ရွာထဲက လူတွေကို စစ်တမ်း ကောက်မယ်။

ဆူးJune 30, 20111min54374

ရွာထဲမှာ အကောင့်လုပ်ပြီး စာဝင်ဖတ်နေတဲ့ လူတွေက အသက်အားဖြင့် ကြီးသော ငယ်သော သေချာတော့ မသိကြပါဘူး။

လူမသိ သူမသိ ကိုယ့် အသက် အမှန်ကို အမှတ်ပေးပြီး ကြီးသူ များလား ငယ်သူ များလား စစ်တမ်း ကောက်ချင်ပါတယ်။ အားလုံး ဝိုင်းကူကြမယ် ထင်ပါတယ်။

အသက် ၁၈ နှစ်အောက်

အသက် ၁၈ နှစ် အထက် နှင့် ၂၅ နှစ် ကြား

အသက် ၂၆ နှစ်နဲ့ အထက် ၃ဝ နှစ်ကြား

အသက် ၃၁ နှစ်နဲ့ အသက် ၄ဝ နှစ် ကြား

အသက် ၄၁နှစ် နဲ့ အသက် ၅ဝ နှစ် ကြား

အသက် ၅ဝ နှစ်နဲ့ အသက် ၆ဝ နှစ် နှင့် အထက်

 

မှတ်ချက်။ မန်ဘာ တယောက် လျှင် သက်ဆိုင်ရာ အသက်ကို အစိမ်းပေးခဲ့ဖို့ တောင်းဆိုပါတယ်။ အနီတော့ မလုပ်နဲ့နော်. သူများ လုပ်သွားတဲ့ မှတ်တမ်းလေး ပျောက်သွားမှာ စိုးလို့ပါ။

မှတ်တမ်း တင် အစိမ်းပေးသွားတဲ့ လူများ ပြီးကြောင်း အောက်မှာ ကွန်မန်းနဲ့ လက်မှတ် ထိုးပေးခဲ့ဖို့ တောင်းဆိုပါတယ်။ တဦးကို ဆိုင်ရာ တခုသာ ပေးဖို့ အရေးကြီးပါတယ်။

 

ကွန်မန်း စာမျက်နှာ များ ဖြစ်ခဲ့သော် ပထမ စာမျက်နှာမှ မှတ်ချက်ပေးလို့ ရတဲ့ နေရာလေး ပြန်မရှာနိုင်မှာ စိုးတဲ့ အတွက် လင့်ကလေး ဒီမှာပဲ မှတ်တမ်း အနေနဲ့ မှတ်ပေးထားပါတယ်။

https://myanmargazette.net/53849/arts-humanities/politician-musician-celebrity-interviews-profiles/comment-page-1#comment-87122

74 comments

  • မင်းပြည့်ရှိန်

    July 1, 2011 at 4:17 pm

    အသက်ပြောလို့ သေမင်း ကြားသွားရင်..ဘယ့်နှယ်လုပ်မလဲ..
    ပြီးတော့ စစ်မှု မထမ်း မနေရ စာရင်းထဲ သွင်းလိုက်ရင် ဘယ့်နှာလုပ်မလဲ..
    ရွာထဲမှာ ကာလသား အရွယ်တွေကို …
    သဂျီးက လုပ်အားပေး ခေါ် နေရင် ဘယ်နှာလုပ်မလဲ…..

    • ဆူး

      July 1, 2011 at 4:26 pm

      ဘယ့် နှာ လုပ် ချင်လို့လဲ.. လှေသမား လှေစီး နှာ သမား နှာစီး ဆိုတာလေး ကြားဖူးလို့.. နှာ မလုပ်နဲ့.. မကောင်းဘူး။ ကိလေသာတွေ.. 😛

  • zippo

    July 1, 2011 at 6:10 pm

    အနော်ဂတော့….၂ဝ ကျော်လေးပါဂျာ….ခ်ခ်…

  • လင်းငယ်

    July 1, 2011 at 10:22 pm

    ကျွန်တော် စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးပါတယ်။ အင်တာနက်ထဲမှာ လိင်နဲ့ ဆိုင်တဲ့ အရာများကို X-rated အောက်က လူတွေ မကြည့်ရလို့ သိရပါတယ်။ ဆိုလိုတာက X-rated ဆိုတာ အသက် ဆယ့်ရှစ်နှစ်အောက် လူများကို ပြောတာပါ။ ဒါကြောင့် ကျွန်တော်က …

    • kai

      July 2, 2011 at 1:17 am

      The ratings used from 1970 to 1972, were:

      * Rated G: All Ages Admitted. General Audiences.
      * Rated GP: All ages Admitted. Parental Guidance Suggested.
      * Rated R: Restricted. All Ages Admitted, But Under 17 Requires Accompanying Parent or Adult Guardian.
      * Rated X: No One Under 18 Admitted.
      http://www.mpaa.org/ratings/what-each-rating-means

  • မောင်ဘလိူင်

    July 2, 2011 at 4:27 am

    မောင်ဘလှိုင်ကတော့ အတော့်ကို အသက်ကြီးနေပါပြီ။
    ၁၈၉၅ ကမွေးတာဆိုတော့ ၁၁၆ နှစ်တောင်ရှိပြီပေါ့။
    ခု ဒီစာရေးတဲ့ သူ့မြစ်ကတော့ ၃ဝ ပြည့်ခါနီး။နောက်မှ
    ဦးသုမောင်လို မျိူးရိုးထဲက ဆိုးပေကြီးတွေအကြောင်း
    ရေးကြည့်ဦးမယ်။

  • kohtoo

    July 2, 2011 at 6:34 am

    45 ပါ။ ဒီ နေ့ i ရဲ့ birthday ပါ။ (တိုက် တိုက် ဆိုင် ဆိုင်)
    ပျော် ရွင် နိုင် ကြပါ စေ။

    • akswe

      July 2, 2011 at 10:13 am

      ့Happy Birthday to kohtoo with many happy returns.

    • ဆူး

      July 2, 2011 at 11:42 am

      happy Birthday
      ပျော်ရွင်စရာ မွေးနေ့ လေး ဖြစ်ပါစေ။
      နောက်နှစ်ပေါင်း များစွာ ပျော်ပျော်ရွင်ရွင်နဲ့ ဘဝ ခရီးသာယာ ဖြောင့်ဖြူးပါစေ။

    • antimoe

      July 2, 2011 at 3:52 pm

      ကိုထူးရေ
      Happy Birthday !
      ညီမလေးက…၂ဝကျော်ပါပြီ။
      လွန်ခဲ့သော…၂ဝနှစ်ကျော်ကပါ။

  • villiager

    July 2, 2011 at 1:46 pm

    ရွာထဲမှာတော့ ၅မန့်သားပါ။ (ကွန်မန့် ၅ခုလောက်ပဲ ပေးရသေးလို့) 🙁

    • ဆူး

      July 2, 2011 at 1:59 pm

      နောက်ဆို ထောင်ချီ ဖြစ်သွားမယ်.. ကြိုးစားထား..

  • winnmyo

    July 2, 2011 at 2:54 pm

    မီးကခု ၂ရတောင်ရောက်နေပြီ။ သူများတွေသိကုန်ပြီ။ သူများပေးလို့သာပေးရတယ်။ စိတ်ညစ်တယ်။

  • တညင်သား

    July 2, 2011 at 5:41 pm

    နိပ်တော့ နိပ်လိုက်တယ် အန်တီဆူး ရေ ဘယ်နားနိပ်လိုက်မိမှန်းမသိဘူး…….:)
    အော်…ဒါနဲ့ ၃၁ နဲ့ ၄ဝ ကြားအသက်အရွယ် ရှိတဲ့သူတွေ အိမ်ထောင်ကျ ကိန်းမြင်မိတယ်…….မကျသော်ရှိ ..ကျသော်ရှိ…:) 🙂

  • parlayar46

    July 2, 2011 at 5:47 pm

    အခုမှဝင်လို့ရလို့ဗျာ –
    အော် ….. ၅ဝ နီးပြီ

  • xman

    July 2, 2011 at 6:04 pm

    အရင်ကတည်းက ပြောဘူးပါကြောင်း။

  • moethidasoe

    July 4, 2011 at 10:27 am

    ဆူးရေ နောက်ဆုံး အဖြေ ဘာထွက်သလဲ သိချင်လို့

Leave a Reply