ရွာထဲက လူတွေကို စစ်တမ်း ကောက်မယ်။

ဆူးJune 30, 20111min59574

ရွာထဲမှာ အကောင့်လုပ်ပြီး စာဝင်ဖတ်နေတဲ့ လူတွေက အသက်အားဖြင့် ကြီးသော ငယ်သော သေချာတော့ မသိကြပါဘူး။

လူမသိ သူမသိ ကိုယ့် အသက် အမှန်ကို အမှတ်ပေးပြီး ကြီးသူ များလား ငယ်သူ များလား စစ်တမ်း ကောက်ချင်ပါတယ်။ အားလုံး ဝိုင်းကူကြမယ် ထင်ပါတယ်။

အသက် ၁၈ နှစ်အောက်

အသက် ၁၈ နှစ် အထက် နှင့် ၂၅ နှစ် ကြား

အသက် ၂၆ နှစ်နဲ့ အထက် ၃ဝ နှစ်ကြား

အသက် ၃၁ နှစ်နဲ့ အသက် ၄ဝ နှစ် ကြား

အသက် ၄၁နှစ် နဲ့ အသက် ၅ဝ နှစ် ကြား

အသက် ၅ဝ နှစ်နဲ့ အသက် ၆ဝ နှစ် နှင့် အထက်

 

မှတ်ချက်။ မန်ဘာ တယောက် လျှင် သက်ဆိုင်ရာ အသက်ကို အစိမ်းပေးခဲ့ဖို့ တောင်းဆိုပါတယ်။ အနီတော့ မလုပ်နဲ့နော်. သူများ လုပ်သွားတဲ့ မှတ်တမ်းလေး ပျောက်သွားမှာ စိုးလို့ပါ။

မှတ်တမ်း တင် အစိမ်းပေးသွားတဲ့ လူများ ပြီးကြောင်း အောက်မှာ ကွန်မန်းနဲ့ လက်မှတ် ထိုးပေးခဲ့ဖို့ တောင်းဆိုပါတယ်။ တဦးကို ဆိုင်ရာ တခုသာ ပေးဖို့ အရေးကြီးပါတယ်။

 

ကွန်မန်း စာမျက်နှာ များ ဖြစ်ခဲ့သော် ပထမ စာမျက်နှာမှ မှတ်ချက်ပေးလို့ ရတဲ့ နေရာလေး ပြန်မရှာနိုင်မှာ စိုးတဲ့ အတွက် လင့်ကလေး ဒီမှာပဲ မှတ်တမ်း အနေနဲ့ မှတ်ပေးထားပါတယ်။

https://myanmargazette.net/53849/arts-humanities/politician-musician-celebrity-interviews-profiles/comment-page-1#comment-87122

74 comments

  • ဆူး

    June 30, 2011 at 1:33 pm

    အသက် ၁၈ နှစ် အထက် နှင့် ၂၅ နှစ် ကြား

  • ဆူး

    June 30, 2011 at 1:33 pm

    အသက် ၂၆ နှစ်နဲ့ အထက် ၃ဝ နှစ်ကြား

  • ဆူး

    June 30, 2011 at 1:34 pm

    အသက် ၃၁ နှစ်နဲ့ အသက် ၄ဝ နှစ် ကြား

  • ဆူး

    June 30, 2011 at 1:34 pm

    အသက် ၄၁နှစ် နဲ့ အသက် ၅ဝ နှစ် ကြား

  • ဆူး

    June 30, 2011 at 1:35 pm

    အသက် ၅ဝ နှစ်နဲ့ အသက် ၆ဝ နှစ် နှင့် အထက်

  • padonmar

    June 30, 2011 at 1:48 pm

    ဆူးရေ ပေးခဲ့ပြီနော်။ အစကတည်းက အသက်ပြောပြီးမှ ဝင်လာတာဘဲ။

  • nozomi

    June 30, 2011 at 1:51 pm

    ဆူးမမ လုပ်တာနဲ့ လူတွေသိကုန်တော့မှာပဲ
    အစောဆုံး ၁ဝ ဦးကို ကံစမ်းမဲ နိုက်ပေးမယ်ဆိုလို့ အရင်ဆုံးပေးခဲ့ပြီနော်

    ရွာသားတွေအားလုံးက ဝိုင်းပေးရင် …
    ၅ x ၄၀၀ဝ = …………

    ဒီပို့စ် တစ်ခုနဲ့ တင် မနက်ဖြန်ကျရင် သဂျီးက ပိုက်ပိုက်လှမ်းပို့လိုက်မယ်တဲ့ 🙂

    • ဆူး

      June 30, 2011 at 1:55 pm

      အသစ်မှ ဟုတ်ရဲ့လား ဆိုတဲ့ ပိုစ် အတိုင်းပါပဲ.. သဂျီးက ၄၀၀ဝ သာ အော်နေတာ.. တကယ်တမ်း တယောက်စီမှာ အကောင့် ဘယ်နှစ်ခု ရှိနေမလဲမှ မသိတာ.. ၄၀၀ဝ တိုင်း လူ အယောက် ၄၀၀ဝ မဖြစ်နိုင်ပါ။

  • bigbird

    June 30, 2011 at 2:13 pm

    စာရင်းတင်ပြီးကြောင်းပါ…

  • windtalker

    June 30, 2011 at 2:24 pm

    သားအသက်တော့ ဖွားဆူး သိသွားပါပြီ

  • naywoonni

    June 30, 2011 at 2:38 pm

    ဟေ့… ချူးးမ သိတယ်မဟုတ်လား ငါ … နေဝန်းနီ

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 30, 2011 at 2:48 pm

    ဟုတ်ကဲ့ပါခည
    သားကတော့
    ဗမာ့လွပ်လပ်ရေးရတော့
    1948မှာပါ သူငယ်တန်းဘဲရှိပါသေးတယ်ခည

    • ဆူး

      June 30, 2011 at 2:52 pm

      အတိတ်ဘဝ က ဖြစ်မယ် ထင်တယ်နော်။

      • winkyawaung

        June 30, 2011 at 3:03 pm

        အင်း အသက်ပြောရမှာ လူတိုင်း ငြင်းဆန်လိုကြပါတယ်။ ကျွန်တော့်အသက် ငါးဆယ်ကျော် ပါ။

  • သိချင်ရင် ပရိုဖိုင်မှာဝင်ကြည့် အမှန်အတိုင်းပေးထားတာ.
    ဘာလဲ သက်ကြိးပူဇော်ပွဲံလုပ်ပေးချင်လို့လား
    ဒါမှမဟုတ် အသက် 40အထက်မလာရလို့ လုပ်ချင်လို့လား
    အဲဒါမှမဟုတ်သေဘူးဆိုရင် 18နှစ်အောက် မဝင်ရလို့ပြောမှာလား
    ဆမူးမူးရေ

  • nature

    June 30, 2011 at 2:56 pm

    ဆူးရေး ပေးပြီးပြီနော်။

  • unclegyi1974

    June 30, 2011 at 2:57 pm

    လူတကိုယ်လုံးဉာဏ်ချည်းပဲတဲ့
    ငယ်ငယ်ကလူကြီးတွေကခပ်လည်လည်ကလေး
    တွေကိုပြောကြတာ
    အခုလည်းအဲဒီစကားကိုပြောရမယ်
    ဆူးတကိုယ်လုံးဉာဏ်ချည်းပဲ
    ဘကဝင်ပြီးအားပေးချင်ပါရဲ့
    ိဆူးရဲ့သတ်မှတ်ချက်နဲ့မမှီလို့အားမပေးလိုက်ရဖူး
    တာ့တာ

  • shweminthar

    June 30, 2011 at 3:18 pm

    အသက်မေးရင်စိတ်ဆိုးတယ်။
    ဒီအရွယ် အဆိုးဆုံးဘဲ ဦးလေး ခေါ်လိုက် အကို ခေါ်လိုက်နဲ့ အမျိုးမျိုးဘဲ…..

  • weiwei

    June 30, 2011 at 3:33 pm

    ရွာထဲမှာ သက်တူရွယ်တူတွေများကြောင်းသိရလို့ ဝမ်းသာပါ၏ …

  • zaw min

    June 30, 2011 at 4:22 pm

    အင်း… စစ်ထဲဝင်ဖို့ ကြိုပြီးစရင်းကောက်တာတော့ မဟုတ်လောက်ဖူးထင်ပါတယ်နော်…

    • ဆူး

      July 1, 2011 at 1:03 pm

      မကြောက်ပါနဲ့ ဘယ်သူမှ မသိပါဘူး။ တိတ်တဆိတ် မှတ်တမ်း တင်ခိုင်းတာပါ။

  • nature

    June 30, 2011 at 4:40 pm

    ၅ဝ နဲ့ ၆ဝ ကြား ဘကြီး ဒေါ်ကြီးများ အကြောင်းကြားပါ။တော်ကြာ မရိုမသေပြောမိပြီး ငရဲကြီးမှာစိုးလို့ပါ။ 🙂

  • akswe

    June 30, 2011 at 9:24 pm

    ဒီကလေးမဟာ လေ တောင်းပန်မရ မျက်စပြစ်ပြမရ ချော့လဲမရနဲ့ အတင်းရော ကာရောပဲ။
    အိမ့်တောင်ဘက် ဘူးစင်ကြီးပြိုတဲ့နှစ် ကမွေးပါတယ်ဆို…
    မဝေ ပြောသလိုပဲ ဝမ်းသာလိုက်တာ အုပ်စုတောင်.တဲ.အထဲမှာ ပါလို…..ဝန်ခံလိုက်ပြီနော်။

    • ဆူး

      July 1, 2011 at 1:05 pm

      အိမ်တောင်ဘက်က ဘူးစင်ကြီး ပြိုသွားတာ နှစ်ပေါင်း ၆ဝ နီးပါး ရှိတော့မယ် နော်..
      🙄 🙄

      • akswe

        July 1, 2011 at 1:42 pm

        ရှူးတိုးတိုးလုပ်ပါ…ဆူးမရယ်..ဟိုဟာကြီးကြားသွားမှာစိုးလို့….ဘူးစင်ကပြန်ပြီး ဆောက်လိုက်ပြီ။

  • pan pan

    July 1, 2011 at 2:10 am

    ကိုယ့်ထက်ကြီးသူ များနေပါလား
    😀

  • moethidasoe

    July 1, 2011 at 3:49 am

    ၅၃ ပြည့်တော့မယ်

  • meelay

    July 1, 2011 at 4:53 am

    သုံးခုမြောက်ကို plus ပေးလိုက်ပါကြောင်း …. :yahoo

    • maythakhin

      July 1, 2011 at 1:04 pm

      တို့ကလည်း သုံးခုမြောက်ကို အစိမ်းလေးပေးလိုက်ပါကြောင်း။ သုံးခုမြောက်က အောက်ကရည်ရင် သုံးခုမြောက်ကို ပြောတာနော်။

  • fatty

    July 1, 2011 at 5:32 am

    မန်းထားတာဘာလို့ပျောက်သွားပါလိမ့်။ မသကာင်္စရာဘဲ။

    • Snowy

      July 1, 2011 at 8:42 am

      ဟုတ်တယ် … ရှေ့ဆုံးကလဲ မဟုတ် နောက်ဆုံးကလဲမဟုတ် .. ကြားထဲကမန်းထားတာတွေ ပျောက်ကုန်တယ် ….. 😕

      • ဆူး

        July 1, 2011 at 1:07 pm

        ဒီတလော ပိုစ်တွေမှာ ကွန်မန်းတွေ ပျောက်တဲ့ ပြသနာ ဖြစ်နေတယ်။ အတည့်ကြည့်ရင် တမျိုး တစောင်းကြည့်ရင် တမျိုး ဘေးတိုက်ကြည့်ရင် တမျိုး အမျိုးမျိုး ဖြစ်နေလို့ ဒူးနဲ့ ဒုတ်မှာ တိုင်စာ ပို့ထားပါတယ် အခုထိ မထူးခြားသေးပါဘူး။

  • meengelay

    July 1, 2011 at 5:50 am

    တစ်ခုကျော်ကို plus ပေးလိုက်ပါတယ်… ဟီးးးးးးးးးး

  • surf

    July 1, 2011 at 7:40 am

    we are the strongest group!!! haa haaa

  • surf

    July 1, 2011 at 7:41 am

    we are the strongest group!!! haa haaa over 31

  • manawphyulay

    July 1, 2011 at 8:36 am

    စစ်တမ်းကောက်ပြီးရင် ဘာလုပ်ပေးမှာလဲဟင်………… ကံစမ်းမဲ လက်တော့တစ်လုံးပေးမှာလား…. ဒါမှမဟုတ် iPad ပေးမှာမို့လား…

    • etone

      July 2, 2011 at 5:08 am

      မဟုတ်ဘူးလေ … ဆူးက အင်တာနက် တနာရီ အလကားပေးသုံးမယ်တယ် … ။ 🙂

  • နွယ်ပင်

    July 1, 2011 at 8:47 am

    ဆူးရေ မနက်ကလဲ တစ်ခါပေးထားပြီးသားပါ ဒါပေမဲ့ ပျောက်သွားလို့
    ဒုတိယအကြီမ်မြောက်စာရင်းလာပေးသွားပါကြောင်း 😀

  • king

    July 1, 2011 at 9:36 am

    ထပ်ခါ ထပ်ခါ
    ပေးလိုက်ပါကြောင်း (ဒုတိယအကြိမ်) ဒီတစ်ခါပျောက်သွားရင်လည်း … 😛

  • pisikway

    July 1, 2011 at 10:35 am

    Done 🙂 လောလောဆယ် + အများဆုံး အကွက်မှာ။

  • good

    July 1, 2011 at 10:58 am

    နှစ်ခါ မန့် တာ ပျောက် သွား ယုံတင် မက ပွိုင့် ၂ဝ ပါ အနုတ် ခံ ရပါကြောင်း………….။
    ဒီပို့ မှာ တခါမန့် ၁ဝ အနုတ် ခံရ တာ ဆို ရင် တော့ ပွိုင့် ၃ဝ လှူ ပါ သည်။

    MG လူ သာဓုခေါ်စေသောဝ်။

  • R Ga

    July 1, 2011 at 1:07 pm

    စာရင်းသွင်းပြီးကြောင်း……………..

  • ဆူး

    July 1, 2011 at 1:13 pm

    ဒီပိုစ်မှာ မန်းထားတဲ့ အီးမေးတွေ ဖွင်ကြည့်တာ မေး ၂ခု ဝင်နေတာ တွေ့ပါတယ်။ မေးတခုက ဒီမှာ မန်းထားတဲ့ နေရာမှာ မရှိတဲ့ ကွန်မန်းတွေ ဖြစ်နေပါတယ်။ ရွာသားများ ပျောက်နေတယ် အော်တဲ့ ကွန်မန်းတွေများလား မသိဘူး။ နောက်တခုကတော့ ဒီမှာ ရှိနေတယ်။
    အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အီးမေးနဲ့ ကွန်မန်းပေးတဲ့ လူတွေ နည်းနေပေမဲ့ အစိမ်းမှာ အရည်အတွက် သိပ်တိုးတာ မတွေ့ဘူး။ ဒါကြောင့် ဒီရွာကြီး ပျက်လု ပျက်ခင် ဖြစ်နေပြီနဲ့ တူတယ်။

  • mnoe

    July 1, 2011 at 1:28 pm

    မငယ်တော့ဘူးကွယ် အသက်ကစစ်တော့ ၄ဝ . လူတကာက မေးလာကြတော့ ဖြေမယ် အစိတ်လောက်ကွယ်။ ဖြူသီ သီချင်းပါ။ 😀

  • intro

    July 1, 2011 at 2:11 pm

    20 ကျော်ပါပြီ

Leave a Reply