ရွာထဲမှာ မှတ်တမ်းလေး တခု အနေနဲ့ စစ်တမ်း ဆိုတဲ့ ပိုစ်လေး တင်ထားပါတယ်။ တော်တော် များများ အားပေးပြီး လာရေးတာ တွေ့ရပါတယ်။ ထိုပိုစ်ရဲ့ ရည်ရွယ်ချက် က ရွာသားတွေ အချင်းချင်း အသက်ကြီးလား ငယ်လား မသိကြပေမဲ့ ရွာနာမည် တခုသာ မြင်နေကြတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေ ကလည်း အားလုံး ဆယ်ကျော်သက်လို့ ထင်နေကြတာလည်း ရှိပါတယ်။ လူတိုင်း မှာ ဘဝ ကိုယ်စီ နေထိုင်မှု နေရာ ကိုယ်စီ ရှိနေကြသလို မတူညီတဲ့ ဘဝတွေ ပိုင်ဆိုင်ထားပြီး မတူညီတဲ့ အရေးအသားနဲ့ အမြင် မတူ မှုတွေကို ဖလှယ်ကြတာ ဖြစ်ပါတယ်။ ရွာထဲမှာ ညီရင်း အကို မောင်နှမ တွေလို သဘောထားနဲ့ ရေးသားနေခဲ့ကြတာ ဖြစ်ပါတယ်။ တချို့ လူငယ်များ ကတော့ လူကြီးမှန်း မသိ လူငယ်မှန်း မသိ စိတ်ထင်တိုင်း ရိုင်းတာလေးတွေ တွေ့နေလို့ လူကြီးတွေ များတယ် ဆိုတာ သိအောင် တမင် ပိုစ်တခု အနေနဲ့ ဖန်တီးပြီး လူငယ်တွေ သိစေအောင် သွယ်ဝိုက် ပြောပြလိုက်တာ ဖြစ်ပါတယ်။

ရွာထဲမှာ စာရေး စာဖတ် လုပ်နေတာ အချိန် အတော်ကြာခဲ့ပါပြီ။ ဒီရွာကို ရောက်စဉ် အခါက ပိုစ် တခုကို ၃၀ဝ ပေးပါမယ် ရေးပေးကြပါ ကွန်မန်း ပေးရင်လည်း ပွိုင့် ၅ဝ ပေးပါမယ် စသဖြင့် ရေးထားတာ မြင်မိတယ်။ အဲဒီ တုန်းက ဘာရေးလို့ ရေးရမှန်း လည်း မသိခဲ့ဘူး။ တွေးမိတာတော့ ရှိတယ် စာလည်း သိပ်မစီတတ်ဘူး။ ဒီလိုနဲ့ ဟိုရေး ဒီရေးနဲ့ အခု ဆို တခုခု တွေးလိုက်လို့ ရေးမိရင် တော်တော် အရစ်ရှည်အောင် ရေးတတ်နေပါပြီ။ ရွာရဲ့ ကျေးဇူးတွေ ဖြစ်မှာပေါ့။

ရွာထဲမှာ ကွန်မန်းတွေ အရင်က တခု ၅ဝ ပေးတယ် နောက်တော့ ၁ဝ ပြောင်းသွားတယ်။ ၁ဝ ပြောင်းသွားတာကလည်း မန်ဘာ အရေအတွက် များလာတဲ့ အတွက် ကွန်မန်းတွေ များလာပြီး ပွိုင့် ထွက်တဲ့ အရေအတွက် များလာတဲ့ အတွက် နောင်ရေး စိတ်အေးရအောင် ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်မှာပါ။ ပေးသူနဲ့ ရယူသူ ပေးသလောက် ပဲ ယူရမှာပဲလေ။ နောက်ပိုင်း သိတဲ့ အတိုင်း ရွာထဲမှာ တိုက်ပွဲတွေ များတာတော့ ကွန်မန်းတွေ တော်တော် တက်တယ်။ ၁ဝ နဲ့ တော်တော် ပေးနေရတယ်။ ဒီလိုကနေ တဆင့် မန်ဘာ ဦးရေ အရမ်း များတာတဲ့ အခါ ပွိုင့် တွေ ပေးရတာ များနေပြီ ဖြစ်လို့ ပွိုင့် ပေးတဲ့ စနစ်ကို ပြင်လိုက်ပါတယ် ပိုစ် တခု ၅ဝ နဲ့ ကွန်မန်း တခု ၁ဝ ကို ပိုစ် တခု အတွက် တခါပဲ ရမယ် ဆိုပြီး ပြင်ဆင်လိုက်ပါတယ်။

ဒီရွာမှာ စပြီး စာရေးတုန်းကလည်း ပျင်းလို့ ဝင်ရေးတယ်။ နောက်တော့ လူစည်လာတော့ တက်ကြွစွာနဲ့ ရေးသားခဲ့တယ်။ယခု အချိန်မှာတော့ ပွိုင့် ၁သိန်း တော်တော် နီးစပ်လာခဲ့ပါတယ်။ ပြည့်ဖို့ သိပ်မလိုတော့တဲ့ အချိန်မှာ သဂျီးက ထိပ်ဆုံးမှာပဲ ကြာကြာ ဆက်ထားချင်လို့လား မသိဘူး ပွိုင့် ပေးတဲ့ စနစ်ကို ပြုပြင် လိုက်တာ ဖြစ်မယ် ထင်တယ်။ ထိပ်ဆုံးကနေ ဦးအောင် ရန်တွေ့ ကောင်းအောင် ထင်ပါရဲ့။

ပိုစ် ရေးခ လျော့ချ လိုက်တဲ့ ကိစ္စမှာ ပိုစ်တင်သူရဲ့ အားသာချက် အနေနဲ့ ကွန်မန်း တခုရရင် ၅ပွိုင့် ရတဲ့ စနစ် တခုပေးထားတာ ရှိပါတယ်။ စစ်တမ်း ကောက်တဲ့ ပိုစ်ကို တင်ဖို့ တွေးမိနေတာ တော်တော် ကြာပါပြီ။ ဒါပေမဲ့ ပွိုင့် ပေး စနစ် ပြုပြင် ထားတဲ့ အတွက် အချိန်အခါ အလိုက်သင့် တင်လိုက်တာ ဖြစ်ပါတယ်။

သဂျီး ရဲ့ ရည်ရွယ်ချက် အတိုင်းပါပဲ ကွန်မန်း များများ ရအောင် ရေးဆိုပြီး ပိုစ် တခုမှာ ရေးထားတာ မြင်မိတဲ့ အတွက် ရည်ရွယ်ချက် အထ မြောက်အောင် ရွာသားတွေ ရဲ့ အကူအညီနဲ့ ဖြစ်အောင် ရေးရင် ဖြစ်တယ် ဆိုတာ ပြတဲ့ သဘောပါပဲ။

ပိုစ် တခု တင်တယ် ဆိုတာ ကိုယ်ပိုင် အတွေးနဲ့ ကိုယ်ပိုင် စိတ်ကူး ချရေးတဲ့ အခါမှာ ပိုစ်တိုင်း ကွန်မန်း မရနိုင်ပါဘူး။ ကွန်မန်း ဆိုတာ ဝေဖန် ဆွေးနွေးတဲ့ သဘောဆောင်တယ်လို့ မြင်မိတယ်။ သိပ်ကောင်းလွန်းတဲ့ ပိုစ် ဆိုရင် ဘာတွေ ကွန်မန်း ပေးလို့ ပေးရမှန်း မသိအောင်ကို ပြည့်စုံတာတွေ ရှိပါတယ်။ စာရေး ကောင်းတဲ့ လူ အတွက် ရွာသားများက အလှူခံပုံးထဲ ထည့်သလို သဒ္ဒါကြေး ၅ပွိုင့် ပေးမှ ရမဲ့ ပုံ ဖြစ်နေတယ်လို့ ခံစားရတယ်။

စာရေးတဲ့ လူများ ကွန်မန်း များများ လိုချင်ရင်တော့ သူများ ထောက်ကွက် ထားပေးနိုင်အောင် ရေးမှ ဖြစ်တော့ မလို ဖြစ်နေပါတယ်။ (တဖက်သတ် တွေးမိတာပါ။)

ပုံပြင် တခု ရှိတယ် သူဌေးကြီး တယောက်က သားကလေး တယောက် ရှိတယ် အလုပ် ကောင်းကောင်း မလုပ်ချင်တဲ့ အပြင် ဘာအလုပ် ကိုမှ လက်ကြော တင်းတင်း မလုပ်တဲ့ အတွက် အလုပ်ကို သေချာလုပ်စေချင်တဲ့ အတွက် သားလုပ်သူကို သွား…. အသပြာ ၁၀ဝ ရှာယူလာခဲ့ ရှာနိုင်ခဲ့ရင်တော့ ငါပိုင်တဲ့ စည်းစိမ်တွေကို ဆက်ဆံ သူ အဖြစ် အမွေပေးမယ်။ ဒါပေမဲ့ မင်းကိုယ်တိုင် လုပ်အားနဲ့ ရှာတဲ့ အသပြာ မှ ဖြစ်မယ် ဆိုပြီး အမိန့်ထုတ်လိုက်တယ်။ အမေ လုပ်သူက သားလုပ်တဲ့ လူ လက်ကြော မတင်း ပျင်းမှန်း သိလို့ လက်သိပ်ထိုး ကျိတ်ပြီးတော့ အသပြာ ၁၀ဝ ပေးပြီး နောက်နေ့ အဖေ လုပ်သူကို သွားအပ်ခိုင်းတယ်။

အဖေ လုပ်သူက အသပြာ ၁၀ဝ မြင်တဲ့ အခါ တွေးပါတယ် ဒီအသပြာကတော့ ကိုယ်တိုင် ရှာလာတာတော့ မဖြစ်နိုင်ဘူး သိရအောင် စမ်းမှ ဆိုပြီး အသပြာ ၁၀ဝ အထုပ် ကို မြင်မြင်ချင်း တခါတည်း ဆွဲယူပြီး မီးပုံထဲ ပစ်ထည့်လိုက်တယ်။ သားလုပ်တဲ့ လူရဲ့ အမူ အရာကို အရိပ်အကဲ ကြည့်တဲ့ အခါ ဘာမှ တုန်လှုပ်တဲ့ အမူ အရာ မတွေ့လို့ ဒါမင်း ရှာတာ မဟုတ်ဘူး ငါ့ ဆီက အသပြာ ကို အမေ လုပ်သူ ပေးတာ ဖြစ်မယ် ဆိုပြီး ဆူပူကြိမ်းမောင်းလိုက်ပါတယ်။ သား အမိ နှစ်ယောက်က သူတို့ တိတ်တိတ်ကလေး လုပ်မိတာ အဖေ သိသွားလို့ စိတ်မကောင်းလည်းဖြစ် သူဌေးကြီးရဲ့ အဆူ အဟောက်လည်း ခံရတယ်။ အမေ လုပ်သူကို ပိုက်ဆံ ခိုးမပေးရဲအောင် တင်းတင်းကျပ်ကျပ် ဆူ ထားတဲ့ အတွက် သား လုပ်သူက အသပြာ ၁၀ဝ ပေးပါ တောင်းလည်း မပေးရဲတော့ပါဘူး။ ဒီလိုနဲ့ မဖြစ်တော့ဘူး ဒီ အသပြာ ၁၀ဝ ငါ့ဟာငါ ရှာမယ် ဆိုပြီး အလုပ်တွေ လုပ်ကြည့်တယ်။ တကယ် လုပ်တော့ တော်တော် နဲ့ မရဘူး အသပြာ ၁၀ဝ ဆိုတော ရှာရ တော်တော် ခက်ပါလား ဆိုတာ သိလာခဲ့တယ်။ ကြိုးစား ပမ်းစား ရှာပြီး အသပြာ ၁၀ဝ ပြည့်တဲ့ အချိန်မှာတော့ ဝမ်းသာ အားရ အဖေဆီကို ပြေးပြီး ဒီမှာ အသပြာ ၁၀ဝ ဆိုပြီး ပေးလိုက်တယ်။ သူဌေးကြီးက ဘာလဲ ဒါလည်း ငါ အသပြာ ခိုးထုတ်ပြီး လာပြတာပဲလား ဆိုပြီး ဒေါသပုန် ထပြီး မီးထဲ ပစ်ထည့်လိုက်တယ်။ အဲဒီမှာ သူဌေးသား က အရင် တခုတုန်းကလို ပုံစံ မဟုတ်တော့ပဲ အရမ်း စိတ်တို သွားတဲ့ ပုံစံနဲ့ ဘာလုပ်တာလဲ အသပြာ ၁၀ဝ ရဖို့ လွယ်တာ မဟုတ်ဘူး တော်တော် ကြိုးစားပြီး ရှာထားရတာ ဗျ ဆိုပြီး အော်ပြီး မီးထဲကို တဝက်တပျက် ကျသွားတဲ့ အသပြာ ထုတ်ကို အပူထဲမှာ မကြောက်မရွံ့ ဆွဲထုတ်နေတာ မြင်တော့ အဖေ လုပ်သူက ထရီပါတယ်..ဟား ဟား ဟား…. ငါ့သား လိမ္မာလာပြီ မင်း တကယ် အလုပ် လုပ်ပြီ ဆိုတာ ငါယုံပြီ လို့ ထ အော်လိုက်တယ်။ သား လုပ်သူက ဘာလို့ ဒီလို ပြောတာလဲ အသပြာတွေ မီးထဲ ပစ်ထည့်တုန်းကတော့ ပစ်ပြီးတော့ အခုမှ အလုပ်လုပ်တာ ဆိုပြီး ပြောရတာလဲ ဆိုတော့မှ သူဌေးကြီးက သား လုပ်သူကို ရှင်းပြတယ်။ အရင် အသပြာ ၁၀ဝ တုန်းက လည်း ဒီတန်ဖိုးပဲ အခု အသပြာ ၁၀ဝ ကလည်း ဒီတန်ဖိုးပဲ.. မတူညီတာက မင်းရဲ့ လုပ်အားခ နဲ့ ရှာထားတဲ့ အသပြာ ဖြစ်တော့ မင်း တန်ဖိုးထားတယ်။ အရင် အသပြာ ၁၀ဝ တုန်းက ငါ့ဟာ ဆိုတော့ ငါနှမြောတာပေါ့ ဒါပေမဲ့ မင်းရဲ့ စိတ်ကို သိချင်လို့ စမ်းသပ်တဲ့ သဘောနဲ့ မီးထဲ ပစ်ထည့်မိတာ.. အခုတော့ သိပြီ မဟုတ်လား။ ကဲ မင်းလည်း အသပြာ ၁၀ဝ ရဲ့ တန်ဖိုး မင်း ကိုယ်ချင်း စာတတ်နေပြီပဲ ဟု စကား ပြောရင်း သား အဖ နှစ်ယောက် တည့်သွားကြပြီး အမွေခံ သား အဖြစ် အသိအမှတ် ပြုပေးလိုက်ပါသတဲ့ကွယ် ။

 

ပုံပြင်ထဲက အသပြာ ၁၀ဝ အတိုင်းပါပဲ။

အချိန်တွေ စိတ်တွေ အများကြီး ရင်းနှီး ပေးဆပ် ပြီး တဖြေးဖြေး လုပ်ယူထားတာ ဖြစ်ပါတယ်။

ရွာထဲမှာ ပိုစ်ကို ကြည့်တဲ့ လူ ဦးရေ ၅၀ဝ ဖြစ်ရင် ပွိုင့် တိုးပေးမယ် ပြောလို့ ၅၀ဝ ရှိနေပြီ ဆိုပြီး အသံ ပေးတဲ့ လူကို တကယ် တိုးပေးခဲ့တာ မြင်မိတယ်။ ဖြစ်ချင်တော့ အဲဒီ အချိန်နဲ့ မတိမ်းမယိမ်းမှာ ဆူး ရေးတဲ့ ပိုစ်က ကြည့်တဲ့ လူ ၁၀၀ဝ အထိ ဖြစ်သွားတာ တွေ့လို့ အသံပေးလိုက်တယ် မသိချင်ယောင်ဆောင်ခံ လိုက်ရတယ်။ ပွိုင့် ကိစ္စ အရေးတော့ သိပ်မကြီးပေမဲ့ မန်ဘာ ချင်းခွဲခြား သလို လုပ်တဲ့ ကိစ္စကိုတော့ သဘောမကျတာ အမှန်ပဲ။

အနှစ်ချုပ်ရရင်တော့ ရွာ စစ်တမ်း ကောက်တာက လုပ်မယ်ဆိုရင် လုပ်နိင်တယ် ဆိုတာ ပြတဲ့ သဘောနဲ့ တင်လိုက်တာ ဖြစ်ပါတယ်။

စာဖတ်သူ အားလုံးပဲ ကျန်းမာ ချမ်းသာ ကြပါစေ။

 

About ဆူး

has written 398 post in this Website..