သူခိုးများ ဆူပူသောင်းကျန်းမှု ပိုမိုဖြစ်ပွား

manawphyulayJuly 2, 20111min1448

အင်းစိန်မြို့နယ်အတွင်း သူခိုးများသောင်းကျန်းလာသည်မှာ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်လာတယ်လို့ သတင်းရရှိပါတယ်။ ခရပ်ကွက်အတွင်း ပြီးခဲ့တဲ့ရက်သတ္တပတ်က စပြီး နေ့စဉ်ရက်ဆက်ဆိုသလို သူခိုးများ ည လူခြေတိတ်ချိန် မနက် ၂ နာရီခွဲနဲ့ ၃ နာရီဝန်းကျင်ခန့် ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာသည်မှာ မြို့နယ် နယ်ထိန်း၊ ရဲများ မရှိကြတော့သည့်အလား ဖြစ်နေသည်မှာ အတော်ဆိုးရွားလာနေပါသည်။ ခ ရပ်ကွက် ၆ လမ်းမှ အိမ်ဈေးဆိုင်ကို အရင် ဖောက်ခံရပါတယ်။ MP4 နဲ့ ပိုက်ဆံအနည်းငယ်ပဲ ပါသွားတော့ ရပ်ကွက်ကလည်း အထားမှားတာပဲဆိုပြီး ခပ်ပေါ့ပေါ့နေလိုက်မိပါတယ်။ နောက်ရက်ကျတော့ ရ လမ်းရှိ ဈေးဆိုင်ပဲ ဖောက်ခံရပြန်ပါတယ်။ နောက်ထပ်မံပြီး ရက်ခြား ၅ လမ်းနဲ့ ၆ လမ်းကြားရှိ ကုန်စုံဆိုင်ကို ဖောက်တဲ့အပြင် အိမ်မှာ ဖောက်ထွင်းခံရလို့ သိန်းချီပြီး ပါသွားတော့ ရဲတိုင်တော့ ရပ်ကွက်လူကြီးတွေနဲ့ နယ်ထိန်းတွေက လာရောက်ဓာတ်ပုံရိုက်ပြီး သကာလ ထပ်မံ အဖောက်ခံရတာကတော့ အပေါင်ဆိုင်တစ်ခုပဲဖြစ်ပါတယ်။ နယ်ထိန်းတွေဘယ်ရောက်နေသလဲဆိုတာ ခုချိန်ထိမသိသေးပါဘူး။ ခုကတော့ ညက လောလောလတ်လတ် ၆ လမ်းထဲက ဆိုင်ခန်းနဲ့အိမ်ကို ထပ်မံဖောက်ထွင်းခံရပြန်ပါတော့တယ်။ အချိန်ကတော့ မနက် ၂ နာရီ ၄၅ ခန့်လို့ ခန့်မှန်းလို့ရတာကတော့ အဲဒီခိုးခံရတဲ့အိမ်က ခွေးက ဟောင်တဲ့အချိန်နဲ့ အိမ်ရှင်က သူခိုးလို့ ခေါ်တဲ့အချိန်ကို ပြောရတာပါ။ လမ်းတစ်လျှောက် ရှာတော့လည်းမတွေ့ရဘူး။ ခိုးသွားတာကတော့ မီးစက်တစ်လုံးပါသွားတယ်လို့ သတင်းရရှိပါတယ်။ ကျန်တာကတော့ မနက်မှ စစ်ဆေးတုန်းပါပဲ။ မီးစက်မနိုင်တယ်ဆိုရင်တော့ တစ်ယောက်ထဲမဖြစ်နိုင်ဘူးလို့ ကောက်ချက်ချလို့ရပါတယ်။ မီးစက်က အလွန်ဆုံး နှစ်ယောက်မမှ ရနိုင်တဲ့မီးစက်အနေအထားကြောင့်ပါပဲ။ မနက်ကျတော့ ခိုးသွားသူရဲ့ ဖိနပ်နဲ့ ထီးကို တွေ့ရှိရပါတယ်။ ခိုးတဲ့သူကလည်း ပေါ့သေးသေးမဟုတ်လောက်ဘူးထင်တယ်။ ဖိနပ်က သရေစိမ်းဖိနပ်ပဲရှင့်။ ဒါနဲ့ ထုံးစံအတိုင်း ရပ်ကွက်လူကြီးတိုင်တော့ နယ်ထိန်းတွေ ရဲတွေက လာပြီး ဓာတ်ပုံရိုက်သွားပြန်ပါတယ်။ ဓာတ်ပုံတွေရိုက်ပြီး ပြခန်းလုပ်မလို့လားမပြောတတ်ပါဘူး။ ဒီလောက် သောင်းကျန်းနေတာ နေ့စဉ်ရက်ဆက်ဆိုသလိုဖြစ်နေတော့ ရပ်ကွက်အတွင်းလူများလည်း ဘယ်နေ့ ငါ့အိမ် ပါမလဲဆိုပြီး ဘယ်သူမှ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ကြရတော့ပါဘူး။ အရင်က အေးချမ်းသာယာပြီး တံခါးဖွင့်ထားတာတောင် ယူမယ့်သူမရှိတဲ့ ရပ်ကွက်က ခုတစ်လော ဒီလိုဖြစ်လာတာ ဘာကြောင့်ပါလဲ။ နောက်ပြီး ဒီကိစ္စကို သေသေချာချာ မကိုင်တွယ်ကြတော့ဘူးလားဆိုတာလည်း ပြည်သူတစ်ယောက်အနေနဲ့ ဒီနေရာကနေ ပြောလိုက်ပါရစေရှင်……

8 comments

  • akswe

    July 2, 2011 at 7:26 am

    မနောလေးရေ.. အူမမှ မတောင့် တော့လဲ ဘယ်မှာသီလစောင့်နှိုင်ကြပါတော့မလဲ ခိုးမှစားရတာကိုးပန်ကာအောက်မှာထိုင်ခိုးတာ၊ယူနီဖောင်းပြပြီးခိုးတာ၊သမာဓိနဲ့ခိုးတာ တွေနဲ.
    အိမ်မှာဝင်ခိုးတာပဲကွာပါတယ်သမာဓိ အထက်တန်းစား သခိုးနဲ့ အောက်တန်းသခိုးပေါ့ကွယ်။
    ဒါနဲ.စကားမစပ် မနောက အင်းစိန်သူလား ကခ ၅၊၆၊ရ လမ်းတွေနဲ.ရပ်ကွပ် အကြောင်းဆိုတော့ စိတ်ဝင်စားသွားတာ ငယ်ငယ်ကတော့ မြို့သစ်မှာ ခြေရာကြီးပဲ ၊ ပေါက်တောဝ မှာဆိုမသိသူခပ်ရှားရှား
    (အကြွေးတွေပေးစရာရှိလို့)။ကန္နား၊ ကွက်သစ်၊ ဈေးကုန်း ၊လှိုင်၊ရွာမ၊ဘိုကုန်း၊နံ့သာကုန်း၊တောင်သူကုန်း
    ထပ်သွားစရာနေရာမရှိတော့ဘူး (သူများနှစ်မ တွေ စာလိုက်ပေးထားတာ သွားရင်သတ်ကြမှာ)။ မနောတို့မြို့သစ် မြောင်းကြီး လမ်းထိပ်က ရဝတ ရုံးဆို အိမ်ဦးနဲ့ကြမ်းပြင် မရောက်ချင်မှ အဆုံး
    (မူးပြီးရပ်ကွက်ထဲအော်ဆဲ လို့နောက်မလုပ်တော.ပါဘူးဆိုပြီး ခံဝန်လက်မှတ်သွားသွားထိုးရတာ) ။
    အခုတော့ ဘယ်လိုရှိနေမလဲ မသိတော့ဘူး အင်းစိန်အကြောင်းလေးရေးပါဦး လွမ်းမိ ပါတယ်။

  • manawphyulay

    July 2, 2011 at 7:31 am

    ရေးရရင် အများကြီးပဲလေ…. ပေါက်တောဝ၊ အင်းစိန်ထောင်၊ အင်းစိန်ဈေးဆိုတာ အနီးလေးတွေပဲလေ…

  • windtalker

    July 2, 2011 at 1:51 pm

    တစ်နိုင်ငံ လုံး မှာ ဖြစ်လောက်ပါတယ် မ မနောဖြူ လေး ရေ ။ မန်းတလေး မှာ လဲ ထောင်သားတွေ လျှော့ရက် နဲ ့လွှတ်ပေးအပြီး ဘာကြာသေးလဲ ။ ခိုးလိုက်ကြတာ မှ… တစ်ကယ့် နိုင်ငံခြား ကား တွေ ထဲ က အတိုင်း နည်းစနစ်အမြင့်တွေ နဲ ့ဖောက်ထွင်းကြတာ ။ နေ ့ခင်းကြောင်တောင် တွေ ဝင်ဖောက်ကြတာ ။ မန်းတလေး နန်းရှေ ့ဗဟိုတရားရုံးနား က အိမ်ကြီး တစ်လုံး ဆို ၊ ပိုင်ရှင် က နေ ့လည် ဈေးချို မှာ ဈေးသွားရောင်း တာ ကို ကြိုလေ့လာထားကြပြီး ဝင်ဖောက်သွားတာ ရွှေချောင်းနဲ ့ငွေ သား ပေါင်း ၃ ထောင် ဖိုး ဆိုပဲ ။ ပုသိမ်ကြီး မြို ့နယ် အတွင်းမှာလဲ ဈေးသွားရောင်းနေတဲ့ ဈေးသည်အိမ်ကို ဝင်ဖောက်တာ သိန်း ၆ဝ ကျော် ပါသွားသတဲ့ ( မှုခင်း သတင်းဂျာနယ် တွင် ပါပြီး ) ။ နောက်ပြီး ဒီ ထောင်သားတွေ ကို လျှော့ရက်ပေးမယ် ဆိုတဲ့ စကားသံ စထွက် တုန်းက ဆိုရင် မကျေနပ်တဲ့သူ ကို ပေါ ်တင် ရိုက် ပြီး ထောင်အကျခံ တဲ့ သကောင့်သား တွေ လည်း ရှိပါသတဲ့ ။ ဘယ်လောက် အစီအစဉ် ကောင်းသလဲ နော…

  • villiager

    July 2, 2011 at 1:51 pm

    နီးစပ်တဲ့ လူတွေထဲမှာလည်း ခုရက်ထဲ ခါးပိုက်နှိုက်ခံရတာတွေ အများကြီး ကြားနေရတယ်။ သတိပြုစရာပါ။

    • pan pan

      July 4, 2011 at 2:34 am

      တချို့က ခါးပိုက်နှိုက်တာမဟုတ်တော့ဘူး
      ကားပေါ်မှာပဲ လူအုပ်နဲ့ ကြိတ်လုတာရှိတယ်
      တဖြည်းဖြည်း အတင့်ရဲလာတာပ…..

  • forever

    July 2, 2011 at 2:00 pm

    အလုပ်မလုပ်ဘဲ အလွယ်ရချင်တော.
    ခိုးပြီပေါ. တကိုယ်တော်သူခိုး ကတော်သေးတယ်
    အခုနောက်ပိုင်းဂိုဏ်းဖွဲ.ခိုးတဲ.သူခိုးတွေက ကားတွေဟန်းဖုန်းတွေနဲ.တဲ.

  • manawphyulay

    July 3, 2011 at 6:27 am

    လွှတ်တဲ့သူတွေက လျှော့ရက်နဲ့ ခိုးမှုနဲ့ ကျတဲ့သူတွေ လွှတ်တာပိုများလို့ဖြစ်မယ်။ အဲဒါကို ဘယ်သူတွေက ကြပ်မက်ပြီး ဘယ်သူတွေက ကိုင်တွယ်ကြမှာလဲ… ဒီလိုဆိုရင်တော့ နေရာတိုင်းက မအေးချမ်းတော့ဘူးဖြစ်နေတာပေါ့နော်….။

  • mzm

    July 7, 2011 at 4:07 pm

    FBI ကိုအကူအညီလှမ်းတောင်းပါလား

Leave a Reply