အဲဒိနှစ်က ကိုမျိုးနဲ့တော်တော် တွဲဖြစ်သွားတယ်လေ..။ နောက်တစ်ယောက်ထပ်တိုးလာတဲ့သူက ကိုမြင့်ဇော်….။သူက အင်္ဂလိပ်စာ အဓိက ဒုတိယနှစ်..။ နေ၀န်းနီတို့ထက် တစ်တန်းကြီးတယ်..။ အသက်ကနှစ်ဆယ်လောက် ..။လူပုံက ပျော့ပျော့ပြောင်းပြောင်းနဲ့….။ မြို့သစ် ဘက်ကနေလာတက်ရတာ…။ မြို့သစ်ဆိုတာက တောင်တွင်းကြီးဘက်က မြို့သစ်ကို ပြောတာပါ…။ သူကဆယ်တန်းကို သုံးနှစ်လောက်ဖြေခဲ့ရတာတဲ့…။ စာမရလို့မဟုတ်ဘူး….။ အရက်မူးနေတာနဲ့ ဖောင်တင်ရမဲ့ရက် နောက်ကျသွားလို့တဲ့လေ…….။ ပြီးတော့ အရက်သောက်ပြီးမှ စာကျက်လို့ရသတဲ့လေ..။ မှတ်သားလောက်ပါပေရဲ့..။ ကိုမျိုးက လူတိုင်းနဲ့ တည့်အောင်ပေါင်းတယ်..။ သူမရောက်တဲ့နေရာ မသိတဲ့သူမရှိဘူး…။ လူချစ်လူခင် ပေါတယ်ပေါ့…။ ကိုမြင့်ဇော်ကတော့ ခပ်အေးအေးပဲနေတာ…။ စကားလည်းသိမပြောဘူး…။ အားရင်စာဖတ်ချင်ဖတ်…။ မူးလာတဲ့အခါသီချင်းဆို..။ ဒါလောက်ပဲတွေ့တယ်…။ သီချင်းဆိုတယ် ဆိုတာကလည်း မြန်မာသံစဉ် သီချင်းကြီးတွေများတယ်..။ နေ၀န်းနီတို့လို မူးလာရင် ဂစ်တာတီးတတ်တဲ့ သူနဲ့တွဲပြီး ကောင်မလေးအဆောင်ရှေ့တွေ လိုက်အော်နေတာမဟုတ်ဘူး…။ နေ၀န်းနီတို့ကတော့ ဂစ်တာမတီတတ်ပဲနဲ့ သူငယ်ချင်းကောင်းရင်လိုက်အော်ပဲ..။ သိတဲ့သူရှိလို့လည်းမဟုတ်ရဘူး..။ တစ်ချို့က အဆောင်ထဲက ကောင်မလေးတွေနဲ့ အချိတ်အဆက်ရှိလို့ကို သွားကြူကြတာ…။ နေ၀န်းနီတို့က မူးလို့ လမ်းဘေးမှာ ဘလိုင်းအော်ဆိုနေမဲ့ အစား ကောင်မလေးတွေအဆောင် ရှေ့သွားဆိုတာက ခဲနဲ့အထုခံဦးမယ်ဆိုပြီး သွားအော်ကြတာ….။ ကောင်မလေးတွေက ကောင်းရှာပါတယ်…။ ခဲနဲ့ မထုဘူး…။ လိမ္မော်သီးနဲ့ပဲ လှမ်းပြီးထုတယ်..။ အဲဒိတုန်းက တော်ရုံတန်ရုံ ဘယ်သူမှဆိုလေ့မရှိတဲ့ သီချင်းသွားဆိုတာ……။ ကိုညီထွဋ် (ဇော်ဝင်းထွဋ်) ဆိုတဲ့သီချင်းလေ…..။ သီချင်းက ဆံပင်တိုတို…. အချစ်တိုတို တဲ့….။ လွယ်လွယ်ချစ်တယ်ပြောပြီး လွယ်လွယ်ပဲ လမ်းခွဲတတ်တဲ့ ဆံပင်တိုတိုနဲ့ ကောင်မလေးတွေ အကြောင်းလေ…။ ကြားဖူးကြလားမသိဘူး…..။ မှတ်မိအောင်ဆိုပြရရင်….
“ ဆန်းဒေးတုန်းက xxx အချစ်တွေ xxx မန်းဒေးကျ တော့ အဆိပ်ဖြစ်သွား——— မင်းအချစ်က xxxxမင်းရဲ့ဆံပင်အတိုင်းးးးး ဆံပင်တိုလေးနဲ့ မိန်းမလှလေးရေ………….” ဆိုတဲ့ သီချင်းလေးပါ…။ အဲဒိ သီချင်းက မူးမူးနဲ့ အော်လို့ကောင်းလို့ပါ…။ သူငယ်ချင်းတွေက မူးမူးနဲ့ အားနဲ့ပါးနဲ့ ခုန်ပြီးဆိုတာ…။ အဆောင်ပေါ်က ကောင်မလေးတွေက သဘောကျလို့တဲ့ လိမ္မော်သီးထုတ်နဲ့ လှမ်းပစ်ပြီး ပြန်ဆိုခိုင်တာ….။ လိမ္မော်သီးကို ပါလာတဲ့လူနဲ့ အမှထည့်ပေးလိုက်တာ…။ အပေါ်က နေခြေဟန်လက်ဟန်နဲ့ စာပါသေးတယ်လို့ပြောတယ်…။ စောစောက သီချင်းကို ပြန်ဆိုပြပါဆိုလို့ နောက်တစ်ခေါက်ထပ်ဆိုကြတာပေါ့….။ အဲဒိလိုနေ၀န်းနီတို့က ……..။ ခုနက ကိုမြင့်ဇော် သီချင်းဆိုတာက သူ့ဖီးလ်နဲ့သူ မူးလာတဲ့ အချိန်မှာဆိုတာ….။ နေ၀န်းနီတို့က ခောတ်ပေါ် ရော့ခ် သီချင်းပဲ နားထောင်တော့တာ….။ ကိုမျိုးကလည်း ခရစ်ယာန် ဆိုတော့ သူ့သမ္မာ ကျမ်းထဲက သီချင်းရယ်…။ ကချင်သီချင်းရယ်ပဲ ရတယ်…။ ခောတ်ပေါ်သီချင်းကို ဒီဘက်ရောက်မှနားထောင်ရတာတဲ့……။ ဂစ်တာတော့ တီးတတ်တယ်….။ အဆောင်က ကောင်တွေ သူတို့ ကောင်မလေးတွေကို ကြူချင်ရင် ကိုမျိုးကို အရက်တိုက်ပြီးခေါ်ရတယ်…။ ကိုမြင့်ဇော်နဲ့ တွဲမိပြီး နောက်ပိုင်း နေ၀န်းနီ ကသူတို့နဲ့ မလိုက်တော့ဘူး…..။ နေ၀န်းနီက မနက်ပိုင်းကျောင်းတက်ရတယ်..။ ကိုမြင့်ဇော်တို့ ဒုတိယနှစ်က နေ့လည်ပိုင်းကျောင်းတက်ရတာ…။ ကိုမြင့်ဇော်က လူတိုင်းနဲ့ တွဲပြီး အရက်မသောက်တတ်ဘူး…။ ကိုမျိုးက ပြောင်းပြန်…။ လူတိုင်းနဲ့ တည့်အောင်ပေါင်းတယ်..။ လူငယ်တယ်….။ ကချင်သွေးလည်းပါတယ်…..။ မူးလာရင်သွေးဆူတယ်…။ ကရာတေး မှာလည်း ခါးပါတ်နက်လို့ပြောတယ်……။ တို့ ကချင်က မူးလာရင် ဒီလို က တာ ဆိုပြိး နီးရာလူနဲ့ လည်း ကချင်ရင် ကနေတတ်တာ…..။ ပြီးတော့ အအေးပိုင်းမှာ နေတာ ပေမဲ့ သူကပိုပြီးသွေးဆူတတ်တယ်…။ အရက်သောက်ရင် သူ့ကိုပဲ လိုက်ထိန်းနေရတော့တာ….။ ကိုမြင့်ဇော်ပါလာရင်တော့ ပြဿနာ မရှာပါဘူး…။ အတန်းကြီးလို့ အသက်ကြီးလို့ လေးစားတယ်…။ ကိုမြင့်ဇော် စကားကိုတော့ နားထောင်တယ်…..။ အရက်သောက်နိုင်တဲ့ ခံနိုင်ရည် အားကတော့ အတူတူလောက်ပဲ…….။ ကိုမျိုးက အရက်သောက်ပြီးတော့လည်းချွေးထွက်အောင်လှုပ်ရှား နေတာဆိုတော့ ပိုသောက်နိုင်မယ်ထင်ရတာပဲ…….။ ဒါပေမဲ့ သူသောက်နေကြထက် တစ်ခါမှ ကျော်အောင် သောက်တာမတွေ့ဖူးဘူး…..။ သူသောက်နေကြလား….။ ဘီအီး ဒီ စီ ကို တစ်လုံးပဲ….။ ကိုမြင်ဇော်က သောက်ပြီးရင် ငြိမ်သွားတာ……..။ စတ်လုံးလောက်သောက်ပြီး သွားရင် စကားတွေ ပြောတော့တာ…..။ တစ်တွတ်တွတ်…..။ ပိုပြီး အာသွက်လာတယ်…။ စကားပြောမမှားစေရဘူး…။ သူမူးလာရင် စာအကြောင်း ကဗျာ အကြောင်းပြောဖြစ်တာများတယ်..။ တစ်ခါတစ်လေ ကျတော့လည်း သူတို့ မြို့ မှာ ကျန်ခဲ့ တဲ့ ရည်းစား လင်နောက်လိုက်သွားတဲ့ အကြောင်းပြောပြီးငိုတယ်…။ နေ၀န်းနီက
“ ကိုမြင့်ဇော်ရာ …..။ခင်ဗျား ဒီလောက် အရက်သောက်နောတာ ကြိုက်မဲ့သူရှိသေးလား”
လို့မေးတော့ ……….
“ ရှိတာပေါ့ဟ ….. အရက်သမားကိုသာ မိန်မလေးတွေ မကြိုက်ဘူးဆိုရင် ……..။ ကောင်မလေးတော်တော်များများ ဟာ အပျိုကြီးတွေ ဖြစ်လိုဖြစ် မယ်သီလ တွေ ၀တ်လိုဝတ် ဖြစ်ကုန်မှာ …….။ ခုတောင် အရက်သမားကော ဖဲသမားကော ကြိုက်နေကြတာတောင် အပျိုကြီးတွေနဲ့ မယ်သီလ တွေ မျိုးမတုန်းသေးဘူး….။ မောင်နေရာ…..မင်းနောက်ကျတော့ သိလာမှာပေါ့….။ ကောင်မလေးတွေက အရက်သမားလည်း ကြိုက်တာပဲ…..။ ဖဲသမားလည်းကြိုက်တာပဲ….။ ဘိန်းစားလည်း ကြိုက်ချင်ကြိုက်တာပဲ……..။ ဒါပေမဲ့ သူတို့ဘာကြိုက်လဲ ဒါပဲသိဖို့လိုတာ….။ အဲဒါလေး သိလို့ လုပ်ပေးလိုက်ရင်ပြီးရော……….”
တဲ့လေ…….။ မူးမူးနဲ့ နေ၀န်းနီရဲ့ ဆရာ ကိုမြင်ဇော်ပြောတဲ့စကား….။ ဘယ်လောက်ထိမှန်လည်းတော့ ခုထိလည်း မစမ်းသပ်ရသေးပါဘူး…….။ ပစ်ရမဲ့ ငှက်မရှိတော့ လောက်လေးဂွကြီး ကိုင်ထားလည်း လက်ညောင်းရုံပါပဲနော့…..။
ကိုမျိုးနဲ့ ကိုမြင့်ဇော် စာတော်တာချင်းလည်းတူတာပဲ…..။ ကိုမျိုးက IR_IA နိုင်ငံတစ်ကာ ဆက်ဆံရေး ကိုမြင့်ဇော်က English မေဂျာ ….။ ဘာသာတွဲနှစ်ခုလုံးက English ကိုအဓိက ထားပြီးသင်တာ……….။ မြန်မာစာကလွဲရင် အားလုံး English လိုချည့်သင်တာ……..။ နေ၀န်းနီတို့  ပထမနှစ်ရောက်တဲ့ နှစ်က 1985-86 ဆိုတော့ ကျန်တဲ့ ဘာသာတွဲတွေက English ဘာသာကလွဲရင် မြန်မာလိုပဲသင်တယ်….။ ဒီတော့ အားလုံးရဲ့ စိတ်ဝင်စားမှုကိုခံရတယ်…။ ပြီးတော့ နေ့တိုင်း အရက်သောက်ပြီး စာသိပ်ကျက်တာမတွေ့ပဲနဲ့ စာလိုက်နိုင်တာကိုတွေ့ပြီးအံ့သြကြတယ်…။ ကိုမြင့်ဇော်ဆိုရင် စာတစ်ပုဒ်ကို သုံးခေါက်ထက်ပိုမဖတိဘူးတဲ့…။ ဟုတ်တယ်…။ နှစ်ခေါက်ပဲ ဖတ်ပြီး ကျူတိုရီရယ်လ် သွားဖြေတာတွေ့ဖူးတယ်…။ အဲဒိတော့ နေ၀န်းနီ အတွေးထဲ ဘယ်လိုဝင်လာသလဲ ဆိုတော့ ဆေးလိပ်မသောက် အရက်မသောက် မှ စာတော်တာ မဟုတ်ဘူး ။ အရက်သောက်တဲ့သူဆေးလိပ်သောက်တဲ့ သူတွေထဲမှာလည်း တော်နေတာရှိတာပဲ….ပေါ့….။ ဘာမှမလုပ်ပဲ နဲ့လည်း စာညံ့ တဲ့သူရှိနေတာပဲပေါ့….။ အဲဒိခောတ်က လူကောင်းလူတော် ခောတ်လေ….။ လူကောင်းပြီး စာတစ်ပုဒ် အခေါက်နှစ်ဆယ်လောက်ဖတ်လို့လည်း မရဘူးဆိုရင် အလကားပဲ…။ သုံးစားမရပါဘူးပေါ့….။ အရက်သောက်တဲ့လူက နှစ်ခေါက်ဖတ်ပြီး အိပ်နေပြီလေ…။

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010