အစ ကောင်းမှ အနှောင်းသေချာမည်။

ကျွန်တော် အရင်နေ.က အင်တာနက်ဆိုင်သွားပြီး ဒီရွာထဲလာမယ်လို.စိ်တ်ကူးပြီး ကောင်တာကိုစက်တစ်လုံးယူမယ်ဆိုတော. သူတို.ကလည်းအလွယ်တကူဖွင်.ပြီးသား

နံပါတ် 1 ယူလိုက်ပါအစ်ကိုဆိုတော. အိုကေပေါ.ယူလိုက်တယ် နံပါတ် 1 ဆိုတော.ကောင်တာအနားပေါ.ဗျာ ဒါနဲ.ရွာထဲဝင် ကလိနေတုန်း  ကောင်မလေး

သုံးယောက်ဆိုင်ထဲဝင်လာတယ် ကောင်တာကိုပြောတယ် Print ထုတ်မယ်ဆိုတော. ကျွန်တော်လည်း စပ်စုတာပေါ. သူတို.ဘာတွေလည်း ပေါ.နော်

ဒါနဲ.မသိမသာကြည်.နေတာပေါ. သူတို.က သတင်းထောက်တွေဗျ စာမူတွေကို ထုတ်မလို.ဆိုတာ ကြည်.နေရင် သူတို.စကားတွေ

ကြားနေရင်းနဲ.သိရတာပါ ဒါနဲ.ဆက်လက်ပြီး အကဲခတ်နေတာပေါ. နည်းနည်းတော. အထင်ကြီးသွားသေးတယ်ဗျ အသက်ကအလွန်ဆုံး 24 ပေါ.ဗျာ

သတင်းထောက်လုပ်နေတာက သူငယ်ချင်းသုံးယောက်လုံးဆိုတော. သူတို.အဖွဲ.တော်တော် ပျော်ကြမှာပဲလို.လေ ဝါသနာတူ အသက်တူ သူငယ်ချင်းသုံးယောက်

အတူတူတွဲလုပ်နေတာဆိုတော.တော်တော် လည်းသူတို.ကိုကြည်.ပြီး ကြည်နူးမိပါတယ် Print ထုတ်ပြီးတော. သူတို.က တစ်ယောက်တစ်ပေါက် တွေပြောလာကြပြီ

တစ်ယောက်ကလည်း ဟဲနင်.သတင်း ကြီးကမှားနေတယ်တဲ.။ ကြိုပြောထားမယ်နော် သူတို. သတင်းတင်မယ်ဆိုတဲ. စာမူက မြေနီကုန်းမီးပွိုင်.မှာ  26 ရက် 6 လပိုင်း

က ကား 8 စီးဆင်.တိုက်တာကိုတင်မလို.ဗျ။ ဒါကလည်းသူတို.ပြောတဲ.စကားတွေကို နားထောင်ပြီးသိရတာပါ တစ်ယောက်ကနင်ရေးတဲ.အထဲမှာ မှားနေတာက

မြေနီကုန်းဘက်က လိုင်းကား မှန်လုံက 56 မဟုတ်ဘူး နင်ရေးထားတာ 56 ကြီးဖြစ်နေတယ်တဲ. ဒါနဲ.ကျွန်တော်တောင် ကြိတ်ပြီး ရယ်မိသေးတယ်

ဟုတ်တယ်လေဗျာ မြေနီကုန်းဘက်မှာ 56 မှန်လုံးမှမရောက်တာ 51 တို. 50 တို.ပဲရောက်တာကိုးနော် အမှန်က 51 မှန်လုံလို. သိရပါတယ် အဲဒါတစ်ယောက်မှားတာ

နော်။ သူတို.က ပြီးတော. သွားတင်မှာက သုံးယောက် တစ်ယောက်နဲ.တစ်ယောက်သတင်းကမတူဘူး သတင်းသွားယူတော. အတူတူယူလာကြတာထင်ပါတယ်

ကားတိုက်လို. ထိခိုက်သွားတဲ.လူနာစာရင်းက တစ်ယောက်တစ်မျိုးဖြစ်နေတာဗျ ဒါကိုသူတို.ထဲကတစ်ယောက်က ဘယ်လိုလုပ်မလဲ ဘယ်ဟာကအမှန်လဲဆိုတာ

ဘယ်လိုပြောပြရမလဲပေါ. သူတို.ကလည်း ငြင်းနေကြတာ သူအမှန် ငါအမှန်ပေါ.ဗျာ ဒါနဲ.တစ်ယောက်က ထပြောတာ ငါတို. တူတူသွားမတင်နဲ. တစ်ယောက်ပြီးမှ

တစ်ယောက်သွားတင်မယ် အတူတူတင်ရင် ဘယ်သူ.ဟာအမှန်လည်းမေးရင် ငါတို.လည်းမဖြေနိုင်ဘူးတဲ. တစ်ယောက်ချင်းတင်မှ သူတို.ဖာသာ မှန်တဲ.ဟာ

သတင်းထဲထည်.လိမ်.မယ်တဲ.ဒီလိုပြောပြီးသူတို.လည်း ပြန်ထွက်သွားကြတယ်

သူတို.ပြန်သွားမှ စဉ်းစားကြည်.မိတာ ဒီသီတင်းကြီးက နောက်နေ.ဆို စာစောင်ထဲထည်.မှာပေါ.နော် အယ်ဒီတာကတော. အမှန်ဖြစ်တာကိုထည်.မှာပါ

သူတို.လုပ်ပုံက သတင်းဖြစ်ပြီးရော မှန်တာမမှန်တာကိုရွေးဖို.က အယ်ဒီတာအလုပ်ဆိုတဲ.သဘောမျိုးသက်ရောက်နေတာကိုဗျ

နိုင်ငံကျော် သတင်းထောက်ဖြစ်ချင်ရင် သတင်းကိုမှန်မှန်ကန်ကန်ဖြစ်ဖို.လိုတယ် ဆိုတာကိုသူတို.လည်းသိမှာပါ အခုဟာက သူများထက်လက်ဦးပြီး သတင်းတင်ဖို.

မပြောနဲ. သုံးယောက် တူတူသတင်းသွားယူတာတောင် သတင်းကမကိုက်ဘူးဖြစ်နေတာ

ပြီးတော. မှန်တာကိုအယ်ဒီတာ သူ.ဖာသာကြည်.တင်မလေ.ဆီဆိုပြိး ပြီးစလွယ်လုပ်သွားတာကိုတော. နည်းနည်းဝမ်းနည်းမိတယ်ဗျာ

အခုအစကတည်းက မှန်တယ်ဟုတ်တယ်ဆိုတဲ.သတင်းတွေကို စပြီး ပြုစုသင်.တယ်လို.ကျွန်တော်ကတော. ထင်တယ်ဗျာ

ဒါမှလည်း သူတို.အတွက်အကျိုးရှိမယ် သတင်းတိုက်အနေနဲ.လည်း နံမည်ရမယ် ကျွန်တော်တို.လို ဖတ်တဲ.သူတွေလည်း အမှန်ကိုသိခွင်.ရမယ်

အခုဟာကျတော. သူတို.လည်း သတင်းမမှန်ရင် အချိန်ကုန်မယ် ပိုက်ဆံကုန်မယ် သတင်းတိုက်ကလည်းမထည်.တော. ပို်က်ဆံပေးမှာမဟုတ်ဘူး

ဘယ်သူမှလည်းအကျိုးမရှိတာကို ဘာ.လို.များသွားပြီးတင်နေအုံးမှာလည်းလို. ကျွန်တော်စဉ်းစားမိတာကိုပြောတာပါ။

အဲလိုသတင်းထောက်တွေကလည်း ဘယ်လောက်တောင်ရှိနေမလဲစဉ်းစားရင်း ပို.စ်တင်လိုက်အုံးမယ် ဒီအဖြစ်အပျက်လေးကိုဆိုပြီး

ကြည်.လိုက်တော. ကွန်နက်ရှင်ကလည်း ရွာထဲဝင်ဖို.ဂိတ်ပေါက်တွေ အစောင်.တွေချထားသလား အောက်မေ.ရအောင်ခက်ခဲနေတာနဲ.

မတင်ဖြစ်တာပါ အခုမှပဲတင်လိုက်တာပါ

ရွာထဲက လူတွေလည်း မဟုတ်တာတွေကို လိမ်မတင်ကြနဲ.နော် သူကြီး ပွိုင်.တွေ ဖြတ်ပြစ်လိမ်.မယ်

 

 

10 comments

  • အာဖျံ ကွီး

    July 1, 2011 at 2:48 pm

    ကလေးအတွေးနဲ.ပြောတာပါဂျာ ..
    အာဖျံကွီးအထင်တော့ အဲဒီ ပွိုင့်ကြောင့်ပဲ သတင်းမှားတွေ ဖေါင်းပွနေသလားလို. ..
    ပေးတဲ့ပွိုင့်တန်ဖိုးက ဘာမဟုတ်ဘူးဆိုပေမဲ့ .. ကိုယ့်လုပ်အားခ ကိုယ်ရချင်နေကြတော့လဲ ..
    အင်းးး
    ကိုယ်တိုင်ပဲ သတင်းထောက်လုပ်ပီး သတင်းထောက်လုပ်ရတော့မလိုပါပဲ … B-)

    တိန် .. သေဟဲ့ .. နနိ္ဒယ !!!

  • ဆူး

    July 1, 2011 at 3:30 pm

    သတင်းမှားတော့.. သတင်း က အတင်း ဖြစ်သွားတာပေါ့ကွယ်..

  • forever

    July 1, 2011 at 3:48 pm

    တိုက်တဲ.နေ.တုန်းကအဲဒီနေရာနားကဖြတ်သွားသေးတယ်
    အဌားယဉ် တစီးကတော.ရှေ.ရောနောက်ရောခုန်းတက်ပြီးရစရာ
    မရှိဘူးဗျာအဲ.ဒီမီးပွင်.ကယဉ်ကျောရှုပ်တဲ.အပြင်လမ်းထိပ်မှာဆီဆိုင်
    ကရှိသေး …

  • unclegyi1974

    July 1, 2011 at 4:35 pm

    အမှန်ကသူတိ်ု့၃ယောက်စလုံးသတင်းမှန်ပါတယ်
    သွားယူကြတဲ့အချိန်ကွာသွားလို့ပါ
    ပထမတယောက်ကဖြစ်ပြီးမကြာဖူးရောက်သွားရော
    လူတွေကိုဆွဲထုတ်နေတာမပြီးသေးဖူးဆွဲထုတ်နေတဲ့လူတွေအော်ပြောတာကိုမှတ်ပြီး
    သတင်းရေးဖို့အပြေးပြန်လာပါတယ်
    နောက်တယောက်ကအကုန်ဆွဲထုတ်ပြိီးတော့မှရောက်လာတာသူ့ကျတော့
    တမျိုးဖြစ်သွားတာပေါ့
    နောက်တယောက်ကဆေးရုံမှာသွားမေးတာဆိုတော့
    ထိခိုက်ဒါဏ်ရာစာရင်းဘယ်တူပါ့မလဲနော်
    ရွှေဘိုသားလေးရေယုံလားမသိဖူးနော်

  • windtalker

    July 1, 2011 at 5:15 pm

    ကိုရွှေ ့ ပို ့စ် ကို ဖတ်ပြီးတော့ မန်းတလေး ဗုံးကွဲတဲ့ နေ ့က အဖြစ်အပျက်ကလေး တစ်ခု ကို ပြန်သတိရမိတယ် ။ ရေးတင်ဦးမယ် ဗျာ ။ ဘာပဲ ဖြစ်ဖြစ် ကို ရွှေ ့ ပို ့စ်ကြောင့် အိုင်ဒီယာ ရသွားတာ မို ့
    ကိုရွှေ ့ကို ကျေးဇူးတင်ပါတယ် ဗျာ

  • zaw min

    July 1, 2011 at 6:35 pm

    မြန်မာပြည်မှာက သတင်းတခုရပြီဆိုရင် မှန်ဖို့ထက် မြန်ဖို့ကို ဦးစားပေးနေတာလို့ထင်မိပါတယ်၊သူ့ထက်ငါ ဦးအောင်အရင်သတင်းပေးနိုင်မှ ဂျာနယ် သတင်းတိုက်ဆီက ငွေမြန်မြန်ရမယ်လို့ယူဆနေတာများတယ်။သတင်းသမားအစစ်၊သတင်းထောက်အစစ်တွေများကြီးလိုအပ်နေသေးပါတယ်လို့ထင်မြင်မိပါတယ်။

    • pan pan

      July 4, 2011 at 3:55 am

      အဲဒါနဲ့ပဲ သတင်းတစ်ခုက တယောက်တမျိုးသိပြီး အမျိုးမျိုးဖြစ်နေရော..
      “အဲလိုဆိုလားပဲ”
      “ငါကြားတာတော့ ဒီလိုဟဲ့”
      “ဟိုဂျာနယ်မှာဖတ်ရတာက ဟိုဟာဆိုလား…”

  • etone

    July 4, 2011 at 6:44 am

    ကောင်မလေးသုံးယောက်က ဂျာနယ်သုံးခုကို ခွဲပို့လိုက်လျှင် သုံးယောက်စလုံး အလုပ်ဖြစ်မှာပဲ … ။ စာဖတ်သူကသာ … ဟိုဂျာနယ်ကမှန်လား ၊ ဒီဂျာနယ်က မှန်လား စဉ်းစားစရာဖြစ်နေမှာ … 😛 😛 😛

  • mzm

    July 17, 2011 at 2:06 pm

    မှန်တယ်ထင်တဲ့ဂျာနယ်ကို ရွေးဖတ်ကြပေါ့ဗျာဒါစာဖတ်သူတွေရဲ့အလုပ်ပဲ

    • kai

      July 17, 2011 at 3:14 pm

      ပြောလိုက်တာလွယ်လွယ်လေး..
      ဒါပေမဲ့..ဒါက ကမ္ဘာမှာတကယ်ဖြစ်နေတဲ့..အမှန်တရားပဲ..။
      လူတွေညံ့ရင်… ဂျာနယ်ညံ့တွေရောင်းကောင်းမယ်..။
      လူတွေတော်ရင်.. သတင်းမှန်တဲ့ဂျာနယ်တွေ.. ရောင်းကောင်းမယ်..။

      လူတွေဟာ..သူတို့နဲ့တန်တဲ့ ဂျာနယ်ပဲဖတ်ရတယ်..ပေါ့..။

Leave a Reply