံ့ဩစရာပဲ။ ရှေးဟောင်းဘုရားလား။ တစ်ခါမှ မရောက်ဖူးဘူး။ ဧည့်သည်လာရင် လိုက်ပြစရာ တစ်ခု တိုးသွားတာပေ့ါ။ လိပ်စာအတိအကျ ရေးပေးပါလား။

  • weiwei

    June 28, 2011 at 7:48 am

    ထူးဆန်းတယ် … အခုမှ တည်ထားတာနဲ့တူတယ် .. အရင်တုန်းက မကြားဖူးဘူး …

  • နွယ်ပင်

    June 28, 2011 at 8:02 am

    ဘုရားတည်ထားပုံက ထူးဆန်းတာပဲနော် တစ်ခါမှ မကြားဖူးသလို မြင်လဲမမြင်ဖူးဘူး အခုလိုတင်ပေးတာ ကျေးဇူးပါပဲ ချာတူးလန်ရယ် …
    ဒါနဲ့ စကားမစပ် မုန့်ကျွေးဖို့ မေ့နေဦးမယ်နော် …. 😀

  • char too lan

    June 28, 2011 at 8:49 am

    ကျနော်တို့ မြို ့ထဲဘက်ကနေသွားမယ်ဆို မြောက်ဥက္ကလာသုဓမ္မာလမ်းမကြီးပေါ် သုန္ဒာလမ်းဆုံမှတ်တိုင်နားကနေ ဘုရားကြီးရဲ ့မကိုဋ္ဋ်တော်ကိုမြင်နေရပီ လမ်းမကြီးရဲ ့ညာဘက်အခြမ်းမှာရှိတယ် ရှေးဟောင်းဘုရားတော့ဟုတ်ဘူး
    ဝေသာလီခေတ်က ရခိုင်ရှေးဟောင်းဘုရားပုံစံပါ ၂၀၀ရ ခုနှစ် ဒီဇင်ဘာလ မှာစပီးအုတ်မြစ်ချတာ ရခိုင်ဆရာတော် တည်ထားတာပါ…..
    နောက်ထပ်အချက်အလက်တွေ ထပ်စုနေတယ် သေသေချာချာသိရရင် ထပ်ပြောပေးပါမယ်။ အခုပုံတွေက ဆရာတော့ရဲ ့မွေးနေ့မှာ ရိုက်ထားတဲ့ပုံတွေပါ တင်ရခက်လို့ ဆိုက်ချုံ ့တာများပီး တော်တော်ဝါးသွားတယ်

  • shwe ni

    June 28, 2011 at 8:54 am

    ချာချာရေ ဒီမဟာကျီမ်ဘုရားကြီး က ဆရာကြီး(သီလရှင်) တပါး စတည်ပြီး တည်နေတုန်း အိပ်မက်အရ ပြောင်းပြီးသွားတာလား သေချာမေးကြည့်ပါလား . အဲဒါမှန်ရင်တော့ ဒီမဟာကျီမ်ဘုရားကြီးက အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ မဟာကျီမ်ဘုရားနဲ့ ပုံစံတူလို့ အမဖတ်ဖူးတယ် ။ ကျေးဇူး ချာချာ ကိုဟာကိုဆိုသွားဖို့မလွယ်ဘူး .

  • ogre

    June 28, 2011 at 9:40 am

    အခုရွှေ ချပြီးသွားပြီဗျ ..ကျုပ်ကအဲဒီနားတင်နေတာ
    တစ်ကယ်ကြည်ညိုဖွယ်ရာပါ…

  • windtalker

    June 28, 2011 at 11:34 am

    သာဓုပါဗျာ ။ အခုလို တင်ပေးတဲ့ အတွက် ကိုယ်တစ်ခါ မှ မဖူး ဘူး တဲ့ ဘုရားကြီး ကို ဖူးခွင့်ရပါတယ် ။ သာဓု သာဓု သာဓု ပါ လို ့လှိုက်လှိုက်လှဲလှဲ ခေါ ်လိုက်ပါတယ်နော်

  • weRone

    June 28, 2011 at 12:13 pm

    သွားရင်လာရင်း လှမ်းလှမ်း မြင်နေရတာတော့ နည်းနည်းကြာပြီ။ အခုလို သေချာ ဖူးမြင်ရအောင် တင်ပေးတာ ကျေးဇူးတင်ပါတယ်။

  • nature

    June 28, 2011 at 2:55 pm

    ဘယ်နှစ်ခုနှစ်ကစတည်တာလည်းမသိဘူး။ ထူးထူဆန်းဆန်း တိုက်ကြီးပေါ်မှာတည်ထားတယ်နော်။ ကျိန်သစ္စာဆိုတာ ဘာအဓိပါယ်လဲမသိဘူးနော်။

    • shwe ni

      June 28, 2011 at 3:28 pm

      မဟာကျိန်ရဲ့ ဖွင့်ဆိုချက်ကို အောက်ကဆိုဒ်မှာတော့ရှင်းပြထားပါတယ် nature ရေ ။ အကြမ်းဖျင်းတော့ ရှေးကမင်းတွေ နန်းတက်ရင် တည်ထား ကိုးကွယ်ကြတာလို့သိထားဖူးပါတယ်။ မင်း တစ်မင်း နဲ့ တစ်မင်း သစ္စာဆိုတာ မတူတာလေကြောင့် နောက်တက်တဲ့မင်းက အယင် မင်းရဲ့ မဟာကျိန်ဘုရားကို ကိုးကွယ်လေ့မရှိပါဘူးတဲ့ ။

      http://historyofarakan.blogspot.com/2010/01/blog-post_398.html

      မဟာကျိန်

      မင်းဝတ်တန်ဆာပါရှိပြီး ဘိသိက်၊ သို့မဟုတ် ကျမ်းကျိန်ဆိုရာ၌ သစ္စာဆိုရန် ဦးထိပ်တင် ရသော ဆင်းတုတော်ဖြစ်သည်။ ဉာဏ်တော် တစ်တောင်ခန့်သာ အကြီးဆုံးရှိတတ်သည်။

  • ဆူး

    June 28, 2011 at 3:15 pm

    ရခိုင်က ဘုရားတွေက မဟာကျိန် ဘုရား မဟာကျန် ဘုရား ဆိုပြီး နာမည် ကွဲတွေ ရှိတယ်။
    ဘုရားပုံက ထူးခြားတယ်။ ရခိုင်စတိုင် ထင်တယ်။
    မဟာကျိန် ဘုရား ဆိုတဲ့ နာမည်ကိုတော့ ဘာကြောင့် ခေါ်သလဲ မသိတော့ဘူး။
    မဟာကျန် ဘုရား ဆိုတာ ဘုရားလုပ်တဲ့ ကြေးတွေ ပိုလို့ ကျန်တဲ့ ဟာနဲ့ လုပ်တာ မိုလို့ မဟာကျန် ဘုရားလို့ ခေါ်တယ် ပြောတာ မှတ်မိတယ်။ ရခိုင် ဂိုက် ရှင်းပြတာ တစွန်း တစ ပဲ မှတ်မိတော့တယ်။

  • bigcat

    June 29, 2011 at 2:38 am

    နက်ကွယ်ထားလို့ ဘုရားပုံတော် မမြင်ရပါကွယ်… 🙁

Leave a Reply