လောကဓံရှစ်ပါး နှင့် “ခ ” ၃လုံး

sandawchainJune 29, 20111min1976

ဆရာတော်ဦးဇောတိက .တစ်ခါက တရားတစ်ပုဒ်မှာ ” လောကမှာ လူရယ်လို.ဖြစ်လာရင် အရေးအကြီးဆုံးက လူပီသဖို.ပါပဲ” လိုဟောကြားခဲ့ဘူးပါတယ်။ လူ ့ရဲ.အဖြစ်ဟာလောကဓံ အပေါ်မှာတုံ ့ ပြန်မှုမှားယွင်း ရာကနေ လျှောကျ တတ်ပါတယ်။ လောကဓံ၈ပါးက

၁။ လာဘ်ရခြင်း

၂။ လာဘ်မရခြင်း

၃။ အချွေအရံ ပေါများခြင်း

၄။ အချွေအရံ နည်းပါးခြင်း

၅။ ချမ်းသာခြင်း

၆။ ဆင်းရဲခြင်း

၇။ ချီးမွမ်းခြင်း

၈။ ကဲ့ရဲ့ခြင်း တို့ပါပဲ။

လောကဓံ၈ပါး နှင့်ကြုံလာတိုင်း အစဉ် ဆောင်ထားအပ်တဲ့ “ခ ” ၃လုံးကို စကားလက်ဆောင်ပါးချင်ပါတယ်။ “ခ”  ၃လုံးက

ခံနိုင်ရည်ရှိ ခြင်း၊

ခွင့်လွှတ်ခြင်း၊

ခံစားမှုနောက်မလိုက်ခြင်းတို ့ပါပဲ။

6 comments

  • akswe

    June 29, 2011 at 5:58 pm

    Thank you very much for reminder , I been blue for a while and these words encourage me . Cheers sandawchain.

  • shwe ni

    June 29, 2011 at 10:04 pm

    စံတော်ချိန်ရေ ကျေးဇူးပါ ။ အမြဲစိတ်ထဲထားသင့်ပေမဲ့ မေ့မေ့နေတတ်တာပါ

  • MaMa

    June 30, 2011 at 1:48 am

    စံတော်ချိန် ရေ- ချိန်တော်မှီပါပဲ။ စိတ်ဓာတ်ကျနေသူတွေအတွက် အားဆေးတစ်ခွက်ပါ။ စိတ်ဖြေနိုင်ဖို့အတွက် နည်းလမ်းကောင်းတစ်လက်ပါပဲ။

  • nature

    June 30, 2011 at 2:13 am

    ခံနိုင်ရည်ရှိ ခြင်း၊ခွင့်လွှတ်ခြင်း ရှိဘို့ ယောနိသာမနသီကာရဆိုတဲ့ အကောင်းမြင်ဝါဒ လိုမယ်ထင်ပါတယ်။

  • pan pan

    June 30, 2011 at 10:01 am

    လောကဓံက ၈ပါးဆိုပေမယ့် လိုတာက “ခ” ၃လုံးပဲနော်
    လူတွေက အဆိုးနဲ့တွေ့မှ ဒုက္ခရောက်မှ လောကဓံလို့ပြောကြတယ်
    တကယ်က လောကမှာကြုံတွေ့ရတဲ့ အကောင်းအဆိုးမှန်သမျှက လောကဓံပဲ
    ကောင်းတာကို ခံနိုင်ရည်မရှိလို့ ဘဝပျက်သွားတဲ့လူတွေ အများကြီးပဲ

  • ဆူး

    June 30, 2011 at 10:22 am

    ကောင်းခြင်း ဆိုးခြင်း စတဲ့ လောကဓံ ၈ပါးကို မတုန်မလှုပ် ကြံကြံခံ နေနိုင်ဖို့ အတွက်ဆိုရင် မြေကြီးလို စိတ်မျိုးထားရမယ်တဲ့..
    မြေကြီးပေါ် မွှေးကြိုင်သော ပန်းကလေးများ ကျလာလည်း မတုန်မလှုပ် နံစော်သော မစင်များ ကျလာလည်း မတုန်မလှုပ် တူးစွ ဖဲ့ရွဲ့ စုပုံ ခံထား နေရလည်း မတုန်မလှုပ်
    ထိုကဲ့သို့ ဘယ်အရာကိုမှ မတုန်မလှုပ် စိတ်မျိုး ထားခြင်းကို လောကဓံ ခံနိုင်ဆေး လို့ ခေါ်ပါတယ်။
    ကြားဖူးနားဝ မှတ်သားဖူးတာ စံတော်ချိန် ရဲ့ ပိုစ်ကို ဆွေးနွေးပေးလိုက်တာ ဖြစ်ပါတယ်။

Leave a Reply