မနေ့ကနေမကောင်းလို့ အလုပ်မှာခွင့်တစ်ရက်ယူဖို့ ခွင့်တိုင်ဖြစ်တယ် အိမ်ကနေပဲ အလုပ်ကလူတွေကို လှမ်းပြီးဖုန်းဆက်ပြောတော့ ” သူငယ်ချင်းတွေက အေးဆေးပါ နင့် အလုပ်တွေလုပ်ထားပေးမယ်လို့ပြောတယ် ဒါပေမယ့် ဘောစိ(သူဌေး) ဆီကိုတော့ ဖုန်းဆက်ပြီး ခွင့်တိုင်လိုက်ဦးတဲ့ သိတယ်မဟုတ်လား ဘောစိက ခွင့်ဆိုရင် သူ့မသိရင်ပြောနေဦးမယ်လို့ ” ပြောတာနဲ့ ဖုန်းဆက်လိုက်ရတယ် ။ တကယ်ပါ နွယ်ပင်တို့ နေမကောင်းဖြစ်တာတောင် ပျောက်ပြီး အလုပ်သွားချင်စိတ်ပေါ်လာအောင်ကိုပဲ ဖုန်းခေါ်လိုက်ရတာ တစ်ညောင်းပဲ မကြာဘူးဆို 45 မိနစ် အသာလေးပဲ ဖုန်းလဲရသွားရော ” အစ်ကို ညီမနေမကောင်းလို့ ခွင့်တစ်ရက်လောက်ယူချင်လို့ပါလို့ ပြောတော့ …..သူက ဘာဖြစ်တာလဲတဲ့ ……ခေါင်းမူးနေလို့ ဆေးခန်းသွားမလို့ပါဆိုတော့ …… တကယ်လို့ ဆေးခန်းပြပြီးလို့သက်သာရင် အလုပ်ကိုပြန်လာပါတယ်တဲ့ လှဲနေစရာမလိုအပ်ဘူးဆိုရင်လဲ အလုပ်ကိုပြန်လာပါတဲ့ ” အဲတာနဲ့ ဖုန်းတစ်ညောင်းထိုင်ခေါ်ရတာပဲ အဖတ်တင်တယ် (123း0) လောက်ကျတော့ ကုပ်ကုပ်နဲ့ အလုပ်ကိုပြန်လာရတာပေါ့ အလုပ်က သူငယ်ချင်းတွေက ” ဟယ် …နေမကောင်းဘူးဆိုဘာညာနဲ့ပြောတော့ ….သူတို့ကိုဘာမဆိုင်ညာမဆိုင် လှည့်ပြီးမဲလိုက်သေးတယ် အံမယ်ငါ အိပ်ယာထဲ လဲနေလို့လား လာနိုင်လို့ပြန်လာတာပေါ့ဆိုတော့ ……” အကြောင်းသိတဲ့ သူငယ်ချင်းက “အံမယ် …. ဘောစီက နေ့ခင်းပြန်လာလို့ ပြောလို့ လာတာမဟုတ်လားတဲ့ ” ဟုတ်နေလို့ ငြိမ်နေလိုက်ရတယ် အမှန်က နွယ်ပင်တို့ ဘောစီက တစ်ခါနွယ်ပင် ဖတ်ဖူးတဲ့ ဟာသထဲကလိုဖြစ်နေတာလေ အဲဒီဟာသလေးက ………..

သူဌေး-— “ဘာ… ခွင့်တစ်ရက်ယူချင်တယ် ဟုတ်လား?

တစ်နှစ်မှာ(၃၆၅)ရက် အလုပ်လုပ်လို့ရတယ်။ တစ်နှစ်မှာ(၅၂)ပတ်ရှိတဲ့အထဲ တစ်ပတ်မှာ(၂)ရက် မင်းအနားရတော့ (၂၆၁)ရက်ပဲ မင်းအလုပ်ချိန်ကျန်တယ်။ တစ်ရက်မှာ (၁၆)နာရီ မင်းအလုပ်မလုပ်ဘူး။ တစ်ရက်(၁၆)နာရီနဲ့ တစ်နှစ်မှာ ရက်(၁၇ဝ)နုတ်တော့ မင်းအလုပ်ချိန်က (၉၁)ရက်ပဲကျန်တယ်။ တစ်ရက်ကို မိနစ်(၃ဝ) မင်းကော်ဖီသောက်တယ်။ ဒီလိုနဲ့ တစ်နှစ်မှာ(၂၃)ရက်ရှိတော့ အလုပ်လုပ်ချိန်က (၆၈)ရက်ပဲကျန်တယ်။ တစ်ရက်မှာ(၁)နာရီ မင်းထမင်းစားတယ်။ ဒါနဲ့(၄၆)ရက်နုတ်လိုက်တော့ မင်းအလုပ်ချိန်က (၂၂)ရက်ပဲကျန်တယ်။ တစ်နှစ်မှာ (၂)ရက်လောက် မင်း ဆေးခွင့်ယူသေးတယ်။ ဒီလိုဆိုတော့ မင်းအလုပ်ချိန်က (၂ဝ)ရက်ပဲကျန်တယ်။ တစ်နှစ်မှာ အထိမ်းအမှတ်ပွဲ၊ ရုံးပိတ်ရက်တွေက (၅)ရက်လောက်ရှိတယ်။ ဒါနဲ့ အလုပ်ချိန်က (၁၅)ရက်ပဲကျန်တယ်။ ကုမ္ပဏီက တစ်နှစ်မှာခွင့်(၁၄)ရက် သတ်မှတ်ပေးထားတယ်။ နောက်ဆုံးတော့ မင်းအလုပ်ချိန်က (၁)ရက်ပဲကျန်တယ်။ ဒါနဲ့များ မင်းက ခွင့်တစ်ရက်ယူချင်သေးတယ်။ ဟုတ်လား?”

ဟုတ်တယ်နော် အဲလိုသာ သူဌေးကပြောခဲ့ရင် ဘယ်လိုလုပ်မလဲ အခု သူ့ခမျာငါ့ကို နေ့ဝက်ကြီးတောင် ပေးနားထားတာပဲ ဆိုပြီး ကျေးဇူတွေထပ်တင်နေရပြန်ရော။ :D :D :P

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..