ကတ္တီပါကောင်လေးများ

evolutionJune 28, 20111min13218

ဲပြီးခဲ့တဲ့မိုးကျစက အောင်လံမြို့ကိုအကြောင်းတစ်ခုနဲ့ရောက်ခဲ့တယ်။ အဲဒိမှာဒေသခံတွေနဲ့ လျှောက်လည်တော့ ကုန်းပေါ်မှာ ကတ္တီပါကောင်လေးတွေဆိုတဲ့ နီနီရဲရဲ အမွှေးနုနုလေးတွေနဲ့ အကောင်လေးတွေကိုတွေ့ခဲ့ရတယ်။ သူတို့ကိုကိုင်လိုက်ရင်လည်း ခြေလက်လေးတွေ ကုတ်ပြီးငြိမ်ငြိမ်လေးလိုက်လာတာပဲ၊ သူတို့အမွှေးလေးတွေကလဲ နုညံ့တယ် ချစ်စရာလေး။ ကျောက်မြေကုန်းတွေမှာ နေပြီး မိုးတွင်းမှထွက်လာတက်တယ်လို့ပြောကြတယ်။ ကျတော်တို့ မြစ်ဝကျွန်းပေါ်ဘက်မှာ တစ်ခါမှမတွေ့ဘူးလို့ (မရှိဘူးလို့တောင်ထင်တယ်) ချစ်စရာအကောင်လေးတွေမို့လို့ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့တာပါ။

18 comments

  • MaMa

    June 28, 2011 at 2:38 pm

    အင်းးးးးးးမမြင်ဖူးဘူး။ ထူးဆန်းတယ်။ လက်ပေါ်တင်ရိုက်ထားတဲ့ပုံပဲ။ အကောင်တော်တော် သေးမယ်ထင်တယ်။

  • xman

    June 28, 2011 at 2:46 pm

    တခါမှကို မကြားဘူးဘူး။ ဗဟုသုတရတာ ကျေးဇူးပဲနော ..။

  • ဆူး

    June 28, 2011 at 2:57 pm

    အခုမှ မြင်ဖူးတယ်။ မမြင်ဖူးတာ ပြလို့ ကျေးဇူးတင်ပါတယ်။

  • nature

    June 28, 2011 at 3:08 pm

    ပင့်ကူနဲ့ ခပ်ဆင်ဆင်ပဲနော်။

  • weiwei

    June 28, 2011 at 3:49 pm

    ထူးဆန်းတယ် .. မမြင်ဖူးဘူး ..

  • pan pan

    June 29, 2011 at 2:42 am

    ကွန်မကောင်းလို့လားမသိဘူး
    Refreshခဏခဏလုပ်တာတောင် ပုံပေါ်မလာဘူး :((

  • ရွှေဘိုသား

    June 29, 2011 at 3:06 am

    ပုံတော.မတွေ.ရဘူး
    သူများပြောလို.ရေးလိုက်မယ်
    ဗဟုသုတ ရပါတယ်
    ကြိုပြောထားတာ
    နောက်မှ ကြည်.တော.မယ်

  • နွယ်ပင်

    June 29, 2011 at 3:26 am

    အပြင်မှာ တစ်ခါတွေ့ဘူးတယ်
    အခုတော့ ကွန်မကောင်းလို့ ထင်တယ် ဘာပုံမှမမြင်ရဘူး ….

  • PaukPhaw

    June 29, 2011 at 3:29 am

    ဟောဗျာ…
    နီနီရဲရဲ အမွှေးနုနုလေးတွေနဲ့ ချစ်စရာလေးပါလား..
    အကောင်က မကြီးဘူးလို ့သာထင်ရတာ ..အမှန်တော့သေးတယ်နော်
    😉

    တစ်ကယ်တော့ ဘာမှမြင်ရဘူး…..သူများမြင်ပြီး ကိုယ့်အလှည့်ကျမှ ဘာဖြစ်တာလဲ သိဘူး..
    မြင်ရဘူး
    ဒီလိုကြီး..ပဲပေါ်သဗျ

    No Results Found
    The page you requested could not be found. Try refining your search, or use the navigation above to locate the post.

    • evolution

      June 30, 2011 at 3:06 am

      ကွန်မကောင်းလို့ဖြစ်မှာပါဗျ။ ကွန်ကြောင့်မပေါ်မှာစိုးလို့တောင် ပုံဆိုဒ်အသေးလုပ်ပြီး တင်ပေးထားတာ။ ပြန်ကြည့်ကြည့်ပါဦး။

  • PinkCandy

    June 29, 2011 at 4:11 am

    ကတ္တီပါကောင် ဘယ်ကို လမ်းလျှောက်ထွက်သွားပါလိမ့်နော်
    သူကြီးပြောတာတော့ ရွာအသစ်ပြောင်းလို့ ပုံတွေကျန်ခဲ့တယ်ဆိုပဲ။

  • apulay

    June 29, 2011 at 6:27 am

    မမြင်ရဘူးဗျို့

  • MaMa

    June 30, 2011 at 1:30 am

    အင်းးးးးးးးးးးး အဲဒီပုံကို ဘုန်းကံရှိတဲ့ လူမှ မြင်ရတယ်လို့ ကြားဖူးတာပဲ။ (ရှင်ဘုရင့်ပုဆိုး တိမ်မီးခိုး လိုမျိုး) 🙂

  • etone

    June 30, 2011 at 2:34 am

    အဆန်းပဲ… ပထမပုံက သဘာဝကျအောင် လက်ကြားမှာ အပင်လေးတောင်ညှပ်ပြီးရိုက်ပြထားတယ်.. ။
    တခါမှ မမြင်ဖူးဘူး ။

  • evolution

    June 30, 2011 at 2:54 am

    ဟုတ်တယ်ဗျ
    လက်ပေါ်တင်ရိုက်ထားတာပါ။
    သူက ပင့်ကူလိုပုံစံမျိုးလေး ဒါပေမယ့် ပင့်ကူလိုအမျှင် တွေ အစူးတွေမပါဘူးဗျ။ ပြန်ပြီးတိုက်ခိုက်တာလဲမရှိဘူး။ သူ့ကိုကိုင်လိုက်ရင် ခြေလက်တွေကုပ်၊ ပုပြီးလိုက်လာတာပဲ။ အကောင်ကတော့ မန်ကျီးစေ့လောက်ရှိမယ်။ မြေပေါ်မှာ လျှောက်သွားနေကြတာ။ ပုရွက်စိတ်တွေနဲ့တွေ့ရင်လည်း သူကငြိမ်ငြိမ်လေးနေတာ ဟိုကသူ့ကိုဟိုကြည့် ဒီကြည့်လုပ်ပြီးပြန်သွားကြရောဗျ။ ငှက်တွေတွေ့ရင်တော့ သူ့ကိုစားမလားမသိဘူး။ သူ့ကိုယ်က ဘာနံ့ထွက်သလဲတော့မသိဘူးဗျ ကောက်မမွှေးကြည့်ခဲ့မိဘူး 🙂

  • PaukPhaw

    June 30, 2011 at 5:31 am

    ခုမှမြင်ရပြီဗျို ့….
    ပင့်ကူနဲ ့တူသဗျ..
    ခြေလေးချောင်းလောက်ပဲရှိရင် ပိုချစ်ဖို ့ကောင်းမလားပဲ..

    နောက်ခါသွားရင် အကောင်လေးတွေရသလောက် ဖမ်းခဲ့ပေးပါနော်….ကတ္တီပါ ခွာရောင်းဖို ့…
    အဲ…ဟုတ်ဘူး..

    ချစ်လို ့ မွေးချင်လို ့ပါ..
    ဂယ်ကြောတာ..

    😉

  • စုံ စုံ

    June 30, 2011 at 7:23 am

    သေးသေးလေးတွေနော်
    ကိုင်ကြည့်လိုက်ရင်အိအိလေးတွေဖြစ်မယ်ထင်တယ်

  • weRone

    June 30, 2011 at 7:34 am

    တစ်ခါမှ မမြင်ဖူးဘူး။ ဒါပထမဆုံး မြင်ဖူးတာ။ ပင့်ကူနှင့် နည်းနည်း တူသလားလို့။

Leave a Reply