ဇူလိုင်ပိတ်ရက်၄ရက်ရှိတယ်နော် အိမ်ပြန်ကြမှာလား

moonpoemJuly 1, 20111min825

သင်္ကြန်ပိတ်ရက်ရှည်ပြီးတော့ အခုလာမယ့် ဇူလိုင်မှာ ၁၅ရက်၊၁၆ရက်၊၁ရရက်၊၁၈ရက်၊၁၉ရက်ဆိုပြီးပိတ်ရက်တွေရှိနေပါတယ်
၁၅ရက်နေ ့က ဝါဆိုလပြည့်နေ၊ ၁၉ရက်နေ့က အာဇာနည်နေ ့စနေနေ့နဲ ့တနင်္လာနေ ့ကိုခွင့်ယူပြီး နယ်ကိုပြန်လို ့ရတယ်လေ။ ဒီပိတ်ရက်မှာ အိမ်မပြန်ဖြစ်ဘူးဆိုရင်နောက်ထပ်ဒီလိုပိတ်ရက်ဆက်တိုက်ရဖို ့မလွယ်တော့ပါဘူး။
ရန်ကုန်နေတဲ့သူအနေနဲ ့လည်း ခရီးထွက်သင့်တယ်လို ့ထင်ပါတယ်။ အမြဲတမ်း အလုပ်နဲ ့အိမ်နဲ ့ပဲဆိုရင် ငြီးငွေ ့မှာပဲလေနော်။
အဲဒါကြောင့်အိမ်ပြန်ရင်ကောင်းမလားလို ့စဉ်းစားနေတယ်လေ။ ပိတ်ရက်တွေက တနင်္ဂနွေ နဲ ့ကြုံရင်သိပ်မုန်းတာပဲ။
ဒီဇူလိုင်လကတော့ သိပ်ချစ်ဖို ့ကောင်းတယ်နော်။ ခရီးသွားမယ်ဆိုရင်ရော ကျိုက်ထီးရိုးက မိုးတွင်းသွားလို ့မကောင်းဘူး။
ခက်တယ်။ ပဲခူး၊သန်လျင်လောက်ဆိုရင်တော့ မဆိုးဘူ။ ဇလွန်ပြည်တော်ပြန်ဘုရားကိုလည်း မရောက်ဘူးသေးဘူ။။
တော်ပါပြီး ခရီးသွားရင် ပိုက်ဆံကုန်မယ့် အစားအမရပူရ ကိုပြန်ပြီး ဦးပိန်တံတားကိုပဲ သွားလည်တာ ကောင်းမယ်ထင်တယ်။
မိဘနဲ့လည်း တွေ ့ရ၊ လည်ပတ်လု ့ိလည်း ရဆိုတော့ အဆင်ပြေတယ်နော့်။ ကဲ သူငယ်ချင်းတို ့တွေ ရော ဘာလုပ်ကြမလဲ။

5 comments

  • pan pan

    July 1, 2011 at 10:36 am

    ခရီးတော့ထွက်ချင်တယ်
    ဘယ်သွားရမလဲတော့မသိသေးဘူး
    သွားဖို့ပိုက်ဆံလည်းမရှိဘူး
    လမင်းကဗျာပိုက်ဆံချေးမလား 😛

  • ဆူး

    July 1, 2011 at 1:48 pm

    အစိုးရဝန်ထမ်း တင်တယ်နော်။

  • windtalker

    July 1, 2011 at 2:02 pm

    အခြေအနေ ပေးရင် ရွာသူလေး တွေ နဲ ့အတူ ချိန်းပြီး အိုကေ လိုက်ချင်တယ် ။ ကာရာအိုကေ ပြောပါတယ် ။

  • intro

    July 1, 2011 at 2:09 pm

    ကိုပေက အဆိုဝါသနာပါပုံရတယ်….

  • nature

    July 1, 2011 at 2:46 pm

    အိပ်မယ်၊စားမယ်။စာဖတ်မယ်။

Leave a Reply