“မလှတာ ကျွန်မအပြစ်လား မောင်ရယ်”

chitpyaeJune 28, 20111min25719

– ကျွန်မရုပ်သွင် မောင်အမြင်ပဲ၊
ယခင်ရှေးက တွေ့ခါစပင်
အလှမရှိခဲ့ပါ  မောင်……..
– ရုပ်ဝါဆင်းပြင် အသွင်မလှ
မြင်မလှလည်း ရင်လွှာထဲမှ
အသည်းဖြူစင် မောင်တွေ့မြင်လို့
ကြင်နာယုယ မေတ္တာမျှတော့
ဘဝကုံလုံ ပြီးပြည့်စုံပြီ
ယုံကြည်မှတ်ထင်ခဲ့သော်လည်း….
– အသည်းသာလှ လူမလှဟု
မောင်က ငြိုငြင် အပြစ်တင်ပြီး
ပြင်ပြင်စိမ်းကာ မေ့ကွက်ရှာတော့
မျက်နှာငယ်ရ ကျည်းတန်မမှာ
ချေပစရာ ခွင့်မသာခဲ့……
– သေချာနှိုင်းဆ မှတ်ချက်ချသော်
ခုမှမဆိုး ရှေးက ဆိုးသည့်
ရုပ်ဆိုးကျွန်မ မလှပတာ
မဆန်းပါဘူး……
မောင်သာ နှစ်လို အချစ်ပိုက
ရွှေကိုယ်မိုးကျ နတ်မယ်လျလို
ကျွန်မ လှနေမှာပေါ့    မောင်……….။

 

(မော်မော်အေး-မြန်မာစာ)

ဒါလေး က  စာအုပ်တအုပ်ထဲမှာ ဖတ်မိတာလေး ပါ ။ ဒါကို ဖတ်မိတော့ ဆရာတယောက်ပြောပြခဲ့ ဖူးတာလေး သွားသတိရတယ် ။

လင်မယားနှစ်ယောက်ကွာရှင်းဖို့ အတွက် စကားပြောတာလေး ပါ ။

“မဲမဲ တူူတူ  မမဲတူ ၊ မောင်ဖြူ ကွာ သင့် မကွာသင့် ” လို့ပြောတော့ တဖက်က ” ခု မှ မမဲ ၊ ရှေးက မဲ သည် မောင်ဖြူ ကွာသင့် မကွာသင့်” ဆိုသလိုပေါ့။

မယူခင်ကထဲက အသားမဲတာကိုပဲ ပေါင်းတာကြာပြီးမှ အသားမဲတာ အကြောင်းပြပြီး ကွာချင်တယ်ဆိုတော့ ……

19 comments

  • windtalker

    June 28, 2011 at 7:18 am

    အေးလေ…နော..။ အစတုန်း က တော့ ဒီ ညိုတာလေး မဲတာလေး ကို ချစ်လှပါရဲ ့ဆိုပြီး ။ အခုမှ မလှလို ့လေး ဘာလေး နဲ ့…. လူဆိုး လို ့ပြောလိုက် ။

  • pan pan

    June 28, 2011 at 7:30 am

    မလှရင် အစကတည်းက မကြိုက်နဲ့ပေ့ါ
    ခွာချင်တော့မှ အပြစ်ရှာ ဘာညာအကြောင်းပြတာ တစ်လုံးချိုင့်ပဲလို့

  • hmee

    June 28, 2011 at 7:33 am

    ခုံတော် မောင်ကျဘမ်း စာအုပ်ထဲက ဖြတ်ထုံး တခုဖြစ်ပါတယ်။“ မဲမဲတူတူ မိမဲတူကို မောင်ဖြူ ပေါင်းထိုက် မပေါင်းထိုက်”လို့ တဖက်က တင်သွင်းတော့ မောင်ကျဘမ်းက “အခုမှ မမဲ ရှေးက မဲသည့် မဲမဲတူတူ မိမဲတူကို မောင်ဖြူ ကွာသင့် မကွာသင့်” လို့ ပြန်လျှောက်တာပါ။

    • နွယ်ပင်

      June 28, 2011 at 7:41 am

      ခုံတော်မောင်ကျဘမ်း စာအုပ်ကို ဖတ်ဖူးတယ် သူလျှောက်တင်တဲ့ပုံ အမူပေါ်ဆောင်ရွက်ပုံတွေက တော်တော်လေးကောင်းတယ်
      အခုလဲ ဒီကဗျာကို ခုံတော်မောင်ကျဘမ်းနဲ့သာ အမူ အပ်လိုက်ရင်……….

  • ရွှေဘိုသား

    June 28, 2011 at 8:50 am

    ဒီပို.စ်ဖတ်ပြီး ကျွန်တော်တို.ရွှေဘိုတောင်သတိရတယ်ဗျာ
    ရွာမှာ တကယ်ကို ပြောစမှတ်ဖြစ်သွားတာဗျ
    ရွာထဲကအတွဲ တစ်တွဲမှာ ကောင်မလေးက သွားနည်းနည်းခေါနေတာကို ကောင်လေးကချစ်နေတုန်းတော.
    သွားပေါ်လေးပါတဲ.
    နောက်မချစ်တော. သူခေါမဆိုပြီးဖြစ်သွားတာ

  • နီလေး

    June 28, 2011 at 9:36 am

    တော်တော်တရားကျဖို့ကောင်းတယ်နော် လူ့စိတ်က

  • etone

    June 28, 2011 at 9:53 am

    ကျွန်မဓါတ်ပုံကို ပြရန်မလို ထမင်းအိုးဖင်ကို ကြည့်တော်မူပါ အစ်ကို ဆိုတဲ့ သီချင်းလေး ကြားမိလျှင် ဘာရယ်မသိပဲ ပြုံးမိတယ် … 🙂

  • PinkCandy

    June 28, 2011 at 10:07 am

    အသားမည်း ပတ္တမြားခဲဆို ဟုတ်ဘူးလား 🙂

  • usnczn

    June 28, 2011 at 10:09 am

    ဪ .လှတဲ့သူတွေကတော့
    မလှတဲ့ သူတွေရဲ့ရုပ်ရည်က သူတို့အတွက်
    နားလည်ရ ခက်ပါတယ်
    မလှတဲ့သူတွေက ကိုယ့်ကိုယ် ကို
    အမြဲလှတယ်ဘဲ ထင်တယ်
    အမြဲလှအောင် ပိုပြင်တတ်တော့
    “အကျည်းတန် မှန်ကြိုက်”ဆိုတဲ့စကား
    ပေါ်လာတာပေါ့ဗျာ။
    အော်…ဒါနဲ့ စကားမစပ်..ရွာထဲ အလှပြင်ဆိုင်
    ဘယ်နားမှာလဲဟင်?…..။

  • weRone

    June 28, 2011 at 10:15 am

    လောကမှာ မလှတဲ့ မိန်းမ မရှိဘူး တဲ့.. အလှ မပြင်တတ်တဲ့ မိန်းမ ပဲ ရှိတယ် တဲ့ .. ဖြူဖြူကျော်သိန်းပြောတာ ။ ဟုတ်မဟုတ် တော့ နာလည်းတိဝူး.. 😀

  • mayhtet

    June 28, 2011 at 10:19 am

    အဲဒီလိုဘဲနော် လူတွေရဲ့စိတ်က ကြောက်စရာကြီး

  • forever

    June 28, 2011 at 1:04 pm

    မုန်းရင်အပြစ်.. ချစ်ရင်အကျိုး ..မြတ်နိုးတော.သဒ္ဒါပိုတဲ.
    မချစ်တဲ.အခါ အပြစ်မြင်တာ လူ.သဘာဝပါ

  • nature

    June 28, 2011 at 3:19 pm

    ငယ်ရွယ်သူတွေကတော့ အိမ်ထောင်ဖက်ရွေးရင် အဆင်းဆိုတဲ့ အပေါ်ယံအလှကိုမက်မောတတ်ကြပါတယ်။ ဘဝအတွေ့အကြုံနဲ့ အသက်ကလေးရလာရင်တော့ အရည်အချင်းကို ဦးစားပေးရွေးချယ်တတ်ကြပါတယ်။

  • မောင်ဘလိူင်

    June 28, 2011 at 3:47 pm

    ဖြူဖြူ တို ့ကတော့ လှလည်းလှ ပြင်လည်းပြင်တတ်တာကိုးဗျ။ ပြောအားရှိတာပေါ့ 🙂

  • ဆူး

    June 28, 2011 at 3:47 pm

    စိုင်းစိုင်း သီချင်း ဆိုပြရမလား..
    သူလှတာ မလှတာ ကိုယ်နဲ့ မဆိုင်ဘူး

    တကယ်ချစ်ရင် အပြစ်ဆိုတာ မမြင်တော့ဘူး
    မချစ်ရင်တော့ အပြစ်မြင်မှာပဲ..
    ဟိုနေ့က ကြည့်တဲ့ ကိုရိုးကားယား မင်းသားလေးတောင် မျက်စိထဲ ချောနေလို့ တော်တော် ကြည့်မရ ဖြစ်နေမိတယ်။ အဟိ…

  • chitpyae

    June 29, 2011 at 12:52 am

    မိန်းကလေး တိုင်း တယောက်တမျိုးစီ နဲ့ အလှ ကိုယ်စီ ရှိပါတယ် … 🙂
    အော် ဒါနဲ့ …. ကို usnczn က ရွာထဲက အလှပြင်ဆိုင်ကို မေးနေပါလား … မရိုးတော့ဘူးနော် … 🙂
    သူ့ကောင်မလေးကို လိုက်ပို့မလို့လား မသိဘူးလို့ ပြောတာပါ 🙂

  • soethuya7

    June 29, 2011 at 1:05 pm

    …အာဇာနည်လိုပဲ လှလို့ချစ်တာမဟုတ်..ချစ်လို့လှတာပါ

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 29, 2011 at 4:39 pm

      အဓိက

      အဓိက

  • weRone

    June 30, 2011 at 3:36 am

    ~~~မချစ်ရင်မလှ ~~~ချစ်ရင်လှ၏ ~~ အချစ်ရှိမှ အလှလည်းရှိမယ် ရှင်~~ ဆိုတဲ့ သီချင်းလေး ရှိတယ်လေ။ နီနီဝင်ရွှေ ဆိုတား မသိဘူး။
    😀

Leave a Reply