သတင်းထူးလေးတစ်ပုဒ် …

fattyJune 30, 20111min15015

နေပြည်တော်ဘက်က ကလေးတစ်ယောက် ၁နှစ် နဲ့ ၉လ သားလေး ဗိုက်နာလို့ ဆေးအမျိုးမျိုးတိုက်ကြ သံချဆေးကျွေး ကြနဲ့ နောက်ဆုံး ဗိုက်ကြီးပူပူလာပြီး မသက်သာလို့
အာထရာဆောင်းရိုက်ကြည့်တော့မှ ကလေးရဲ့ ဗိုက်ထဲမှာ သန္ဓေသားတည်နေတာတွေ့လိုက်ရပါတယ်တဲ့။
အတော်ဆန်းပါလားနော် ….။ ဖြစ်စဉ်က သူ့အမေက ကိုယ်ဝန်ရှိတုံးက အမွှာပူးဖြစ်ရမှာ နောက်အမွှာက ဗိုက်ထဲက ကလေးရဲ့ ဗိုက်ထဲမှာ သွားတည်နေလို့တဲ့
အခုတော့အောင်မြင်စွာ ခွဲစိတ်ပြီးကြောင်း သတင်းရရှိပါသည်။ ( ယနေ့ထုတ်ဂျာနယ် တစ်စောင်တွင် ဖေါ်ပြထားတာတွေ့လို့ )

15 comments

  • weRone

    June 30, 2011 at 4:27 am

    7 Days News မှာ ဖတ်မိလိုက်တယ်။ အသားလုံတည် တာလို့ပြောတယ်။ အရင် က လည်း တရုတ်မှာလား မသိဘူး တစ်ခါ ကြားဖူးတယ်။

  • နွယ်ပင်

    June 30, 2011 at 4:28 am

    သတင်းတွေကလဲ ထူးဆန်းတယ်နော် ဒါနဲ့ ဘယ်ဂျာနယ်လဲဟင် ………

  • weRone

    June 30, 2011 at 5:11 am

    ရ ရက်သတင်းဂျာနယ် ။ 😀

  • စုံ စုံ

    June 30, 2011 at 5:36 am

    ဟုတ်တယ်
    အရင်ကလဲတရုတ်ပြည်ဘက်ကထင်တယ်
    ၁နှစ်သမီးလေးကဒီလိုဘဲသန္ဓေတည်တယ်ဆိုပြီး
    စာဖတ်လိုက်ရသေးတယ်
    ထူးထူးဆန်းဆန်းနော်
    တကယ်သာဆိုရင်တော့ကလေးလေးသနားစရာဘဲ

  • ဆူး

    June 30, 2011 at 6:40 am

    ကလေးလည်း လူဖြစ်တာမှ မကြာသေးဘူး ဆရာဝန်တွေ ရဲ့ ဓါးနဲ့ အခွဲ ခံရတယ် အဲဒါ ဝဋ်ပဲ။

  • pan pan

    June 30, 2011 at 8:27 am

    သိချင်တာကတော့ ကလေးရဲ့ဗိုက်ထဲမှာ တကယ်သန္ဓေသားရှိတာဆိုရင်
    အဲဒီကလေးကိုမွေးပြီးတာပဲ၁နှစ်ကျော်နေပြီဟာ.. ဟိုကလေးက(သန္ဓေသား) ဒီတိုင်းပဲလားလို့
    သေနေလား ရှင်နေလား
    သေနေရင်ပုပ်နေပြီပေ့ါ
    ရှင်နေတုန်းဆိုရင်တော့ မဖြစ်နိုင်ဘူးထင်တာပဲ
    ိသိတဲ့လူများ ပြောပေးကြပါကုန်……….

    • pan pan

      July 1, 2011 at 2:45 am

      တစ်စောင်၂၀ဝမရတော့ဘူးလေ လေးပေါက်ရဲ့..
      ၅၀ဝလောက်ဖြစ်နေပြီ
      သတင်းထူးပါရင် ပါတဲ့စာရွက်၁မျက်နှာလေးကို မိတ္တူကူးပြီး ဘတ်စ်ကားတွေပေါ်မှာ လိုက်ရောင်းတာကတော့ တစ်စောင်(တစ်ရွက်) ၁၀ဝကျပ်ပါတဲ့ …. 😀

  • nature

    June 30, 2011 at 6:00 pm

    အောင်မြင်စွာခွဲစိတ်ပြီးသွားပြီလို့တော့ရေးထားတာပဲ။နောက်တယောက်ကကောရှင်လားမသိ၊ တော်တော်ထူးဆန်းတယ်။ဝယ်ဖတ်ပြီးရင်ပြောပြပါဦး။

  • meengelay

    July 1, 2011 at 6:00 am

    နားကိုမလည်တော့ဘူး ထူးဆန်းပါပေ့နော်…

  • mzm

    July 1, 2011 at 11:10 am

    ထူးဆန်းတာမဟုတ်ဘူးဟ……တမင်ဖန်တီးထားတာ……..

  • villiager

    July 2, 2011 at 1:03 pm

    ဘယ်ဘဝက ဘာတွေများ လုပ်ခဲ့မိလု့ိပါလိမ့်…

  • MaMa

    July 2, 2011 at 1:19 pm

    ဒန့်ကျွဲရွက် ပုခက်ဆင် ဆိုတဲ့ ခေတ်ကြီးတော့ မရောက်လောက်သေးပါဘူး နော်။

  • Ko out of...

    March 6, 2012 at 5:08 pm

    အသားတုံးဘဲဖြစ်မှာပါ…

Leave a Reply