ဆရာသုမောင် ကို အားကျပြီး ရေးထားသော ကွမ်းပို ့စ်

မောင် ပေJune 29, 20111min10115

ယခု ရက်ပိုင်းအတွင်း ကွန်နက်ရှင် မကောင်းသည် ကို မြန်မာနိုင်ငံ နေ ရွာသူရွာသား များ သတိထားမိကြမည် ဖြစ်သည် ။ ထို ့အတူ မန်းဂေဇက် တွင် ပို ့စ် အလွန်တင်ချင်သူ ကျွန်တော့် တွင်တင်စရာ ပို ့စ်မရှိ ။  ထို ့ကြောင့် ဘာတင်လို ့တင်ရမှန်း မသိသည့် အတူတူ အွန်လိုင်းတက်ဖြစ်သည့် အချိန်ခဏ တွင် ရွာထဲ ရှိ ပို ့စ်များကို သာ လိုက်လံ ဖတ်မိနေခဲ့သည် ။ ကျွန်တော်သည် မန်းဂေဇက် ကို မဖတ်ရ မနေနိုင်အောင် စွဲနေမိသူ ဖြစ်မှန်းမသိ ဖြစ်နေသူ တစ်ဦး ။

4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။ ( ဘုန်းကြီး စာချသလို များ ဖြစ်နေမလား မသိ ) ဒါတွေ ပဲ တွေ ့နေရသည် ။ သူကြီး အနေဖြင့် ကော်ပီ ဖော်ဝပ်များ ကို  ပြင်းပြင်းထန်ထန် မနှိမ်မနှင်း မခြင်း ရွာထဲတွင် တွေ ့ရှိနေရဦးမည်သာ ။

ဆိုက်အက်ဒမင် သူကြီး က စာရေးချင်သူ များကို လမ်းညွှန်ထားသည်မှာ ` မတူသော အတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ ´ ဟု ဖြစ်သည် ။ ကျွန်တော် သည် သတင်းထောက် တစ်ဦး မဟုတ်ပါ ။ စာရေးဆရာ တစ်ဦးလည်း မဟုတ်ပါ ။ရိုးရိုးသားသား စီးပွားလုပ်ကိုင်ရှာဖွေ စားနေသူ တစ်ဦး ဖြစ်သည် ။ သို ့သော် စာဖတ် အလွန်ဝါသနာပါသူ တစ်ဦး ဖြစ်သည် ။ ထို ့အတူ တွေးမိသည့် အကြောင်းအရာ များ ကို ရေးလေ့ရှိသူ တစ်ဦး ဖြစ်သည် ။ အလုပ် အားသည့် အချိန်များ တွင် စာဖတ် စာရေး ခြင်း ဖြင့် ပျော်မွေ ့နေသူ တစ်ဦး ဖြစ်သည် ။ ဆယ်ကျော်သက် အရွယ် က မူ မဂ္ဂဇင်းတိုက်များ သို ့ပို ့ခဲ့ဖူးသော်လည်း တစ်ခါ မှ အရွေးမခံ ရဖူးပါ ။ ယခု မန်းဂေဇက် တွင် ရွာသား တစ်ဦး ဖြစ်ခွင့် ရပြီးချိန်မှ ၊ ပို ့စ်တင်လို ့ရသည် ဟု သိရှိပြီးချိန်မှ  တွေးမိသည် များ စဉ်းစားမိသည် များ ကို ရွာသူရွာသားများနှင့် ဝင်ဖတ်လေ့ရှိသူ များ ဖတ်လို ့ဖတ်ညား ဟု မျှော်လင့်ကာ ပို ့စ်လေး များ တင်မိခြင်းဖြစ်သည် ။ မန်းဂေဇက် တွင် ပို ့စ် မတင်မှီ အချိန် က မည်သည့် ဆိုက်တွင် မှ ပို ့စ် မတင်ဖြစ်ခဲ့ဖူးပါ ။ ကျွန်တော် မေးလ် စစ်ပြီး ပုံမှန် သုံးလေ့ရှိသည် မှာ www.torn.com နှင့် facebook ။ ကျွန်တော် တိုက်ပင်း ရိုက် ၊ ပက်ဘလစ်ရှ် လုပ်ပြီး အခါ ကျွန်တော် တင်လိုက်သော ပို ့စ်လေး တစ်ခု မန်းဂေဇက် ထဲ တွင် တွေ ့ရပြီ ဆိုလျှင် လွန်စွာ ဝမ်းသာကြည်နူးရသည် ။ တင်ထားသော ပို ့စ် အောက်မှာ ကွန်မင့်လေးများ တက်လာပြီ ဆိုလျှင် တော့ `  တိုင်း့၍ ယက်သည့် ပက္ကလာ ´ နယ်ပေါ့ဗျာ ။ အတိုင်းအထက်အလွန် ကြည်နူးရတာပေါ့ ဗျာ ။ မန်းဂေဇက်သည် ပို ့စ်တင်သူများအတွက် ကွန်မင့် ရမည် ဆိုလျှင် ၊ကျွန်တော် ရွာသား စဖြစ်ကာစ က ၈ဝ ကျပ် ၊ ယခု မူ ၅ဝ ကျပ် ပေးသည် ။ ထို ပွိုင့်များကို စုထားပြီး ၁ သိန်း ပြည့်လျှင် ထုတ်ပေးမည် ဟု ကြေငြာထားသည် ။ ကျွန်တော် ယုံပါသည် ။ သည် မန်းဂေဇက် တွင် ပို ့စ်တင်နေသူ ကွန်မင့်ပေးနေသူ အားလုံး သည် သူကြီးပေးမည့် ပိုက်ဆံ ထက် ၊ ကိုယ်တိုင် ရေးလိုက်ရသည် ့ ပို ့စ် ၊ ကွန်မင့် များကို ပိုမက်မော လို ့ ဝင်ရောက်ရေးသားနေသူ များ သာ ဖြစ်ရမည် ဟု ။ အဘယ်ကြောင့်နည်း ဆိုလျှင် မြန်မာနိုင်ငံ မှ ရွာသူ ရွာသားတော်တော် များများ သည် အင်တာနက် ကဖေးများ မှ သုံးနေသူ များဖြစ်နိုင်သည် ။ အချို  ့မှာ အလုပ်  ရုံးခန်းမှ အဆင်ပြေသည့်အချိန် ဝင်ရောက်သူများ ဖြစ်နိုင်သည် ။ အချို  ့က ကိုယ်ပိုင် လိုင်းချိတ်ကာ သုံးနေသူ များ ဖြစ်နိုင်သည် ။ သို ့သော် ကျွန်တော် တို ့မြန်မာနိုင်ငံ အနေအထားနှင့် ပြန် ချင့်ချိန်မည် ဆိုလျှင် ကိုယ်တိုင် လိုင်းချိတ်သုံးနေသူ ရွာသူ ရွာသား အရေအတွက် မှာ အနည်းငယ်သာ ရှိမည် ဟု ကျွန်တော် ထင်မိသည် ။ သူကြီး တို ့ပေးမည် ဆိုသော ပွိုင့် သို ့မဟုတ် ပိုက်ဆံ သည် တန်ဘိုးအားဖြင့် များစွာ မရှိသော်လည်း တင်မိသည့် ပို ့စ်အတွက် ကိုယ့်ပွိုင့်တိုးခဲ့လျှင် မည်သူမဆို ပျော်ရွှင်ကျေနပ်မိလိမ့်မည် ဟု ။ကျွန်တော် ့အနေဖြင့်လည်း စာများစွာ ရေးနိုင်ခဲ့သဖြင့် သူကြီးတို ့ပေးမည့် ငွေ တစ်သိန်း ကို ရခဲ့မည် ဆိုလျှင် ထိုပိုက်ဆံ ကို အလှူတစ်ခုခု လုပ်မည် ဟု ဆုံးဖြတ်ထားပါသည် ။ ဥပမာ ဆိုရလျှင် ကိုပေါက် မန်းတလေး ကိုကြည့်ပါ ။ သူ တင်ထားသော ပို ့စ်များကို ကြည့်မည် ဆိုလျှင် ခရီးသွား မှတ်တမ်းများ နှင့် ကိုယ်ပိုင် အတွေးအခေါ ်များ ။ ခရီးသွား မှတ်တမ်းရှူခင်းဓါတ်ပုံ များ ဆိုလျှင် ရသည့် ပွိုင့်နှင့် ပြန် ချိန်ကြည့်လျှင် မည်သို ့မျှ တွက်ချေ ကိုက်မည် မဟုတ် ။ သို ့သော် ကိုပေါက်သည် ရွာသူရွာသား များ အနေဖြင့် ဒီလိုနေရာ တွေ မှာ ဒီလို လှပတဲ့ ရှူခင်းတွေ ရှိပါကလား ဆိုတဲ့ လမ်းညွှန်ခြင်း ကို ဓါတ်ပုံ များနှင့် အဆက်မပြတ် တင်ဆက်ပေးနေသည် ကို တွေ ့နိုင်သည် ။ ဒါဟာ စာရေးသူ ပို ့စ်တင်သူ တစ်ဦး ၏ ကိုယ့် စာဖတ်သူ အပေါ ်ထားရှိသည့် စေတနာ ဆိုသည် မှာ သိသာသည် ။ ထို ့အတူ ကျွန်တော်သည်လည်း စဉ်းစားမိသမျှ သရော်စာ ကိုယ်တွေ ့အဖြစ်အပျက်များ ကို တင်ဆက်သွားပါမည် ။ ကျွန်တော် ၏ မဖြစ်ညစ်ကျယ် အရေးအသားလေး များကို ကွန်မင့်ပေးသည် ဖြစ်စေ မပေးသည် ဖြစ်စေ ၊ကျွန်တော့် ပို ့စ်ကို ဖတ်မိသွားသူ တိုင်း အတွက် တစ်စုံတစ်ခု သော အသိ ။ တစ်စုံတစ်ခုသော တွေးစရာ ။ တစ်စုံ တစ်ခု သော ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ကြိုးစား ရေးသွား မည် ဖြစ်ပါကြောင်း ဤ ပို ့စ် ဖြင့် တင်ကြို အကြောင်းကြားလိုက်ပါသည် ။

15 comments

  • kai

    June 29, 2011 at 8:40 pm

    အခု စမ်းနေတဲ့ ပွိုင့်စံနစ်သစ်အရ…
    မန်းတာတခုတက်ရင်.. မန်းသူက ၁ဝပွိုင့်ရပါတယ်..။
    ပို့စ်တင်သူပိုင်ရှင်က.. ၅ ပွိုင့်ရပါတယ်..။
    ဆိုတော့.. ကောင်းတဲ့ပို့စ်..လူတွေဆွေးနွေးတဲ့ပို့စ်မျိုးဆို.. မန်းတာအခု ၅ဝရဖို့မခက်ပါ..။
    ဆိုတော့…
    ပို့စ်တခုက… ၅ x၅ဝ = ၂၅၀+၅ဝ = ၃၀၀ဝွိုင့် ဖြစ်နိုင်ပါတယ်..

    ကောင်းတဲ့.. ဆွေးနွေးစေတဲ့ ပို့စ်တွေများများရေးနိုင်ကြဖို့..ရည်ရွယ်ပါတယ်..။
    ပို့စ်ပိုင်ရှင်က..ကိုယ့်စာတွေကို တာဝန်ယူ ဦးဆောင်ဆွေးနွေးရမှာဖြစ်ပြီး.. ပို့စ်ပိုင်ရှင်ကိုတော့..မန်းတာအတွက် ပွိုင့်မပေးပါ..။
    ကျန်မန်းတဲ့သူတွေကလည်း.. ပို့စ်တခုမှာ..တခုထက်ပိုမန်းရင်.. ပို့စ်တင်သူမူရင်းစာပိုင်ရှင်ကပဲ..၅ပွိုင့်ရတော့မှာဖြစ်ပါတယ်..။

  • MaMa

    June 30, 2011 at 2:00 am

    တော်ကာ ခေသူမဟုတ်။
    🙂

  • etone

    June 30, 2011 at 2:19 am

    ရွာသားကြီးရေ အားပေးပါတယ် … ကိုယ်ပိုင်အတွေ ့ကြုံ့ ဗဟုသုတ အသိပညာဖလှယ်လို့ ရမဲ့ စာတွေ များများရေးပါဦး ။

  • eros

    June 30, 2011 at 2:19 am

    ကောင်းပါတယ် အတွေးတွေ။ သူကြီးကိုလည်း အကြံပေးချင်တာက အမှတ် ၄ စည်းကမ်းကို ပိုထိရောက်စေချင်တာပါပဲ။ အမှတ် ၄ စည်းကမ်းမှာ ပြည်တွင်း မီဒီယာများက တိုက်ရိုက်ကူးတာပါ ထည့်ပေးစေချင်တာပါပဲ။

    • kai

      June 30, 2011 at 9:33 am

      ုပြည်တွင်းဂျာနယ်တွေ..သတင်းစာထဲကထူးခြားသတင်းတွေ နိုင်ငံတကာက မြန်မာတွေမဖတ်ဖြစ်ပါဘူး..။
      အဲဒါကြောင့်.. မြန်မာပြည်တွင်းဂျာနယ်၊သတင်းစာတွေက သတင်းတွေ.. ဆောင်းပါးတွေကို.. ကိုယ့်အတွေး..ဝေဖန်ချက်ထည့်ပြီး တင်တာမျိုးခွင့်ပြုချင်လို့ ဒီလိုမကန့်သတ်ထားတာပါ..။

      ဆိုတော့.. မိုးမခက လုပ်နေပုံမျိုးလေးတွေ.. အားလုံးကိုဖတ်ကြည့်ချင်တာပါ..။
      စာရေးသူဟာ… ဆိုင်ရာဂျာနယ်မဂ္ဂဇင်းက ပုံတွေ..စာတွေကိုပါ အထောက်အထားအဖြစ် ပြပြီးတင်ပေးထားပါတယ်..။
      တိုက်ရိုက်ဖတ်မရဘူးထင်လို့.. မိုးမခကပဲ.. ခွင့်မတောင်းပဲ ကူးတင်ပြလိုက်ပါတယ်..။ လေ့လာဖို့ပေါ့..။ 🙂
      http://moemaka.com/index.php?option=com_content&task=view&id=9274&Itemid=1
      ဆိုးညီအစ်မ၊ ဝေဠုကျော်အတွက် ဆုံးမစကား နှင့် ဂျာနယ်ဖြတ်စများ
      နွားကျောင်းသားကိုဝင်း
      ဇွန် ၂၉၊ ၂၀၁၁

      စိုးပြည့်သဇင်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်

      ဂီတလုလင် မောင်ကိုကို အမှတ်တရ (အလင်းတန်း ဂျာနယ်၊ ဇွန် ၂၀)

      ဂီတလုလင် မောင်ကိုကို အမှတ်တရ မြန်မာ့ဂီတ နှီးနှောဖလှယ်ပွဲ၊ ဖျော်ဖြေပွဲတွေ ဒီလကုန်ပိုင်း လုပ်ကြမယ် တဲ့။ ဘာတွေ လုပ်ကြမယ် ဆိုတာ ဖော်ပြထားသလို ဆရာကြီးရဲ့ အနုပညာ ဖြတ်သန်းမှုကိုလည်း အနည်းအကျဉ်း ဖော်ပြထားပါတယ်။

      ပြည့်တန်ဆာလုပ်ငန်း တရားဝင် ခွင့်ပြုကြမလား (မြန်မာပို့စ် ဂျာနယ်၊ ဇွန် ၂၉)

      အင်မတန်ကောင်းတဲ့ စိတ်ကူး အဲ အင်မတန်ကောင်းတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဒါကို ဥပဒေပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဖတ်ကြ စဉ်းစားကြပါ၊ အများပြည်သူကလည်း သူတို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး သင့်တော်သလို တိုက်တွန်းကြပါ လို့ ရေးမထားပါ။ အဲဒီလို ရေးရင် ဆင်ဆာ ထိနိုင်မယ်လို့ ယူဆပြီး ဘရိတ် အုပ်လိုက်ဟန် တူပါတယ်။

      ဝေဠုကျော်အတွက် ဆုံးမစကား (နံနက်ခင်း ဂျာနယ်၊ ဇွန် ၂၂)

      ကလေးတွေကို ရတနာ မဆင်နဲ့ တဲ့။ အဲဒီလို ဆုံးမစကား ကြားဖူးမှာပါ။ မသမာသူတွေရဲ့ ပစ်မှတ် ဖြစ်တတ်လို့လေ။ ခုတော့ ဒီဆုံးမစကားက ဝေဠုကျော်တို့လို မင်းသား မင်းသမီးတို့အတွက် ဖြစ်နေမလား။

      သက်မွန်မြင့် ဪ – သက်မွန်မြင့် (အလင်းတန်း ဂျာနယ်၊ ဇွန် ၂၀)

      ချစ်စရာကောင်းလွန်းသော သက်မွန်မြင့်ကို ပြေတီဦးနဲ့ တွဲပြီး တွေ့ရပါတယ်။ ဒီမင်းသမီးလေးက အသည်းကွဲနေတယ် ဒါမှမဟုတ် အသည်းလိုက်ခွဲနေတယ် စသဖြင့် စသဖြင့် လက်ဘက်ရည်ဆိုင် သတင်းတွေတော့ ကြားနေရတာ ကြာပါပြီ။

      ဖြစ်သင့်တာက ဂျာနယ်ပေါင်း ၁၀ဝ ကျော်ထဲက တချို့ဟာ ဒီမင်းသမီး ဘယ်သူနဲ့ မတွဲတော့ဘူး၊ ဘယ်တုန်းက ဘာကြောင့် မတွဲတော့တာလည်း ဆိုတာတွေကို ရေးကြရင် ကောင်းမယ် ထင်ပါတယ်။ ဒါဆို စောင်ရေလည်းတက်၊ ဒါတွေ သိချင်တဲ့ ပရိသတ်မျိုးလည်း စိတ်ချမ်းသာမှာပါ။ ခုတော့ မင်းသမီးက ဘယ်သူနဲ့တွဲနေ ဘာညာ ဆိုတာ ပရိသတ် မသိရပါ။ ရှင်းရှင်းရေးကြစမ်း ဒါမှမဟုတ် နည်းနည်းပါးပါး ဖွင့်ချကြစမ်းပါ ဆရာ စာနယ်ဇင်းသမားတို့ရာ။

      (အင်း – ကျနော်ကလည်း အမကြီး သက်မွန်မြင့်ရဲ့ အမာခံ ပရိသတ်ပါ)

      နွဲ့နွဲ့မူ နာရေး သတင်းများ

      တချိန်က ထင်ရှားတဲ့ မင်းသမီးရဲ့ နာရေးသတင်းတွေ စုစည်းပေးလိုက်ပါတယ်။ ဂျာနယ်များမှာ ဒီအကြောင်း ဘယ်လို ရေးကြတယ် ဆိုတာ လေ့လာလိုသူတွေ နဲ့ နွဲ့နွဲ့မူရဲ့ ပရိသတ်များ အတွက်ပါ။

      ဆိုးညီအစ်မ

      နံနက်ခင်းဂျာနယ်မှာ အဲဒီလို ရေးထားတာပါ။ ဆိုးညီအစ်မ တဲ့။

      စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာ၊ စိုးမြတ်နန္ဒာ ဆိုတဲ့ မင်းသမီးညီအမတွေက ဘယ်လောက်တောင် ဆိုးနေသလဲ။ ထပ်ပြောရရင် မင်းသမီး မင်းသားလောက အတင်း သတင်းတွေက ဘယ်သူမှ ပွင့်ပွင့်လင်းလင်း ရေးလေ့မရှိတာကြောင့် ပရိသတ်ခမျာ မသိရရှာပါဘူး။ (နာမည် ၂ လုံးနဲ ့ မင်းသားက နာမည်မှာ ကြာသပတေးနံနဲ့ အစပြုတဲ့ မင်းသမီးချောကြောင့် အသည်းကွဲနေပြီလို့ အတိအကျ သိရပါတယ် ဆိုတဲ့ ပေါက်ကရ အရေးအသားမျိုး ထပ်မတွေ့ရတာကိုပဲ ကျေးဇူးတင်ရမလိုပါ။)

      စိတ်ဝင်စားဖို့ ကောင်းတာက နံနက်ခင်းဂျာနယ် အတွင်းစည်းထဲမှာ ဆိုးညီအမ အဲ စိုးညီအမ ပါဝင်နေတာပါ။ စိုးမြတ်ကလျာရဲ့ တာဝန်က နံနက်ခင်းဂျာနယ်မှာ အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။

      စိုးမြတ်သူဇာ တုံ့ပြန်ပြီ (အလင်းတန်း၊ ဇွန် ၂၇)

      ဆိုးမြတ်သူဇာ အဲ စိုးမြတ်သူဇာ ချေပ ပါပြီ။ “စလုံးနဲ့ ရေးတယ် ဆိုတာ တစ်တိုင်းပြည်လုံး သိတယ်။ အသုံးမကျဘူးလား” တဲ့။ ဒီတပတ်ထုတ် အလင်းတန်းဂျာနယ်မှာ ပြန် ပက်လိုက်တာပါ။

      “မြန်မာစာလုံးပေါင်း သတ်ပုံကို သေချာ မပေါင်းတတ်ဘူးလား” လို့လည်း ပြန် ကော လိုက်ပါတယ်။

      စိုးတို့လောကမှာ ဘာတွေများ ပဋိပက္ခ ရှိနေပါလိမ့်။ “တမင်သက်သက် ရေးတယ် ဆိုတာ သိတယ်၊ အံ့ဩပြီးရင်း အံ့ဩရင်းပဲ” တဲ့။

      ဒီလိုဖြစ်ရပ်မျိုး ရှိနေတာကို လက်တို့လာတဲ့ သူငယ်ချင်းတယောက်က ခုလို ဆိုပါတယ် –

      လူဆိုတာ.. ကလိတိတိ နဲ့ ဟိကနဲဖြစ်သွားအောင် ရေးထားတာမျိုးဆို .. နှစ်သက်တတ် ဖတ်တတ်ရတဲ့ အပေါ်.. စီလီဘရစ်တီ.. လို့ခေါ်တဲ့ နာမည် တလုံးနဲ့ ကောင်းတာနဲ့ပဲ ဖြစ်ဖြစ် ဆိုးတာနဲ့ပဲ ဖြစ်ဖြစ် ထင်ပေါ် ကျော်ကြားသူများ အကြောင်းတွေကို ..မထိတထိ ကလိထားတာမျိုး များ တွေ့လိုက်ရလို့တော့ကတော့.. အင်း.. မျက်လုံးကို စိုက်ကနဲဖြစ်သွားအောင် ကြည့်တတ် ဖတ်တတ် ဟားတတ်ကြ ပါတယ်..။

      ဖေဖော်ဝါရီ စိုးမြတ်ကလျာ မင်္ဂလာဆောင်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံများ (ဂျာနယ်အမည် မှတ်မထားမိ)

      ခုလဲ ဆိုးညီအစ်မ လို့ မထိတထိ ကလိခံရတဲ့ အပေါ် မချိတရိ.. နဲ့ ပြန်ပက်ထားတဲ့ စိုးစိုး အကြောင်းကို အလင်းတန်း ဒီအပတ်ထဲမှာ ဖတ်ရလေရဲ့..။ ဂလို ဖြစ်ရခြင်း အကြောင်းရင်းကတော့ နံနက်ခင်း ၁၅-၀၆-၁၁ ထဲက သတင်းလေးပါဘဲ..။ အံ့ဩောစရာကောင်းတာက.. နံနက်ခင်း ဆိုတာ စိုးစိုးရဲ့ မတ်တော်မောင် အရင်း ခေါက်ခေါက် ဇန်ဇန် က အယ်/ချုပ် ဖြစ်နေတာပါပဲ..။ ကိုင်း.. ဟားလိုက်ကြရအောင်။

  • နွယ်ပင်

    June 30, 2011 at 2:49 am

    ကောင်းပါလေ့ windtalker ရယ်
    ်ပိုစ့်ကို ဖတ်မိသွားသူတိုင်း အတွက် တစ်စုံတစ်ခုသော အသိတွေ တစ်စုံတစ်ခုသော တွေးစရာတွေ တစ်စုံတစ်ခုသော ဗဟုသုတတွေရရှိစေဖို့ ရည်ရွယ်ပြီးရေးသွား မယ်ဆိုတဲ့အတွက် စောင့်မျှော်နေပါတယ်…

  • weiwei

    June 30, 2011 at 6:42 am

    ခေါင်းစဉ်ကို ကြည့်ပြီး ဝင်ဖတ်လိုက်တာ …
    တော်ကာကြီးဖြစ်နေတယ် …
    မတူသောအတွေးတွေ ရေးတာကို စောင့်ဖတ်နေပါ့မယ်. ….

  • pan pan

    June 30, 2011 at 9:20 am

    ရေးပါရှင်
    အားပေးနေပါတယ်
    ကိုယ်တွေ့ အလွဲအချော်လေးတွေလည်း ရေးပေးပါ (မနွယ်ပင်ရဲ့ မှားတဲ့အခါလည်း မှားပေမပေ့ါလိုမျိုး) 🙂

  • ဆူး

    June 30, 2011 at 9:40 am

    ရွာထဲကို လူသစ် ဝင်လာရင် အမြဲတမ်း အားပေးချင်တဲ့ စိတ်ရှိတယ် ကောင်းသော် ရှိ မကောင်းသော်ရှိ.. ကိုယ်ချင်းစာပါတယ် စိတ်ကူးပြီး ပိုစ် ဖြစ်အောင် တင်ဖို့ ဆိုတာ တောယုံ တွေးပြီး စိတ်ကူးနဲ့ ရေးဖို့ မဖြစ်နိုင်ဘူး။ အကြောင်းအကျိုး ဆက်စပ်မှု ရှိမှ ပိုစ် တခု အနေနဲ့ ဖြစ်လာတာပါ။
    ကိုယ်တိုင် စ ပြီး ရေးခါစမှာ ကွန်မန်းလေးတွေ မြင်ရရင် သိပ်ပျော်တယ် အဲဒီ အတွက် အသစ်လာတဲ့ လူတွေကို အမြဲတမ်း လက်ခုပ်တီးပေးတယ်။ စေတနာ စော်ကားတဲ့ ပိုစ်တင်တဲ့ လူတွေ လည်း ကြုံဖူးတယ် ဒါမျိုးဆိုရင်တော့ လုံးဝကို ဝင်မမန်းတော့ပါဘူး။ ရွာထဲမှာ ကျားမ မရွေး သင့်တော်သလို ကြံဖန်ပြီး မန်းပေးတယ်။ အားလုံးကို ပျော်ပျော်ရွင်ရွင် လက်တွဲ ခေါ်ချင်တဲ့ စိတ်ကူးနဲ့ မန်းပေးတာ များပါတယ်။ တခါတရံ စနောက်မိတာလည်း ရှိတာပေါ့။ နစ်နာစေချင်တဲ့ စိတ်တော့ မဟုတ်ပါဘူး သူများကို ခိုးလိုးခုလု နဲ့ အသည်းယားအောင် ပြောင်နောက်ချင်တာ ဝါသနာ တခုလို ဖြစ်နေလို့ပါ။ ဒါကြောင့် မောင်ပေ ခေါက်ဆွဲကြော် နဲ့ အချဉ်နဲ့ စားခဲ့ရတာ ဖြစ်ပါတယ်။

  • windtalker

    June 30, 2011 at 10:05 am

    ရပါတယ် ဖွားဆူး အဲ့လို ခေါက်ဆွဲကြော် နဲ ့အချဉ် နဲ ့ကျွေးတာကို မြင်ရရုံ နဲ ့တင် ဖွားဆူး စေတနာတွေ ကို သိမြင်ခဲ့ရပါပြီ ။ နားလည် ခဲ့ရပါပြီ ။ ဟီဟိ

  • fatty

    June 30, 2011 at 10:17 am

    MG ကိုစွဲပြန်ပြီတဲ့လား …… ကြိုဆိုတယ်ဗျာ … ဇွဲရှိဖို့တော့လိုမယ် ..။

  • captainamerica

    June 30, 2011 at 12:16 pm

    ဆက်သာရေးပါဗျို. အားပေးနေပါတယ် ကိုတော်ကာ

  • nature

    June 30, 2011 at 5:46 pm

    MG မှာအတွေ့အကြုံလေးတွေဖလှယ်ရတာပေါ့။

  • intro

    July 3, 2011 at 1:43 pm

    MG… MG… မစွဲမကောင်း၊ စွဲမကောင်းထဲမှာ သူလဲ ပါတယ်…

  • pooch

    July 3, 2011 at 2:09 pm

    အားပေးပါတယ်..ဆက်လက်ချီတက်ပါ…

Leave a Reply