မဆုံးတဲ့… သီချင်း –ရ

naywoon niJuly 1, 20111min1574

ကိုမျိုးက စာတွေ ကဗျာတွေ စိတ်ဝင်စားတာမဟုတ်ဘူး။ သူစိတ်ဝင်စားတာက ဂျိန်းစ်ဘွန်းကားတွေ…။ ပြီးတော့ ရွှေတူးတာတဲ့..။ သူတိုဆီက အိမ်သာကျင်းတူးရင်တောင် ရွှှေထွက်တယ်တဲ့…။ ပြောတာပဲ..။ ကိုယ်မှမရောက်ဖူးတာ….။ ငယ်လည်းငယ်သေးတယ်..။ ဒေသန္တာရ ဗဟုသုတလည်းမရှိဘူး..။ အကိုးနဲ့ အကားနဲ့ လာပြောတော့လည်း ပါးစပ်ဟပြီး နားထောင်နေရတာ……။ သူပြောတဲ့ အချိန်တုန်းကတော့မသိဘူး 1999 လောက်က နေဝန်းနီ ရောက်တော့ ငှက်ဖျားမိလို့ လူတောင်မနဲ တောင့်ထားခဲ့ရတာ..။ ဒီဘက်ရောက်မှပဲ ဟင်းးး ဘာမှမဖြစ်သေးဘူးလို့ သက်ပြင်းချနိုင်ခဲ့ရတာ….။ ရွှေကို မြစ်နားချောင်းနားမှာတင် မဟုတ်ဘူး ..။ မြေကြီးကိုလည်း အကွက်တွေ ဆွဲပြီးတူးကြတာတဲ့…။ တစ်ကျင်းနဲ့ တစ်ကျင်း ခြောက်လက်မ တစ်ပေ အဲဒိလောက်ပဲကွာတာတဲ့လေ…။ အဲဒိလိုတူးကြရင်းနဲ့ ကပ်နေတဲ့တစ်ကျင်းနဲ့ တစ်ကျင်း မြေကြီးအောက်မှာ ဘေးနံသားတွေ ဟိုဘက်ကနှိုက် ဒီဘက်ကနှိုက်နဲ့ ပေါက်ကုန်ရောတဲ့…။ အဆင်မသင့်ရင် တွင်းပြိုပြီး မြေတွေပိကုန်တာပဲတဲ့လေ…။ ပြီးတော့ ရွှေတူးနေရင်းနဲ့ အောက်က မြေကြီးကလည်း ရေထွက်တာပဲတဲ့..။ တစ်ခါတစ်လေ ရေထဲမှာ ခါးလောက်နှစ်ပြီး တူးကြရတာဆိုတော့ အေးစိမ့်နေတာပဲ….။ ဒါကြောင် ကချင်အရက်ကို အချမ်းပြေအောင် သောက်ကြရတာပေါ့ တဲ့လေ…..။ အရက်ဆိုတာက အချမ်းပြေတယ်ဆိုပေမဲ့ မူးလာရင် အိပ်ချင်တာပဲပေါ့..။ အဲဒိအိပ်ချင်စိတ်ကိုပျောက်သွားအောင် ဘိန်းမဲကို ငုံထားရသတဲ့……။ အဲဒိအချိန်မှာ ဘိန်းမဲ ငုံထားလိုက်တော့ မူးလည်းမမူးတော့ဘူး…။ အမူးပြေသလိုဖြစ်သွားတာပေါ့…….။ အိပ်လည်း မအိပ်ချင်တော့ဘူး …….။ အဲဒိတော့ အလုပ်ဆက်လုပ်လို့ရပြီပေါ့….။ အဲဒိလို ကိုမျိုးက စိတ်ဝင်စားစရာတွေပြောတော့ နေဝန်းနီတို့ဝိုင်းက အမြဲလူစည်တယ်….။ ဟုတ်တာ မဟုတ်တာအပထားလို့ ကိုယ်နဲ့ ဝေးဝေးလံလံ ကအကြောင်းတွေ ကြားရတာဆိုတော့ စိတ်ဝင်စားကြတယ်….။ ကိုမျိုး ရွှီးနေတာလည်းပါမှာပေါ့……။ တစ်ခုပဲ…။ ကိုမျိုးက သူစကားပြောနေတုန်း ဖြတ်ပြောရင်မကြိုက်ဖူး……။ သူစကားပြောပြီသွားမှ ကျန်တဲ့သူပြောချင်တာပြော ။ နေဝန်းနီ တို့ကတော့ သူပြောချင်တာပြောပြီးရင် မူးပြီပဲ….။ သူစကားပြောနေတုန်း ဘယ်နှစ်ခွက်သောက်မိမှန်းတောင် မသိဘူး….။ ထပ်သောက်လို့တော့ရသေးတယ်…..။ ဒါပေမဲ့ မသောက်တော့ပါဘူး….။ အဆောင်ရောက်ရင် ကိုမြင့်ဇော် အခန်းထဲမှာ နောက်တစ်ပွဲဆက်ရဦးမယ်…။
ကိုမြင့်ဇော်က တစ်ခါတစ်လေ နေဝန်းနီ တို့နဲ့ ဆိုင်ကိုလိုက်လာတတ်ပေမဲ့ မလိုက်တဲ့ရက်က များပါတယ်…။ နေဝန်းနီကသာ ဟိုစပ်စပ် ဒီစပ်စပ်နဲ့မို့ ……..။ ကိုမျိုးကလည်း နေဝန်းနီ ကိုခင်တယ်..။ သွားလေရာ လိုက်မလားခေါ်တာပဲ….။ သူတို့ ဘုရားကျောင်းသွားတာတောင် လိုက်ခဲ့ဖို့ခေါ်တယ်…….။ နေဝန်းနီကလည်း အဖော်ကောင်းရင် ကျောက်ပန်းတောင်း ရောက်တာဆိုတော့…………………….။။။။
ကိုမြင့်ဇော်က အဆောင်မှာ ကျန်ခဲ့ပြီး သပ်သပ်ဝယ်သောက်တယ်…..။ ပိုက်ဆံပြတ်သွားရင်တော့ နေဝန်းနီဆီက ချေးတယ်….။ သူ့ကို ပိုက်ဆံမချေးပါဘူး..။ အရက်ဝယ်သောက်တာပဲ တစ်လုံးဘိုး ပေးလိုက်တာပဲ….။ အပြင်မှာ ဝယ်ရင် တစ်ဆယ် …ဆယ်နှစ်ကျပ် မစစ်တော့ဘူး ….။ ဒီတော့ အစိုးရဆိုင်ပဲ သူ့ဆိုင်မပိတ်ခင်သွားတိုးရတာ…..။ ဆိုင်က ခြောက်နာရီဆိုရင်ပိတ်ပြီ…။ တစ်ကယ့် အရက်သမားတွေက ခြောက်နာရီလောက်မှ ရေမိုးချိုးပြီး စသောက်ချင်တာ…..။ ဟုတ်တယ်လေ…။ အလုပ်က ရုံးအလုပ်ပဲထား လေးနာရီခွဲမှ ရုံးကဆင်းတာ…….။ အပြင် ပျံကျလုပ်ရတဲ့သူတွေက ငါးနာရီကျော်မှ အလုပ်တက်ရတာဆိုတော့ အချိန်က ကန့်လန့်ကြီး ဖြစ်နေတာ…….။ အဲဒိတော့ အလုပ်က ပြန်လာတာနဲ့ အရက်ဆိုင်မှာတန်းစီ ပြီးမှ အိမ်ပြန်…။ ရေမိုးချိုးပြီး ထိုင်သောက်…..။ အပေါင်းအသင်းနဲ့ သောက်ချင်ရင်လည်း စုဝယ် တစ်နေရာမှာစုသောက်…။ အလုပ်နောက်ကျတတ်တဲ့ သူတွေကတော့ ကလေးတွေကိုပဲ ဆိုင်မပိတ်ခင်ဝယ်ခိုင်းထားတာပဲ….။ အဲဒိလိုနဲ့ ကလေးတွေလည်း 18 နှစ်မပြည့်ခင်ကထဲက အရက်ဆိုင်နဲ့ယဉ်ပါးလာခဲ့တာပေါ့……..။
ကိုမြင့်ဇော်ကတော့ လွယ်အိတ်ဟောင်း လေးထဲ ပုလင်းခွဲလေးထည့်ပြီး ကိုယ်တိုင်သွားဝယ်တယ်…။ သူ့ကျောင်းက လေးနာရီခွဲ ငါးနာရီလောက်မှ ပြိးတာ……။ ကျောင်းကနေတိုက်ရိုက်မသွားဘူး….။ အဆောင်ပြန် အဝတ်အစားလဲပြိးမှ သွားဝယ်တာ….။ အရက်လည်းသွားဝယ်သောက်သေးတယ်…။ ကျောင်းသားမှန်းသိမှာလည်းကြောက်သတဲ့လေ………။ သူလုပ်တာနဲ့ ကျောင်းသားတွေ အားလုံးအထင်သေးခံရမှာပေါ့တဲ့….။ အရက်ဆိုင်သွားသောက်လို့ သူပါလာရင် ကျောင်းက အကြောင်းပြောတာကိုလည်း သူက မကြိုက်ဘူး..။ အပြင်ကအကြောင်းပဲ ကြိုက်သလောက်ပြောတဲ့…..။ သူ အရက်သောက်တာက အဖော်မပါလည်းသောက်တတ်တာပဲ…။ နေဝန်းနီ တို့က သောက်ခါစဆိုတော့ အဖော်ပါလာမှ သောက်ရတာ အရသာရှိသလိုလိုပဲ….။ စကားပြောချင်လို့ စကားပြောဖော်ရှာသောက်တာ….။ ကိုမြင့်ဇော်နဲ့ သောက်လိုကကတော့ ပြောတဲ့စကားကလမ်းကြောင်းပြောင်းသွားပြန်ရော….. ။ သူနဲ့ပြောဖြစ်တာက ကဗျာအကြောင်း စာ အကြောင်းဖြစ်သွားတယ်….။ ဒီအကြောင်းတွေက ကျန်တဲ့ ကောင်တွေနဲ့ ပြောလို့ရတာမဟုတ်ဘူး…..။ ကျန်တဲ့ကောင်တွေက ကောင်မလေးတွေ အကြောင်းပဲ စိတ်ဝင်စားတာ……။ ဘယ်အတန်းက ကောင်မလေးက ဘယ်မြို့က ဘယ်အဆောင်မှာနေတာ…။ ဒီနေ့ ဝတ်လာတာက ဘာအရောင် ဘယ်ကနေကျောင်းလာတဲ့တာ……။ သူ့ အဖေက ဘာ…….။။။ချမ်းသားတယ်ဖြင့် ချမ်းသာတယ်…။ ဘာဖြင့် ဘာပေါ့….။ ဒီမှာသာ သွေးကြီးနေတာ ဘာညာ ဒီအောကာင်းတွေပဲ ဒီကောင်တွေ နေ့စဉ်ပြောနေတော့ စိတ်မပါတော့ဘူး…။ အော်……အဲဒိ အချိန်မှာ နေဝန်းနီ တို့က ကဗျာ ရေးနေပြီ…။ ဒါကြောင့် ကိုမြင့်ဇော်နဲ့ ပေါင်းဖြစ်တာပေါ့…..။
ကိုမြင့်ဇော်တို့ မေဂျာက နံရံကပ်စာစောင်လုပ်တော့ သူလည်းဝင်ရေးတယ်…။ အင်္ဂလိပ်လိုရေးတာ….။ နေဝန်းနီ ကြောက်တဲ့ ဘာသာနဲ့ အင်္ဂလိပ်စာက….။ ဒါတွေကို အထင်ကြီးပြီးလေးစားနေတာလည်းပါမှာပေါ့…။ ကိုမြင်ဇော်ကို……..။ သူ့ကဗျာကို ပါမောက္ခ ကတောင် မှတ်ချက်ပေးတယ်ဆိုပဲ….။ ရှယ်လီရဲ့ ကေျာနဲ့ ဆင်တယ်လို့ ပြောသတဲ့…….။ ဝသနာပါလို့သာ ဟို စမ်းရေး ဒီစမ်းရေး ရေးနေတာ…။ အဲဒိအချိန်ထိ ရှယ်လီ ဆိုတာကို မသိဘူး…။ အဲဒိတော့ ကိုမြင့်ဇော်က ရှယ်လီရဲ့ ကဗျာ တစ်ပိုဒ်ရွတ်ပြတယ်..။
တို့ရဲ့………
အသန့်စင်ဆုံး ရယ်မောသံတွေကြားမှာ
ဒုက္ခတစ်ခု ရော ပြွန်းနေတယ်……တဲ့..။ အဲဒါ ကဗျာဆရာကြီး ပါဆယ်ဘု ရှယ်လီ ရေးခဲ့တာကွတဲ့…။ နေဝန်းနီတို့ မှတ်ရပြန်ပြီ…..။ ဟုတ်တယ်လေ… ကဗျာရေးချင်တာပဲ ရှိတာ ဆရာမရှိဘူး…။ အဲဒိတော့ ကိုမြင့်ဇော်က ပထမဆုံးတွေ့တဲ့ ဆရာ………….။

နေဝန်းနီ

4 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 1, 2011 at 6:30 pm

    အများအားဖြင့်တွေ့ဘူးတာကတော့
    အရက်ဘီယာကိုသောက်ပြီး ခပ်မူးမူးလေးနဲ့ အလုပ်လုပ်ကြတယ်
    ကျွန်တော်ကတော့ အရက်ဘီယာ ဗိုက်ထဲဝင်သွားပြီး
    ခပ်မူးမူးလေးဖြစ်လာပြီဆိုရင် ဘာအလုပ်မှ လုပ်ဘို့ အလိုမရှိတော့ဘူး
    အသက်သာဆုံး အနေထားမှာနေတယ်
    လွပ်လပ်တဲ့အနေထားမှာနေတယ်
    ကိုယ့်ကိုယ်ကိုယ် လွပ်လပ်သူအဖြစ်သဘောထားတယ်
    စကားပြောတာကတော့
    အခြေအနေအရပေါ့
    အထူးသဖြင့် အာဘော်တူတဲ့သူခြင်းတွေ့ရင်
    ပြောကြဆိုကြပေါ့
    ရှိပါတယ် တစ်ချို့တွေ နည်းနည်းမှန်လာရင်
    တစ်ယောက်ထည်း လွှတ်တယ် သူချည်းဘဲပြောတယ်
    ကျွန်တော်ကတော့
    အဲ့လိုတစ်ယောက်တည်း ရေပက်မဝင်အောင်စွတ်ပြောတတ်တဲ့သူဆိုရင် ဘယ်တော့မှ အတူမသောက်ဘူး
    အကြောင်းအရာတစ်ခုကို အပြန်အလှန်ပြောကြတာကိုဘဲနှစ်သက်တယ်
    တစ်ခုတော့ရှိတယ်
    ကိုယ့်ရဲ့ စိတ်ကို ညွှတ်နိုင်လောက်အောင် ပြောနိုင်ရင်တော့တစ်မျိုးပေါ့
    တစ်ချို့ကြတော့ အဲ့လိုမဟုတ်ဘူး
    ဘာကိုအာနေမှန်းကိုမသိဘူး အသံကလည်းကျယ်လိုက်သေးတယ်
    အာကျယ်အာကျယ်နဲ့
    ( ဒါပေမယ့် နည်းနည်းမှန်လာရင် မီးပေါင်တက်လာရင် အသံနည်းနည်းစီကျယ်တယ်ဗျ )
    စတဲ့အချိန်မှာတော့ တစ်ခါတစ်လေ မျှပြီးထည့်တာပေါ့လေနော
    မရှိတဲ့ကောင်ကတော့ပိုက်ဆံထုပ်တဲ့ကောင်ခိုင်းရင် သွားဝယ်ပေါ့
    သောက်ပြီးလို့ရှိရင်
    သောက်ပြီးလို့ရှိရင်ဆိုတာက နှစ်မျိုးရှိတယ်ဗျ
    စပြီးသောက်တဲ့အချိန်မှာ အုပ်စုနှစ်စုရှိတဲ့အခါတွေရှိတယ်
    မိန်းမရှိတဲ့သူတွေနဲ့ မရှိတဲ့သူတွေ
    ရှိတဲ့သူတွေကတော့ သူတို့ရဲ့မိသားစု သတ်မှတ်ချိန်တွေရောက်ရင် လစ်ခြင်လစ် မလစ်ခြင်နေပေါ့
    မရှိတဲ့သူတွေကတော့
    နည်းနည်းလေးကောင်းလာရင်
    ဥပမာ အိမ်မှာချနေကြရာကနေ ဆိုင်ကိုဒိုးမယ်
    ဒီတစ်ဆိုင်မှာ ချနေတန်းလန်းနဲ့ လမ်းကြောင်းကောင်းရင် မှိန်းနေမယ်
    လမ်းကြောင်းမကောင်းရင် လမ်းကြောင်းရှာမယ်
    ပြီးရင် လမ်းတွေ ကွေ့မယ်ကောက်မယ်ပေါ့ဗျာ
    ( အသေးစိတ်ကတော့ ဆရာစားချန်ထားလိုက်တယ် မြွေမြွေခြင်းကတော့ ခြေမြင်မှာပါ )
    ချမ်းသာလို့တော့မဟုတ်ဘူးဗျ
    တစ်သက်နဲ့တစ်ကိုယ် သောက်နေတုန်း အရက်မလောက်ဘူးဆိုတာကတော့ မရှိခဲ့ဘူးပါဘူး
    အဲ့ဒါကဘဲ လစ်မစ်ဆိုတာကို မထိမ်းသိမ်းတတ်ခဲ့တာလားတော့မသိ
    အရင်တွေကတော့ ချနေရင်း မှန်လာရင် ငါမှန်နေပြီဆိုပြီး ရပ်လိုက်တယ်ပေါ့ဗျာ
    နောင်တွေကြတော့ အဲ့လိုမဟုတ်တော့ဘူးဗျ
    လွန်အောင်သောက်ပြီး ဘာမှမမှတ်မိတော့ဘဲ ခွေးလုံးလုံးဖြစ်တော့တာပါဘဲ
    သံဝေဂတော့အရသား
    အရက်သောက်ရင်းထုံးစံအတိုင်းပေါ့
    တည့်ရာတွေကိုူပြောကြတာပေါ့
    တစ်ချို့ကြတော့လည်း အကောင်မတွေအကြောင်း
    ရွာအကြောင်း မိသားစုအကြောင်း နိုင်ငံရေးအကြောင်း
    ဘေးနားမှာ တေးဂီတလေးတွေကို ကိုယ်လိုရာသံစဉ်လေးတွေနဲ့ဖွင့်ထားလိုက်သေးတယ်
    တစ်ခါတစ်လေကြတော့လည်း သောက်နေတန်းလန်း
    သီချင်းလေးက ဟတ်ထိသွားရင် သံပြိုင်လိုက်ဟဲလိုက်သေးးးးးးးးးးး
    ဥပမာ ကျွန်တော်စိတ်က ရေဝေးလွမ်းတယ် ဘာညာပေါ့
    ဟိုတုန်းကဆို ကာရာအိုကောတွေဘာတွေပါ ပါတာပေါ့ဗျာ
    နောက်ပိုင်းကြတော့လည်း နားထောင်ရင်းခံစားဆိုသလိုပေါ့
    ဒီနေရာမှာ စကားပြောရင်း အာဘော်က လွဲလာတယ်
    တစ်ချို့ကတော့ မူးလာရင် တေးဂီတလေးနဲ့မှိန်းနေတယ်
    တစ်ချို့ကတော့ ဖုန်းတစ်လုံးနဲ့
    အာရုံလာတဲ့နေရာကို ပွားတာပေါ့
    မူးလာရင် ဘာပွားလို့ကောင်းသလဲမပြောနဲ့ ပြောလို့ကို မကုန်
    အဲ့သည်လို မူးလာလို့လိုင်းတွေကွဲလာတဲ့အချိန်တွေဆို
    နိဗ္ဗာန်ရောက်ကြောင်းတရားတွေပြောကြတာပေါ့ဗျ
    ရှင်းရှင်းပြောရရင်တော့ ရုပ်ရှင်ရုံဆိုရင်တော့ ရုံခါတာပေါ့ဗျာ
    ကျွန်တော်တို့ဝိုင်းမှာ ကျွန်တော်နဲ့အာဘော်တူတဲ့သူတစ်ယောက်ရှိတယ်
    သောက်နေရင်းနဲ့ မှန်လာရင် တရားဟောပြီ
    အဲ့ချိန်ဆို ဘေးကလူတွေက မသိမသာ လစ်ကုန်ပြီ
    တစ်ချို့ကလည်း သီချင်းတွေကို အကျယ်ကြီးဖွင့်ပြီး ကန့်ကွက်တာပေါ့
    နောက်နေ့ကြရင်
    အရက်သောက်ရင်း ဘုရားအကြောင်းပြာတယ် ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာ
    အရက်သောက်ရင်း
    ဘုရားအကြောင်း မပြောရ ဘာညာ ဥပဒေတွေထုပ်ကြတာပေါ့

  • R Ga

    July 2, 2011 at 11:21 am

    အရက်တစ်လုံး တစ်ဆယ် …ဆယ်နှစ်ကျပ် ခေတ်ကဆိုတော့ ကိုနေဝန်းနီ မဟုတ်တော့ဘူး အန်ကယ်ဖြစ်နေလောက်ပြီထင်တယ်။ အဲဒီခေတ်က တိုးတိုးဝယ်ရတာ အခုအမြင်နဲ့ဆို အံဩစရာနော်..။
    အခုကတော့ ၁၈ သားမကဘူး ကျွန်တော် ဆိုရင် ၁၃ ၁၄ ကတည်း အရက်နဲ့ နှစ်ပါးသွားခဲ့တဲ့ကောင်။ မျိုးရိုးလိုက်တယ်ဆိုရမလားပဲ…။ အခုထိ အရက်ဆို အသံကြားတာနဲ့ မနေနိုင်မထိုင်နိုင်ဖြစ်နေတဲ့ကောင်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ခေတ်အရ ကိုမြင့်ဇော်လို ဆရာ သမားတွေတွေ့ခဲ့ဘူးတယ်။ အခုတော့လည်း အရက်ကြောင့်ဆုံးသွားရှာပါပြီး… ဒါလေးဖတ်ရင် ကျွန်တော်တို့ ဦလေးဘော်ဒါကြီးလို့ခေါ်ရမလား ကိုထွန်းဝင်းကိုသတိရတယ်ဗျာ..။

  • Yan Shin

    July 3, 2011 at 7:02 am

    ကိုနေဝန်းနီ ကျွန်တော်ကတော့ မောင်ကျော်ထွေးလို တပည့်ရပြီး
    ခင်ဗျားကတော့ ကိုမြင့်ဇော်လို ဆရာမျိုးရတယ်နှော်..
    နောက်ထပ်တွေ့မယ့် ဒုတိယ တတိယ ဆရာတွေကို မြင်ခြင်တယ်ဗျာ။

  • naywoonni

    July 3, 2011 at 11:17 am

    Yan Shin ရေ…. ကိုယ်လည်း ကျော်ထွေးလို တပြည့်မျိုးကို စာသင်ပေးချင်ပါတယ်..။

Leave a Reply