မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) Mr Ross Dunkley အားနောက်ဆုံးအမိန့်ချ

နွယ်ပင်July 1, 20111min704

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ၊ ကမာရွတ်မြို့နယ်တရားရုံးတွင် မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) Mr Ross Dunkley ၏အမှုကို၂၀၁၁ခု၊ဇွန်လ(၃၀)ရက်နေ့နေ့လည်(၂)နာရီတွင် အပြီးသတ်အမိန့်ချ မှတ်ခဲ့ပါသည်။ ကမာရွတ်မြို့နယ်တရားသူကြီးမှ မြန်မာတိုင်းမ်ဂျာနယ်မှ(CEO) Mr Ross Dunkleyသည် တရားလို မခိုင်ဇာလင်းအား နာကျင်စေခဲ့သောအမှု ဥပဒေပုဒ်မ (၃၂၃)အရ ပြစ်မှုထင်ရှားကြောင်းတွေ့ရှိရသဖြင့် ထောင်ဒဏ်(၁)လ ပြစ်ဒဏ်ကျခံစေရန်နှင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေကို ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှားသဖြင့် လဝကအက်ဥပဒေ (၁၃(၁) အရ ဒဏ်ငွေ(၁)သိန်းကျပ် တိတိပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ပါသည်။ အပြစ်ပေးခံရသော ထောင်ဒဏ်(၁)လကို တရားခံ) မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) Mr Ross Dunkley အား ပြစ်မှုရင်ဆိုင်နေစဉ်အတွင်း ချုပ်နှောင်ထားခဲ့သော ရက်ပေါင်း(၄၄) ရက်ဖြင့် ကြေစေကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။ ယင်းစီရင်ချက်နှင့် ပတ်သက်၍ Mr Ross Dunkley မှ ၎င်းတွင် အပြစ်လုံးဝမရှိကြောင်း၊ တရားလို မခိုင်ဇာလင်းအားလည်း ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်း မရှိကြောင်း၊ ယခုချမှတ်သည့် အမိန့်အပေါ်တွင်လည်း ကျေနပ်ခြင်းမရှိကြောင်း ပြည်တွင်းပြည်ပ မီဒီယာများသို့ ပြောကြားသွားခဲ့ပါသည်။

မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) Mr Ross Dunkley နောက်ဆုံးအမှု ရုံးချိန်းရင်ဆိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တရားရုံးသို့ ဇွန်လ(၃၀)ရက်၊ နေ့လည်(၂)နာရီအချိန်ခန့်က ရောက်ရှိလာစဉ်

Mr Ross Dunkley နှင့် မြန်မာတိုင်းမ်ဂျာနယ်မှ အမှုဆောင်လူကြီးတစ်ဦး

မြန်မာတိုင်းမ်ဂျာနယ်မှ(CEO) Mr Ross Dunkleyမှ၎င်းးအား တရားရုံးက ချမှတ်သည့် အမိန့်အပေါ် ကျေနပ်ခြင်းမရှိကြောင်း ပြည်တွင်းပြည်ပ မီဒီယာများသို့ပြောကြားနေစဉ်…

4 comments

  • pan pan

    July 1, 2011 at 8:36 am

    ဘယ်သူမှန်သလဲ
    ဘယ်သူတရားသလဲ
    ဘယ်ဖက်ကလဲ….ဘယ်ဖက်ကလဲ

  • ရွှေဘိုသား

    July 1, 2011 at 8:47 am

    မနွယ် ရေ အယ်ဒီတာ တစ်ဦးပြောပုံအရဆိုရင်တော.
    ဒါ Mr Ross Dunkley ရဲ.အားနည်းချက်ဖြစ်တဲ. မိန်းကလေးငယ်လေးတွေနဲ.ဆက်စပ်တဲ.အမှုခင်းဖြစ်အောင်
    အကွက်ဆင်လုပ်ဆောင်လိုက်တာတဲ.။

  • နွယ်ပင်

    July 1, 2011 at 9:18 am

    အကွက်ဆင်တာလား မဆင်တာလားတော့ မပြောတက်ပါဘူး ရွှေဘိုသားရယ် …
    Mr Dunkley ကတော့ မိန်းကလေးတွေနဲ့ အဲလိုရှုပ်တာ အမှန်ပါတဲ့
    သူ့ အားနည်းချက်ကို အခွင့်ကောင်းယူသွားတလဲ ဖြစ်နိုင်ပါတယ်..

  • R Ga

    July 1, 2011 at 12:57 pm

    နောက်ဆုံးတော့လည်းဒီလိုပါပဲ…ခင်ဗျာ..။ ဇာတ်လမ်းကြီးပါပဲ..။

Leave a Reply