ဝိညာဉ်တစ်ကောင်ရဲ့ …ပုံပြင်။။။

ဝိညာဉ်တစ်ကောင်ရဲ့ …ပုံပြင်။။။(ဖြစ်ရပ်မှန်အားအခြေခံရေးဖွဲ့ပါသည်)

ကျွန်တော့နာမည် ခင်မောင်သန်း……..
အသက်လား အရင်ကတော့ သုံးဆယ့်နှစ်နှစ် အခုတော့မသိတော့ဘူး……..
နေတာက ဝေါ မြို့နယ် အဗျားထမင်းဆိုင် ရွာစွန်နားက လယ်တဲလေးထဲမှာနေတာ…….
အလုပ်ကတော့ရိုးရိုးတောသူတောင်သားလယ်သူရင်းငှားပဲလုပ်တယ်……
အရက်လား..သောက်တာပေါ့ဗျာ….ညနေတိုင်းသောက်တယ်……..
မိန်းမလည်းရှိတယ်လေ သားလေးကတစ်ယောက် ရှေ့နှစ်ဆိုကျောင်းတက်ရတော့မှာ…….
အိမ်ကိုလား   အောင်မယ်လေး သတိယတာတော့မပြောပါနဲ့တော့………
မိသားစုဆီလား  ပြန်ချင်တာပေါ့ အခုတော့ဆရာတော်က ဒီမှာပဲနေတော့တဲ့ဗျ…….
ကျွန်တော်ဒီသစ်ပင်ပေါ်ရောက်နေတာလား..အော် ..ဒါက ဒီလိုဗျ……..
။။။။။။တစ်ညတော့ဗျာ။။။။။။။
—ဝေါ…..ဝေါ……ဂျိမ်း….ည ကိုးနာရီဆိုပေမယ့်မိုးမှောင်ကျနေလို့လားမသိ
အမှောင်ထုနဲ့အတူ ညဉ်ကပိုနက်နေသလားထင်ရတယ်။။။။။။
ရွာစပ်က အရက်ဆိုင်ကုတ်ကုတ်လေးထဲမှာကတော့….ဘက်ထရီ မီးချောင်းလေရဲ့ အလင်းရောင်ဟာ မိုးမှောင်ကိုအံတုလင်း
လက်နေပါတယ်။။။။။။။။
။။။။။။ဆိုင်လေးအတွင်းမှာတော့******
****ဟာမိုးကလည်းကောင်းပါ့ကွာ…ဒီတစ်လုံးကုန်ရင်တော့ပြန်မယ်ခင်အောင်ရာ****
အရက်ခွက်ကိုမျက်နှာကြီးရှုံ့မဲ့ပြီး သောက်လိုက်တဲ့ခင်အောင်ကိုကြည်ပြီး ပြောလိုက်တာပါ
အရက်ဆိုင်ရဲ့အပြင်ဘက်မှာတော့မိုးကသည်းကြီးမဲကြီးရွာကောင်းနေပါတယ် တစ်ချက်တစ်လေအဝှေ့မှာ
အရက်ဆိုင်တဲလေး အတွင်းကို မိုးရေးစက်တို့က ဝင်ရောက်ရိုက်ခတ်လျှက် …….
****အေ့  ….အင်းပါအကိုရာ..မိုးလည်းရွာနေတာပဲ တိတ်မှပြန်ကြတာပေါ့****
****ဟာ မဖြစ်ဖူးကွ …ငါ့တဲမှာ အခုလောက်ဆိုမိန်းမနဲ့သားကကြောက်နေလောက်ပြီ
မင်းကရွာထဲတင်နေတာ  ငါကရွာစွန်ကွင်းစပ်မှာကွ လေတိုက်လို့ တဲ အမိုးတွေလန်ကုန်ပြီလားမသိဘူး****
****အင်းပါအကိုရာသောက် ပြီးရင်ပြန်ကြမယ်****
****အေး လုပ် ချကွာ****ရှေ့ကအရက်ခွက်ကိုကောက်မော့အပြီး အမြည်းဖြစ်တဲ့ သံပုရာသီးစိတ်လေးကိုငံပြာရည်နဲ့
တို့မြည်းရင်း  ခင်မောင်သန်း လက်စသပ်လိုက်ပါတယ်။။။။
****တစ်စိတ်လောက်ကျန် နေသေးတာ  အကိုလည်း နည်းနည်းမျှချဗျာ*****
အင်းမြန်မြန်ဖြတ်မှ မဖြတ်ရင် မဖြစ်  ဒီကောင်ဆက်ရစ်နေအုံးမှာ
****အေး   ပေးကွာ ****** ရေမရောပဲမော့ချလိုက်ပြီး ****ဦးဝတုတ် ရေ ဘယ်လောက်ကျလဲဗျဒီမှာ
လာရင်းနဲ့ သံပုရာသီးလေး တစ်စိတ်လောက်ပါ  ဆွဲခဲ့ပါအုံး…*****
****အေးလာပြီဟေ့ မိုးကောင်းတော့ငါလည်းဆိုင်စောစော ပိတ်မယ်ကွာ*****
။။။။ဆိုင်ပြင်ဘက်ရောက်တော့ တစ်ခွင်တစ်ပြင်လုံးမဲမှောင်လို့ ကားလမ်းတစ်ဘက်က မိမိတဲရှိရာ မျှော်ကြည့်လိုက်တော့
မိုးမှောင်ကြီးအောက်မှာ တဲဘက်ကမီးရောင်လက်လက်ကိုလှမ်းမြင်နေရတယ် အင်း.. မိန်းမနဲသားမအိပ်ကြသေးဘူနဲ့တူတယ်
****ကဲ   ခင်အောင် မင်းလဲရွာထဲဝင်တော့ …ငါ့ခမောက်ဆောင်းသွားမလား*****
****ရပါတယ်  အစ်ကိုရာကျွန်တော်မှာ ပလပ်စတစ် မိုးကာခြုံသွားလိုက်မယ်*****
****အေးပြီးရော….ငါသွားပြီး***
ခင်အောင်လည်းယိုင်ထိုးယိုင်ထိုးနဲ ရွာထဲဝင်သွားတာကို တစ်ချက်လှည့်ကြည့်ပြီး လယ်ကွင်းစပ်ကိုဆင်း ကားလမ်းကိုဖြတ်
တက်ဘို့ထွက်လာတယ်ဆိုရင်ပဲ။။။မိုးဟာပိုသဲလာသလို  လေကလည်းပိုကြမ်းလာပါတယ်…သောက်ထားတဲ့အရှိန်နဲ့ရီဝေဝေ
ဖြစ်နေပေမယ့် နေ့စဉ်လိုလို အရက်ဆိုင်ကနေအိမ်ပြန်တိုင်း ဒီလယ်စပ်ကလေးကနေဖြတ်ပြန်နေကြ တစ်ခါမှချော်လဲတာတောင်
မဖြစ်ဖူးဘူး။။
ခေါင်းက ခမောက်ကိုလက်နဲဖိရင်း ခပ်သုတ်သုတ်ကားလမ်းဘက်ကို တက်လာလိုက်ပါတယ်။။။။
။။။။အင်း  ရောက်ပြီ ကိုင်းပင်စုစုလေးတွေကြားက ခြေလမ်းလေးအတိုင်ကားလမ်းပေါ်တက်လိုက်ပါတယ်  ကားလမ်းပေါ်ရောက်မှပဲ
အမြင့်ပိုင်းဖြစ်လို့သားမသိ လေက ပိုကြမ်းနေသေးတယ် မိုးကလည်းမှောင်နေတာပဲ တစ်ချက်တစ်ချက် လျှပ်စီးရောင်နဲအတူ
ကားလမ်းတစ်လျှောက်ကြည့်လိုက်တော့ရှင်းလို့။။။။ဒါပေမယ့်  တစ်ချက်တစ်ချက် လက်နှိပ်မီးရောင်ကိုတော့ ကားလမ်းပေါ်မှာတွေ့
လိုက်သလိုပဲ
****အင်း    ဖားရှာတဲ့သူတွေပဲနေမှာ….****
ကားလမ်းပေါ်ကနေ တဲဘက်ကိုသွားဘို့  ကန်သင်းဘောင်နားရောက် အောင်  ဓါတ်မီးတိုင်တစ်တိုင်စာလောက် ကားလမ်းအတိုင်း
လျှောက်ရသေးတယ်
ကားလမ်းအတိုင်းဆက်လျှောက်လာရင်း မျက်နှာ အရှေ့ဘက်က ဆောင့်တိုက်လိုက်တဲ့လေတစ်ချက်အဝှေ့ မှာ ခေါင်းကခမောက်က
ကားလမ်းမထက်ဆီ
လွင့်ထွက်သွားလို့ မိုးမှောင်ကြီးအောက်မှာလွင့်သွာတဲ့ ခမောက်ပြန်ကောက်ဘို့ လမ်းပေါ်အတက်။။။။။
************ကျွီ…….ကျွီ……ကျွီ . ….ဟာဟာ …….တိုက်ပြီဟ***************
*****ဟာ *****။။။ခမောက်ကို ကောက်ဘို့လက်အလှမ်း ကြားလိုက်တဲ့ အသံနဲ့အတူ ကျွန်တော့ အရှေ့က ခမောက်လေးဟာလည်း
ကားဘီးအောက်မှာ
ပြားကပ်လို့သွားပါတယ် …ကိုယ်ခန္တာရဲ့နေရာအနှံအပြားက နာကြင်မှု့အချိုခံစားလိုက်ရသလိုရှိပေမယ့် ခဏခြင်းအသိလွတ်သွားသလို
မေ့ကနဲဖြစ်သွားပြီး  ချက်ချင်းအသိနဲ့နောက်ကိုအဆုတ်မှာ ဖင်ထိုင်ရက်လဲသွားတဲ့ ကျွန်တော် ချက်ခြင်းပဲပြန်ထလိုက်မိတယ်
အရက်မူးနေတာလေးတောင်ပျောက်သွားသလိုပဲ ခေါင်းထဲမှာတော့ မိုက်ကနဲ။။။။။ကျွန်တော့ကိုကျော်ပြီး ရပ်တန့်သွားတဲ့
ကုန်တင်ကားကြီး။။။။
။။။။ဒီလူတွေကွာ မီးမထွန်းပဲနဲ့  လက်နှိပ်မီးထိုးပြီး မောင်းလာကြတာကိုး*******တော်သေးတာပေါ့*****
ခမောက်ကတော့ပျက်စီးသွားပါပြီ  ခမောက်လေးတစ်လုံးအတွက် ပြသနာမဖြစ်ချင်တာနဲ့ ဆက်ပြီးထွက်လာခဲ့တယ် ကားပေါ်က
လူတွေကတော့ကားအောက်ဆင်းပြီးဘာတွေအော်လို့ ဘာတွေရှာနေတယ် မသိဘူး လက်နှိပ်မီးရောင် ဝင်းဝင်းကိုလှမ်းမြင်ရပေမယ့်။။။
မိုးသံလေသံကြောင့်သဲကွဲစွာမကြားရတာလဲပါတာပေါ့ သူတို့ကိုဂရုမစိုက်အား  အခုမှအိမ်ပြန်ချင်စိတ်က ပိုမိုကြီးစိုးလာလို့
ကန်သင်းလမ်းလေး အတိုင်းမပြေးရုံ
တစ်မယ် တဲဘက်ကိုထွက်လာခဲ့မိပါတယ်။။။။။။။။
မိုးကလဲ ကောင်းလိုက်တာ…လျှပ်စီးတွေကလည်းလက် ..အင်းတဲနားတောင်ရောက်တော့မယ်…အပြေးတစ်ပိုင်းသာလျှောက်လာခဲ့တာ
မြေကြီးနဲ့ခြေထောက်ထိတယ်လို့ကိုမထင်တာ  အရက်မူးလဲပြေသွားသလိုပဲ****အိမ်ပြန်ချင်စိတ်ကြောင့်ဖြစ်မယ်*****။။။။။။။
****မိန်းမရေ…..ဟေ့မိန်းမ …အိပ်ကြပြီလားဟ****
တဲနဲ့ဝါးတရိုက်အကွာမှာတော့ ကျွန်တော်ပြန်အလာကိုစောင့်နေရှာမယ့်  မိန်းမကိုလှမ်းအော်ခေါ်လိုက်တယ်ဆိုရင်ဘဲ…….
ကျွန်တော်အချစ်ဆုံး
ကြွက်လိုက်ကောင်း ကြောင်လိုက်ကောင်းတဲ့ခွေးနှစ်ကောင်  တိုးပွားနဲ့ညိုကြီး တဲအတွင်းကပြေးထွက်လာပါတယ်   တဲရှေ့
အပြင်ထိပြေးထွက်လာပြီးမှ
ကျွန်တော့အနားကိုရောက်ဘို့ ခြေဆယ်လှမ်းခန့်အလိုမှာ ရပ်တန့်သွားပြီး ကျွန်တော့ကိုတွေတွေကြီး စိုက်ကြည့်ကာ ငြီးသံပြု
နေကြပါတယ်
****ဟာဒီကောင်တွေလာတောင်မကြိုဘူး လာလာသားကြီးတို့*****
ကျွန်တော်ရှေ့အတိုး ဒီကောင်ကြီးတွေနောက်ဆုတ်နောက်ဆုတ်နဲ့ တဲဘက်ကိုပြေးဘို့ခြေလှမ်းပြင်နေကြပါပြီ သူတို့အရင်ကဒီ
လိုမဟုတ်.. ကျွန်တော်ညနက်မှ ပြန်လာလဲပလူးပလဲကြိုနေကြ  ဖက်တက်တဲ့ကောင်ကတက် အခုတော့ဒီလိုမဟုတ်
တစ်ခုခုတော့တစ်ခုခုပဲ ဘာများဖြစ်နေကြလဲမသိဘူး
****ဟာဟေ့ကောင်တွေလာလေ**** ခေါ်သံအဆုံးမှာတော့ ဒီနှစ်ကောင်ကျွန်တော့ကို ထိုးဟောင်တဲ့ကောင်ကဟောင်
အူတဲ့ကောင်ကအူနဲ့တဲအတွင်းဘက်ပြန်ပြေးဝင်ကာတဲအဝင်အပေါက်စပ်က နေ မရပ်မနားဟောင်ကြပါတော့တယ်။။။။။။။
****တယ်  ဒီနှစ်ကောင် အထဲရောက်မှမှတ်လောက်အောင်ဆုံးမရမယ်*****
ထိုစဉ်မှာပဲ….ကျွန်တော့မိန်းမဖြစ်သူ တဲအပြင်ဘက်ကို တုတ်တစ်ချောင်း ကိုင်ကာဓါတ်မီးတစ်လက်နဲထွက်လာပြီ …
ကျွန်တော်ရပ်နေရာလယ်ကန်သင်းလမ်းလေးအတိုင်း မီး ထိုးပြီရှာဖွေနေပါတယ် ခွေးနှစ်ကောင်ကတော့အဟောင်မပျက်ပါ။။။
***ဒီမိန်းမ လူတစ်ယောက်လုံးရပ်နေတာတောင်မမြင်ဘူး*****
***မိန်းမရေ ငါဒီမှာဟ ***  ကြားပုံမပေါ်တာနဲ့ အသံကိုထပ်မြှင့်အော်ပေမယ့်…တဲရဲ့ပတ်ချာလည်သာ လိုက်ပြီးနှိပ်မီး နဲ့
ထိုးကြည့်နေပြီးကျွန်တော့ကိုတော့တွေပုံမပေါ်  ။။။။။ကျွန်တော့မိန်းမဟာ တဲပါတ်ဝန်းကျင်ကိုစိတ်ချသွားပုံနဲ့…..
***အောင်မယ်တဲထဲတောင်ပြန် ဝင်သွားပြီ****
မထူးပါဘူးတဲထဲပဲလိုက်ဝင်သွားတော့မယ် သိပ်မဝေးတော့တဲ့   တဲထဲကို လမ်းလျှောက်အသွား   တဲနဲ့နီးလာလေ  တိုးပွားနဲ့ညိုကြီး
နေစရာမရှိအောင်ဟောင်လိုက် တဲထဲပါတ်ပြေးလိုက်ဖြစ်နေကြပါတော့တယ်….တဲတံစက်မြိတ်ကိုငုံအဝင်။။။။။
။။။။။။ဖြောင်း ။။။။။******အောင်မလေးဗျ******
တစ်စုံတစ်ယောက်ကမျက်နှာကိုဖြတ်ရိုက်  လိုက်လို့   ကျွန်တော်ဟာ တဲနဲ့ နှစ်လံအကွာလောက် ကိုပက်လက်လန်လဲကျအသွား
ပက်လက်အနေအထားကနေ ရိုက်တဲ့သူကိုမော့ကြည်မိတယ်ဆိုရင်ပဲ  မှုန်ဝါးဝါးမိုးရေစက်များအောက်မှာတွေ့လိုက်
ရတာကတော့။။။။။။။။

အသက်ကြီးကြီး  ဆံပင်ကိုရောင်တစ်စောင်း ထုံးထားဟန်ရှိပါတယ် ….မိုးရေစက်တို့နဲ့သိပ်မသဲကွဲ …..ရွာမှာလည်းတစ်မှမတွေဘူး
ကွင်းဖက်မှာနေတဲ့လူတွေထဲမှာလည်း  ဒီလိုမျိုးမရှိ  ဒီအဖိုးကြီး ဘယ်ကလဲ လူစိမ်းတစ်ဦးပဲ။။။။
ဟင်****ခင်ဗျားဘယ်သူလဲ…ကျုပ်တဲကိုဘာလာလုပ်တာလဲ….
****အဲဒါမင်းကို ငါမေးရမှာကွ****မင်းဒီတဲကိုဝင်လို့မရတော့ဘူး****
ဒီတဲနဲ့ ဒီတဲကလူတွေကမင်းနဲ့ဘာမှမဆိုင်တော့ဘူး……
****ဟားဟား  ….. ရယ် စရာကောင်းလိုက်တာ ဒါကျုပ်တဲဗျ ..အထဲမှာကျွန်တော့ မိန်းမရှိတယ်….မိန်းမရေ …မိန်းမ
ထွက်ခဲ့ပါအုံးဟ …ဒီလူဘယ်ကလဲ****
****ဟေ့ကောင် အော်မနေနဲတော့….မင်းကို ခုနလေးတင် ကားတိုက်လို့ မင်းသေနေပြီ မယုံရင် ကားလမ်းပေါ်သွားကြည့်
အေး….ဒီတဲထဲကိုတော့ မင်းကိုဝင်ခွင့်မပြုနိုင်တော့ဘူး ….မင်းကိုကားတိုက်ခဲ့တဲ့ ကြို့ပင်ကြီးနားက ကားလမ်းကိုပြန်သွား…ဒါပဲ***
****ဟုတ်ရဲလားဗျာ  ကားက ကျွန်တော့ခမောက်ကိုပဲကြိတ်မိတာပါ…ကျွန်တော်ဘာမှမဖြစ်ပါဘူး****
****အော် ခက်တဲ့ကောင်ပဲ  .. ကဲလာငါနဲ့လိုက်ခဲ့…..*****
ဒီလူကြီး က လဲနေတဲ့ကျွန်တော့ကို လက်ဆွဲပြီး အထခိုင်းလိုက်ပြီး  တဲရှေ့ကနေ ကားလမ်းဘက်ကိုထွက်သွားပါတော့တယ်
ကျွန်တောလည်း  ထိုလူကြီးခေါ်ရာနောက်ကို အလိုလို လိုက်ပါနေမိပါတယ် ။။။။ကားလမ်းနဲ့နီးလာတယ်ဆိုရင်ပဲ
ကားမီးရောင်တွေ ဆိုင်ကယ်စက်သံတွေ လူတွေ စကားပြောနေသံတွေကို မိုးသံလေသံကြားမှာ ဝိုးတဝါးကြားနေရပါတယ်။။။
ကားလမ်းပေါ်ရောက်လို့ လူတွေရုံစုရုံစုလုပ်နေတဲ့နေရာဟာ ခုဏ က ကျွန်တော့ခမောက်လေးကို ကားကြိတ်သွားတဲ့နေရာပါပဲ
****ဟင်…ရွာထဲက ဥက္ကဌ ပါရောက်နေတာပဲ….*****
ပြီးတော့ ရဲတွေ မိုးရေတွေစိုရွဲနေကြလို့  ကျွန်တော့ကိုခေါ်လာတဲ့အဖိုးကြီးကတော့ လူတွေကြားကဖြတ်လျှောက်သွားပြီး
ကားလမ်းပေါ်မှာပက်လက်အနေ အထားနဲ့ သွေအိုင်ထဲမှာလဲနေတဲ့ အလောင်နားကို ဝင်သွားပြီး မျက်နှာမှာ ဖုံးထားတဲ့အဝတ်စကို
ဆွဲဖယ်ကာ။။
****ဟေ့ကောင်..ဒီမှာလာကြည့်****
****ဟုတ်…ဟုတ်ကဲ့******
ဟင်…..ကျွန်တော်ပဲ…အင်္ကျီကလဲ အခုဝတ်ထားတဲ့အင်္ကျီပဲ  ပုဆိုး ကတော့မိုးရေတွေသွေးတွေနဲမို့  အနီရောင်ဖြစ်နေပြီ..
ဟင်ဟုတ်ရောဟုတ်ရဲလား  ငါသေရော သေးလို့လား ကားတိုက်မိတာရောဟုတ်ရဲလား …
****အဲဒါမင်းပဲ ****
ဟင် …ဟိုမှာ ကျွန်တော့ မိန်းမနဲ့သား….ကားလမ်းအတိုင်းပြေးလာနေကြတယ်….
ကျွန်တော့မိန်းမ  ဟာအလောင်းနာကိုရောက်ရင်ပဲ  ဒူးထောက်ထိုင်ချလိုက်ခါ ငိုပါတော့တယ်.။။။။။
***ဟိတ်ဟိတ်ကလေးမ  နောက်ဆုတ်  ဟေ့ရဲဘော် မျက်နှာကအဝတ်စလှန်နေတာ ပြန်ဖုံးလိုက်လေ*****
ရဲသားကြီးတစ်ယောက်ပြောလိုက်တာပါ။။။။
ဟုတ်ပါပြီ…ဟိုလူကြီးပြောတာဟုတ်နေပြီပေါ့…ကျွန်တော်သေပြီပေါ့ …ဒုက္ခပါပဲဗျာ…ကျွန်တော်မိန်းမက ဘာမှလုပ်တတ်တာမဟုတ်ဘူး
သားလေးကလည်း ရှေ့နှစ်ဆိုကျောင်းထားရတော့မှာ  ကျွန်တော်မရှိရင်သူတို့သားအမိဘာလုပ်စားတတ်မှာလဲ လုပ်ကြပါအုံးဗျာ
ဟိုအဖိုးကြီးရော။။
*****ဟင်   ရောင်တစ်စောင်းနဲ့  အဖိုးကြီးဘယ်ရောက်သွားပြီလဲ  *****
ကားလမ်းမပေါ်ကိုခြေပစ်လက်ပစ်ထိုင်ချလိုက်မိပါတယ် လူတွေ ရဲ တွေကတော အလုပ်ရှုပ်လို့  ကျွန်တော့မိန်းမကိုဆွဲသူကဆွဲ
လှည်းပြင်လာသူကပြင် ဟောကျွန်တော့ အလောင်းကို ဖျာလိပ်နဲပတ်နေကြပါလား ဟင် လှည်းပေါ်တင်လိုက်ကြပြီ……
ကျွန်တော့မိန်းမနဲ့သားကို ရဲကားတစ်စီးကခေါ်တင်သွားပြီ….အလောင်းတင်ထားတဲ့လှည်းကလည်း ကားလမ်းဘေးကလှည်းလမ်းလေး
အတိုင်တရွေ့ရွေ့ မောင်းသွားပြီ  လူတွေလဲ သူအစုနဲ့သူပြန်သွားကြပြီး …..လမ်းမကြီးပေါ်မှာ မိုးသံလေသံ ကလွဲလို့ တိတ်ဆိပ်ညိမ်သက်
သွားပါတော့တယ်……မိန်းမနဲ့သားနောက်ကိုလိုက်သွားခြင်ပေမယ့် တစ်စုံတစ်ခုက  လိုက်သွားလို့မရအောင် တားမြစ်ထားသလို
ခံစားနေရတယ်လေ။။။။
အားလုံးမရှိတော့တဲအချိန်မှာ ကျွန်တော်ဟာ စိတ်ပျက်လက်ပျက်နဲ့ ကားလမ်းဘေးက ကြို့ပင်ကြီးအောက်မှာဝင်ခိုနေလိုက်ပါတယ်
ကားလမ်းမကြီးကမှောင်မဲလို့……..မိုးတော့နည်းနည်းစဲလာပြီ…မြန်မြန်တိတ်ပါတော့  ချမ်းလှပြီ။။။။။
ကြို့ပင်ကြီးအောက်မှာထိုင်နေရာက ငိုက်မြည်းသလိုဖြစ်လာတာနဲခဏမျက်စိမှိတ်ထားလိုက်မိတယ်…ဘယ်လောက်ကြာသွားတယ်မသိဘူး
။။။ ဖုန်း ။။။***ဟေ့ ကောင် ထ ငါအပင်အောက်က အခုထွက်…အပါးဝလို့ ဒါ ငါပိုင်တာကွ***

ရုတ်တရက် အကန်ခံလိုက်ရလို့ လန်နိုး သွားပြီး  အိပ်ချင်မူးတူ မျက်လုံဇြဲကြည့်လိုက်တော့  ပုံစံကဆိုးဆိုး လူပုံစံပါပဲ ဒါပေမယ့်
ခန္တာကိုယ်ကအချိုးအဆစ်မကျ *****သွားလို့ပြောနေတယ်လေကွာ***
*****မင်းပိုင်တာက မင်းကိုကားတိုက်သွားတဲ့ ကားလမ်းအလယ်ကနေရာပဲ  အဲဒီမှာပဲ သွားနေ ငါအပင်ရိပ်ကိုမလာနဲ့*****…။။။။
****ဟုတ်ကဲ့  …ခင်ဗျားကဘယ်သူလဲဟင်….****။။
***ငါက ဒီကြို့ပင်မှာနေတာ  တော်သေးတာပေါ့  မင်းအပင်ပေါ်တက်မနေလို့  ညက  စားစရာလိုက်ရှာရင်း ကွင်းထဲမှာမိုးမိနေလို့
အခုမနက်မှပြန်လာတာ နောက်ငါအပင်အောက်မှာလာမနေနဲ့ ကြားလား****
****ဟုတ်ကဲပါခင်ဗျာ****
သူပြောလိုက်မှပဲ ဗိုက်ဆာလာသလို့ပဲ မိုးတောင်လင်းမှပဲ  ပုံမကျပန်းမကျလူကြီးကတော့ မပြောမဆို ကြို့ပင်ပေါ် ဇောက်ထိုးကြီးတက်
သွားလိုက်တာ အောင်မလေး အပေါ်ရောက်တော့ အပင်ခွကြားမှာ ကားကားကြီး ထိုင်နေ ပါတော့တယ်။။
*****ဟေ့ကောင် နေခင်းဘက်လျှောက်မသွားနဲ  အန္တရာယ်များတယ် ဗိုက်ဆာရင် ညကျမှအစာလိုက်ရှာ အခုတော့အငတ်ခံနေလိုက်တော့
ငါလည်းအိပ်တော့မယ်****။။။
ဒီလူကြီးအိပ်သွားမှ  ကိုအပိုင်းစားရတဲကားတိုက်ခံလိုက်ရတဲ့  သွေးအိုင်ကွက်ကလေးနေရာ ကားလမ်းပေါ်မှာ သွားအိပ်နေမိပါတယ်
ဗိုက်ဆာတော့ ပိုအိပ်ချင်လာတယ်လေ။။။မှေးကနဲပျော်ရုံ ရှိသေး  တယ်။။။။။။။။။။။။။။
ဝူး……ဝူး…….ဟာဟာ….အောင်မလေးဗျာ****
အောင်မလေး လွင့်ကိုထွက်သွားတာပဲ….ကားတစ်စီးဖြတ်မောင်းတဲအချိန် ကျွန်တော့ကိုတိုက်ချသွားတာပါ…ဒီလိုဆိုမဖြစ်သေးပါ
လမ်းဘေးဆင်းငုတ်တုတ်ထိုင်နေရမှာပဲ …ညကျမှလမ်းပေါ်တက်အိပ်တော့မယ်…..
ဒီလိုနဲပေါ့ဗျာ။။။။။။။မနက်ဆိုလမ်းဘေးဆင်းထိုင်နေ ညဆို အစားအသောက်လေးထွက်ရှာ ကားလမ်းပေါ်ပြန်လာအိပ်
ညဖက်ညဖက် မောင်းလာတဲကားတွေ တွေ့ ရင်ဆင်းရှောင်  အိပ်ပျော်နေတဲ့ အချိန်ဆိုလည်း ဖြတ်တိုက်သွားတာခံလိုက် ရနဲ့
နေလာတာ နှစ်ရက်မြောက်နေ့  ကြိုပင်ပေါ်ကပုံမကျပန်းမကျ လူကြီးက ကျွန်တော့ဒုက္ခ ကိုတွေ့ပြီး သနားလို့နဲ့တူပါတယ်
သူနေတဲ့ အပင်ကြီးက နေ ကားလမ်းဘက်ကိုထွက်နေတဲ့  အကိုင်ဖျားလေးမှာ အိပ်စရာတစ်နေရာပေးပါတယ် ဝမ်းသာလိုက်တာလေ
မပြောပါနဲတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ အဲဒီညက ကွင်းထဲမှာ ကောက်စိုက်သမတွေစားပြီးပစ်ထားခဲ့တဲ့  အမဲအရိုးတုံးလေးတစ်ခုရှာ
တွေ့တာနဲ့သူစားဘို့ပေးလိုက်တယ်….။။။
အဲဒီလိုနဲ့ ငါးရက်မြောက်ညမှာတော့  အစားအသောက်လေးများရလိုရငြားကွင်းစပ်ရွာစပ်တွေမှာလိုက်ရှာရင်း ရတဲ့အခါရ မရတဲ့အခါ
ငတ်နဲ့ အဲဒီညကလဲ  မောလည်းမောဆာလဲဆာနဲဘာမှရှာမရ တာနဲ့  ပြန်လာခဲ့ ရပြီး ဟိုလူကြီးနေရာပေးထားခဲ့တဲ့သစ်ကိုင်းဖျားလေးမှာ
တွဲလဲ ခိုအိပ်စက် နေစဉ်။။။။။
။။။။ဖြောင်း။။။။။။။။ ဟာဟာ****ကျပဟ  တော်သေးတယ် ပြုတ်ကျပြီးအောင်းမေ့တာ….ကျွန်တော် ကုန်ကားကြီးတစ်စီးပေါ်ရောက်နေပါပြီ
ကျွန်တော် အိပ်စက်ရာသစ်ကိုင်းလေးကို ကုန်ကားကြီးကတိုက် လိုက်လို့ ကျွန်တော်နေတဲ့ သစ်ကိုင်းလေးဟာကုန်ကားခေါင်မိုးနဲ ညှိပြီး
ကိုင်းကျိုးကာကျွန်တော်ပါ  ကုန်ကားပေါ်ပါလာခဲ့ရပါတော့တယ်။။။။ကားကြီးကတော့အရှိန်ကောင်းကောင်းနဲမောင်းနှင်နေဆဲပါ။။။။။
*****မထူးတော့ပါဘူး ဒီကားပေါ်မှာပဲ နေလိုက်တော့မယ်****
ကျွန်တော်လည်း ကားမောင်းသမား အပေါ်က အမိုးဝက်ခြံလေးထဲမှာ ဝင်ပြီခွေအိပ်နေလိုက် …သိပ်မစီးလိုက်ရပါဘူး မီရောင်ထိန်ထိန်နဲ့
ဝေါမြို့ထဲတောင် ရောက်တော့မယ်  ဟော …. ထမင်းဆိုင်တစ်ခုရှေ့မှာကားရပ်လိုက်တယ်  ကားသမားများဆိုင်အတွင်း ဝင်သွာတော့မှ
ကျွန်တော်လည်း ကားခေါင်မိုးဝက်ခြံလေးထဲကအထ….။။။။။။
*****ဟေ့ကောင် မင်းဘယ်ကလဲ ဒီကာပေါ်ဘယ်လိုရောက်လာတာလဲ မလိမ်နဲနော်မှန်မှန်ပြော******
အသက်ကြီးကြီး ဝတ်ဖြူစင်ကြယ်နဲ့ တောင်ဝှေး ကိုဆီကိုင်ဆောင်ထားတဲသူသုံးဦး  ကားအောက်ကနေမေးနေတာပါ  ရုတ်တရက်
ဘာပြန်ပြောရမှန်းမသိကားပေါ်ပါလာတဲ့အကြောင်းပြောပြလျှင်ယုံကြပါ့မလား တော်ကြာအရင်နေရာပြန်ပို့နေရင် ဒုက္ခပဲ။။။။
****ဟို…လေ ကျွန်တော့ကို ဒီကားပိုင်ရှင်က  ဒီကားပေါ်မှာနေခိုင်းလိုပါ ခင်ဗျာ***
****မင်းပြောတာဟုတ်လို့လားကွ မင်းကိုကြည့်ရတာ ဒီလောကကိုရောက်တာ မကြာသေးသလိုပဲ****
****ဟုတ်ပါတယ်အဘတို့ ရယ် ဒီကားပိုင်ရှင်က ဒီမှာနေခိုင်းတာ မကြာသေးပါဘူး****
****အေး ဒါဆိုလည်းပြီးတာပဲ မြို့တွေရွာတွေ ရောက်ရင် အဝင်အထွက် ပြောပြီးမှသွားကွ အခုမင်းနေတဲကားနဲ့ဝေးဝေး
မသွားနဲ့ ဒီလောကမှာက ကိုယ့်နေရာနဲကိုယ်နေရတယ်ကွ နယ်မြေကျော်ပြီး လျှောက်သွားလို့မရဘူး ကြားလား*****
****ဟုတ်ကဲ့ပါ အဘ****
။။။။။။။။။။။။။။ဒီလိုနဲ့ပဲ ပေါ့ဗျာ ။။။။။။။။။။။။။။
ကုန်ကားကြီးသွားရာနောက် လိုက်ပါရင် မြို့တွေရွာတွေကိုဖြတ်သန်းတိုင်း အမေးမြန်းအစစ်ဆေးခံရတိုင်း ကားပိုင်ရှင်
အပ်ထားလို့ ကားပေါ်မှာနေတာပါလို့  ပြန်ပြောပြီး နေလာလိုက်တာ  မြန်မာပြည် အရပ်ရပ်မရောက်ဖူးတဲ့နေရာ  မရှိသလောက်ပါပဲ
အော်…ကုန်ကားပိုင်ရှင်လား ရန်ကုန်တာမွေလို့ပြောတာပဲခြံကျယ်ကြီးထဲမှာ နေတယ်  ကျွန်တော်နေတဲ့ ကားကြီးကလည်း တစ်ခါတရံ
အဲဒီခြံကျယ်ကြီးထဲမှာ သွားသွားပြီး ညအိပ်ရတယ်…အများအားဖြင့်တော့ နယ်တွေသွားနေတာများပါတယ်။။။။
ဒါပေမယ့် ကျွန်တော်နေတဲကားကြီးဟာ ခရီးတစ်ခုခု သွားတိုင်း တစ်ခု့မဟုတ်တစ်ခုပြသနာတက်တော့တာပဲ ကားခြင်းတိုက်ရင်တိုက်
မတိုက်ရင်ပျက်နေတော့တာပဲ…
ဘာတဲ……ကားသမားတွေပြောတာတော့ကားမှာ မသန့်မပြန့်တဲ့  အတိုက်ရှိတယ်တဲ့ ဆရာနဲလုပ်မှရရမယ်လို့ကားပိုင်ရျင်ကပြောတယ်
ဆိုတာပါပဲ။။။

မသန့်မပြန့်တဲ့ အတိုက် ဆိုတာဘာလဲတော့ကျွန်တော်မသိပါ ဆရာဆိုတာကရောဘာလုပ်တဲ့ဆရာလဲမသိပါ
ဒါပေမယ့်ဒီကားပေါ်မှာ နေရတာတော့ ဟိုးအရင် သစ်ကိုင်းလေးမှာအိပ်ရတာထက် ကွင်းတွေထဲမှာစားစရာလိုက်ရှာရတာထက်စာရင်
ဒီမှာကဇိမ်ပဲ ကားဆရာတွေမနက်မနက် ကားထိပ်အရှေ့မီးသီးနားမှာ အန္တရာယ်ကင်းအောင် တင်ထားတဲ့အမွေးတိုင်နဲ့ ကွမ်းယာထဲက
ကွမ်းယာလေးစားလိုက် ကားဆရာတွေလမ်းမှာစားဘို့ ဝယ်ဝယ်လာတဲ့  အစားအသောက်ထုပ်ထဲက အကြွင်းအကျန်လေးစားလိုက်နဲ့
သိပ်ကိုဟန်ကျတာပေါ့ တစ်ခါတစ်လေ ကားဆရာတွေ လမ်းကကောင်မလေးတွေ ခေါ်ခေါ်တင်လာရင် ကျွန်တော်လည်းချောင်းရတာအမော
တစ်ခါဆိုသူတို့ခေါ်လာတဲ့ကောင်မလေးနဲ့ ကားနောက်မှန်မှာမျက်နှာချင်းဆိုင်တိုးမိတာ ကောင်မလေးတစ်ခါတည်းဆင်ပြေးရောဗျ
ဘာကြောင့်မှန်းသာမသိတာ ဒီကောင်မလေးတော်တော် ကြောာက်သွားပုံရတယ်..ဒီလိုနဲ့နေလာလိုက်တာ  ကျွန်တော်ပါတဲကားကြီးဟာ
ခရီးသွားလေတိုင် ပျက်တခါ တိုက်တစ်လှည်နဲပြသနာမျိုးစုံကြုံခဲ့ ရတယ် အဲဒီအခါဆို ရောက်တဲ့နေရာကားရပ်ထားရလေတော့
ကျွန်တော်လဲ အောက်ဆင်းဟိုနားဒီနားသွားလို့ရတာပေါ့  ဒါပေမယ့် အနီးအနားက နယ်အလိုက် ပိုင်ရာဆိုင်ရာတွေကိုတော့ ခွင့်တောင်း
ရတယ်ဗျ သူတို့ကခွင့်ပြုမှ သွားလို့ရတာလေ။။။
တစ်နေ့တော့ ဗျာ ။။။။။
ကျွန်တော်တို့ ကားကြီး ရန်ကုန်အဝင်မှာပျက်ပါလေရောဗျို့ ဒါနဲ့အဲဒီနေရာမှာ ညအိပ်ပြီး နောက်နေ့မနက် စက်ပြင်တွေလာပြင်တာကို
ကားပေါ်ကကြည့်နေတုန်းကားပိုင်ရှင်ဆိုတဲ့ အမျိုးသမီးကြီးပါ ကားအကောင်းစားကြီးနဲ့လိုက်လာတာကိုတွေ့လိုက်ရတယ် ။။
***စက်ဆရာပြင်ပြီးရင် ငါပြောတဲ့ဆရာတော်ကျောင်းတိုက်ကိုမောင်းလာခဲ့တော့ဟေ့*****
***ဟုတ်ကဲ့အမ***
***ရောဒီရေ နဲ့ပါ ကားကိုဖျန်းလိုက်အုံး****
ကားဆရာလည်းဘာမပြောညာမပြော ရေသန်းဘူးလေးထဲကရေနဲကျွန်တော်ထိုင်နေရာကားခေါင်းပိုင်းနဲ့ဝက်ခြံ အမိုးလေးပေါ်ကိုရေနဲ
လိုက်ဖျန်းပါလေရော သူဖျန်းတဲရေစက်အချို့ ကျွန်တော်ထိုင်နေရာ  နေရာကို လာစင်တဲ့အခါမှာတော့။။
****အား****တော်တော်ပူတာပဲ  ရေလို့ပြောပြီးဘာလို့ဒီလောက်ပူနေရတာလဲ  ဒါတောင်ရေလေးတစ်မှုန်နှစ်မှုန် လာထိမိလို့သာပေါ့
အမိုးဝက်ခြံလေးထဲကလေ ကားနောက်ပိုင်းကိုမနည်းထပြေးရတယ် တော်သေးတယ် ကားနောက်ပိုင်းကိုလာမဖျန်းလို့ ကားအရှေ့ပိုင်း
ကိုမသွားရဲတော့ဘူး
အင်းဒီလိုဆိုရင်တော့…ဒုက္ခပဲ။။။။
***ဝူးဝူး****ဝူး****။။။။။။။ဟောကားစက်ပြန်ကောင်းသွားပြီ ဒီလိုဆိုဆက်မောင်းတော့မယ် ကျွန်တော်လည်း ကားအရှေ့ကိုမသွားရဲတာနဲ့
ကားနောက်မြီးလေးမှာ
အသာထိုင်လိုက်လာခဲ့တယ်…ဒီလူတွေခြံထဲကိုပြန်သွားတဲ့လမ်းလဲမဟုတ်ဘူး ဘယ်ကိုမောင်းနေကြတာလဲမသိဘူး။။။။။။။
စိတ်ထဲမှာလဲတစ်ခုခုဖြစ်တော့မယ်လို့ သိနေသလိုပဲ……..။။။။။။
ဟင်………..ဘုန်းကြီးကျောင်းတိုက်ကြီးပါလား ……ကျောင်းတိုက်အဝမှာ တော့ ကျွန်တော်တို့လောက  က လူတွေထက် အဆင့်မြင့်တယ်လို့
ယူဆရတဲ့ လူနှစ်ယောက် ဥပဓိရုပ်သန့်သန့်နဲ့  ကားကြီးဟာကျောင်းတိုက်အပေါက်ဝကိုဝင်တယ်ဆိုရင်ပဲ…ထိုလူကြီးနှစ်ဦးရဲ ဩဇာသံပါတဲ့
တားဆီးမှုကိုခံရပါတော့တယ်  *****ဟိတ်ကောင်ဆင်းစမ်း မင်းလိုက်ဝင်လို့မရဘူး******ဟုတ်ကဲ့ခင်ဗျ ***
အောင်မလေးမနည်းခုန်ချလိုက်ရတယ်
ကားကြီးကတော့ကျောင်းဝိုင်းထဲကိုတအိအိမောင်းဝင်သွားလေရဲ့
****ဟိတ်ကောင်ဒီမှာလာနေ  မင်းတော့နာပြီသာမှတ် အခုမင်းကို ဆရာတော်ကြီး မခေါ်သေးဘူး ခေါ်မှသွား *****
****ကျွန်တော့ကိုဆရာတော်ကဘာလို့ ခေါ်မှာလဲ ****
****လျှာမရှည်နဲ့ နောက်တော့သိမယ်****
****ဟုတ်ကဲ့****
ဟိုကျောင်းကြီးပေါ်ကို ကားဆရာနဲ စပါယ်ယာလေးတွေတက်သွားတာမြင်လိုက်ရတယ်…အင် ..ကုန်ကားပိုင်ရှင်အမကြီးရဲကားအကောင်း
စားကြီးလည်းရောက်နေတာပဲ……..
ခဏနေတော့ ဟိတ်ကောင်ထ မင်းကိုဆရာတော်ခေါ်နေပြီကွ လူကြီးနှစ်ဦး ဟာပြောလဲပြော သူတို့နှစ်ယောက်ကျွန်တော့ကိုလက်မောင်း
တစ်ဖက်ဆီ က ကိုင်ပြီးကျောင်ဝိုင်းထဲကိုဆွဲလွင့်ပစ်လိုက်တာ နဲ မယုံနိုင်စရာကောင်းလောက်အောင် ကျွန်တော်ဟာငှက်မွေးတစ်ခု
လို ပေါ့ပါးစွာနဲ့လွင်ထွက်သွားကာ မျက်စိတစ်မှိတ်အတွင်း ကျောင်းကြီးပေါ်က ဘုရားခန်းရှေ့မှာဒူးတုပ်ရက် ရောက်နေပါတော့တယ်။။။။
ဘုရားခန်းအတွင်းကျွန်တော့ရဲခန္တာကိုယ်ဟာပူလောင်လို့နေပါတယ် ….အနောက်ဖက်မှာတော့ လူအချို့ထိုင်နေကြပါတယ်
အရင်က မူးပြီအိမ်ပြန်လာရင်တောင်  ဘုရားကိုပုဆိန်ပေါက်ကန်တော့ ပြီးမှအိပ်တတ်တဲ့ကျွန်တော် အခုဘုရားရှင်ဆင်းတုတော်ကိုတောင်
မော်လို့မဖူးမျှော်ရဲတာ  ဘာ့ကြောင့်မှန်းမသိ ။။။
***ဒကာ ဘယ်သူလဲ****
အေးဆေးပြီး တည်ညိမ်တဲ့ မျက်ဝန်းများနဲ့ ဆရာတော်ရဲ့ အမေးကို ပြန်မဖြေပဲ ကြောင်နေမိပါတယ်…
****ဒကာအခု  ကားပိုင်ရှင် ဒကာမလေးရဲ ကိုယ်ခန္တာမှာ ဝင်ရောက်ပူးကပ်နေတာပဲ ဆရာတော်မေးတာကိုဖြေပါ****
***ကျွန်တော်  ခင်မောင်သန်းပါ ဘုရား****
***ဘာကြောင့် ဒီဒကာမလေးရဲ့ ကားမှာ နေရတာလဲ ဒကာတို့လောကနဲမသက်ဆိုင်တဲ့နေရာမှာနေတဲ့အတွက် ဒီကားမှာ မကောင်းတဲ့
အကျိုးဆက်တွေဖြစ်နေရတယ် ဒကာဟာ  ဝိညာဉ်လောက က နာနာဘာဝဖြစ်နေပြီ  ဒါကြောင်သင့်တော်ရာကိုသွားပါ…
လူတို့နဲ့နီးစပ်တဲ့နေရာမှာမနေပါနဲ့****
****မှန်လှပါဘုရား တစ်ပည့်တော် နေစရာမရှိ လို့ပါဘုရားတစ်ပည့်တော် ဝေါ  မှာနေတာပါ အခုပြန်လည်းမပြန်တတ်တော့ပါ…
.အဲဒီမှာဆို စားရေးသောက်ရေးလဲခက်ပါတယ်ဘုရား…။။။
*****ကျန်ရစ်သူများက ဒကာအတွက် ကောင်းမှုကုသိုလ်များ မပြုလုပ်ပေးကြဘူးလား****
*****တပည့်တော် မသိပါဘုရား   သေတယ်ဆိုတာသိပြီးတဲ့ နောက်ပိုင်း အခုနေတဲကားနောက် လိုက်ခဲ့တာပါဘုရား****
*****ခက်လှချည်ရဲ့  အိမ်းဒီလိုဖြင့်  ဒကာဒီကားမှာတော့နေရန်မသင့်ဘူး ဒါကြောင့် ဘုန်ကြီးကျောင်းနဲနီးစပ်ရာ
အပင်တစ်ပင်ပင်မှာနေရင်ရောကျောင်းမှာအလှူ အတန်းပေါ်ပေါက်ရင် အမျှဝေတဲ့အခါလည်းကြားနိုင်တာပေါ့…
ဒကာနေစရာကြည့်ပါအုံး   ကဲကဲ သွားရှာချည်***
ချက်ချင်းဆိုသလို ကျောင်းပေါက်ဝပြန်ရောက်လာပါတယ်  …အဝမှာတော့ ဟိုအဘိုးကြီးနှစ်ဦးကတော့ရပ်လျှက်ပါ ။။
အဘိုးကြီးတစ်ဦးက******ဟေ့ကောင်သွားရှာချည်လေကွာ*****ကျန်တဲ့ အပင်တွေကတော့ မင်းနေစရာဒီအနီးအနား
ကိုင်းအဖျားတောင် မလွတ်ဘူးပြည့်နေပြီ ဟိုးကျောင်း ထောင့် စည်းရိုးအပြင်က အုန်းနဲပင်မှာတော့ တစ်ကောင်တည်းရယ်ကွ
သူကအကောင်ကြီးတော့ ကျန်တဲအကောင်တွေက အတူမနေ
ရဲကြဘူး ..အဲဒီမှာတော့ရှိမယ်  ။။။။
****ဟုတ်ကဲခင်ဗျ ကျွန်တော် ဆရာတော်လျှောက်ကြည့် ပါမယ် ရမယ်ဆိုရင်လဲ သီးခံ နေရမှာပဲပေါ့*****
****ကဲဒါဆို  ပြန်လျှောက်ခဲ့ကွာ****
ချက်ချင်းကျောင်းပေါ် ပြန်ရောက်လာပါတယ်။။။
***အရှင်ဘုရား  ….ကျန်အပင်များကတော့ ကိုင်းဖျားတောင်မလွတ်တော့ပါဘုရား  ကျောင်းစည်းရိုးအပြင်ထောင့်မှာရှိတဲ့
အုန်းနှဲပင်မှာတော့ နေစရာရှိပါတယ် ..ဒါပေမယ့် အဲဒီမှာနေတဲ့ ပိုင်ရှင်က တပည့်တော်ကို ထားမှာမဟုတ်ဘူး
အရှင်ဘုရားမေတ္တာရပ်ခံပေးပါဘုရား ။။။။။
****အိမ်းအိမ်း   ကဲကဲလွတ်လွတ်လပ်လပ်သာသွားနေပါလေ…ဆရာတော်မေတ္တာရပ်ခံပေးပါမယ်****လူအများကို
လည်းကြောက်လန့်အောင်မလုပ်ရဘူးနော် တစ်ကာဒီတစ်ခုတော့ ဂတိပြုပေးပါလေ ****တင်ပါ  ပေးပါတယ်ဘုရား။။။။

ကုန်တင်ကားကြီး ကျောင်းဝင်းထဲက တစ်ဖြည်းဖြည်း မောင်းထွက်သွာတာကိုကြည့်ရင်း စိတ်ထဲမှာဝမ်းနည်းလာသလိုခံစားရတယ်
အိမ်ကိုလည်းသတိရလာတယ်   မိန်းမရယ် သားရယ် ဘာတွေလုပ်လို့ဘာတွေဖြစ်နေကြတယ် မသိဘူး   ရွာကိုလည်းသတိရတယ်
ဒီချိန်ဆို ကောက်ပင်တွေစိုက်ပြီးလို့ နေပြီပေါ့  ဒါပေမယ် လောကကြီးမှာ ကံကြမ္မာရဲ့ လှည့်စားခေါ်ဆောင်ရာကိုသာလိုက်ပါရတဲ့
လူသားတွေအနေနဲ့ အတိတ်ကပြုခဲ့ဘူးတဲ့  ကံတရားအတိုင်းသာ ။။။။။။။။။

ဒီလိုနဲ့ပဲ  ကျွန်တော်လည်း ဆရာတော်  ကျေးဇူးနဲ နေရစရာလေးရလို့
ဒီအပင်ပေါ်ရောက်လာရတာပဲလေ…ဘာပဲပြောပြော  ဒီလောကမှာပျော်နေတယ်လို့မဟုတ်ပေမယ့် ဆရာတော် အမျှပေးမယ်
အသံကိုနားစွင်ရင်း သာဓုခေါ် ဘို့ကိုသာ စောင့်နေရတော့မှာပါပဲ…။။။။။။။။။။။။။။။။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

3 comments

  • ogre

    June 30, 2011 at 1:25 am

    အပြည့်အစုံဖတ်လို့ ရအောင်ပြန်တင်ပေးလိုက်ပါတယ်

  • windtalker

    June 30, 2011 at 4:51 am

    ပထမ တင်တုန်း က ရိုးရိုး ဆိုရင် အခုဟာ က ရှယ်ပေါ့ နော် ။

  • nature

    June 30, 2011 at 4:49 pm

    ကျနော်ကြားဖူးတာကတော့ သစ်ပင်မှာနေတယ်ဆိုတာ သစ်ပင်နဲ့ ဆက်စပ်တဲ့ ဗိမာန်မှာနေတာလို့ ကြားဖူးပါတယ်။

Leave a Reply