ဟက်ကာတို ့ရဲ့ဆရာစူပါဟက်ကာ

ကျွန်တော်အခုတော့ဖိုရမ်တစ်ခုမှာဖတ်မိတဲ့ဟာလေးတစ်ခုပြန်လည်ပြောပြချင်ပါတယ်။

သူများဖိုရမ်ကဟာကို ကော်ပီကူးတင်တယ် နံပါတ်(4)စည်းကမ်းမလိုက်နာဘူးလို.

အပြစ်တင်တဲ.သဘောနဲ.တော. မမြင်ကြနဲ.လို.ကြိုတောင်းပန်ပါတယ်

ကျွန်တော်ပိုက်ဆံလိုချင်လို. တင်တာမဟုတ်ရပါဘူးဗျာ။ ကျွန်တော်သဘောကျလို.

ရွာသားတွေလည်း ရယ်မောနိုင်အောင်လို. စေတနာနဲ.တင်ပေးလိုက်တာပါ

ဒီပို.စ်အတွက် ပိုက်ဆံမပေးလည်းဘာမှ ဖြစ်မသွားပါဘူး

တစ်ချို.တွေလည်း အဲလိုဝန်ခံရင်တင်လို.ရတာနဲ.တင်ထားတာတွေ.လို.တင်တာပါ

ဒီဆိုဒ်ဖတ်ပြီး ပို.စ်မှမတင်ရင် မှတ်ချက်လေးမှ မပေးလ ိုက်ရရင် တာဝန်မကျေသလိုမျိုး

ကြီးဖြစ်နေတယ်လို. ကိုယ်.စိတ်ထဲမှာအမြဲထင်နေမိလို. ကိုမြတ်ရဲ.ဆိုဒ်ကနေ

ဟာသလေးကို ရွာသားတွေအတွက်မျှဝေလိုက်တာပါ။

ဟက်ကာတို ့ရဲ့ဆရာစူပါဟက်ကာ

တစ်နေ ့သောအခါကမ္ဘာပေါ်မှာအရမ်းတော်တဲ့။အရမ်းတတ်တဲ့ဟက်ကာဆရာကြီး
လို ့ခံယူတားကြတဲ့သူတွေစုပြီး(ဆိုရှယ်နက်ဝပ်ခ်)လို ့ခေါ်တဲ့ဟက်ကာဖိုရမ်ကြီးတစ်ခုရှိပါတယ်။
အဲ့ဒီမှာကတော့မိတ်ဆွေတို ့သိတဲ့အတိုင်းဘဲ။
ဘယ်ဟာကိုဘယ်လိုဟက်။ဘယ်ဟာကိုဘယ်လိုပြောင်းနဲ ့
ဟက်ကင်းပညာတွေကိုဖလှယ်နေကြတာပေါ့။
တစ်နေ ့လည်းကျရောအဲ့ဟက်ကာဖိုရမ်ကြီးမှာလူတစ်ယောက်ကလာရေးသွားပါတယ်
အဲ့ဒါကတော့။
ဟေ့ကောင်တွေအရူးတွေမင်းတို ့ကိုကြည့်မရဘူးဘာတော်တာလည်း။ဘာတတ်တလည်း။
ဘာမှအသုံးမကျကြဘူး။ဘာမှအရည်အချင်းမရှိဘဲနဲ ့ဆရာလုပ်နေကြတယ်။
ငါ့နာမည်=ပီတာကွ။ငါ့ဂျီမေးလ်က peter12345@gmail.com ကွ
မင်းတို ့တော်တယ်ဆိုရင်လာဟက်ချေ။
အဲ့ဒီမှာဟက်ကာဖိုရမ်မော်ဒီရေတာတွေကော။အက်ဒမင်တွေပါတော်တော်တင်းသွားတယ်။
ကဲဒီလောက်တောင်ကွာငါတို ့ပေါင်းဟက်ကြရအောင်ချကြမယ်ဆိုပြီး။
နေ ့မအိပ်ညမအိပ်အဲ့ဂျီမေးလ်အကောင့်ကိုအကုန်ပေါင်းပြီးဟက်ကင်းလုပ်ကြပါတော့တယ်။
ကံအားလျှော်စွာနဲ ့ဘဲအဲ့ဂျီမေးလ်အကောင့်ကိုသူတိုတွေအားလုံးရရှိသွားပါတော့တယ်
လာခဲ့ပီတာဆိုတဲ့ကောင်ငါတို ့ကိုလာစော်ကားသွားတာ။
ဆိုပြီးpeter12345@gmail.com အကောင့်ကိုဖိုရမ်မျက်နှာစာမှာယူရှာနိမ်းကောပါ့စ်ဝပ်ကော
ကိုအောင်မြင်စွာနဲ ့တင်ထားကြပါတယ်။နောက်နေ ့မှာတော့စာတစ်ကြောင်းလာရောက
်ထပ်ရေးသွားတာတွေ ့ရပါတယ်။
ဟီးငါ့နာမည်တကယ်တော့ နေမင်းထွန်း ကွ
ငါအဲ့ပီတာဆိုတဲ့ကောင်ကိုကြည့်မရတာကြာနေပြီ
သူ ့ဂျီမေးလ်ကိုလည်းဟက်ချင်တာကြာနေပြီဒါကြောင့်ငါမဟက်တတ်လို ့
မင်းတို ့ကိုဟက်ခိုင်းတာ။
မင်းတို ့ ဟက်ကာပညာတော်ပါတယ်ကွာ
ဒါပေမဲ့မင်းတို ့အကုန်လုံးကိုခိုင်းနိုင်တဲ့ငါပိုတော်သလိုဘဲဒါကြောင့်
ငါကစူပါဟက်ကာပေါ့နော်အခု
ငါလိုချင်နေတဲ့ဒီကောင့်ပါစ်ဝပ်ယူသွားပြီတဲ့။
(ကဲဆရာလုပ်နေတဲ့။ ကြိုးစားနေတဲမိတ်ဆွေတို ့ရေစူပါဟက်ကာတွေကိုလည်းသတိထားနိုင်ကြပါစေ)

 

နာဆာ ရဲ့ ဘောပင်ပြသနာ

အာကာသထဲရောက်သွားရင် ဘောပင်တွေက မှင်မထွက်တော့ဘူးတဲ့
လေဖိအားမရှိတော့လို ့တဲ့

အဲဒါနဲ ့ နာဆာလည်း လေဟာနယ်မှာ မှင်ထွက်တဲ့ ဘောပင်ကို

ငွေကုန်ကြေးကျခံပြီး သုတေသနပြုသတဲ့

အမေရိကန်တွေဘောပင်တစ်ချောင်းနဲ ့ယောက်ယက်ခက်နေတဲ့အချိုန်မှာ

ရုရှားတွေကတော့အေးဆေးပဲတဲ့

ဒါနဲ ့အမေရိကန်တွေကရုရှားတွေအာကာသမှာဘယ်လိုမျိုး

နဲ ့အဆင်ပြေနေလဲလို ့လူလွှတ်ပြီးစုံစမ်းတော့

ဘောပင်မှင်မထွက်တော့

ခဲတံကိုသုံးပါတယ်တဲ့ဗျာ

မေးသမျှဖြေမယ်ကွန်ပျူတာပြသနာများအပိုင်း(၃)

မေး = ကျွှန်တော့်ကွန်ပျူတာမှာဘာပစ္စည်း တွေတပ်ထားလည်း
တစ်ထိုင်ထည်းကြည့်ချင်လို ့ဘယ်လိုကြည့်ရမလဲဗျာ

ဖြေ = ဝယ်လာတဲ့ဆိုင်ကရေးပေးလိုက်တဲ့ဘောက်ချာ
ကိုဖတ်လိုက်ပါ

မေး = V Z O နဲ ့SKYPE ကဘယ်ဟာသုံးလို ့ပိုကောင်းပါသလဲရှင်

ဖြေ = S K Y P E ကလက်ညောင်းပါးစပ်ညောင်ပြီး ။ VZO ကတော့မျက်စိပါညောင်းပါလိမ့်
မယ်

မေး = WINDOW နဲ ့ IMAC ဘာကွာပါသလဲဗျာ

ဖြေ = company ကွာပါတယ်ဗျာ

တပတ်အတွင်းအထူးသတင်း

တပတ်အတွင်းရရှိထားတဲ့အထူးသတင်းတွေပါတိုးတိုးနော်
လက်တိ်ု ့ပြောမှာ

၁။ မျဉ်းဝါမှတစ်ဆင့်
လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျှောက်လျှက်ရှိ။
၂။ AIDS ရောဂါကို လူတိုင်း ကြောက်ရွှံ့။
၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စ ဆွေးနွေး။
၄။ နှာခေါင်းတွင် အပေါက်နှစ်ပေါက် မပါရှိပါက လူအများ အသက်ရှူရာတွင် အခက်အခဲများ တွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို။
၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ။
၆။ ကျောင်းသားတစ်ဦး ကျောင်းကား ပေါ်တွင် ကျောင်းသားများနှင့် စာအကြောင်းများကို ဆွေးနွေး။
၇။ နားမကြားသူများ နားကြားကိရိယာ အသုံးမပြုပါက နားကြားရမည် မဟုတ်ဟု ကျွမ်းကျင် သူများ ပြောကြား။
၈။ ခရီးသည်တင် ကားများတွင် ထိုင်ခုံမရပါက မတ်တပ်စီး၍ လိုက်ပါနိုင်။
၉။ မဆင်မခြင် သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်။
၁၀။ ရထားစီးစဉ် ပြတင်းပေါက်များ ဖွင့်ထားပါက လေကောင်း၊ လေသန့် ရနိုင်။
၁၁။ မိုးရွာသောနေ့များတွင် လူအများစု ထီးများ ဆောင်း၍ သွားလာလှုပ်ရှားလျှက်ရှိ။

0 comments

Labels: ဟာသ

Artigos Relacionados:

Computer ကို Virus မဝင်အောင် ကာကွယ်နည်း (၅) မျိုး

Computer ကို Virus မဝင်အောင် ကာကွယ်နည်း (၅) မျိုး……………….

၁။ မည်သည့် external device ကိုမှမတပ်ဆင်ပါနဲ့(CD-DVD များအပါအဝင်)

၂။ internet မသုံးပါနဲ့၊ သုံးရင်လည်း မည်သည့် web site ကိုမှဖွင့် မကြည့်ပါနဲ့၊
၃။ Computer ကို မဖွင့်ပါနဲ့(မီးပလပ် မထိုးပါနဲ့)၊

၄။ Computer ကို အစကတည်းက မဝယ်ပါနဲ့၊

၅။ Computer ဆိုင်ရှေ့ကို ဖြတ် မလျှောက်ပါနဲ့၊

သင်၏ဘလော့ဂ်နာမည်ကြီးရန် အတွက်

ဆရာမောင်မှသူ၏ဘလော့အရမ်းနာမည်ကြီးချင်တယ်နည်းပေးပါဆိုလို ့
ပြောပြလိုက်ပါတယ်ခင်ဗျာ
သင်၏ဘလော့ဂ်နာမည်ကြီးရန် google,yahoo စသောwebportaကြီးများမလိုပါဒီလိုလုပ်ရင်နာမည်
ကြီးမှာအမှန်ဟုဆရာကြီးတစ်ယောက်ကမိန် ့ပါသည်မှန်မမှန်စမ်းစစ်ကြပါကုန်….

၁ ။ ဘလော့ဂ်ကိုကြော်ညာရန်သူများ ShoutBox များတဲတွင်သိသိမသိသိသွားအော်ပါ “လာလည်သွားပါတယ် တော်တော်ကောင်းတဲ့ဘလော့ဂ်လေးပါ။တို ့ဆီလည်းလာလည်ပါဦး ဟိုဟိုဒီဒီ ဒီဒီဟိုဟိုဘာညာသာရကာနေကြာကွာစေ ့လျှောက်ရေးပါ

၂။များများတက်ပါအိမ်သာတက်ပြီးတိုင်းဘာလုပ်လဲ ။ဘာအစားစာကိုကြိုက်လဲ
နွေ၊မိုး၊ဆောင်းနှင့်ကျွှန်တော်၊ကျွှန်မကိုယ့်ဟာကိုယ်ရေးချင်တာရေးပြီး
သူများကိုအတင်းရေးခိုင်းပါ

၃။ရန်များများဖြစ်ပါရန်များများဖြစ်လေလူများများလာလေဖြစ်သည်

၄။ ဘလော့ဂ်နာမည်ကိုလူများစိတ်ဝင်စားအောင်ပေးပါ ဥပမာ ဟိုဟိုဟာဟာ၊ဒီဒီဒါဒါ၊ဟိုတွင်း၊ဒီတွင်း၊ဟိုဇုန်၊ဒီဇုန်
ဒီမြို ့တော်၊ဟိုလမ်း၊ဟိုရပ်ကွက်

၅ ။ လူတိုင်၏မွေးနေ ့မျာအတွက်မွေးနေ ့
ဆုတောင်းပေးပါ။ဘလော့ဂ်ဟုတ်သူကော။မဟုတ်သူကော။သိသူကော။မသိသူကောများအတွက်ပါဆုတောင်းပါ
ပြီးတော့မွေးနေ ့ဆုတောင်းပိုစ်တင်ပေးထားတယ်ဆိုပြီးနက်ထဲကတွေ ့သမျှလူတိုင်းကိုလိုက်ပြောပါ

ထိုဘလော့ဂ်ဆရာကြီးကထပ်ပြောသည်မှာ
ကျွှန်တော်ကိုယ်တိုင်ဒီနည်းတွေကိုသုံးပြီးနာမည်ကြီးလာတာပါဟုမိန် ့ကြားသွားပါသည်

0 comments

Labels: ဟာသ

Artigos Relacionados:

မေးသမျှဖြေမယ့်ကွန်ပျူတာပြသနာများ အပိုင်း ၂

မေး ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင်
ဖြေ ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ

မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
ဖြေ ။ ဂစ်လို ့အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်
ဆက်ဖတ်ကြည့်ရအောင်

မေး ။ email ပို ့နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင်
အကောင်းဆုံးပါလဲ
ဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါ
ဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ

မေး ။ ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ်
ပြောနိုင်မလား
ဖြေ ။ ဟုတ်ကဲ့ရပါတယ်
၁။ systemပုံးကိုအရင်ဖွင့်ပါ
၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ်
အကုန်ဖြုတ်ပါ။
၃။ ပြီးရင်တော့ဆပ်ပြာမှုန် ့များများနဲ ့ဖျော်ထားတဲ့
ဇလုံထဲကိုထည့်ပြီး Decogenနဲ ့တစ်ညစိမ်ပါ
၄ ။ နောက်တစ်နေ ့ကျပြန်ဆေးကြောပြီးနေပူပူမှာ
လှမ်းပါ။
၅ ။ ခြောက်သွေ ့သွားသောအခါပစ္စည်းများကိုနေရာတကျ
ပြန်တတ်ပါ
၆ ။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော်
ရွှင်ဖွယ်တွေ ့ရပါလိမ် ့မည်။
ရ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မဝင်အောင်
နေပူထဲထားကာအသုံးပြုပါဟု

ဆရာကြီး kyawcross ခေါ်မောင်ဇူလူးဟုအမည်ရသောအာဖရိကမှဆရာ့ဆရာကြီးက
မိန် ့ကြားသွားပါသည်

မေးသမျှဖြေမယ့်ကွန်ပျူတာပြသနာများ

မေး ။ သမီးကွန်ပျူတာအရမ်းလေးနေလို ့ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။
ဒါမှလေးနေရင်ပါဝါစပလိုင်းထပ်ပါဖြုတ်ထား
လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်

မေး ။ကျွှန်တော်တို ့ဘက်ကမီးမှန်ဘူး ။ UPS ကလဲသိပ်မကောင်းတော့
မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ
ဖြေ ။ upsနဲ ့ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။
ချက်ချင်းပိတ်သွားရစေမယ်

မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ
ဖြေ ။ဆိုင်ပို ့လိုက်ပါ

မေး။ ကျွှန်တော့်window ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ
window မှာပြသနာရှိလို ့လား
ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ
ထိုးပေးပါ ။ ကဲဆက်ဖြေမယ်နော်

မေး။အင်တာနက်သုံးဖို ့ဘာလိုအပ်ပါသလဲရှင်
ဖြေ။ ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား

မေး။သမီးပို ့လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ
ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။

မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ
ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို ့ရှိရင်ဗိုင်းရပ်စ်
ပါလို ့ပေါ့ကွယ်

ဆရာကြီးဇူးလူးဦးစီးကာဘီယာသောက်ပြိုင်ပွဲကြီးကျင်းပမည်

ပုဂံနတ် ၊တက်စလာနတ် ၊ဂျေဒိုးနတ်တို ့တွင်အပါအဝင်ဖြစ်သော
ဇူးလူးနတ်မှ ဦးဆောင်ကွပ်ကဲပြီး ကော်မတီအဖွဲ ့ဝင်များဖြစ်ကြသော
နေဝင်း (internationalရေခဲရေရောင်းသူများအသင်း) ၊တွဲလက် (မိန်းမကြောက်ရရေးဥက္ကဌ) ၊ငလတ်(အိန္ဒိယလန်ချားဆွဲသူများအသင်း) ၊ပိုင်မျိူးလေး(အပြည်ပြည်ဆိုင်ရာဆိုက်ကားနင်းသူများအဖွဲ ) တို ့
ကကြီးမှုးကာ အင်တာနေရှင်နယ်ဘီယာသောက်ပြိုင်ပွဲကြီး
ကိုဆီဒိုးနားဟော်တယ်တွင်ခန်းနားစွာကျင်းပမည်ဟုသတင်းရရှိပါသည်။

အန်ဖတ်ဆို ့ပြီးဆေးရုံရောက်သူကို = ပထမဆု
မူးပြီးရပ်ကွက်ထဲတွင်ဆဲဆိုသူကို = ဒုတိယဆု
အမူးလွန်ကာဘီယာသောက်ရင်းရှုးထွက်ပါက = တတိယဆု

ဟုဆိုကာဆုများ
အသီးသီးပေအပ်သွားမှာဖြစ်ပါတယ်ဆုမရရှိတဲ ့
သူတွေကိုလည်းထုံးစံအတိုင်းကံစမ်းမဲတွေပေးသွားမှာပါမဲပေါက်တဲ ့
သူတွေတစ်ယောက်ကိုသွားကြားထိုးတံတစ်ချောင်းကျစီပေးအပ်မှာပါ
ပြိုင်ပွဲဝင်ကြေးတွေကိုလည်းဒေါ်လာနဲ ့သာလက်ခံမှာပါ
တစ်ဦးလျှင်၂ဒေါ်လာဆီပေးသွင်းရမှာဖြစ်ပြီးငွေပေး
ပြီးလာမပြိုင်ပါကသူတို ့ဝေစုဘီယာတွေကိုကော်မတီအဖွဲ ့
ဝင်တွေကတာဝန်အရသောက်သွားမှာဖြစ်ပါ
ကြောင်းအထူးသတင်းရရှိပါတယ် ။

 

3 comments

  • etone

    June 29, 2011 at 6:29 am

    ဖတ်ပြီး ရယ်လိုက်ရပါတယ် … ကူးတာဆိုပေမဲ့ ရယ်လိုက်ရတော့ တန်ပါတယ် ။

  • Yin Nyine Nway

    June 29, 2011 at 7:52 am

    မေး … mail ရောက်မရောက် သိချင်ရင် ဘယ်လိုလုပ်ရမလဲ?
    ဖြေ …. ရောက်မရောက် ဖုန်းဆက်မေးလိုက်ပါ

  • nature

    June 29, 2011 at 4:46 pm

    တခါတလေမှာ လူတယောက်ရဲ့ တော်တဲ့ အချက်တွေဟာ အားနည်းချက်ကိုဖြစ်စေပါတယ်။ ငါတို့ဟာ ဟတ်တဲ့နေရာမှာတော်တယ်ဆိုပြီး မာန်တက်နေတဲ့သူတွေရဲ့ မာနကို ဆွပေးပြီး ခိုင်းစားလိုက်တာပါပဲ။ ဂျင်ပေါ်ကထုံးပေါ့။
    တကယ့်အဖြစ်လား၊ အမေရိကန်ကို ချိုးတာလားတော့မသိပါ။ ခဲတံကိုသုံးတဲ့ ဆိုဗီယက် တွေက တကယ့်လိုအပ်ချက်ကို အတွေ့အကြုံနဲ့ ဖြတ်ထိုးဉာဏ် သုံးပြီး လက်တွေ့ ကျကျဖြေရှင်းလိုက်တာပါ။

Leave a Reply