မနေ့က အလုပ်တွေကလဲများ ပင်ကလဲပင်ပန်းဆိုတော့ သင်တန်းသွားရတာ တကယ်ကိုစိတ်ကမပါဘူး မတက်လို့ကလဲ မဖြစ်တော့ သွားတယ်ဆိုတဲ့အဖြစ်လေးနဲ့ သွားတော့ သင်တန်းလဲရောက်ရော အိပ်ကငိုက် စာမေးရင် တစ်လွဲဖြေနဲ့ ဟုတ်နေတာပဲ စာသင်ပေးတဲ့အစ်မက တစ်ခါမေးလိုက် နွယ်ပင်က တစ်လွဲဖြေလိုက်နဲ့ (2) ခါ (3) ခါလောက်လဲ လွဲရောအစ်မက ကဲ ဒီလိုပုံဆိုရင်တော့ မရတော့ဘူး နွယ်ပင်တစ်ယောက်တော့ အိပ်ကလဲ ငိုက် စာမေးရင်လဲ မေးတာတစ်ခြားဖြေတာ တစ်မျိုးနဲ့ ဟိုပုံပြင်ထဲကလိုဖြစ်နေပြီဆိုပြီး ပြောတော့တာပေါ့ . အဲတော့ အိပ်ငိုက်နေတဲ့ နွယ်ပင်က ပုံပြင်လဲဆိုရော ချက်ခြင်းပဲခေါင်းထောင်ပြီး အစ်မပြောပြပါဆိုပြီး ရွာထဲမှာရေးဖို့အတွက် ကုန်ကြမ်း၇ှာတဲ့အနေနဲ့ အတင်းပြောပြခိုင်းတာပေါ့ အဲတာနဲ့ ပုံပြင်လေးက …………..
တစ်ခါက တိုင်းပြည်ကြီး တစ်ပြည်မှာ စစ်မက်ရေးရာကို ဝါသနာပါတဲ့ ဘုရင်ကြီးတစ်ပါး၇ှိပါတယ် ဘုရင်ကြီးက စစ်မက်ရေးရာကို ဝါသနာပါသလို စစ်သားစုဆောင်း ရတာလဲဝါသနာပါတော့ သူစစ်နိုင်တဲ့ ရွာငယ်တွေလူတွေကိုလဲ စစ်သားအဖြစ်စုဆောင်းပါတယ် ။ အဲလိုစုဆောင်းတဲ့အခါမှာ စစ်သားဆယ်ယောက်ကို စစ်ဗိုလ်တစ်ယောက်က အုပ်ချုပ်ပြီး အဲဒီစစ်ဗိုလ်တွေကိုတော့ စစ်ဦးစီးချုပ်ကြီးက ပြန်လည်အုပ်ချုပ်ပါတယ် ။ဘုရင်ကြီးက နိုင်ငံအနှံအပြား ရွာငယ်အများအပြားကို အနိုင်ရရှိထားတော့ သူမှာ့ရှိတဲ့ စစ်သားတွေကလဲ လူမျိုးစုံတာပေါ့ အဲတော့ ဘာသာစကားလဲ အမျိုးစုံကြပေါ့ ။ဒါပေမဲ့ စစ်ဦးစီးချုပ်ကြီးကတော့ အင်္ဂလိပ်လူမျိုးတစ်ယောက်ပါ သူက စစ်ဗိုလ်တွေဆီလာပြီး စစ်ဆေးတဲ့အခါတိုင်းမှာ စစ်သားတွေကို အစီစဉ်တကျ ဘယ်တော့မှမပြောင်းတဲ့ မေးခွန်းလေး (3) ခုကို အမြဲမေးလေ့၇ှိပါတယ် အဲတာက
” မင်းအသက်ဘယ်လောက်၇ှိပြီလဲ ဒီမှာစစ်မူထမ်းတာဘယ်နှစ်၇ှိပြီလဲ နေထိုင်ရတာနဲ့ စားသောက်ရတာအဆင်ပြေရဲ့လား ” ဆိုတာပါ ။ တစ်နေ့တော့ စစ်ဦးစီးချုပ်ကြီးက အင်္ဂလိပ်လူမျိုးမဟုတ်ဘဲ တစ်ခြားလူမျိုးတွေစုနေတဲ့ အဖွဲကို လာစစ်ဆေးတော့ သူရဲ့ မေးနေကျမေးခွန်းလေးကို မေးတာပေါ့ ဒါပေမဲ့ လူမျိုးခြားတွေဆိုတော့ တစ်ယောက်မှ မေးတာကိုမဖြေနိုင်ကြပါဘူး အဲတာနဲ့ စစ်ဦးစီးချုပ်ကြီးလဲပြန်သွားရော အဲ့တပ်ကို ဦးစီးတဲ့ စစ်ဗိုလ်က သူ့လူတွေကို မေးခွန်း (3) ခုနဲ့ပတ်သက်ပြီး သင်ပေးတာပေါ့ ” မှတ်ထားကြ (1) ရဲ့ အဖြေက အသက်ကိုမေးတာ 25 years လို့ဖြေ (2) ရဲ့အဖြေ 3 years (3) ရဲ့အဖြေက Both sir လို့ဖြေ ” ဆိုပြီး နှုတ်တိုက်သင်ပေးပါလေရော နောက်တစ်ခါ စစ်ဦးစီးချုပ်ကြီးလာလို့မေးတာ မဖြေနိုင်လို့ရှိရင်လဲ ဒဏ်ပေးမယ်လို့လဲ တစ်ခါတည်းပြောလိုက်တော့ တပ်ထားတွေကလဲ အမေးမသိ အဖြေကြိးပဲကို နှုတ်တိုက် အလွတ်ကျက်ထားကြတာပေါ့ ။ ဒီလိုနဲ့ (2) လလောက်နေတော့ စစ်ဦးစီးချုပ်ကြီးနောက်တစ်ခါလာတဲ့ အခါမှာလဲ ထုံးစံအတိုင်း မေးခွန်းတွေကို မေးပါသတဲ့ ဒါပေမဲ့ ဒီတစ်ခါမှာတော့ စစ်ဦးစီးချုပ်ကြီးက ဘာဖြစ်လို့လဲ မသိဘူး မေးခွန်းတွေကို မေးနေကျပုံမဟုတ်ဘဲ ………………. ဒီမှာစစ်မူထမ်းတာဘယ်နှစ်၇ှိပြီလဲကစမေးခဲ့ပါတယ် အဲမှာ အဖြေကိုနှုတ်တိုက် အလွတ်ကျက်ထားကြတဲ့ တပ်သားလေးက …….25 years …………..တဲ့
စစ်ဦးစီးချုပ်ကြီးက စိတ်ထဲမှာ တစ်မျိုးဖြစ်သွားပင်မယ့် ဒုတိယမေးခွန်းကိုထပ်မေးခဲ့တယ် မင်းအသက်ဘယ်လောက်၇ှိပြီလဲ ဆိုတော့ တပ်သားလေးက
3 years တဲ့ ဒါနဲ့ စစ်ဦးစီးချုပ်ကြီးလဲ ဒေါသထွက်လာပြီး ဒါဆိုရင်တော့ မင်းကပဲ ရူးနေတာလားငါကရူးနေတာလားလို့ပြောလိုက်တော့ တပ်သားလေးက
Both sir လို့ဖြေလိုက်ပါတယ်တဲ့ … :) :) :)
ပုံပြင်လေးလဲ ပြီးသွားရော အိပ်ငိုက်နေတဲ့ နွယ်ပင်လဲ ရီရလို့ အိပ်ငိုက်ပြေပြီး အဲတော့မှ စာကိုကောင်းကောင်းပြန်သင်နိုင်တော့တယ် ………

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..