ဖုန်း Bill လက်ကျန်ငွေ စစ်ရန်

ဆူးJune 30, 20111min1077

အခုနောက်ပိုင်း ဖုန်း ဘီလ် တွေ ပိုက်ဆံ ကြိုသွင်းတဲ့ စနစ်ကြောင့် ပိုက်ဆံ သွင်းထားပြီးရင် ငွေဘယ်လောက် ကျန်သလဲ သတိမထားမိရင် ပိုက်ဆံ ကုန်သွားလို့ ဖုန်း ဆက်သွယ်မှု ဖျက်တောက် ခံရတတ်ပါတယ်။ ဖုန်း အတွက် သွင်းထားတဲ့ ပိုက်ဆံ လက်ကျန်ငွေ စစ်ရန် မေးမြန်းခဲသော ဖုန်း နံပါတ် ရှိပါသည်။ အများ သိစေရန် စေတနာ ရှေ့ထား တင်ပေးလိုက်ပါသည်။ တခြား မြို့ အတွက် မသိပါ ရန်ကုန် ဖုန်း အတွက် ငွေ လက်ကျန် စစ်ရန်သာ သိခဲ့ပါသည်။

 

ဖုန်း  ၃၇၀၇၀၃   ၃၇၀၇၀၈

ဖုန်းဆက်ပြီး မေးမြန်း စစ်ဆေးနိုင်သည်။ မနက် အလုပ်လုပ်ချိန်က စတင်ပြီး ထိုဖုန်းများ အမြဲ လိုင်း မအား ဖြစ်တတ်သည်။ စိတ်ရှည်ရှည်နဲ့ ဆက်ဖို့ တော့ လိုပါသည်။

အိမ်က ဖုန်းတွေ အတွက် ကိုယ်တိုင် စစ်ပြီး မှ အများ အတွက် လမ်းညွန်ခြင်း ဖြစ်ပါသည်။

 

 

7 comments

  • နွယ်ပင်

    June 30, 2011 at 10:08 am

    ဟုတ်တာပေါ့ ဆူးရယ် အဲ့ဖုန်းနံပါတ်တွေကိုဆက်ရင်တော့ ဆက်ရှည်သည်းခံ တက်ရမယ် တစ်ခါတစ်လေ မနက်9း00 လောက်ကတည်းက ဆက်နေတာ 11း00 လောက်မှရတဲ့ အခါလဲ ရှိပါတယ်
    ၃၇၀၇၀၃ ၊ ၃၇၀၇၀၈ ၊ အပြင် ၃၇၀၄၁၆ ကိုပါဆက်လို့ရပါသေးတယ်

  • pan pan

    June 30, 2011 at 10:14 am

    message ပို့တယ်မလား
    ဒါပေမယ့် တခါတလေ message ရောက်မလာဘဲ ဖုန်းလိုင်းဖြတ်ခံရမှ ပိုက်ဆံမကျန်တော့မှန်း သိရတယ်

  • ဆူး

    June 30, 2011 at 10:26 am

    အဆက်အသွယ် စာမရပဲ ဒီတိုင်းကြီးကို ဖုန်းဖျက်ထားပါတယ် ဆိုမှ ပိုက်ဆံ အမြန်ပြေးသွင်းရတာ.. ဖုန်းက ၁ရက် ၂ရက် ပိတ်သွားတယ်။ ဖုန်းမရတော့ ယုံတင် မဟုတ်ဘူး ပြန်ရဖို့ ဘာညာ ကွိကွ လုပ်ရသေးတယ်။ အရေးကြီးတဲ့ ဖုန်း လာမယ် ဆိုရင် ဘယ်လို လုပ်မလဲ။
    ဥပမာ ဒေါ်လာ သန်းချီ တန်တဲ့ ထီ ထိုးထားတာ ပေါက်တဲ့ အကြောင်း အကြောင်းကြတာ ၂ရက် ဆက်တိုက် သို့သော် ဖုန်းဖျက်ခံထားရတယ်လို့ ပြောနေမယ် ဆိုရင် ဒီလိပ်စာနဲ့ လူ မရှိတော့ဘူး ထင်ချင် ထင်သွားပြီး ပေါက်မဲ ကို ဖျက်သိမ်းစာရင်းထဲ ပါသွားလို့ မရလိုက်ရင် ဘယ်လို လုပ်မလဲ နော်…
    လူချမ်းသာ ဖြစ်ဖို့ အခွင့်အလန်း ပျောက်ဆုံး သွားနိုင်တယ်။

  • windtalker

    June 30, 2011 at 10:28 am

    အခု ငွေကြိုပေးကဒ် စနစ် ကို သုံးတော့မယ် ဆိုတော့ အရင် ဖုန်းဘီလ် တွေ ဘယ်လို ရှင်းကြမှာတဲ့လဲ ဗျ ။ ဘွားဆူးရေ ။ တင်ပေးပါဦး ။

    • ဆူး

      June 30, 2011 at 10:44 am

      ရှင်းတဲ့ နည်းကတော့ လွယ်ပါတယ်။ အချိန်တန်ရင် သိပါလိမ့်မယ်။ ဟိဟိ..

  • nature

    June 30, 2011 at 3:37 pm

    ဒီpostတင်ပေးတာကျေးဇူးပါဆူးရေ။

Leave a Reply