အွန်လိုင်းပေါ်မှ သတင်းကို အခြေခံပြီး မကောင်းမှု ဒုစရိုက်တခုအားဖေါ်ထုတ်နိုင်ခဲ့

fattyJuly 1, 20111min16013

အမျိုးသမီးတဦးအား မတရား ချုပ်ချယ်ထားရာမှ ထွက်ပြေးလွတ်မြောက်လာပြီး အင်တာနက်အွန်လိုင်းကျွမ်းကျင်သူ တဥိးအား အကူအညီတောင်းပြီး သူမ၏
ဒုက္ခများကို အင်တာနက်ပေါ်တင်ခဲ့သည်။ အင်တာနက်အသုံးပြုသောရဲတပ်ဖွဲမှ ဖတ်ရှုမိရာ အဆင့်ဆင့် တင်ပြပြီး စုံစမ်းခဲ့ရာမှ အချို့သော အချက်အလက်
များကိုက်ညီမှုရှိနေသည်ကိုတွေ့ရရျ် စည်သူမြင့်ဆိုသူကိုလိုက်လံရှာဖွေဖမ်းဆီးခဲ့သည်။

အသေးစိတ်ဖတ်ရှုလိုပါက 7 days news ဂျာနယ်အတွဲ ၁ဝ အမှတ် ၁၅ တွင် ကျော်ဇေယျ ရေးသားထားသည်ကို ဖတ်ရှုနိုင်ပါကြောင်း။

13 comments

  • winkyawaung

    July 1, 2011 at 6:28 am

    အင်တာနက် က လူသားတွေကို အကျိုးပြုတာအမှန်ပါ။ဒုက္ခရောက်လို့ အကူအညီလိုရင် အွန်လိုင်းပေါ်တက်ရင် လူသားချင်းစာနာ ပေးကြတာ အလွန်ကောင်းမြတ်ပါတယ်။

  • pan pan

    July 1, 2011 at 6:48 am

    တချို့ကတော့ အင်တာနက်ကို အသုံးပြုပြီး ဒုစရိုက်မှုတွေ ကျူးလွန်နေကြလို့… 🙁

  • ရွှေဘိုသား

    July 1, 2011 at 7:13 am

    ကောင်းတဲ.ဘက်အသုံးချရင် အကျိုးပြုမယ်
    မကောင်းတဲ.ဘက်ကအသုံချရင် အကျိုးယုတ် တာပါပဲ
    သုံးတဲ.လူတွေ ကကွဲပြားနေကြတာပါ

  • manawphyulay

    July 1, 2011 at 8:30 am

    ဒါကြောင့် အင်တာနက်ဆိုတာ သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးလို့ ပြောလို့ရတာပေါ့နော်….မကောင်းမှုများ ကင်းဝေးကြပါစေရှင်…

  • zaw min

    July 1, 2011 at 8:34 am

    ဟုတ်ပါတယ်၊အသုံးချသူရဲ့ အပေါ်မှာမူတည်ပါတယ်။ကျွန်တော်တို့ဆိုရင် အသက်(၃၀)ကျော်မှ ကွန်ပြူတာကိုကိုင်တွယ်အသုံးပြုဖို့သင်ခဲ့ရတာ၊ကိုယ့်ထက်ငယ်တဲ့သူတွေဆီကပြန်ပြီးသင်ခဲ့ရတာပါ။ယနေ့ထက်ထိလည်း ကိုယ်မသိတာတွေကို လူငယ်တွေဆီကသင်ယူနေတုံးပါပဲ။ကိုယ့်အတွက် အကျိုးရှိမဲ့ စီပွါးရေးလုပ်ငန်း၊သတင်း၊ဆက်သွယ်ရေး အထူးကိုအကျိုးရှိပါတယ်။အသုံးချ တတ်ဖို့ပါပဲ။

  • shwe ni

    July 1, 2011 at 2:01 pm

    သတင်းအပြညိ့အစုံ အွန်လိုင်းဖတ်လို့ရတာရှိရင် အကြောင်းကြားကြပါဦးနော

  • nature

    July 1, 2011 at 2:22 pm

    အင်တာနက်ကပြည်သူ့ရင်ပြင်ကြီးလိုပါပဲ။

  • ဆူး

    July 1, 2011 at 3:32 pm

    ဒါနဲ့ သတင်းလိုလို ဘာလိုလိုနဲ့.. အွန်လိုင်းမှာ ဖြိုးဒါန အကြော် ကိစ္စ လာတဲ့ အကြောင်းတွေ ဘယ်လို လဲ မသိဘူး.. အင်တာနက်မှာတော့ တော်တော် ဖွထားတာ တွေ့တယ်။
    အဲဒီလို လူ တဦးချင်းစီရဲ့ အကြောင်းတွေ ခဏခဏ အီးမေးထဲမှာ ချာလပတ်ကိုလည်နေတာပဲ..

  • khinmintatthu

    July 1, 2011 at 5:51 pm

    အင်တာနက်က ကောင်းကျိုးပြုပေမယ့် မြန်မာနိုင်ငံရဲ့ကော်နက်ရှင်က ပြုတ်ပြုတ်ကျနေလို့ လူကယ်ဖို့မပြောနဲ့ သူ့ကိုပဲ စောင့်ကြည့်နေရတော့တယ်…

  • လင်းငယ်

    July 1, 2011 at 10:50 pm

    သူတော်တော်လေး ကံကောင်းတယ်လို့ ပြောရမှာပဲ။ သူအသုံးပြုတဲ့ အချိန်မှာ အင်တာနက် ကွန်နက်ရှင် ကောင်းနေလို့။ မဟုတ်ရင် ဘယ်လို လုပ်မလဲ မသိဘူးနော်။

  • etone

    July 2, 2011 at 2:18 am

    အန်ကယ်ဖက်ကလည်း ပြောမဲ့ပြောဇာတ်ရည်လည်အောင်တော့မပြောဘူး အခုဟာက ဂျာတယ်ကြေငြာနေတာနဲ့ တူနေပြီ ။

  • mzm

    July 27, 2011 at 3:16 pm

    တော်သေးတာပေါ့ ကိုလှရွှေအဖွဲ့ကအသိစောလို့နို့မို့ရင်ကောင်မလေးဘဝတော့မတွေးဝံ့စရာပဲနော်

  • aungnng87

    July 27, 2011 at 3:29 pm

    ရွှေနီ သို. news-in-burmese+owners@googlegroups.com အဲဒီကိုသွားလိုက်ရင်မြန်မာသတင်းတွေ
    ပြည့်ပြည့်စုံစုံဖတ်ရပါတယ်။

Leave a Reply