အအိပ်အနေကမောက်ကမဖြစ်ခြင်း

moonpoemJune 28, 20111min1299

အအိပ်အနေကမောက်ကမဖြစ်ခြင်းဆိုသည့် ခေါင်းစဉ်ကိုကြည့်ပြီး ဇောက်ထိုးကြီး အိပ်နေသလား၊ ကင်းမြီးကောက်ထောင်အိပ်နေသလား ဟု မထင်လိုက်ကြပါနှင့်။ စိတ်ဖိစီးမှု၊ စိ်တ်ပူပန်မှုများပြီး ဖြစ်သည့်
အိပ်မရသည့် အခြေအနေ တစ်ခု ဖြစ်ပါသည်။ နေ ့ဖက်တွင် အလွန်အမင်း ကြည့်မကောင်း ရှူမကောင်းအောင် အိပ်ငိုက်နေသော်လည်း ညဘက်တွင် မျက်လုံးကြောင်ခြင်း၊ ခဏခဏ နိုးလာခြင်း၊
မနက် နိုးလာသည့်အခါတွင်လည်း လန်းဆန်းမှုမရှိခြင်း တို ့ဖြစ်သည်။

တစ်ခါတစ်ရံ တွင် အိပ်ပျော်သော်လည်း သွားကြိတ်ခြင်း ၊ ဟောက်ခြင်း တို ့ဖြစ်နေပါက သင့်တွင်
စိုးရိမ်ပူပန်မှုတို ့ရှိနေသည်မှာ သေချာသလောက်ဟု ဆိုနိုင်ပါသည်။ ထို ့ကြောင့် အိပ်ခါနီးတွင်
လက်ဖက်ရည် ကော်ဖီမသောက်ပါနှင့်။ ပြသနာများပေါ်ပေါက်လာပါက ခေါင်းအေးအေးထားပြီး ဖြေရှင်းပါ။
ရယ်မောဖို ့မမေ့ပါနှင့်။ မိ်တ်ဆွေ သူငယ်ချင်းများကို ရင်ဖွင့်ပါ။

သွားကြိတ်တတ်သူဖြစ်ပါက သွားမကြိတ်မိစေရန်သတိထားပါ။ သတိမထားနိုင်အောင် အိပ်ပျော်နေပါက
အံကပ်တပ်ဆင်ပါ။
(Health Digest Journal ကိုကိုးကားပြီး ကိုယ့်Ideaနဲ့ကိုယ် ပြန်လည် ရေးသားပါသည်)

9 comments

  • pooch

    June 28, 2011 at 10:48 am

    ကမောက်ကမ ဖြစ်တာတော့ ပြောမနေနဲ့ ညဆို ၁၂ နာရီ ၁ နာရီ ဆိုတာ ပုံမှန် အိပ်ရာဝင်ချိန် မနက်ဆို ၅ နာရီ ၂ဝ လောက်ဆို ထရတယ်။ မနှစ် ဆောင်းဦး က ညလုံးပေါက် လချုပ် စာရင်းကို မပြီးမချင်း လုပ်လိုက်တာ ကွန်ပျူတာရှေ့ မှာ ထိုင်တာ လွန်သွားပြီး ဦးနှောက်ဖိအားများလို့ မနက်ရောက်တော့ အန်ပြီး ချာချာကို လည်နေတာပဲ။ ခေါင်းလည်းမထူနိုင်ဘူး။
    တခုခုကို အာရုံစိုက်ပြီ ဆိုရင် ခြေတွေလက်တွေ တုန်လာပြီး စာဖတ်တာ တို့ တီဗွီကြည့်တာတို့လည်းမလုပ်နိုင်တော့ဘူး ။ သီချင်းသံ အကျယ်ကြီးကြားရင်လည်း ရင်တွေ လှပ်လှပ် တုန်လာပြီး အခုပဲ ပေါက်ကွဲတော့မဲ့အတိုင်း မခံနိုင်ဘူး။
    ဆေးတိုက်သွားတော့ ဆရာဝန်က stress များတယ် အကုန်နားပါ ဆိုပြီး အိပ်ဆေးကိုတင်ယူရတယ် မကြာမကြာဖြစ်ရင် နားပါလေးပြီး မျက်လုံးပါ ကန်းမယ်တဲ့ ပြောမကောင်းလို့ ဖြဲခြောက်တာလားမသိဘူး မိသားစုဆရာဝန်ဆိုတော့ လေ
    အခုလည်းအမှတ်မရှိ ညညရွာလည်နေတာ .. 🙂

  • weRone

    June 28, 2011 at 11:37 am

    တို့ ကတော့ နေ့ဘက်ပဲ ရွာလည်တာ ဆိုတော့ ကမောက်ကမ ဖြစ်စရာ မလိုဘူး.. 😀

  • padonmar

    June 28, 2011 at 1:41 pm

    ကမောက်ကမတော့ မဖြစ်ဘူး၊ ညည အိပ်ချိန်တွေလျော့နေတာ ဂေဇက်ကြောင့်။
    ကဲ အားလုံးပေါင်းပြီး လျော်ကြေးတောင်းရအောင် ၁၅ ပွိုင့်စီ။

    • ဆူး

      June 29, 2011 at 2:35 pm

      kai says:

      Max visitors today: 66 at 06:48 am UTC
      This month: 82 at 06-22-2011 03:11 am UTC
      This year: 236 at 03-05-2011 02:28 am UTC

      All (4,660) | Administrator (3) | Editor (2) | Author (15) | Contributor (63) | Subscriber (4577)

      မနေ့က… ၂၄နာရီ(၁ရက်)အတွက်.. စုစုပေါင်းပွိုင့်ပေးတာဟာ.. ၁၂၄၁၅ ကျပ်ရှိပါတယ်..။ ပွိုင့်ပေးစံနစ် ပြန်ချိန်ဆနေပါတယ်..။

  • ဆူး

    June 28, 2011 at 4:06 pm

    အရင်ကတော့ ညည လူနာ စောင့်ရလို့ တညကို ၄ခါ ၅ခါ ထ ရတယ် အိပ်ပျော်မလို့ အရှိန်တက်ယုံပဲ ရှိသေးတယ်။ အိပ်မက် ကမာ္ဘ ခြေချမလို့ ခြေလှမ်းကြွယုံ ရှိသေး အိပ်ယာ ထထ နေရတယ်။

  • weiwei

    June 28, 2011 at 4:10 pm

    အလုပ်မရှိခင်တုန်းက တစ်ညလုံးမအိပ်ပဲ တစ်နေ့လုံးအိပ်ခဲ့ဖူးတယ် (နှစ်နဲ့ချီတယ်) … 😛
    နေ့နဲ့ည မှားနေလို့ ဘယ်သူထမင်းစားဖိတ်ဖိတ် သွားမစားနိုင်ခဲ့ဘူး … 🙂

  • fatty

    June 30, 2011 at 3:48 am

    ကျနော်တို့ဆီးချိုသမားများကတော့ အိပ်ဆေးမပါဘဲ ဘယ်တော့မှ အိပ်လို့မပျော်ပါ။
    ဆီးချိုတက်နေလျှင် (သို့) နေမကောင်းဖြစ်နေလျှင်တော့ ကောင်းကောင်းအိပ်ပျော်ပါသည်။
    အာရုံကြောအားနဲလို့ဟု ထင်ပါသည်။ အိပ်မပျာ်သူများ အာရုံကြောဆိုင်ရာ ဂရုစိုက်ပါ။

Leave a Reply