မာစတာတန်းမရှိသော မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသောတက္ကသိုလ်

ုုko sai naungJune 30, 20111min917

အဆင့်မြင့် ပညာရေး အစီအစဉ်တွင် ဂုဏ်ထူးတန်းခေါ် မာစတာအတန်းမရှိ သော မြန်မာနိုင်ငံ၏ တစ်ခုတည်းသောတက္ကသိုလ် မှာ မကွေးတိုင်း ၊ မကွေးမြို့သို့ ၁၉၉၉ ခုနှစ်တွင် ရန်ကုန်မြို့၊အင်းစိန်ကျန်းမာရေးမှူးသင်တန်းကျောင်းမှ တက္ကသိုလ်ကျောင်းအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ခဲ့သော အခြေခံကျန်းမာရေးတက္ကသိုလ်(university of community health) ဖြစ်ပါသည်။ ၂၀၁ဝ ခုနှစ် ကျန်းမာရေးဝန်ကြီးရုံး၏ ထုတ်ပြန်ချက် အရ ကျောင်းဆင်းဦးရေမှာ ၁၀၀ဝ နီးပါးခန့် ရှိပြီးဖြစ်ပါသည်။ ၎င်း ကျောင်းသား၊ကျောင်းသူ အားလုံးမှာ ပြည်တွင်း/ ပြည်ပ မာစတာတန်းသို့ တစ်ဦးတစ်ယောက်မျှစေလွှတ်ခံရခြင်း၊ တက်ရောက်ရခြင်းမရှိပါ။ အဆင့်မြှင်တင်ပေးခြင်းမရှိခဲ့ပါ။ယခင်ဒုတိယ ကျန်းမာရေးဝန်ကြီးဒေါက်တာ မြဦး လာရောက် စဉ် ယခုလိုဖြစ်နေတာကို မသိပါဟုပြောခဲ့ပြီး ဖြေရှင်းပေးခဲ့ ခြင်းလည်းမရှိခဲ့ပါ။ယခုကဲ့ သို့ ဖြစ်နေခြင်းသည် ကျောင်းသားအများစုအားအလွန်နစ်နာပြီး စိတ်ပျက် အားလျှော့ စေပါသည်။ ထို့ကြောင့် ယခုကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် ထံသို့ သိစေရန်နှင့် မိမိတို့၏ကျန်းမာရေးဝန်ထမ်းလောင်းလျာများကိုအကောင်းဆုံးအားပေးကူညီကာ မြေတောင်မြှောက်ပေးပါရန် ယခုစာကို ရေးသားလိုက်ရပါကြောင်း။

7 comments

  • fatty

    June 30, 2011 at 9:10 am

    တင်ပြသင့်တဲ့ကိစ္စတစ်ခုပါ။ ကျနော်တို့အခုမှ အဲဒီတက္ကသိုလ်ရှိမှန်းသိပါတယ်။ ကျန်းမာရေးမှုး
    တက္ကသိုလ်လို့ခေါ်မလားမသိဘူး …။ အခြေခံကျန်းမာရေးတက္ကသိုလ်ဆိုတော့ တမျိုးဘဲ
    ဘယ်အဆင့်ထိသင်လဲ … nursing နဲ့ဘာကွာခြားလဲသိချင်ပါတယ်။ တက္ကသိုလ် အဆင့်ဆိုရင်တော့ဖြင့်
    နိုင်ငံတကာနဲ့ အဆက်အစပ်ရှိရပါမယ် ..။ public health နဲ့ပိုပြီးများ သက်ဆိုင်နေသလား။

  • moethidasoe

    June 30, 2011 at 9:45 am

    အမှန်ကတော့ ကျန်းမာရေးမှူးသင်တန်းကျောင်းကို အဆင့်မြှင့်လိုက်တာပါ ..
    နဂိုကတည်းက သင်တန်းဆင်းပြီးရင် ကျန်းမာရေးမှူး ဖြစ်ပြီးရင် လုပ်ငန်းခွင်ထဲ ရောက်ပြီးရင် ပြီးနေတာ များပါတယ် ..
    အခြေခံကျန်းမာရေးတက္ကသိုလ်လို့ ခေါ်တာက တက္ကသိုလ် ဖြစ်အောင် အမည်တပ်ခြင်းပါ ..
    ဘွဲ့တစ်ခုတော့ ဖြစ်သွားတာပေါ့ .. (ကျန်းမာရေးမှူးများကို နှိမ့်ချ ရေးသားခြင်း မဟုတ်ကြောင်း ထည့်ရေးပါရစေ)

    ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ဆိုပြီး ရန်ကုန်မှာ ထပ်ဖွင့်တာကတော့ ဆရာဝန်တွေအတွက် များပါတယ် .. ကျန်းမာရေးမှူးတွေအတွက် မတွေ့မိသေးပါ ..

    မှန်တော့ မှန်ပါတယ် .. သူနာပြုတွေအတွက်ကျတော့ ဘွဲ့လွန်တွေ ရှိပြီးတော့ .. ကျန်းမာရေးဝန်ထမ်းအဆင့်မှာ သူနာပြုတွေထက်မြင့်တဲ့ ကျန်းမာရေးမှူးအတွက် ဘွဲ့လွန် မရှိတာတော့ အံ့ဩမိပါတယ်

  • moonpoem

    June 30, 2011 at 9:54 am

    UFL မှာလည်း Master Course မရှိပါဘူး။

  • ဆူး

    June 30, 2011 at 9:56 am

    အဲလို ကျောင်းမျိုး ရှိမှန်းကို မသိဘူး
    ကျောင်းက ဘယ်နားမှာလဲ ပညာ အရည်အချင်း ဘယ်လောက်လိုလဲ ဘယ်လောက် တက်ရလဲ။
    တက္ကသိုလ် အကြောင်း စိတ်ဝင်စားတယ်။ အချက်အလက် နည်းနည်း ပြောပြပါလား

  • moethidasoe

    June 30, 2011 at 10:45 am

    ကျောင်း (အဲ) တက္ကသိုလ်က မကွေးမှာပါ .. မကွေး ဆေးတက္ကသိုလ် ဝင်တဲ့လမ်းမှာ အရင်တွေ့တဲ့ တက္ကသိုလ်ပါ .. မကွေးမြို့ပေါ်ကနေ (စိတ်ထင်) ၅မိုင်လောက် ဝေးမယ်
    ၁ဝတန်းအောင် တက်လို့ရတယ် ထင်ပါတယ် .. အသေးစိတ်တော့ မသိပါ .. ရွာထဲမှာ ကျောင်းဆင်းတွေ ပါလာရင် ဆွေးနွေးပါလား

  • monmon

    July 1, 2011 at 10:22 am

    UFL မှာ မာစတာက English မေဂျာတစ်ခုပဲရှိတာပါ။ ပြင်သစ်ဆို ဆရာမတွေက အခုမှ မာစတာတက်တုန်း။

  • Reign

    March 13, 2012 at 5:03 pm

    How about DSA? Do they have Master’s degree classes?

Leave a Reply