ရော့စ်ဒန်ကလေ ကိုပြစ်ဒဏ်ချမှတ်ပြီး ဆက်လက်တွေးမိတာ

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ၊ ကမာရွတ်မြို့နယ်တရားရုံးတွင် မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) Mr Ross Dunkley

ကိုအပြစ်ဒဏ်ချမှတ်ပြီး တော. ကိုယ်အသိလေးနဲ.ဉာဏ်မှီသလောက် တွေးမိတာလေးကိုပြန်ပြီး

ရေးထားတာပါ ဖတ်ပြီးလည်း အကြံပြုမှတ်ချက်ပေးကြပါလို. တောင်းဆိုချင်ပါတယ် ဒီအမှုက မြန်မာတိုင်းမ်ဂျာနယ်မှအမှုချုပ်ဟောင်းက မြန်မာမိန်းကလေး

မခိုင်ဇာလင်းကိုနာကျင်စေမှု

ဥပဒေပုဒ်မ (၃၂၃)အရ ပြစ်မှုထင်ရှားကြောင်းတွေ့ရှိရသဖြင့်ပြစ်ဒဏ်ချမှတ်တာပါ ဒါကတော.ရွာသားတွေလည်းအကုန်သိပါတယ်နော်

ကျွန်တော် ဉာဏ်မှီသလောက် တွေးမိတာက ကျွန်တော်တို.

မြန်မာအစိုးရက ဒီအမှုကျတော. နာကျင်စေမှုဆိုပြီး ထောင်ဒဏ် 1 လရယ် ဒဏ်ငွေ 100000 ရယ်ချမှတ်ပါတယ် ထောင်ဒဏ် 1 လကိုတော.

ချုပ်ရက် 44 ရက်နဲ.ပဲကြေစေပေါတယ်.။ ဒါနဲ. ဟိုတစ်နေ.က Mandalay မှာဖြစ်သွားတဲ. တရုတ်ကုန်သည်တွေနဲ. မြန်မာကုန်သည်တွေ ဖြစ်တာကျတော.

တရုတ်တွေက အဖွဲ.လိုက်အခန်ထဲခေါ်ပြီး စိတ်ကြိုက်မြန်မာကုန်သည်ကို ထိုးကြိတ်တာကိုကျတော. ဘာမှမလုပ်ပဲ တရုတ်ဘက်က ကာဆီးကာဆီးလုပ်နေတယ်

ဆိုတာသိရတော. နည်းနည်းတော.လွဲနေပြီလို.ထင်လို.ပါ အခုအမှုကမှ နာကျင်စေရုံပဲထားပါ သွေးထွက်သံယို မဖြစ်ပါဘူး ဟိုတရုတ်တွေက သွေးထွက်အောင်

အဖွဲ.လိုက်ဝိုင်းထိုးကြိတ်တာကျတော. ဘာမှအပြစ်မယူပဲ အစောင်.တွေနဲ.တောင်ပြန်ပို.ပေးတယ်ဆိုတော. ဘယ်လိုမှ စဉ်းစားလို.မရအောင်ဖြစ်မိပါတယ်

မန်းမြို.က မြို.ခံတွေပြောပုံအရဆိုရင် ရဲတွေက တရုတ်ဘက်ကိုတော်တော်ပါတယ်လို.သိရပါတယ်

ဒါ.မို.လည်း မြန်မာတွေ ကမ္ဘာမကြေသီချင်းကိုသီဆို ဟစ်ကြွေးခဲ.ကြတာပါ  အစိုးရအနေနဲ.လည်း ကိုယ်.လူမျိုးကို အဲဒီလောက် ထိပစ်မထားသင်.ပါဘူး

ပြစ်ထားတာတော.ကြာပါပြီ ပြန်ကြည်.ဖို.လည်း အချိန်ကျနေပါပြီ သတ္တဝါတွေတောင် ကိုယ်.သားသမီးလေးတွေကို အချိန်တန်ပြန်ကြည်. နို.ချို အစာတိုက်ကျွေးတာပဲ

အစိုးရကအခုကျတော. ဘာ.လို.ဒီလိုကြီးဖြစ်နေတာလည်း သူများနိုင်ငံလည်းသိပ်အားကိုးမနေပါနဲ.

ပြည်ပအားကို ပုဆိန်ရိုး ဆိုပြီးလည်း သူတို.ကိုယ်တိုင် ချမှတ်ထားကြသေးတာပါပဲ အခုကျတော. ဒေါ်စုကို အမျိုးမျိုးလုပ်ကြံပြီး အမေရိကန်ကပိတ်ဆို.မှုတွေ

ကန်.ကွက်မှုတွေလုပ်မှ တရုတ်ကို ဘုရားကိုးကွယ်သလိုကိုးကွယ် အဖေလိုထင်နေပြီး ကိုယ်လူမျိုးတွေကို ပြစ်ထားတာကိုတော. တော်တော်လေးကို ဝမ်းနည်းစရာ

ကောင်းလှပါတယ် မကြာမီ မြန်မာနိုင်ငံရဲ. သမိုင်းဝင် မန္တလေးမြို.ကြီးလည်း တရုတ်တွေက စီးပွားရေးတွေမှာ လက်ဝါးကြီးအုပ်ထားတာက ရင်လေးစရာပါပဲ။

အခုလိုသူတို.က ဘက်လိုက်ပေးရင် ဒီကောင်တွေကပိုဆိုးလာမှာ လို.လည်းထင်ပါတယ်

ရော့စ်ဒန်ကလေအမှုကလည်း သတ်သတ်ဂွင်ဆင်လုပ်ကြံတာလို.လည်း ကြားနေရပါတယ်။ တရုတ်နဲ.ကျတော.လည်း အရေးကြီးသွေးမနီးပဲ သွေးခွဲနေတာ

တော်တော်ကြီးကိုမြန်မာနိုင်ငံသားဖြစ်ရတာ ဝမ်းနည်းစရာကောင်းလှပါတယ်

ကျွန်တော်သိသလောက်ကို ရေးပြထားတာပါ နိုင်ငံရေးလည်းသိပ်နားမလည်ပါဘူး အဆင်မပြေတာ ထင်မြင်ချက်တွေမှားတာ တွေ.ရင်လည်း ပြောပြကြပါ

ဝေဖန်ကြပါလို. ပြောကြားလိုပါတယ်

“မန္တလေး” (ကာတွန်း စောငို ) ရဲ. ကာတွန်းလေးကိုတော. သဘောကျလွန်းလို. တင်ပေးလိုက်တာပါ။ လက်ရာလည်း မြှောက်လှပါတယ်

 

 

 

 

 

8 comments

  • ရွှေဘိုသား

    July 1, 2011 at 2:21 pm

    ကိုယ်တိုင်ရေးပြီးတင်တာ မြန်မာနယူးကို မနှိပ်လိုက်ရလို. ကော်ပီဖြစ်သွားပြီ

  • မင်းပြည့်ရှိန်

    July 1, 2011 at 3:57 pm

    ပြည်ပအားကိုး ပုဆိန်ရိုး ဆိုတော့
    တရုတ်အားကိုး ……………-ိုး

    မြန်မာတို့ရဲ့ လွတ်လပ်ရေးနေ့ကို
    Independence Day လို့ ခေါ်သတတ်
    တစ်ကယ်ကော Independence ဖြစ်ပြီလား
    သူတစ်ပါး အပေါ် မှီခိုနေရသမျှတော့ လွတ်လပ်သူ ဆိုတာ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်..
    အင်အား ကြီးသူများနဲ့ ပေါင်းသင်းဆက်ဆံရမှာ အမှန်ဖြစ်ပေမယ့်
    သူ့ကို မှီခိုနေလို့တော့ မဖြစ်ပါဘူး..
    လက်ရှိ မြန်မာ အစိုးရရဲ့ လုပ်ပေါက်တွေက တစ်ကယ့်ကို ရင်လေးစရာပါ..
    အစိုးရက တရုတ်အားကိုးနေတယ်လို မြင်မိပါတယ်…
    နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာက အစပေါ့..
    ကြာရင် ဘာဖြစ်လာမလဲ..
    ဒီအတိုင်း လက်ပိုက်ကြည့်နေရင်တော့..
    ရောင်းစရာ ကုန်တဲ့အခါ.
    ကျုပ်တို့ ကိုယ်တိုင် ချိန်ခွင်ပေါ်တက်ရလိမ့်မယ်..

    ငါးမည်ရ ပြည်ရွှေဘိုမှ ကိုရွှေဘိုသားရေ…
    အားပေးပါတယ်… ဒါမျိုးလေးတွေကို..
    ထပ်ရေးပါဦး ထပ်တွေးပါဦး..
    ဒါမှ အလောင်းမင်းတရားရဲ့ အမျိုးပီသတာ…
    ပြောသာ ပြော..

  • forever

    July 2, 2011 at 12:05 am

    ဥပဒေဆို တာ…မတဲ.တဲ.လူကို အရေးယူဘို.ထုတ်ထားတာပါ
    ကို.ချင်းချင်းဆိုသေးတဲ.အမှု ပပျောက်အောင်လုပ်တာပေါ.
    မတဲ.တဲ.လူဆိုရင်တော.နောင်မလုပ်ရဲအောင် စံပြ အနေနဲ.ထိထိရောက်ရောက်အရေးယူရတယ်
    မဟုတ်ရင် ပြုတ်ရော …….
    ကြာခဲ.ပြီဘဲ အမေစုကို အာဏာမက်တယ်ဆိုပြီး..သူတို.ဘဲယူထားတာ
    ဘယ်သူတကယ်အာဏာမက်တာလဲ ခလေးတောင်သိနေပြီ..ရွှေဘိုသားရေ

  • bigcat

    July 2, 2011 at 2:15 am

    အခြားမကြည့်ပါနဲ့ ကိုယ်နိုင်ငံသူနိုင်ငံသားတွေကို အဓမ္မလုပ်အားပေး၊ ပေါ်တာဆွဲရှေ့တန်းပို့၊ အကျဉ်းသား အခွင့်အရေး၊ သဘာဝဘေးအန္တရယ် ဒုက္ခသည် အကူအညီပေး စောင့်ရှောက်ရေး၊ စတာတွေကို ဘယ်သူတွေက စောင့်ကြည့်ထိန်းကြောင်းပေး နေရသလဲဆိုတာ။ ပြောတော့ ကိုလိုနီနယ်ချဲ့ အဖျက်အန္တရာယ်နဲ့၊ တကယ်တမ်းကြတော့ တိုင်းပြည်ရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စတာတွေအားလုံး နိုင်ငံခြားတိုင်းပြည်တွေက အော်ဟစ်ဆဲဆို လုပ်ပေးနေရတာပဲ မဟုတ်လား။

  • windtalker

    July 2, 2011 at 5:22 am

    ပြီးခဲ့တဲ့ ၃၊၄ နှစ်လောက် က မန်းတလေး လေယာဉ်ကွင်း အဟောင်းကြီး ကို ( ၇၈ လမ်း အရှေ ့ဘက်ခြမ်း ) မန်းတလေး မြို ့က နာမည်ကြီး တရုတ်လူမျိုး သူဌေး ၅ ယောက်ဟာ စုပေါင်းစပ်ပေါင်း ဝယ်ခဲ့ဖူးပြီး တစ်ပတ် ခန် ့ပိုင်ဆိုင်ခဲ့ ဖူးတာ ရွာသူ ရွာသား များ သိကြပါသလား ။

  • good

    July 2, 2011 at 6:23 am

    ဒါတင် ဘယ်က မတုံး မြန်မာပြည် ဟာ တရုတ် နိုင်ငံ အတွက်
    စွမ်းအင်နဲ့ ပတ်သက်ရင် လောင်စာကန်၊ ဆေးဝါး နဲ့ ပတ်သက်ရင် စမ်းသပ်ကွင်း၊ ပလပ်စတစ် နဲ့ ပတ်သက်ရင် အမှိုက်ပုံ စတာတွေ ကို လဲ သိထားစေချင် လို့ သက်ဆိုင်ရာ ပို့အဖြစ် နဲ့ရေးကြ ပါ၊
    အာပေး နေ ပါမယ် နော်။

  • kai

    July 2, 2011 at 10:01 am

    ဒီထက်ဆိုးတာတွေ.. ကမ္ဘာအနှံ ့..တိုင်းပြည်အနှံ ့..အများကြီးဖြစ်နေကြတာပါ…။
    အသက်တွေသေတဲ့အဖြစ်တွေအများကြီး…။
    ယူအက်စ်လိုနိုင်ငံမှာတောင် ဒီထက်ဆိုးတဲ့.. တခြားနိုင်ငံကလူတွေကြောင့်.. နိုင်ငံသားတွေထိခိုက်တာ အများကြီးရှိတယ်..။
    ၉။၁၁ ကိုပဲကြည့်..
    နိုင်ငံခြားသားကနေ.. ယူအက်စ်ပိုင်လေယဉ်သုံးပြီး ဝေါထရိတ်စင်တာမျှော်စင်ဝင်တိုက်တာပဲ..။
    အမေရိကန်တွေ ၃၀၀ဝလောက်သေတာပဲ..

    အိန္ဒိယ..မွန်ဘိုင်းမြို ့လည်း.. ပါကီတွေဝင်ပစ်လို့ လူတွေရာချီသေတာပဲ..

    မလေးရှား..ထိုင်းနိုင်ငံထဲလည်း.. မြန်မာတွေဝင်လို့.. ပြသနာဖြစ်နေတာတွေအများကြီးပဲ..။

    လူမျိုးရေး..နိုင်ငံသား ခွဲလုပ်မယ်..ဝေဖန်မယ်..ချမယ် နှက်မယ်ကြံတိုင်း…
    အရင်ခောတ်တွေကလိုမဟုတ်… သူများတိုင်းပြည်တွေမှာ သန်းချီနေထိုင်အလုပ်လုပ်နေကြတဲ့..မြန်မာတွေဖက်ကလည်း စဉ်းစားသင့်တယ်..။
    ပြိးခဲ့တဲ့ ဆယ်စု၂ခုမှာ.. မဟာမြန်မာရွေ ့ပြောင်းမှုကြီးဖြစ်တယ်..။
    မြန်မာသန်းချီ မြန်မာပြည်ကစွန့်ထွက်ကြရတယ်…။

    ဆိုတော့…
    ဒီလိုကိစ္စမျိုးတွေက… တိုင်းပြည်ရဲ့ လက်ရှိအင်အားချိန်ခွင်လျှာပေါ်မှာ မူတည်ကစားရတာပဲ..။
    မှားရင်…ဘာဖြစ်သွားမလည်း … အသိသာကြီး..။

  • pan pan

    July 4, 2011 at 3:47 am

    အို ပြည်ကြီးရှင်တွေ ပြည်ကြီးရှင်တွေ
    ပြည်ကြီး….ရှင်တွေ…
    ကြွေးကြော်နေရုံမျှဖြင့် မလုံလောက်နိုင်ပေ…..။

Leave a Reply