ကျော်ထွေးကို စာသင်မယ်။

Yan ShinJune 30, 20111min14711

ငယ်တုန်းအခါ ဘွဲ့ရပြီးစ စိတ်ဓါတ်ရည်ရွယ်ချက်မြင့်မားစွာနဲ့ပေါ့။
ညောင်တုန်းကျွန်းရေနက်ကွင်း မြေအောက်တနာဖေါ်ထုတ်ရေးစီမံကိန်းမှာ သူငယ်ခြင်း သူဌေးသားပိုင်တဲ့ လယ်ကွင်းမှာ ငယ်သူငယ်ခြင်း(ငကြပ်ကောင်) စည်သူနဲ့ အတူအလုပ်လုပ်ခဲ့ဘူးပါတယ်။
အဲဒီတုန်းက တွေ့ခဲ့ရတဲ့ တပည့်ကျော် ကျော်ထွေးကို စာသင်ပုံလေးတွေ ဖေါက်သည်ချခြင်လို့ပါ။
ကျော်ထွေးဆိုတာ မိတဆိုးသားလေးပါ။ ကျွန်တော်တို့လယ်ကွင်းထိပ်က အသင်းစု ရွာဦးဘုန်းတော်ကြီးက သူ့အဖေလာပို့ထားလို့မွေးစားထားတဲ့ ဘုန်းကြီးမွေးစားသား လူလည်ဆိုပါတော့။
အသက်ကတော့ ၁၃-၁၄ နှစ်လောက်ပဲရှိအုန်းမှာပါ စာလုံးဝမတတ်သေးပါ။
ကျွန်တော်တို့ဆီ သူ့အဖေလာပို့လို့ အလုပ်သမားအဖြစ်ရောက်လာတော့လဲ ထားခဲ့ပေါ့လေ။ ကျွန်တော်တို့ကလည်း အမြင့်မားဆုံးသော စိတ်ထားများနဲ့ပေါ့
သူတို့လိုပဲ နီးစပ်ရာ လုပ်သားငယ်လေးတွေကို အလုပ်အား အလုပ်နားချိန်စာသင်မယ်ပေါ့။
ကျော်ထွေးတို့ကို ကျွန်တော်တို့ စာသင်မယ်ဆိုတော့ အနီးနားရွာတွေကလည်း ဝမ်းသာအားရပေါ့။ ကျေးဇူးလည်း ကြိုတင်နေကြပါတယ်။
အထူးသဖြင့် ကျော်ထွေးကို စာသင်တာကိုပေါ့။ ရွာကပြောပါတယ်

ဦးဌေးတို့ ဦးစည်သူတို့ (ကျွန်တော်တို့ကို သူတို့က အဲလိုခေါ်ပါတယ်)ကျော်ထွေးကို စာတတ်အောင်သင်မယ်ဆို သင်ပေးကြပါ။ ကျော်ထွေးကို စာတတ်အောင်သင်ပေးနိုင်ရင်တော့ အာဂလူတော်တွေပဲ ရွာဦးကျောင်းဆရာတော်တောင် ကျော်ထွေးကို စာသင်တာ ကြမ်းကျောင်းသုံးကျောင်းကုန်တာတောင် မတတ်လို့ လက်လွှတ်ထားရတာပါ တဲ့။
မှတ်ချက်။ ။ ကြမ်းကျောင်းသုံးကျောင်း ဟူသည်……………. ဝါးကြမ်းခင်းထားသော ဘုန်းကြီးကျောင်းတွင်စာသင်ရာ ကြမ်းကို ချိုးပြီး ရိုက်စာသင် ကျောင်းသာကုန်တယ် ကျော်ထွေးစာမတတ်။ နောက်တစ်ကျောင်းကုန် စာမတတ်။ အီလိုဖြင့် ကျောင်းသုံးကျောင်းသာကုန်ပြီး မောင်ကျော်ထွေး စာမတတ်ခဲ့ဟူသတတ်။
ဘယ်ရလိမ့်မလဲ ရည်ရွယ်ချက်နဲ့ ခေတ်ပညာတတ်တွေပဲ ကြိတ်မယ်။
ကျော်ထွေး အသက်က (၁၃)နှစ်ပါတ်ဝန်းကျင်ပါ။ သူ့ကိုစာသင်တဲ့အခါမှာ သင်တာကို လက်ခံရယူ လိုက်ဆိုတာမျိူးတင်မက အဲဒီအချိန်မှာပဲသူက လိုက်လံတွေးတောခြင်းဆိုတာကိုပါ ပြုလုပ်နေပါတယ်။ သူ့ကို စာသင်တဲ့အခါမှာ ကျွန်တော်တို့တတွေ တွေ့ခဲ့ရတဲ့ အခက်အခဲ အချို့ကို တင်ပြပါရစေ။ မိတ်ဆွေ နဲနဲသုံးသပ်ဆင်ခြင်ပြီး အကြံဉာဏ်ပေးစေလိုပါတယ်။
ကျော်ထွေးကို အဓိက စာသင်တာက ကိုစည်သူပါ၊ ကျွန်တော်က ရံဖန်ရံခါပဲ သင်ဖြစ်ပါတယ်။
တစ်နေ့ မောင်ကျော်ထွေးကို ကျွန်တော်စာမေးနေပါတယ်။ လွဲပါတယ်။ ကျွန်တော် နံမည်တစ်လုံးရေးပြီး ကျော်ထွေးကိုဖတ်ခိုင်းပါတယ်။ ကျွန်တော်ရေးပေးတာ ကျွန်တော်တို့ သူငယ်ခြင်းတစ်ယောက်အမည်ဖြစ်ပါတယ် မောင်မောင်အေး ဖြစ်ပါတယ်။
ကျွန်တော် ဆရာဖြစ်သူနဲ့ တပည့် မောင်ကျော်ထွေး စာဖတ်နေပုံကို နားထောင်ကြည့်ပါ။

မောင်ကျော်ထွေး စာစဖတ်ပါတယ်။ သဝေထိုး မရေးချ ငါ့သတ် မောင်
ကျွန်တော် အိုကေ
ကျော်ထွေး သဝေထိုး မရေးချ ငါ့သတ် မောင် မောင်မောင်
ကျွန်တော် အိုကေ
ကျော်ထွေး သဝေထိုး အရေအေး ဝစ်စနှစ်လုံးပေါက်အေး
အေးအေး
ကျွန်တော် ဟေ……………မင်းဂျီးဒေါ် ပြန်ဖတ်စမ်း

မောင်ကျော်ထွေး မျက်နှာပျက်နေပါတယ်။ ကြောက်လန့်နေပုံနဲ့ အသံလည်းနဲနဲ တုန်လာပါတယ်။

ကျော်ထွေး သဝေထိုး မရေးချ ငါ့သတ် မောင်
ကျွန်တော် အိုကေ
ကျော်ထွေး သဝေထိုး မရေးချ ငါ့သတ် မောင် မောင်မောင်
ကျွန်တော် အိုကေ
ကျော်ထွေး သဝေထိုး အရေအေး ဝစ်စနှစ်လုံးပေါက်အေး
ငအေး
ပါတဲ့ဗျား။
မိတ်ဆွေ နဲနဲရှင်းပြပါရစေ။ ဖြစ်ပုံကဒီလိုပါ မောင်မောင်အေးဆိုတဲ့နာမ်မည်ကို သူဖတ်နေစဉ်မှာပဲ သူက အဲဒီနာမ်မည်ကို လိုက်တွေးတော စဉ်းစားနေတာပါ။
ဒီနာမ်မည် ငါကြားဘူးတယ် ငါသိတယ် ငါတို့ရွာ အရှေ့ပိုင်းက ဒေါ်မကြီးရဲ့သမီးနာမ်မည်။ ဒါကြောင့် ထမတစ်ခါ စာလုံးပေါင်းတော့ မှန်ပါလျှက် အဓိပ္ပါယ်ဖေါ်ပေါင်းဖတ်လိုက်တော့ ဒေါ်မကြီးရဲ့ သမီးနာမ်မည် အေးအေး လို့ အသံထွက်လိုက်ပါတယ်။
ကျွန်တော်က သူမှားနေကြောင်း ပြန်ဖတ်ခို်င်းတဲ့ အခါ သူပြန်ဖတ်ရင်းစဉ်းစားပြန်ပါတယ်။
စာလုံးပေါင်းတော့ မှန်ပါတယ် အဓိပ္ပါယ်ဖေါ်ပေါင်းဖတ်ပြန်တော့
ရွာ အရှေ့ပိုင်းက အေးအေးမဟုတ်ရင် ရွာလယ်ပိုင်းက ဘကြီးထွန်းတင်သား ငအေး ဆိုပြီးဘသားချောက ငအေး ဆိုပြီး ပေါင်းဖတ်ပါတယ်။
မိတ်ဆွေ သူတို့ရွာမှာ မောင်အေး မောင်ထွေး မောင်မြ ဆိုပြီး နာမ်မည် မရှိပါ။
ငအေး ငထွေး ငမြ ဆိုပြီးပဲရှိပါတယ်။

နောက်တစ်ခါ ငကြပ်ကောင် ကိုစည်သူ သူ့တပည့်ကျော်ထွေးနဲ့ ခံရပုံကိုပြောပြခြင်ပါတယ်။

(နားနဲ့ မနာ ဖဝါးနဲ့ နာပေးပါ။ ရိုင်းစိုင်းမှု့ပါနေလို့ပါ။)

ကိုစည်သူက စာတစ်လုံးရေးပြီး ကျော်ထွေးကိုဖတ်ခိုင်းပါတယ်။
မောင်ကျော်ထွေးစဖတ်ပါတယ် သဝေထိုး စလုံးရေးချ အာ ကိုစည်သူဒါခင်ဗျားနံမည်ကြီးပါဗျာ

မောင်စည်သူ(ငကြပ်ကောင်သေပြီ) ကျွန်တော်တို့ သိထားသူတွေ (စာဖတ်တတ်သူတွေအားလုံး) ဝိုင်းဝန်းပြီး အသားကုန်ရီကြရပါတယ်။
မောင်စည်သူမျက်နှာကြီး နီပြီး ရှက်သွားပါတယ်။
မောင်စည်သူ သူ့တပည့်ကျော်ကို ဆူပူကြိမ်းမောင်းပြီး ပြန်ဖတ်ခိုင်းပါတယ်။
မောင်ကျော်ထွေးပြန်ဖတ်ပါတယ်။
သဝေထိုး စလုံးရေးချ ကသတ်စောက် အိုကေ
ပစောက်ရေး တသတ်ပါတ်
အပိ
ဟူသတတ်။
ကျွန်တော်တို့အားလုံး နောက်တစ်ခါ ရီကြရပြန်ပါတယ်။
မိတ်ဆွေ သဘောပေါက်ပါရဲ့လားမိတ်ဆွေ ငကြပ်ကောင် မောင်စည်သူက သူ့တပည့်ကျော်ကျော်ထွေးကို ကြပ်ပြီး မိန်းကလေး ဟိုဒင်းကို ရေးပြီး ဖတ်ခိုင်းတယ်။
သူ့တပည့်ကျော်က သဝေထိုး စလုံးရေးချ အာ…ကိုစည်သူဒါခင်ဗျားနံမည်ကြီးပါဗျာ လို့ပြောတယ်ဗျာ။
မောင်စည်သူမခံရလို့ ဘယ်သူခံရမလဲ။ နောက်တစ်ခါပြန်ဖတ်ခိုင်းတဲ့အခါ မောင်မင်းကြီးသားမောင်ကျော်ထွေးဖတ်ရင်းစဉ်းစားပါတယ်။
ဒါ မိန်းကလေးများရဲ့ ဟိုဒင်းကိုပြောတာ သူသိတယ်။ အဲဒီအခါ သူသိသလို အသံထွက်လိုက်ပါတယ်။ အပိ
ဟုတ်ကဲ့ သူတို့ဒေသမှာ သူတို့ လူငယ်တွေက အဲဒါကို အဲဒီလိုပဲခေါ်ပါတယ်။

11 comments

  • ဆူး

    June 30, 2011 at 12:11 pm

    စာသင်လို့ မတတ်တဲ့ လူစားမျိုး မြင်ဖူးတယ် ၂ယောက်တောင်.. အိမ်ကို ရောက်လာတဲ့ ကလေးမလေး ပထမ တယောက်ဆို ဈေးရောင်းဈေးဝယ် ဈေးတွက် အကုန် တွက်တတ်တယ်။ လယ်လယ်ဝယ်ဝယ်လည်း ရှိတယ်။ သူ့မှတ်ဉာဏ်က စာလုံးတွေ မမှတ်နိုင်တာလား မသိဘူး။ စာ လုံးဝ မဖတ်နိုင်ဘူး သေချာ သင်ပေးလည်း သင်ချင်တာ သင် ထွက်ချင်သလို ထွက်.. နောက်တော့ လက်လျော့လိုက်ရတယ်။
    နောက်တယောက်လည်း ထိုနည်း လည်းကောင်းပဲ.. စာသင်ပေးရင် တိုင်ပေးရင် အမှန် တယောက်တည်း ဆို ခိုင်းရင် မရဘူး။ မှားနေပြီ ပြောရင် မဆူ ရသေးဘူး ကြောက်ပြီး မျက်ရည်က ထွက်လာသေးတယ်။ စာမတတ်လည်း နေတော့ မရိုက်ပဲ လာမငိုနဲ့ ဆိုပြီး လက်လျော့ခဲ့ရဖူးတယ်။

    • pan pan

      July 1, 2011 at 3:09 am

      စာမတတ်ဖို့ ကုသိုလ်ကံကိုက ပါလာပြီးသားနေမှာပေ့ါ
      ့ပါရမီမပါလို့နေမှာ
      (ပါရမီမပါလည်း မထသနဲ့ လိုက်လို့မရဘူးဖြစ်မယ်) 😀

  • windtalker

    June 30, 2011 at 12:25 pm

    ဘွားဆူး က အပျိုကြီး ထင်ပ ။ စိတ်ကလည်း တိုပ

  • nature

    June 30, 2011 at 5:54 pm

    တကယ်ကိုဘယ်လိုမှ သင်မရသူတွေတွေ့ဘူးတယ်။ ညအခါလသာသာကိုယ်တော်သုံးတယ် လေပုန်းကမြူး ဆိုတာကိုသင်တာ ညအခါလသာသာကိုယ်တော်သုံးတယ် လေးပုန်းမြူကလေးတဲ့။ ဒါစာမေးပွဲမှာမမေးတော့ အတန်းတော့အောင်သွားတယ်။

  • ရွှေဘိုသား

    July 1, 2011 at 9:42 am

    တချို့ကျတော့ဉာဏ်မကောင်းတော့ဘယ်လိုမှစာသင်လို့မရဘူးလေ
    တချို့ကျတော့လည်းပျင်းနေဖျင်းနေတာအမျိုးမျိုးပါပဲဗျာ

  • နွယ်ပင်

    July 1, 2011 at 9:52 am

    ပျင်းတာရော ဖျင်းတာရော (2) မျိုးရောသွားရင်တော့ ပြီးရော
    သင်ဖို့ကိုစိတ်မကူးနဲ့တော့ ….

  • PaukPhaw

    July 1, 2011 at 12:04 pm

    ဆရာသမား မောင်ကြပ်ကလဲဗျာ
    သင်စရာစာရှားလို ့..

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 1, 2011 at 12:27 pm

    အပိဆိုတာ ဘာကိုခေါ်သလဲခင်ဗျ ငပိနဲ့များဓာတ်တူနာမ်တူးသလားခင်ဗျ
    speed နဲ့ရော ပတ်သက်ရာ ပတ်သက်ကြောင်းရှိပါသလားခင်ဗျ

  • Yan Shin

    July 2, 2011 at 2:58 pm

    ပေါက်ကျော်ရေ ကိုယ့်သူငယ်ခြင်းက ငကြပ်ကောင်ပါဆိုမှ အဲဒါမျိုးတွေကြပ်တာကွဲ့။
    ကိုမိုက်ကယ်လဲ သိခြင်ရင် ငကြပ်ကောင်ရေးတဲ့ စာလုံးပေါင်းဖတ်ကြည့်ပါ။
    ဆူးရေ ကိုယ်တို့ကတော့ မျှော်လင့်ချက်နဲ့ဆက်သင်မယ် ဆက်လက်ဖတ်ကြည့်ပေးပါအုန်း။
    နွယ်ပင်တို့ ရွှေဘိုသားတို့ရေ ကျော်ထွေးက ငပြင်း ငဖျင်း မဟုတ်ဘူးကွဲ့
    နဲနဲဉာဏ်ရည်ပိုနေလားလို့…….

  • naywoonni

    July 2, 2011 at 3:22 pm

    အဲဒိလိုကလေးမျိုးတော့ စာသင်ပေးချင်ပါသည်..။

  • Yan Shin

    July 2, 2011 at 3:52 pm

    နေဝန်းနီရေ
    ပို့ပေးခြင်လို့ပါ။ ပြောထားတယ်လေ ဓါးပဲ့ယူမလားလို့
    ဆက်ဖတ်ကြည့်ပေးပါ။ တွေ့မှာပါ။ ကျေးဇူး…..

Leave a Reply