လေးစားအပ်သောလူများ(သိရင်ဖြေပေးကြပါ)

Big DefenderJune 28, 20111min22326

ဘယ်လိုလူများကို လေးစားအပ်သော လူလို့ထင်ပါသလဲ။

ရွာသူရွာသူများရဲ့ထင်မြင်ချက်လေးက ိုသိပါရစေ။ ကျွန်တော်ကတော့ ဘယ်လိုလူကိုလေး

စားအပ်သောလူလို့တွေးကြည့်တာသိပ်မတွေးတတ်လို့ထင်ပါတယ်။ အဲဒါကြောင့်ရွာသူ ရွာသား

တို့ရဲ့အကူအညီ ကိုလိုအပ်ပါတယ်။ ကူညီကြပါ။

26 comments

  • ogre

    June 28, 2011 at 9:31 am

    စားချင်တာစားပါ…..ဟိုဟာတော့မစားနဲ့လို့ပြောပြီးသားနော်
    ဦးနှောက်ကိုပြောတာ ..;P

  • pan pan

    June 28, 2011 at 9:44 am

    ကိုယ်ချင်းစာတတ်တဲ့လူ (အဓိက သူများချင်းစာတတ်တဲ့လူ)
    အဲဒီလိုလူတွေက သူတပါးကိုမတရားမလုပ်လိုကြဘူးလေ
    ဒါကလူ့အခြေခံပဲမလား
    သူများချင်းစာတတ်တဲ့လူကျတော့ ပိုမြင့်သွားပြီ
    သူတပါးအမှားလုပ်ရင်တောင် “ငါလည်း သူ့နေရာမှာာဆိုရင် အဲလိုလုပ်မိမှာပဲလေ” ဆိုပြီး
    ခွင့်လွှတ်နားလည်တတ်တယ်
    ကျမကိုယ်တိုင်တော့ အဲလောက်မပေါက်မြောက်သေးဘူး 😛

  • etone

    June 28, 2011 at 10:02 am

    သူများ အကြောင်း စိတ်မဝင်စားတတ်တဲ့ လူ ၊အပေါက်မဆိုးတဲ့လူ၊ မယောင်ရာ ဆီမလူးတတ်တဲ့လူ ၊ အတင်းမပြောတတ်တဲ့လူ၊ ကပ်ဖားနပ်ဖား မလုတ်တတ်တဲ့လူ ၊ စိတ်ဓါတ်မှန်စွာ ထားနိုင်သူ… လူတယောက်မှာ အဲ့ဒီအချက်တွေ ပြည့်နေလျှင် လေးစားထိုက်ပြီ ထင်ပါတယ် … 🙄

  • နီလေး

    June 28, 2011 at 10:17 am

    မိဘ၊ဆရာပေါ့ အဲလောက်တောင်ပိန်းရလားကွာ

    • PaukPhaw

      June 28, 2011 at 10:39 am

      စော်ကားတာတော့ မဟုတ်ပါဘူးဗျာ
      မိဘတိုင်း၊ဆရာတိုင်း လေးစားစရာမရှိပါ..
      မိဘ မပီသတဲ့လူ၊ဆရာမပီသတဲ့လူတွေ ရှိပါတယ်….
      လူတိုင်းကိုဆိုလိုတာ မဟုတ်ပါဘူးး..

      မကူညီရင်နေပါစေ..မနှောင့်ယှက်ဘူးဆိုရင် ကျနော်ကတော့ လေးစားပြီးသားပါပဲ

  • pooch

    June 28, 2011 at 11:02 am

    လူပီသတဲ့လူလို့ထင်တာပဲ….လူဖြစ်ပြီးလူမပီသတဲ့လူတွေများလာလို့…

  • king

    June 28, 2011 at 11:46 am

    သူများတွေဘာတွေပြောပြော
    ဘယ်လိုပဲတိုက်တွန်းတွန်း ကိုယ်ကိုယ်တိုင် စိတ်ပါမှ ရတာနော်
    အဲဒီတော့ …………. 😀

  • nature

    June 28, 2011 at 12:21 pm

    ကြီးသူကိုရိုသေ ၊ ငယ်သူကိုသနား ၊ တန်းတူကိုလေးစား လို့ ကြားဖူးပါတယ်။

  • weRone

    June 28, 2011 at 12:41 pm

    ဒါက တော့ ကိုယ့်အပေါ်မှာ မူတည်ပါတယ်။ ကိုယ်က ဘယ်လိုလူများ ကိုလေးစား လဲ။
    ဒီလူ က ကိုယ့်အတွက် လေးစား အပ်တယ်ဆိုပေမဲ့ တခြား သူတစ်ယောက်အတွက် ဖြစ်ချင်မှ ဖြစ်မယ်။

  • padonmar

    June 28, 2011 at 12:48 pm

    စာအရတော့ လေးစားအပ်တဲ့သူ(ဂရု)ဖြစ်ဖို့သီလဂုဏ် ပညာဂုဏ် စသည်ပြည့်စုံရပါမယ်တဲ့၊ဒီနေရာမှာ
    သီလ=ဥပုသ်စောင့်တာ၊ပညာ=ဘွဲ့ရတာလို့ မယူစေချင်ပါ။
    သီလ= ကိုယ်ချင်းစာတရားဖြင့် ကိုယ်မှုနှုတ်မှုမှာ စောင့်စည်းသူ
    ပညာ=သင့်မသင့် မှန်မမှန် ဝေဖန်တတ်တဲ့ဉာဏ်ရှိသူလို့ ပြောချင်ပါတယ်။

  • forever

    June 28, 2011 at 12:56 pm

    ကြားဘူးတဲ.စိုးလွင်လွင် သီချင်းထဲကလိုဘဲ
    ကိုကောင်းတာကိုသိသလို ကိုမကောင်းတာကို အသိဆုံးမို.
    သူများ ကောင်းတာကိုလေးစား တဲ.
    ကောင်းတာလေးတွေရှိတဲ.လူတိုင်းကိုလေးစားပါတယ်

  • windtalker

    June 28, 2011 at 1:02 pm

    ဗုဒ္ဓဘာသာ ဝင် တစ်ယောက် ဆိုရင်တော့ အနန္တော အနန္တ ၅ ပါး ဟာ ထာဝစဉ် လေးစားအထွတ်အထိပ်ထားအပ်သူများပေါ့ ဗျာ ။ ကျန်ဘာသာဝင်တွေ အတွက်တော့ မသိဘူးဗျ ။ သို ့သော်လည်း ဘယ်ဘာသာဝင် ဖြစ်ဖြစ် နေ ့စဉ် မှာ ဘယ်လို လူ ကို လေးစားအပ်သလဲ ဆိုတာကတော့ ပုံသေ သတ်မှတ်လို ့မရဘူးထင်တယ် ။ ဝါးတားဖော်လို ဖစ်ရှ်ဖော်လို မလား

  • OQ23

    June 28, 2011 at 1:40 pm

    လေးစားရသော သူများဆိုရင်
    ဖေဖေ၊မေမေ၊ဆရာမ၊ကိုကိုပါ။

  • parlayar46

    June 28, 2011 at 2:12 pm

    တခွန်းထဲပြောရရင် –
    လူကောင်း တွေ ..။

  • ဆူး

    June 28, 2011 at 3:55 pm

    စိတ်ထဲမှာ သဘောကျတဲ့ လူကို လေးစားလိုက်ပေါ့..
    ဒီလိုက လေးစားဖို့ ကောင်းတယ် ဆိုတိုင်း လိုက်လေးစားလို့လည်း မဖြစ်သေးဘူး.. ပြောတဲ့ လူက သူ့ အတွက် အကျိုးများလို့ လေးစားတာ ဖြစ်နိုင်တယ် ကိုယ့်အတွက် ဟုတ်ချင်မှ ဟုတ်မယ်..
    အားလုံးကကိုယ့် ဆုံးဖြတ်ချက်နဲ့ ကိုယ်ပိုင် ခံယူချက်ကသာ အတည်ဖြစ်ပါသည်။

    • Ko Ko Aung

      June 28, 2011 at 5:07 pm

      ထောက်ခံပါတယ်။
      လေးစားထိုက်သူဆိုရာမှာ
      လေးစားမယ့်လူနဲ့လဲ ဆိုင်ပါတယ်။
      ကျွန်တော်က ကျွန်တော့ဆရာတဦးကို လေးစားထိုက်သူလို့ ထင်မြင်ပါတယ်။
      အဲဒီကျွန်တော့ဆရာကတော့ သူ့အကိုရဲ့သူငယ်ချင်းကို တော်တော်လေးစားပုံရတယ်။
      ကျွန်တော့်တပြည့်တချို့ကလဲ ကျွန်တော့ကိုလေးစားပုံပါပဲ။

  • antimoe

    June 28, 2011 at 4:58 pm

    စိတ်ဓါတ်၊ စွမ်းဆောင်မှု၊ ဆုံးဖြတ်နိုင်မှု စသည့်နေရာတွေမှာ
    ကိုယ့်ထက်မြင့်ပြီး ……
    ကိုယ့်ထက်သာတဲ့သူကို…..အားကျတဲ့…အခါမျိုးမှာ..
    လေးစားတယ်….
    ဆိုတဲ့စကားကို…..သုံးတာပါ။
    လေးစားရမယ့်သူမရှိဘူးလို့ဆိုတဲ့သူတွေဟာ….
    ကိုယ်ကအတော်ဆုံးဖြစ်သွားတာလို့…ကိုယ့်ကိုကိုယ်…အခြောက်တိုက်…ဘဝင်မြင့်နေတဲ့သူတွေပါ။
    လေးစားရမယ့်သူများလေလေ…..
    တနည်းအားဖြင့်…အတုယူချင်စိတ်များလေလေ…..ကိုယ့်ကိုကိုယ်….ပိုထက်အောင်သွေးလေလေပါပဲ။
    အပြုသဘောဆောင်တဲ့…လေးစားစိတ်ကို…ဆိုလိုပါတယ်။

  • bigcat

    June 28, 2011 at 11:29 pm

    ၄ကိုစားအပ်တာ ၅နဲ့အထက်ပေါ့ကွယ်… 😮

  • kyawmonkhant

    June 29, 2011 at 12:24 am

    ယေဘုယျအနေနဲ့ပြောရရင်တော့ အဂတိတရား ၄-ပါး

    ( ၁။ဆန္ဒာဂတိ-ချစ်လို့ ဘက်လိုက်တာ,မဟုတ်တာလုပ်တာ။
    ၂။ဒေါသာဂတိ-ကြောက်လို့ ဘက်လိုက်တာ၊မဟုတ်တာလုပ်တာ။
    ၃။ မောဟာဂတိ-မသိလို့, တုန်းလို့, နားမလည်လို့
    မတတ်လို့ ဘက်လိုက်တာ၊ မဟုတ်တာလုပ်တာ။
    ၄။ ဘယာဂတိ- ကြောက်လို့ ဘက်လိုက်တာ၊ မဟုတ်တာလုပ်တာ)

    မလိုက်စားတဲ့သူလို့ပြောရမယ်။ ကြီးငယ်မဟူ ဘယ်သူဘဲဖြစ်ဖြစ်
    အဲဒီလေးပါးကင်းရင် လေးစားစရာကောင်းပါတယ်။

  • လက်တွေ့ကျကျ ပြောရရင်ကိုယ်လေးစားတယ် ဆိုတဲ့သူက ကိုယ့်ထက်သာသော အရည်အချင်းရှိသူပေါ့။
    အဲဒီအခါမှာ ဘယ်သူက ဘယ်သူ့ကိုလေးစားသလဲ ဆိုတာက ထပ်ထွက်လာပါတယ်။
    ခါးပိုက်နှိုက်တစ်ယောက်အဘု့ိကတော့ အဖမ်းမခံရဘဲ အကြိမ်များများနဲ့ ငွေများများ နိုက်နိုင်သူက သူ့အတွက်လေးစားစရာပေါ့။
    သူခိုးကလဲ များများခိုးနိုင်သူက သူ့အတွက်လေးစားစရာပေါ့။
    အဲတော့ လူကောင်းတစ်ယောက်အတွက်လေးစားစရာဆို တာ စာထဲမှာ ပါပြီးသား။
    ဒါပေမယ့်လည်း စာတွေနဲ့ ငါတွေ့ကလည်းကွာတော့ လည်းကွာတတ်ပြန်ပါတယ်။
    လူတန်းစားနဲ့မဆိုင်ဘူး လူတစ်ယောက်ခြင်းစီနဲ့ဘဲဆိုင်ပါတယ်။
    အဲတော့ ကိုယ်က ဘယ်သူ့ကိုယ်လေးစားသလဲဆိုတာ ကလဲ
    ကိုယ့်အတွေးနဲ့ကိုယ်ပါဘဲ။
    အားလုံးတော့ တူနိုင်မယ်မထင်ဘူးနော်.

  • Shwe Tike Soe

    June 29, 2011 at 2:48 am

    အဓိကက တော့ ကို်ယ့်ကိုကိုယ့်လေးစားဖို.ပဲ… ကိုယ်ကိုယ်တိုင်ကိုက လေးစားထိုက်သူဖြစ်အောင် ကြိုးစားသင့်ပါတယ်..

  • soethuya7

    June 29, 2011 at 1:21 pm

    လေးစားအပ်တဲ့ပုဂ္ဂိုလ် ကိုလေးစားရပါမယ်ခင်ဗျ

  • Yan Shin

    June 29, 2011 at 3:56 pm

    လေးစားအပ်သော လူ ကို
    တွေးကြည့်တာတောင် မတွေးတတ်တဲ့ လူကိုတော့
    သိပ်တောင် လေးစားခြင်တော့ဝူး…………………..

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 29, 2011 at 4:34 pm

    လူပျက်တစ်ယောက်နောက်ထားတာကို
    ကော်ပီကူးပြီးပြောရ မယ်ဆိုရင်ဒေါ့
    တစ်ကယ်လေးစားအပ်တဲ့သူ…………..ဆိုဒါ
    ငါထင်တယ်
    ငါထင်တယ်

  • mzm

    July 1, 2011 at 11:08 am

    လေးစားအပ်တဲ့လူဆိုတာ………မလေးမစားမလုပ်သင့်တဲ့လူကိုပြောတာပါခင်ဗျား..ဟီး…ဟီး…ဟီး

Leave a Reply