မိန်းကလေးများ မှတ်တိုင်မှာ ကားစောင့်ရင် အဝါရောင် သရေပင် လက်မှာ မပတ်မိစေနဲ ့နော်

moonpoemJune 30, 20111min34130

သိပ်မကြာသေးခင်က ဦးဖက်တီး က စိတ်ဝင်စားရင် ဆက်ပြောမယ် ဆိုတဲ့ ခေါင်းစဉ်နဲ ့ အကြောင်းအရာတစ်ခုကို
ရေးလိုက်ပါတယ်။ အဖြစ်အပျက် ဦးဖက်ရဲ ့မိတ်ဆွေ ဖြစ်ခဲ့တာလို ့ဆိုပါတယ်။ ဒါပေမယ့် ကျွန်မကတော့
ကျွန်မကိုယ်တိုင် ဒေါသ ထွက်ခဲ့ရပြီး ရှက်လို ့ဘယ်သူ ့ကိုမှ ပြောမပြတော့ဘူး ဆိုပြီး အခု သူငယ်ချင်းတွေကို
တိုးတိုးတိတ်တိတ်ရင်ဖွင့်လိုက်ရတာပါ။ မိန်းကလေး ရေးဖော်ရေးဖက်တွေ သတိထားစရာလေးတစ်ခုအနေနဲ့ပေါ့။

လွန်ခဲ့တဲ့ ၆လလောက်ကပါ။ကျွန်မနေတာက ၂၈လမ်းမှာ အပေါ်ဘလောက်ဆိုတော့ လမ်းထိပ်ထွက်တာနဲ့
စူပါဝမ်းနဲ ့ဗိုလ်ချုပ်ဈေးနား ရောက်ပါတယ်။ အဲဒီနေ ့က ကျွန်မ နဲ ့မတွေ ့တာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက်
လာတာ အိမ်ရှာမတွေ ့မှာ စိုးလို ့လမ်းထိပ်ကို ညရနာရီလောက်မှာ သွားစောင့်နေပါတယ်။ စူပါဝမ်းက ရနာရီမှာ ပိတ်ပါတယ်။
သူ ့ကို စောင့်ရင်းစောင့်ရင်း ရနာရီသာခွဲသွားတယ် အရိပ်အရောင် မမြင်ရလို ့ ဖုန်းဆက်မယ်ဆို ပြီး အဲဒီနားကဖုန်းဆိုင်ကိုသွားတယ်။
ဆံပင်စီးထားတာကိုလည်း ဘာရယ်ညာရယ်မဟုတ် စိတ်တိုတာနဲ ့ရောပြီး ခေါင်းကုတ်မိရာက ဖြည်ချပြီး စီးထားတဲ့
သရေပင် ကို လက်မှာ ပတ်လိုက်တယ်။ သိပ်မကြာပါဘူး အနားကို လူတစ်ယောက်ရောက်လာပြီး ဒီနေ ့ Parking ဖောက်မလား
မနည်း စေရပါဘူးတဲ ့။ ကျွန်မလည်း အသားကုန် အော်ဟစ်ပစ်လိုက်တယ်။ ရဲ ခေါ်လိုက်ရမလားလို ့ဆိုပြီး တော့လေ။
အဲဒီလူက ဇဝေဇဝါနဲ ့ကြည့်ပြီး ပြောသွားသေးတယ်။ Parking ဖောက်မဟုတ်ရင် အဝါရောင်သရေပင်မပတ်နဲ ့ပေါ့တဲ့လေ။
ကြားဖူးတာကတော့ သရေပင် အရောင်တွေနဲ ့လိုင်းကွဲတယ်ဆိုတာကိုတော့ နောက်မှ သိရပါတယ်။

30 comments

  • ဆူး

    June 30, 2011 at 10:06 am

    ဖြစ်မှ ဖြစ်ရလေ လမင်းကဗျာရယ်..

  • etone

    June 30, 2011 at 10:07 am

    မိုက်ရိုင်းလိုက်တာ ကြည့်စမ်း … ။ နားရင်းပါအုပ်ပစ်လိုက်ရမှာ … သားရေပင်ပတ်တိုင်း ဟိုဟာထင်နေလား ငါ့မျက်နှာသေချာကြည့် အဲ့ဒီရုပ်လား ဆိုပြီး ဗျင်းထည့်လို်က်ရမှာ … ။ 😛 😛 😛

    • pan pan

      June 30, 2011 at 10:11 am

      ဟုတ်ပ
      မetoneလိုလူနဲ့တွေ့ရင် ဒင်းတော့မလွယ်ဘူး
      ကျမလည်းကြုံဖူးတယ်
      ွအဲဒီနေ့က မျက်ရည်တောင်ကျတယ်
      ရှက်လည်းရှက် ဒေါသလည်းထွက်လို့ :angry

    • nigimi77

      June 30, 2011 at 11:45 am

      အီးဒုံး သားရေပင်ကို လက်တွင် စည်းလိုက်သည့် အခိုက် လူတစ်ယောက် ရောက်လာပြီး……

      ဒီနေ ့ ပါကင် ဖောက်မလား မေးလိုက်သော အခါ အီးဒုံးသည် လွန်စွာ ပြင်းထန်သော ဒေါသထွက်လာကာ

      ” မိုက်ရိုင်းလိုက်တာ ကြည့်စမ်း …” “ငါ့မျက်နှာသေချာကြည့် အဲ့ဒီရုပ်လား..” ဆိုပြီး ဗျင်းထည့်လိုက်သော အခါ

      အဆိုပါ သကောင့်သားသည် အံ့ဩ တွေဝေသွားသော မျက်နှာဖြင့်…..

      ” ကြည့်စမ်း …ငါ တော်တော် လူကဲ ခတ်ညံ့သေးတာပဲ …အဲဒီရုပ်ထက် ဟိုရုပ်တွေက ပိုပြီးလန်းတဲ့ဟာကို..”

      😛

      • etone

        July 1, 2011 at 8:47 am

        မနက်က ရေးထားတာ ဘယ်ရောက်သွားလဲ ။ ကော်နက်ရှင်ကြောင့် မတတ်တာလား ၊ ပို့စ်တင်သူက ဖျက်ပစ်တာလား ။ ဘယ်လိုပဲဖြစ်ဖြစ် ထပ်ရေးတယ်ကွာ ။
        ————-
        ဒီမှာ ဘဲအိုကြီး ဆဲဗမ်းဆဲဗမ်း
        ကြက်တွေက ဘယ်လောက်လန်းလန်း ကြက်ရုပ်က ကြက်ရုပ်ပဲ… သဘောပေါက် ။ မျက်လုံးကြည့်တာက အစ ၊စကားပြောဟန်ပန်ရုပ် ကြက် လက္ခဏာ ပေါက်တယ် ။ သာမန် မလုပ်စားတဲ့ မိန်းမနဲ့ ကွာမှ ကွာပဲ … ။
        စကားကြုံလို့ ပြောလိုက်ဦးမယ် … မှတ်တိုင်မှာ ရပ်နေတဲ့ ကြက် အများစုက တယောက်မှ အလန်းမပါဘူး ။ ကြက်အလန်းတွေကျက်စားတဲ့ နေရာက ကလပ်တွေ ၊ ဆိုင်တွေ ၊ အခန်းတွေထဲရော ဆိုတာ(ပို့စ်တခုက ရေးသားချက်အရ) ကြက်နဲ့ စကားပြောဖူးတဲ့ ရှင်က ပိုသိမှာပါပဲ ။

  • နွယ်ပင်

    June 30, 2011 at 10:13 am

    သူတို့တွေကလဲ ထွင်ပဲ ထွင်နိုင်လွန်းတယ် အရင်ကလဲ ကားဂိတ်တွေမှ ခြင်းတောင်းကိုင်ပြီး အကြာကြီးရပ်နေရင် အဲတာဆိုပြီးကြားဖူးတယ် အခုလဲ လာပြန်ပြီ ..မိန်းမကောင်းလေးတွေမှာ ဘယ်လိုနေရမှန်းကို မသိတော့ဘူး

  • windtalker

    June 30, 2011 at 10:32 am

    ရန်ကုန် ရောက်ရင်တော့ အင်း ရန်ကုန်ရောက်ရင်တော့ ။ “ သားရေကွင်း လက်ပတ် ပါရင် သတိထား ” ရမယ်ပေါ့ဗျာ ။

  • moethidasoe

    June 30, 2011 at 10:43 am

    လကဗျာ ရယ်
    တို့များငယ်ငယ်တုန်းက လမ်းဘေးမှာ (တိုင်ကီအဖုံးမှာ တပ်ထားတဲ့ ဝါရှာကွင်း အနက် ကိို) လက်ကောက်ပုံစံ ဝတ်ဆင်ထားရင် တကွင်းကို ၂၅ ကျပ်လို့ သတ်မှတ်ထားတယ် .. အဲဒီတုန်းက ညငှက်တွေ အဲဒီလို ကိုယ့် ကြေးကို ကိုယ် ဖြတ်ပြီး အသံတိတ် ဈေးခေါ်တယ် .. (အဲဒီတုန်းက ရုံးလုလင်လစာ ၆ဝကျပ်)
    အခု အဝါရောင် သားရေကွင်းကိစ္စတော့ မသိသေးပါ .. ဗဟုသုတအတွက် ကျေးဇူးပါ

  • naywoonni

    June 30, 2011 at 10:43 am

    အဲသဟာ ခုမှမဟုတ်ဘူး ဗျာရေ…… ဟိုးးးအရင် ကတည်းကရှိတယ်..။ ရောက်ဖူးလို့ ကြုံဖူးလို့တော့မဟုတ်ပါဘူး…။ ဆရာမြသန်းတင့်ရဲ့ စနေနေ့ည အဖျားဆိုတဲ့ ဝတ္ထုလေးဖတ်ဖူးလို့ပါ…။ အဲဒိတုန်းကတော့ စနေနေ့ နေ့တစ်ဝက်ရုံးတက်ရတဲ့ခောတ်လေ…..။ ရုံးကအပြန် ဗိုလ်ချုပ်ဈေးထဲ ဝင်လှုပ်ရှားကြဆိုပဲ..။ သရေပင် အရောင်က အနီရောင်ဆိုလားပဲ..။

  • weRone

    June 30, 2011 at 11:00 am

    အော် အခုခေတ် ကာလတွေ ပြောင်းတော့ အနီရောင် က နေ အဝါရောင် ပြောင်းသွားတားလမသိဘူး နော်။
    သရေပင် လက်မှာ ပတ်မိတာ ဆံပင်အရှည်ထားလို့။ ဆံပင် မရှည်ရင် စည်းစရာမလိုဘူး။ စည်းစရာမလိုရင် သရေပင် မသုံးဖြစ်ဘူး..။ ဒီတော့ မိန်းမကောင်လေးတွေ အားလုံး ဆံပင် စည်းစရာ မလိုအောင် တိုတို ညှပ်လိုက်။ ဒါမှ မဟုတ် ခဏခဏ ညှပ်နေရ လို့ ဘတ်ဂျက် ထိခို်က်တယ် ထင်ရင် ကတုံးသာ တုံးထားလိုက်တော့။ 😀 😛

  • king

    June 30, 2011 at 11:35 am

    အင်း ….
    ဒုက္ခပါပဲ ပုံနှိပ်လုပ်ငန်းပြောင်းလုပ်ပီး
    ဒီဟာတွေနဲ့ ပတ်သက်တဲ့ စာအုပ်ထုတ်စားရင်တော့ …
    😛

  • R Ga

    June 30, 2011 at 12:56 pm

    အခုကဘာ လက္ခဏာမှ မပါတော့ဘူး…ထင်တယ်။ နောက်နေ့ ကြုံရင် ဓာတ်ပုံရိုက်လာခဲ့မယ် လမ်း ၄ဝ အပေါ်ဘလော့ မှတ်တိုင်မှာအများကြီးပဲ…။

    • noob

      June 30, 2011 at 8:44 pm

      ဘာ လက္ခဏာမှ မပါဆို အဲဒါတွေက ” ဂဒပ် ” prostitute တွေလေ ဘယ်ပါမလဲ ဘာအမှတ်အသားမှမလိုတော့ ဘူး သူတိုက intermediate အဆင့်လောက်ရှိတယ်
      သူများအကြည်တောင့်မခံတော့ဘူး သူတို ကအရင် လိုက်ကြည်တာ

  • padonmar

    June 30, 2011 at 1:09 pm

    ကျောင်းတက်တဲ့အချိန်တုံးက သားရေပင်အနီ လက်မှာမပတ်နဲ့ ကြားဖူးတယ်။
    ကောင်းတာတော့ ဘာရောင်မှ မပတ်မိစေနဲ့ပေါ့။
    မှားပြီးပြောခံရရင်လည်း သိက္ခာကျပါတယ်။
    တစ်ခါက ကျွန်မကား တိုင်းရော့ပြုတ်လို့ ဘုရင့်နောင်လမ်းမပေါ်ထိုးရပ်သွားတော့ ကျွန်မ လာဆွဲမယ့်ကားစောင့်ရင်း လမ်းဘေးမှာ ကြာကြာရပ်နေရတယ်၊
    အဲဒါ Taxiတွေက ဖြတ်သွားရင် လက်ပြပြသွားတော့ ကားငှားမလားမေးတယ်မှတ်လို့ ခေါင်းခါခါပြနေမိတာ။
    တအောင့်နေတော့ မလှမ်းမကမ်းမှာ ဆီဝယ်နေတဲ့ ချာတိတ်တွေက အမ ကားပေါ်တက်ထိုင်နေပါ။
    Taxi တွေက ဖောက်သယ်ရှာနေတယ်မှတ်ပြီး မေးနေတာဆိုတော့မှ လန့်ပြီးကားထဲ ပြန်ဝင်နေရတယ်။
    သတိထားကြဖို့ပါ။လောကကြီးကလည်းရှုပ်ထွေးလွန်းပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 30, 2011 at 2:37 pm

    တူညားနဲ့မတူအောင်ပြောမယ်
    တစ်နေ့
    ကျုပ်ရဲ့ဖုံးထဲကို
    ကောင်မလေးတစ်ယောက်ဖုန်းဆက်လာတယ်
    ဖုန်းမှားတာပါ
    သူလေးဂ
    ဘယ်ဂလဲ…………..ဒဲ့
    ဒီလိုနဲ့
    ဒီလိုနဲ့
    တွေ့ကြလေသတည်းပေါ့ဗျာ
    အဲ့ဒါက
    ယ္ခုလက်ရှိ
    ကျုပ်တို့နေတဲ့ရွာမှာ တော်တော်ခေတ်စားနေတယ်
    ကျုပ်မဲပေါက်ဘူးလို့ပြောဒါ
    အောင်ပုတို့က ကိုယ်တွေ့တွေကို တစ်ဆယ်နဲ့ရောင်းနေတာနော်

  • nature

    June 30, 2011 at 5:20 pm

    ကြားဖူးနားဝရှိသွားတာပေါ့။

  • shwe ni

    June 30, 2011 at 5:23 pm

    သတိထားစရာတခု သိရတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တမဲ့လုပ်မိနိုင်တဲ့အရာတွေနော ။

  • manawphyulay

    July 1, 2011 at 5:19 am

    ဒါများ ညီမလေးရယ်… အနားမှာ ရှိတဲ့ အုတ်ခဲကျိုးနဲ့ ပစ်ပေါက်လိုက်ပြီးရော… လူတွေကို ဘယ်လိုများ အောင်းမေ့နေလဲမသိဘူး။ စရိုက်တွေကလည်း တဖြည်းဖြည်းနဲ့ပျက်လာပြီ။

  • meengelay

    July 1, 2011 at 5:55 am

    ဆိုးပါ့ ကွယ် အပြင်တောင်မထွက်ရဲဖြစ်နေပြီ..

  • fatty

    July 1, 2011 at 7:10 am

    ဟုတ်ပါ့ဗျား အဲဒီသားရေပင် ( ကြက်ပေါင်ကွင်း) ကိစ္စက ကျနော်တို့ကျောင်းသားအရွယ်ကထဲကရှိတာဗျ။
    ကဲ အခု ဖတ်ရမှတ်ရတော့ ဗဟုသုတ တမျိုးတိုး သွားတာပေါ့နော ….။

    ဒါကြောင့်ပြောတာ နား မျက်စိဖွင့်ထားကြပါလို့ …….။
    နောက်ပုံစံတမျိုးပြောင်းသွားရင် ရွာထဲက သိတဲ့သူတွေ သတိပေးကြပါအုံး …။

  • စုံ စုံ

    July 1, 2011 at 7:37 am

    အဲ့ဒိတဏှာရူးတွေကလဲတွေ့ကရာမိန်းကလေးတိုင်းကို
    လုပ်စားနေတဲ့အပေါစားမတွေများမှတ်နေလားမသိဘူး
    အမတို့ညီမတို့မရှိရင်တောင်ကိုယ့်ကိုမွေးထားတဲ့အမေနဲ့ယှဉ်ပြီး
    ကိုယ်ချင်းစာသင့်တယ် 🙁

  • ရွှေဘိုသား

    July 1, 2011 at 8:30 am

    တဏာှရူးတွေမိန်းမကောင်းလေးတွေကိုထင်ရက်ကြတယ်နော်သူတို့မို့လို့
    နောက်တစ်ခါလာပြောရင်ဘေးနားကတွေ့တာနဲ့သာဆော်ပစ်

  • intro

    July 3, 2011 at 12:10 pm

    အော်… ဒီလိုလဲ ရှိတယ်လား…. အံ့ဖွယ်သုတ

  • phowagyi

    July 3, 2011 at 3:41 pm

    how wonderful is this experience ha ha

  • chitsu

    September 25, 2011 at 2:08 pm

    အဲ့လိုမျိုးတွေလည်းရှိတယ်ဟုတ်လား
    ကြောက်တောင်ကြောက်တယ်နော်
    မကောင်းတဲ့သူတွေကလည်းပုံစံကအမျိုးမျိုးပဲ

  • bluerose

    March 19, 2012 at 12:10 pm

    ဗဟုသုတပါပဲလား
    သားရေကွင်းတောင်မစီးချင်တော့ဘူး

  • နတ်ဆိုးလေး

    March 19, 2012 at 12:29 pm

    သမ္မတကြီး ကိုတင်ပြရမယ်။ သာရေကွင်း ရပ်ကွက် လုပ်ပေးပါလို့။ ဒါမှ မိန်းမကောင်းလေးတွေ အဆင်ပြေမှာ ။ နိုင်ငံတကာမှ အဲ့လိုရပ်ကွက်တွေ ရှိပါတယ်။ မရှိတဲ့နိုင်ငံလဲ ရှိမှာပေါ့နော်။ အများစု တော့ အဲ့လိုတွေ့ဘူးတယ်။

  • Mon Kit

    March 19, 2012 at 12:30 pm

    မှတ်သားစရာ အဖြစ်နှင့် ဖတ်သွားပါသည်။။

  • cobra

    March 19, 2012 at 2:44 pm

    ခုမှပဲသိတော့တယ်
    ဘယ်လိုတွေများခွဲထားသေးလဲမသိဘူး။

  • chel gyi

    March 19, 2012 at 2:55 pm

    ဆိုးပါ့….

Leave a Reply