မျက်ဖြေ ရဲ ့အဆက်

မောင် ပေJuly 1, 20111min773

မနက် ၄ နာရီကျော်သည် နှင့် ဆိုးပေ အိပ်ယာမှ ထ ကာ ကျောင်းဝန်းထဲ သန် ့ရှင်းရေး လုပ်နေသည် ။ မြို  ့တော်ရှိ ဘုန်းကြီးကျောင်း ၏ အုန်းမောင်းခေါက်ချိန် မှာ ရွာထက် နောက်ကျသည် ။ ကျောင်းရှိ ဝေယျာဝစ္စ များ ကို အကုန်လုပ်ပြီး ဘကြီးကို စောင့်နေသည် ။ ဘုန်းဘုန်း တို ့ကို မနက်အာရုံဆွမ်း ကပ်ပြီး ဘကြီး နှင့်အတူ  ဆွမ်းပေါင်း နှင့် ထမင်း လွေးရသည် ။

` အဘ ဆိုက်ကား တစ်စီး ကို ၂ သိန်းကျော် ပေးရတယ် ဆို  ´

` မင့် ဘယ်သူ ပြောတာလဲ ´

` မနေ ့က ကားဂိတ်က စီးလာတဲ့ ဆိုက်ကားဆရာ က ပြောသွားတာ အဘ ရဲ  ့´

` ဟားဟားဟားဟား…. အဲဒါ မင်း ကို လိမ်ချင်လို ့၊ မင်း များ စိတ်ဝင်စားရင် သူ ့ဆိုက်ကားအစုတ် ကို မင်းထိုးရောင်းချင် လို ့ အဲ့ဈေးပြောပြီး မင့် အယုံသွင်းသွားတာ ´

` ဒါဆို ဆိုက်ကား တစ်စီး က ဘယ်လောက် တန်တာလဲ အဘ ၊ ကျွန်တော် မနေ ့က ဆိုက်ကားစီးလာရင်း စဉ်းစားမိတာ ဆိုက်ကား နင်းမလားလို ့´

` ဟို တစ်လော က တို ့ကျောင်း ဆိုက်ကားထောင်စားတဲ့ ဆွမ်းဒကာ ရောင်းလိုက်တာ ကတော့ ၅ သောင်း ကျော်ပဲ ရတယ် ဆိုလား ၊ မင်း က ဆိုက်ကား နင်းရအောင် ဒီမြို  ့က လမ်းတွေ သိတာ ကြနေတာပဲ ´

` ဪ… လေ့လာရမှာပေါ့ဗျာ ၊ မြို  ့ထဲ သွားရင်း လာရင်း ´

` အေး.အေး မင်း လောလောဆယ် မြို  ့ထဲ သွားလည် ရင်း ကြည့်ကြည့်ခဲ့ဦးပေါ့ ။ ဘာအလုပ် လုပ်ရမလဲ ဆိုတာ မင်းသိလာမှာပါ ´

ဆိုးပေ မြို  ့ထဲ ထွက်လာခဲ့သည် ။ မြို  ့တော် ကြီး သည် သူ ့အတွက် အရမ်းခမ်းနား ထည်ဝါနေသည် ။ ကားများ ဆိုင်ကယ် များ ဖြင့် သွားလာ နေကြသည် ။  ကျားမ မရွေး ကြည့်လိုက်မည် ဆိုလျှင် သန် ့သန် ့ပြန် ့ပြန် ့သပ်သပ်ရပ်ရပ် ။ တီရှပ် အဖြူ ၊ ချည်ပုဆိုးလေး ဝတ်ထားသူ ဆိုးပေ ခဗျာ သွားရလာရတာ ရှိန်နေသည် ။ နေရာ တစ်ကာ ကြည့်လိုက်မည် ဆိုလျှင် တိုက်ကြီးတွေ ဖြင့် ဟိန်းနေသည် ။ တန်ခိုးကြီး ဘုရား ဖူးခဲ့ပြီး ဘုန်းကြီးကျောင်း သို ့ပြန်လာခဲ့သည် ။ ဇရပ် ပေါ ်တက် လဲလျှောင်းနေစဉ် ကျောင်းဝင်း ထဲသို ့လူစိမ်း ၂ ယောက် ဝင်လာသည် ကို တွေ ့လိုက်ရသည် ။

` ဘုန်းဘုန်း ရှိလား ညီလေး ´

` ရှိပါတယ် အကို ဘုန်ဘုန်း ဒီအချိန်ဆို မကျိန်းလောက်သေးဘူး ၊ ကျောင်းပေါ ်တက်သွားလိုက်ပါ ´

ခဏနေကြတော့ ဘုန်းဘုန်း နှင့် ထို လူစိမ်း ၂ယောက် ဇရပ်ပေါ ်သို ့ ပြန်ရောက်လာသည် ။ လူစိမ်း၂ယောက် က ခရီးဆောင် အိတ်တွေ နဲ ့….။

` ဒကာ ဆိုးပေ ၊ ဒီက ဒကာတွေ က ဖားကန် ့ကို ခရီးသွားမယ့် ဒကာတွေ ကွဲ  ့၊ မသွားခင် စပ်ကြား တို ့ကျောင်းမှာ ၃၊၄ ရက်တန်သည် တည်းကြမယ် ။ ဒကာကြီး သူတို ့ကို နေရာ ချပေးထားလိုက်ပါဦး ´

` တင်ပါ့ဘုရား ၊ တပည့်တော် စီစဉ် ပေးလိုက်ပါ့မယ် ´

ဆိုးပေ လည်း ထိုသူ နှစ်ယောက် ကို သူ စတည်းချ နေသော ဇရပ်ပေါ ်တွင် နေရာ စီစဉ်ပေးလိုက်သည် ။ သူ တို ့နာမည် များမှာ ဝေလု နှင့် ငြိမ်းလတ်ဆွေ တို ့ဟု သိရသည် ။ ခဏတွင်း မှာ ပင် ဆိုးပေ နှင့် အဖွဲ  ့ကျသွားကြသည် ။

` ကိုဆိုးပေ က ဘာအလုပ် လုပ်သလဲဗျ ´

` ကျွန်တော် ဒီရောက်တာ မကြာသေးဘူးဗျ ။ ရွာမှာ က အဖေကော အမကော မရှိကြတော့ဘူးလေ ။ ဒါနဲ ့ရှိတာလေး ရောင်းပြီး ကြီးပွားရာ ကြီးပွားကြောင်း ရှာဖို ့ မြို  ့တက် လာတာ ။ အခုထိတော့ ဘာလုပ် လို ့လုပ်ရမလဲ မဆုံးဖြတ်ရသေးပါဘူး ဗျာ ။ ´

` ကျုပ်တို ့ကတော့ ဖားကန် ့ကျောက်သွားတူး ကြမလို ့ဗျ ၊ ဒါနဲ ့ ကိုဆိုးပေ က ဘာတွေ ရောင်းလာခဲ့တာလဲ ´

` အဖေ တို ့ထားခဲ့တဲ ့လယ်လေး ၃ ဧက ထဲပါဗျာ ။ ရတာမှ မဖြစ်စလောက်လေး ရယ်ပါ ။ ရွာမှာတော့ များတာပေါ့ ။ အခု မြို  ့ရောက်မှ ဘာမှ လုပ်လို  ့မရဘူး ´

` အေးပေါ့ဗျာ…ဒီလိုပါပဲ ရေကြည်ရာ မြက်နုရာ ရှာဖွေကြရတာပဲ မလား ။ ခင်ဗျား စိတ်ကူး မရှိသေးရင် ကျုပ်တို ့နဲ ့ ဖားကန် ့လိုက်ခဲ့ပါလား ´

` အခု လောလောဆယ် တော့ မလိုက်ချင်သေးဘူးဗျ ။ ဒီမှာ ဘာမှ မလုပ်ကြည့်ရသေးဘူး ၊ စမ်းကြည့်လိုက်ဦးမယ် ´

` ကောင်းပြီလေ ၊ ကိုဆိုးပေ ဒီမှာ အဆင်မပြေ ရင် ဖားကန် ့တက်လာခဲ့ပေါ့ ။ ဟိုကြမှ ဆုံကြသေးတာပေါ့ ´

သို ့နှင့်….၂ရက်ကြာပြီး ၊ မနက်ခင်း ။ ထုံးစံ အတိုင်း ကျောင်း ဝေယျာဝစ္စ များ လုပ်ပြီး ၊ ဘုန်းဘုန်း တို ့အာရုဏ်ဆွမ်း ကပ်ပြီး ၊ ဘကြီး က ပြောလာသည် ။

`  ဆိုးပေ မင်း ဘာလုပ်မယ် မစဉ်းစားရသေးခင် ။ မင်း ပိုက်ဆံတွေ ကို ဘာမှ မလုပ်သေးခင် ဘဏ်ထဲ သွားထည့် ထားပါလား ´

` ဘဏ်ထဲ ထည့်ရင် ဘာဖြစ်သလဲ ဘကြီး ´

` ဟ.. အတိုး ရတာပေါ့ ကွ ၊ မဟုတ်လဲ မင်းဘာမှ မလုပ်သေးမယ့် အတူတူ ဘဏ်ထဲ ထည့်ထားလိုက်တော့ ဘဏ်တိုး လေး ရတာပေါ့ ကွ ´

` ဒါဆို ဘကြီး လိုက်ပို ့ပေးဗျာ ။ ကျွန်တော် က တော့ ဘာမှ သိတာ မဟုတ်ဘူး ´

` အေးအေး….ဘုန်းဘုန်း တို ့နေ ့ဆွမ်း စားပြီး ချိန် လောက် မင်းနဲ ့ငါ နဲ   ့သွားကြတာပေါ့ ၊ ပိုက်ဆံ တွေ ထုတ်ထားလိုက် ´

မနက်စာ စားပြီး ဆိုးပေ တစ်ယောက် သူ  ့ငွေထုတ်လေး ထည့်ထားသော သံသေတ္တာ သော့လေး ကို သော့ဖွင့် ရန် သော့ထိုးလိုက်သော အခါ သော့တံ မလှည့် ရသေးမှီ သော့ခလောက် မှာ ပွင့်ထွက်လာသည် ။ ဆိုးပေ လည်း မျက်လုံး မျက်ဆံ ပြူးသွားပြီး သေတ္တာထဲ ကြည့်လိုက်တော့ ဗလာနတ္ထိ ………. ။

( ယခု ပို ့စ်တင်သည့် အချိန် မှာ အတော် ကို မိုးချုပ်နေပြီ ဖြစ်ပါသည် ။ အဆုံး ထိ တိုက်ပင်း ရိုက်ချင် သော်လည်း ၊ မှေးစင်းလာသော မျက်ခွံ တို ့ ဆန္ဒကို လွန်ဆံ နိုင်စွမ်း မရှိပါသဖြင့် နားလည်ပေးကြပါရန် တောင်းပန်ပါသည် ။ အားလုံး ကို ကျေးဇူးတင်ပါသည် )

 

3 comments

  • ဆူး

    July 2, 2011 at 12:40 pm

    မျက်လုံး မှေးမှေးနဲ့ ဗလာ နတ္တိ ဖြစ်နေတာ မြင်လိုက်တယ်ပေါ့။

    • ဆူး

      July 2, 2011 at 12:50 pm

      ဆူး ပြောတာ သေတ္တာထဲက ပစ္စည်းနော်..

      မန်းတုန်းက မန်းလိုက်တာ အခု ပြန်ဖတ်လိုက်မှ ဆိုလိုရင်း တမျိုး ဖြစ်အောင် တွေးနေကြမှာ စိုးလို့ ပြန်လာ ဖြည့်စွက်ပေးလိုက်ပါတယ်။

  • windtalker

    July 2, 2011 at 1:30 pm

    ဖြည့်စွက် အဟာရ ကတော့ ဒျူးမက်စ် 1 ပလက်စ် တဲ့ ။

Leave a Reply