နောင်အနှစ် ၂ဝမှာ ကိုယ့်ရုပ်ရည်ဘယ်လိုဖြစ်မလဲ

သိပြီးတဲ့လူတွေလဲရှိမယ်ထင်ပါတယ်၊ ကျွန်တော်က အခုမှတွေ့လို့ တင်ပေးလိုက်တာပါ။

နောင်အနှစ် ၂ဝ မှာ မိမိရဲ့ရုပ်ပုံဘယ်လိုဖြစ်မယ်ဆိုတာကို အခုတည်းကကြိုတင်သိချင်တယ်ဆိုရင် ဒီဆိုဒ်လေးထဲကိုဝင်ကြည့်လိုက်ပါ။မျက်နှာပြင်ဖက်နည်းပညာတွေကိုသုံးပြီး သင့်ရဲံ့ဇရာရုပ်ကို ဖန်တီးပေးပါတယ်။လက်ရှိဓာတ်ပုံကိုတင်ပါ၊ ကျား၊မ ရွေးပြီး အနှစ် ၂ဝ ကြီးချင်သလားရွေးပါ။သင်ဟာ မူးယစ်ဆေးသုံးသူ ဟုတ်မဟုတ်ဆိုတာကိုပါရွေးပေးပါ၊အားလုံးပြီးသွားရင် နှစ် ၂ဝ ကြီးသွားတဲ့သင့်ရဲ့ရုပ်ရည်ကိုတွေ့ရပါပြီ။

ဇရာရုပ်ကိုကြည့်နိုင်တဲ့လိပ်စာက http://www.in20years.com/ ပဲဖြစ်ပါတယ်။

12 comments

  • pan pan

    July 1, 2011 at 2:05 am

    အဲဒီဆိုဒ်ကို မသိသေးဘူး၊ ပြောပြတာကျေးဇူးတင်ပါတယ်
    စမ်းကြည့်လိုက်ဦးမယ်
    ဘာပဲပြောပြော အို သွားမှာတော့သေချာတယ် 😀

  • meengelay

    July 1, 2011 at 7:05 am

    တော်တော်ရုပ်ဆိုးတာပဲ သိလား … လုပ်ကြည့်ကြနော် ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းတယ်…

  • zaw min

    July 1, 2011 at 7:52 am

    သိပ်သေချာတာပေါ့ ပန်ပန်ရယ်…ဒါဟာ လောကရဲ့ ဓမ္မအစစ်ပဲ။ဘယ်သူမှ မအိုချင်၊မနာချင်၊မသေချင် လို့မရပါဘူး။

  • နွယ်ပင်

    July 1, 2011 at 8:35 am

    သူငယ်ချင်းတစ်ယောက်မေးလ်ပေးလို့ ဒီဆိုဒ်ကိုသိနေတာကြာပြီ
    အဲတာနဲ့ သိသိချင်းပဲ နောင် အနှစ် (20) ကြာရင် ဘယ်လိုလဲ ဆိုပြီးလုပ်ကြည့်လိုက်တာ
    နွယ်ပင်က နောင် အနှစ် (20) ကြာတော့ ဘိုမကြီးဖြစ်သွားတယ် 😀

  • ရွှေဘိုသား

    July 1, 2011 at 9:10 am

    အနှစ်နှစ်ဆယ်ကြာရင်ရုပ်ဆိုးသထက်ဆိုးသွားမှာပါကျွန်တော့်ကိုကျွန်တော်ပြောတာပါဗျာအဲဒီဆိုဒ်ကိုဝင်ကြည့်လိုက်ပါ့မယ်ကျေးဇူးတင်ပါတယ်ဗျာ

  • moonpoem

    July 1, 2011 at 9:19 am

    အသက်အခုငယ်တုန်းလည်း လှဘူး ကြီးတော့ ပိုဆိုးသွားတယ်:(

  • နီလေး

    July 1, 2011 at 9:50 am

    နောင်အနှစ်နှစ်ဆယ်မှာ ဘယ်လိုဖြစ်မလဲဆိုတာသိရအောင် အဲဒီဆိုဒ်ဆီကိုအပြေးသွားလိုက်ပြီ

  • king

    July 1, 2011 at 10:43 am

    အသက်ပိုကြီးသွားသလို
    လူလည်း ပိုကြီးသွားတယ် … 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 1, 2011 at 2:18 pm

    ဝင်တော့ကြည့်ခြင်ပါတယ်
    ခက်တာက
    နောက်ထပ် အနှစ်နှစ်ဆယ်ကြီးများတောင်နေရပါ့တော့မလားလို့
    ကိုယ့်ကိုယ်ကိုယ် မသေခြာဘူးဖြစ်နေတယ်

  • nature

    July 1, 2011 at 2:49 pm

    ကျနော်ကတော့နောက်အနှစ်၂ဝဆို အုတ်ဂူဖြူဖြူလေးထဲရောက်နေပြီ။

  • ဆူး

    July 1, 2011 at 3:10 pm

    နောက် အနစ် ၂ဝ ပုံက ကျား ဆို ဘိုထီး မ ဆို ဘိုမ ဖြစ်ဖြစ်သွားတယ်။
    ငယ်ငယ်က ပုံကို ထည့်ပေးလိုက်တာ ဘာပုံ ပေါက်နေမှန်း မသိဘူး.. အခု ပုံနဲ့တော့ တော်တော် ကွာတယ် ဟိဟိ..

  • အာဖျံ ကွီး

    July 1, 2011 at 6:01 pm

    အယ် .. လုပ်ကြည့်လိုက်တာ .. ရုပ်ရှင်သရုပ်ဆောင် ဒေါ်အိအိစိုး လိုလိုဘာလိုလို ဖြစ်သွားတယ် .. အဟီးး

Leave a Reply