ကက၊ခခ

မောင် ပေJune 30, 20111min823

 

အောက်တွင် ရေးထားသည့် အကြောင်းအရာ မှာ ဒေါက်တာ မိုးသီတာ တင်ထားသည့် “ ကြေးကြီးတိုင်း သန် ့ပါမလား ” နှင့်  “ တစ်ကယ် သစ်ရဲ  ့လား ” ဟူသော ပို ့စ်၂ခု ကို ဖတ်ရပြီးသည့်နောက် ဆက်လက် ဆင့်ပွား စဉ်းစားမိသော အတွေးများဖြစ်သည် ။ ကြေးကြီးတိုင်း သန် ့ပါမလား ။ အပေါ ်အယံ အားဖြင့် သန် ့မသန် ့(ဥပမာ ၊ ရေချိုးထားခြင်း ၊ သန် ့သန် ့ရှင်းရှင်း ဝတ်ဆင်ထားခြင်း ) ကို မူ မျက်စိဖြင့် ကြည့်ရူ  ့သိနိုင်သည် ။ အတွင်းပိုင်း သန် ့မသန် ့ကို မူ ဘယ်လို ခွဲခြားကြမည်နည်း ။  ကျွန်တော် ဆက်ရေးမည့် အကြောင်းအရာ  ကို ဖတ်မိသည့်  အမျိုးသမီး များ အနေဖြင့် ယောက်ျားတိုင်း ကို သည်လို ပဲလား ဟု မထင်မှတ်စေလိုပါ ။ “ ကျွန်တော် အခု ရေးနေသည် မှာ ကြေးအကြောင်း ပြောမည့် ၊ ပတ်သက်နေသည့် ယောက်ျား တစ်ယောက် နေရာ ကို ဝင်ခံစား စိတ်ကူးယဉ် ရေးသားထားခြင်း ဖြစ်သည် ။ ”

အိမ်ထောင်သည် ယောက်ျားများ သည် အိမ်မှ ဇနီးနှင့် အနေဝေးသည့် အခါတွင် လည်းကောင်း ၊ ပိုက်ဆံတတ်နိုင်သော လူပျိုကြီး များသည် လည်းကောင်း ၊ ပိုက်ဆံ တတ်နိုင်သော လူငယ်လူရွယ် များသည် လည်းကောင်း ဤ အပြင်မိန်းမ ( ပြည်တန်ဆာ ) နှင့် လွတ်ကင်းရန် ခက်သည် ။ “ ပိုက်ဆံ တတ်နိုင်သော  ” ဟု သုံးထားရခြင်း မှာ မည်သည့် ပြည်တန်ဆာ မ မှ အလကား အလုပ်မလုပ်ကြသောကြောင့် ဖြစ်သည် ။ အလကား အလုပ်လုပ်သော သူ ကော မရှိဘူး တဲ့လား ဟု ဆိုလာလျှင် ရှိပါသည် ဟု ပြန်ဖြေပါမည် ။ အဘယ်သူ များနည်း ဟု မေးလာလျှင် ကက ဟု အမည်တွင်သည့် အမျိုးသမီး များ ရှိသည် ။ ထိုသူ များသည် နေရာပေါင်းစုံ အလွှာပေါင်းစုံ မှ ဖြစ်နိုင်သည် ။

ဥပမာ ဆိုရလျှင် (၁) ပိုက်ဆံ ရှိ အသိုင်းအဝိုင်း မှ ဖြစ်သော်လည်း သူ သဘောကျ သော ယောက်ျား ကို အလကား ဆက်ဆံခွင့် ပြု လျှင် သူမ သည် ကက ။

(၂) ကာရာအိုကေ ၊ ကေတီဗီ ၊ မာဆက် တို ့မှ အမျိုးသမီး ဖြစ်သော် လည်း ( စပွန်ဆာ ပေးထားသည့် ဦးဦး ကိုကို အခိုင်အမာ ရထားပြီး )  သူ သဘောကျ သော ယောက်ျား ကို အလကား ဆက်ဆံ ခွင့်ပြု လျှင် သူမ သည် ကက ။

(၃) တက္ကသိုလ် ကျောင်းသူ များတွင် လည်း ( ဤ အုပ်စု မှာ အနည်းငယ်သော အရည်အတွက် မျှသာ ရှိပါသည် )  ပထမ ဆုံး ချစ်မိသူ အချစ်ဦး က လူမဆန်ပဲ ဖြတ်သွားသဖြင့် ၊ ယောက်ျား များ ကို စိတ်နာ ကာ လိုက်လံ အရွဲ  ့တိုက် ဆက်ဆံ နေသည် ဆိုလျှင် သူမ သည် ကက ။

(၄)အချို  ့ကျောင်းသူ လေးများ ဆိုလျှင် နဂိုက အဖြူသက်သက် ။ ကျောင်းတက် မှ အဝတ်အစားဖိုး မိတ်ကပ် ဖိုး ဖိနပ်ဖိုး စာသင် စရိတ် အစရှိသည်များကြောင့် ယာယီ ခဏ အားဖြင့် ခန္ဓာ ကိုယ် ကို အရင်းပြု ကာ သီးသန် ့ဝင်ငွေ ထွက်ရှာသူ များလည်း  ရှိသည် ။ သူမ တို ့ကို မူ ခခ ဟု အမည်သညာ တပ်ကြသည် ကို တွေ ့ရသည် ။ သူမ တို ့သည် အမြဲတမ်း အလုပ် မလုပ် ။ သူတို ့လိုအပ်သော ပမာဏ ရလျှင် နားသွားသည် ။

အကြောင်းအမျိုးမျိုး ရှိသော်လည်း ပြည်တန်ဆာ တို ့၏ အဓိက အကြောင်းရင်း မှာ စားဝတ်နေရေး မပြေလည် လို ့လုပ်ကြသည် ကို တွေ  ့ရမည် ဖြစ်သည် ။ အထက်တွင် ရေးပြ ခဲ့သော အုပ်စု များထဲ မှာ နံပါတ် ၁၊၃ နှင့် ၄ ကို မိန်းမ လိုက်စားသူ အမျိုးသား များ က “ သစ် သည် သန် ့သည် ဟု ထင်ကြသည် ။ ကြေးကြီးပေးရမည် ဆိုလျှင် လည်း တန်သည် ဟု ထင်ကြသည် ” ။ မိန်းမ ဆိုသည့် အမျိုးသည် ယောက်ျား နှင့် အနေဝေး လျှင် အပျိုနီးပါး ပြန်ဖြစ်သည် ( ဟုတ်မဟုတ် သိရှိသူ စီနီယာ များ ဖြေပါ ) ဟု ပြောကြသည် ။ ထိုသို ့အနေဝေး နေသော ကက မျိုးနှင့် ဆက်ဆံမိသော သကောင့်သား တို ့သည် အသစ်လေး ကွ ဟု ထလက်ခမောင်း ခတ်တတ်ကြသည် ။ ဂုဏ်ယူ တတ်ကြသည် ။ ထိုအခါ တွင် အဆင်အခြင်မရှိတော့ပဲ အကာအကွယ် မဲ့ ရမ်းကြသော အခါ နောက်ဆက်တွဲ ကာလသားရောဂါ များနှင့် ကြံ ုတွေ ့ကြရတော့လေသည် ။ ကံဆိုးမည် ဆိုလျှင် အပေါ ်ယံ အမြင် အားဖြင့် အရမ်းသန် ့။ သူမ နေထိုင်မှု မှာလည်း ငြိမ်နေသော်လည်း အတွင်းဝယ် A ရှိနေသည် ကို သူ ့ဘာသာ သူ မသိသည့်   ကက မျိုး ကို သန် ့လှ ပါသည် ဟု ဆိုကာ ဗရမ်းဗတာ ဆက်ဆံ ခဲ့မည် ဆိုလျှင် …..။

ထို  ့ကြောင့် ကျွန်တော့် စာကို ဖတ်မိကြသည့် အန်ကယ်တို ့အကိုတို ့ညီငယ်တို ့အနေဖြင့်  မိုးရေထဲ သွားမည် လုပ်တိုင်း မိုးကာ ဝတ်ကြပါလို ့စေတနာ လေး နဲ ့သတိပေး လိုက်ပါရစေနော် ။

ကျွန်တော် ့စာ ကို ဖတ်မိကြတဲ့ အန်တီတို ့မမ တို ့ညီမငယ် တို ့အနေ နဲ ့လည်း ကျွန်တော့် ကို လိုက်စားနေသူကြီး တစ်ဦး အဖြစ် မထင်လိုက်ကြပါနဲ ့ဦး ။ ကျွန်တော့် ပတ်ဝန်းကျင် မှ ကြားရသော မြင်ရသော ဗဟုသုတ များ ကို အခြေခံ ပြီး ၊ သည် ပို ့စ်လေး ကို မသိသေးသူ သိရှိနိုင်ရန် တင်ထားခြင်း ဖြစ်ပါတယ်  ။

အားလုံး ကို ကျေးဇူးတင်ပါသည် ခင်ဗျာ ။

 

3 comments

  • pan pan

    July 1, 2011 at 2:43 am

    ကျောင်းသူလေးတွေကိစ္စ(နံပါတ်လေး) ကတော့ မကွေးဆေးတက္ကသိုလ်ဘက်မှာ အဖြစ်များတယ်ဆိုပဲ
    ကြားဖူးတာနော်…. :O

  • ရွှေဘိုသား

    July 1, 2011 at 6:49 am

    အစ်ကို windtalker ပြောတာကိုထောက်ခံတယ်ဗျာ
    ဒါပေမဲ. ကျွန်တော်လည်း ဘာမှအတွေ.ကြုံမရှိပါ
    ကြားဖူးနာဝ

  • forever

    July 1, 2011 at 3:33 pm

    ကိုစာတွေ.ကြီးပေါ. ….
    ခခ ရဲ.အရှည်ကောက် က ဘာလဲခင်ဗျ.

Leave a Reply