မနက်မိုးလင်းလို့ မျက်စိနှလုံးပွင့်တာနဲ့ ငါဒီနေ့ ဘာတွေအမှားထပ်ပြီး အလွဲတွေလုပ်မိမှာပါလိမ့်ဆိုပြီး စိုးရိမ်မူနဲ့ အရင်စရတာပဲ .အဟုတ်ကိုပဲ နွယ်ပင်တို့ တစ်နေ့တစ်နေ့ အမှားလေးမှ မလုပ်ရင်
မလွဲရရင်ကို မကျေမနပ်ဖြစ်နေတာ တနင်္ဂနွေကလဲ ကြည့်ဦး အလုပ်ပိတ်လို့ အိမ်မှာလက်စွမ်းပြပြီး ဟင်းချက်ကျွေးမယ်ဆိုပြီး လုပ်ပါတယ် အမေနဲ့ကလည်း တစ်ပတ်လုံးနေမှ ဒီတစ်ရက်လေး အေးအေးဆေးတွေ့ရတော့ ဟင်းချက်ရင်းနဲ့ အမေနဲ့ စကားပေါနေတာပေါ့ အဲတာနဲ့ ဟင်းလဲ ချက်ပြီးရော ငါ့ဟင်းက တစ်မျိုးပါပဲ ဘာလိုနေပါလိမ့်ဆိုပြီးကြည့်လိုက်တော့ အဲ ဝက်သားဟင်းချက်တာ ဆီတည့်ဖို့မေ့နေတာလေ အဲတော့ မျက်နှာ မရ ခြေထောက်ရဆိုတာပေါ့ တစ်အိမ်လုံးက ကောင်းချည်းပေးကြတာလေ ။ တစ်ခါကလည်း အလုပ်သွားခါနီး အလုပ်ချိန်က နီးနေလို့ ဖိနပ်ကို ကမန်းကတန်းစိးပြီး ကားဂိတ်ကိုထွက်တော့ အိမ်ပေါ်က အစ်မကနေ လှမ်းခေါ်တော့ ကိုယ်ကလဲ အလုပ်နောက်ကျပါတယ်ဆို မှ ဘာလဲပေါ့ အစ်မကို ဒေါကြီးမောကြီးမော့ကြည့်တော…..့ အဟဲ ….ဖိနပ်ကို ဘယ်ဖက်က အပြာရောင်စီး ညာဖက်က အမည်းရောင်စီးနဲ့ ဖက်ရှင်ထွင်ပြီး ထွက်သွားလို့ အိမ်က လမ်းခေါ်တာတဲ့ ။
ပြောရဦး နောက်ထပ်မှားတာလေး လွဲတာလေးတွေ တစ်နေ့ ညနေက သူငယ်ချင်းတွေက မုန့်ဟင်းခါးသွားစားမယ်ဆိုပြီးလာခေါ်တယ် အဲတာနဲ့ လိုက်သွားပြီး မုန့်ဟင်းခါးဆိုင်ရောက်တော့ မိုးက နည်းနည်းချုပ်နေပြီဆိုတော့ မုန့်က လေး နေတာပေါ့် အဲတာနဲ့ စားပွဲထိုးပေးနေတဲ့ ဦးလေးကြီးကို အချဉ်ညှပ်ခိုင်းချင်လို့ ခေါ်ပြီးနွယ်ပင်ပြောလိုက်တာက ” ဦးလေးအချစ်နည်းနည်းညှစ်ပေးပါတဲ့” သူငယ်ချင်းတွေဆိုရီလိုက်တာ မုန့်တောင် ဆက်မစားနိုင်ဘူး ။ နောက်တစ်ခါကတော့ အကျီ်ဆိုင်မှာ အကျီင်္လေးကြိုက်တော့ ဈေးမေးတော့ 9000 တဲ့ အဲ့တာနဲ့ လူတက်ကြီးလုပ်ပြီးဈေးဆစ်တာပေါ့ အစ်မလျော့ပါဦးဆိုတော့ အဲ့ အစ်မကြီးက တစ်ခုလှမ်းပြောလိုက်တယ် ကိုယ်ကလဲ ကိုယ့်အာရုံနဲ့ကိုယ် သူငယ်ချင်းနဲ့ စကားလှည့်ပြောနေတာလေ ပြီးမှ အစ်မ 8000 ပဲထားဆိုတော့ ရောင်းတဲ့ အစ်မကြီးရဲ့ မျက်နှာက တစ်မျိုးဖြစ်သွားတယ် ပြီးတော့ အင်းအင်း ယူလေ ညီမတဲ့ အဲတာနဲ့ တယ်တော်တဲ့ငါပါလားဆိုပြိး ဆိုင်ကခပ်တည်တည်ထွက်လာပြီး သူငယ်ချင်းကို စကားလှည့်ပြောတော့ သူငယ်ချင်း၇ဲ့ မျက်လုံးတွေကလည်း မဏီစန္ဒာမျက်လုံးနဲ့ အဲတာနဲ့ “ဟဲ့ ဘာလဲ အူကြောင်ကြောင်နဲ့ နင်ကလည်းဆိုတော့မှ” သူကပြန်ပြောတဲ့ စကားကြောင့် ကိုယ့်ကိုတောင်သတ်တောင် သတ်သေချင်စိတ်ဖြစ်သွားတယ်အဲ့လောက်နမော်နမဲ့နိုင်ရလားဆိုပြီး “ဟဲ့ နင်က 7500 နဲ့ပေးတဲ့ ဟာကို ဘာလို့ 8000 နဲ့ဆစ်ပြီးဝယ်လာတာလဲတဲ့ ” ကဲ ..တော်တယ်မဟုတ်လား နွယ်ပင်တို့က
ဒီတစ်ခုကတော့ လောလောလတ်ဖြစ်ထားတာ မနေ့ကမှပေါ့ အလုပ်ကသူငယ်ချင်းတွေနဲ့ ကျောက်မြောင်းက ပုဇွန်ဂွတ်ကြော်သုတ်ဆိုင်ကကောင်းတယ်ဆိုပြီးတော့ သွားစာကြတာ အလုပ်ကပြန်ချိန်လဲ ဖြစ်တော့ လူက ဗိုက်အရမ်းဆာနေတာနဲ့ ဆိုင်မှာအရင်ဆုံးလာချတဲ့ပွဲကို ငါစားလိုက်မယ်နော်ဆိုပြီး တူကိုယူပြီးစားနေတာပေါ့ ပြီးတော့ မုန့်လဲ အားလုံးစားပြီးရော ပိုက်ဆံရှင်းမယ်ဆိုတဲ့အခါမှ ကိုယ်ကစားနေတာ တူပြောင်းပြန်ကြီးနဲ့ တူကိုလက်ကကိုင်မယ့်ဘက်ကနေစားနေတာလေ ဟဲဟဲ… သူငယ်ချင်းတွေကလဲ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေတာမို့ မသိလိုက်ကြဘူး အဲတာနဲ့ သူတို့သိမှာ ဆိုးလို့ ဆိုင်က မြန်မြန်ထွက်ခဲ့ရတယ် မဟုတ်ရင် ကိုယ့်ကို အဲလောက်တောင်အစားငမ်းပြီး မှားရလို့ပြောနေမှာဆိုးတာလဲပါတာပေါ့ ။

ပြောရရင်တော့ မကုန်နိုင်ဘူး လွဲတာတွေကတော့ အများကြီးကျန်သေးတယ် နောက်အားမှပဲ ကိုယ်အကြောင်းကိုယ်ဖော် မသူတော်လုပ်လိုက်ဦးမယ် အခုတော့ အလုပ်ပြန်လုပ်လိုက်ဦးမယ် ဒီနေ့က လစာထုတ်ရက်လေ ဟိဟိ :D :D :D

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..