မေးချင်လွန်းလို ့ပါ

nigimi77July 2, 20111min1118

မေးချင်လွန်းလို ့ပါ။

ပြီးခဲ့တဲ့  အင်္ဂါနေ ့ကပေါ့။    ရုံးကို စရောက်ပြီး ကတဲက တမနက်လုံး  ဘယ်သူ ့ဆီကမှ Phone မလာသေးဘူး။  တယ်ထူးဆန်းနေပါလား။

အရင်ဆို  တစ်ယောက်နဲ ့ပြောပြီး phone ချလိုက်တာနဲ ့နောက်တယောက်ဆီက တန်းလာပြီ။  ဒီ Phone က အဝင်ပဲ လက်ခံတာများတယ်။

မနက် 10:30 လောက်နေတော့ ဘာဖြစ်တာပါလိမ့်ဆိုပြီး  ဖုန်းခွက်ကို မလိုက်တော့…..

မိန်းမ ၂ ယောက်  (အသံအရဆို လူလတ်ပိုင်းလောက်)  အာလာပ သလာပ ပြောနေလိုက်ကျတာ အစုံပဲ။   အသံက တော်တော်ကို ကြည်လင်ပြတ်သားလွန်း

နေတယ်။  လိုင်းပူးတာလား  မဟုတ်သေးပါဘူး။ လိုင်းပူးတဲ့ အတွေ ့အကြုံ  ကျုပ်မှာ  အများကြီး ရှိခဲ့ပါတယ်။  ဒီလို မျိုး မဟုတ်ပါဘူး။

ကျုပ် ဒီဖက်ကနေ စကားပြောကြည့်တယ်။  သူတို ့က အပြော မပြတ်ပဲ။  ခုလုတ်တွေ နှိပ်ကြည့်တယ်။ ဆက်ပြောဆဲပဲ။

ပြန်ချလိုက်တယ်။ မ ပြီး နားထောင်လိုက်တယ် ။ ဆက်ပြောနေတယ်။ ပြန်ချလိုက်တယ်။…………………………….

နောက် တစ်ခေါက် ထပ်ကိုင်ကြည့်တော့  စောစောက ပြောနေတဲ့ မိန်းမနဲ ့ပြီးသွားပြီ။ ကျုပ်ဖက်မှာက အော်တိုကို မဝင်တာနော်။

ပြန်ချလိုက်တယ်။  ပြန်ထပ်ကိုင်တယ်။ သဘောက်မ က  တခြား တစ်လုံးကို  ထပ်ခေါ်နေတယ်။ ဟိုဖက်က မကိုင်ဘူး။  တခြား တလုံးကို

ထပ်ခေါ်တယ်။  မရသေးဘူး။  ကျုပ်လဲ အကြံရတာနဲ ့ Hand Phone ကို ထုတ်ပြီး  သူ နိုပ်နေတဲ့ ခလုတ်ရဲ  ့ Tone သံကို  Record လုပ်လိုက်တယ်။

ကံဆိုးစွာနဲ ့ နဲနဲ နောက်ကျသွားလို ့ ဂဏန်း ၄ ခုစာပဲ မှီလိုက်တယ်။  သူ ဖုန်းဆက်ပြောနေတယ်။ ကျုပ်  ပြန်ချလိုက်တယ်။  Hand Phone နဲ ့  ၁၀၆ ကို  ကွန်ပလိမ်းတက်လိုက်တယ်။

ကျုပ်ရဲ  ့ ဖုံးကို  လိုင်းခိုးသုံးနေတဲ့  အရိပ်အယောင် တွေ ့ရပါတယ် လို ့…။  ၂ မိနစ်လောက်ပဲ ကြာမယ်။  ဖုန်းကို ပြန်နားထောင်ကြည့်တယ်။

အလွန်ကို ကြားချင်နေတဲ့  “တူ” ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။  ၁ဝ မိနစ်လောက်နေတော့  ယောကျင်္ားတစ်ယောက် Phone ဆက်တယ်။  လိုင်းစစ်

ဆေးမလို ့ပါ ဆိုပြီး လိပ်စာနဲ ့ နာမည် တိုက်စစ်တယ်။  နောက်နာရီဝက်လောက်နေတော့  ထပ်ဆက်တယ်။  လိုင်းကောင်းမကောင်း စစ်ဆေးတာပါတဲ့။

ကျုပ်က မနက်က အဖြစ်အပျက်ကို ပြောပြလိုက်တယ်။  သူက “လိုင်းပူးနေတာဖြစ်မယ်လို ့ ထင်ရပါတယ်” တဲ့။  ကျုပ်ကတော့ မထင်။

အဝင်ပဲ လက်ခံတာ ပိုများတဲ့  ဖုန်းက  တလကို  ၁၆၀၀ဝ နဲ  ့ အထက်မှာပဲ Bill လာလာ နေတာ။  မနက်ခင်း ၁ဝ နာရီလောက်ထိပဲ ရုံးမှာ ရှိပြီး တနေကုန်

Outdoor ထွက်တော့ ညနေ ၅ နာရီမှ ပြန်လာတတ်တာ။ Bill က အဲဒီလို ဖြစ်နေတာ ၃ လရှိပြီ။ ဒီ ဖုန်းက ကျုပ်တစ်ယောက်ထဲပဲ သုံးတာ။ အပြင်သွားရင်

အခန်းသော့ခတ်ခဲ့တာ။ 

ခင်ဗျားတို ့ရော ဘယ်လို ထင်လဲ ???? သာမန်လူကတော့  Phone လိုင်းကို  ထိရဲမှာ မဟုတ်လောက်ဘူး။  အော် မေ့နေလို ့ ကျုပ်ရုံးက  ပုလဲကွန်ဒိုမှာ။

နားလည်သူတွေရှိရင် ပြောပါဦး။

8 comments

  • windtalker

    July 2, 2011 at 2:13 pm

    ဟုတ်တယ် အကို nigimi77 ။ ကျွန်တော့် အသိ တစ်ယောက် ဆိုရင်လည်း ။ သူက ညမင်းသား ဆိုတော့ ညပဲ သူ ့ဂျီအက်စ်အမ် ကို ကိုင်တယ် ။ တစ်နေ ကုန် ဖုန်းပိတ်ပြီး အိပ်တာ ။ ဒါပေမယ့် နေ ့ခင်းဘက် ယောင်လို ့များ သူ ့ဖုန်းကို ခေါ ်မိလိုက်ရင် ဖုန်းပိုင်ရှင် က တစ်ယောက် ။ သူ ့ကို မေးတော့ သူ ့ဖုန်းက ပိတ်ထားတယ်တဲ့ ။ မယုံလို ့တစ်ရက် သွားကြည့်တော့လဲ တစ်ကယ် ပိတ်ထားတယ် ။ တစ်ခု ရှိတာ က သူ ့ဖုန်းက တော့ သူ ပြောသလောက်ပဲ ဘီလ် တက်တယ် ။ MPT ရဲ ့မျက်လှည့်လေး တွေ ပေါ့နော် ။ ဘယ်နိုင်ငံ မှာမှ မရှိဘူးဗျ ။ ကျုပ်တို ့ဆီ မှာ ပဲ ရှိတာ ။ သိပ်ဂုဏ်ယူ စရာ ကောင်းတာပဲ နော် ။

  • bigcat

    July 2, 2011 at 5:06 pm

    ခင်ဗျားက စစ်သားဆိုတော့ စရဖ တန်ပြန်ထောက်လှမ်းရေးက ခိုးနားထောင်ရင်းနဲ့ လိုင်းပြန်မတပ်ပေးမိတာ ဖြစ်မှာပေါ့။ ဒါမှမဟုတ် အဲဒါ အမေရိကန် စီအိုင်အေလက်ချက်ပဲ။ ဂြိုလ်တုကနေ ခိုးနားထောင်တာဖြစ်မယ်။ သူတို့နည်းပညာကမြင့်လွန်းတော့ မြန်မာပြည်က တရုတ်အကျ တပတ်ရစ် နည်းပညာနဲ့ ကောင်းကောင်း မချိတ်မိသွားဘူးထင်တယ်။ သတိတော့ထားနော်၊ ဂျီပီအက်စ်ကနေ နေရာအတိအကျ သိသွားရင် မောင်းသူမဲ့လေယာဉ်ပျံ လွှတ်လုပ်ကြံဖို့ လွယ်လွယ်လေးရယ်။ မြောက်ဥက္ကာလာပဖက်မှာနေတဲ့ သူငယ်ချင်းတွေဘာတွေ ရှိရင်လည်း အသိပေးလိုက်အုံး။ မနက်ဖြန် အမေရိကန်လေတပ်က လေဆာဗုံးလာကြဲမယ်ပြောတယ်။ တလောကတင်ထားတဲ့ မဟာကျိန်ဘုရားကြီးနားက အိမ်တလုံးကို ဆိုလားပဲ…..

    • ogre

      July 5, 2011 at 8:12 am

      အမေရိကန် စစ်တပ်မှာသုံးဘို့
      ကြောင် တွေလိုက်ဖမ်းနေတယ်လို့ကြားတယ်
      ကြောင်ကြီးရေ မင်းလည်းပုန်းနေအုံးနော်
      မိသွားရင် မလွယ်ဘူး
      ကို့ရွာသားချင်း ဟင်းလုပ် မစားချင်ဘူးနော်
      ကြောင်သားဆို သိပ်ကြိုက်တာ

  • မင်းပြည့်ရှိန်

    July 2, 2011 at 6:04 pm

    မဟုတ်ပါဘူး.. မလုပ်ပါဘူး….မင်းထင်သလို မယုတ်မာဘူး
    ဟုတ်တာ တစ်ခုကို ထုတ်ကာပြောမယ် ကြည့်..နားထောင်…

    အဲဒါပေါ့ဗျ….
    ကျုပ်တို့ဆီမှာ..ဖြစ်တဲ့ပြဿနာ..
    ဟုတ်လိုက်လေခြင်း…မှန်လိုက်လေခြင်း..
    အကြောင်းရင်းကတော့…
    ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်.
    လစာကောင်းမှ ဝန်ထမ်းကောင်းမည်..

    လုံခြုံရေးဆိုတာ… ကျုပ်တို့အတွက်…တော့..
    သူတို့ပေးတဲ့ လုံခြုံရေး ဖြစ်နေတယ်…

    ပြီးတော့ ခိုးနားထောင်တဲ့ ပြဿနာလည်း ရှိပါသေးရဲ့ဗျာ..

  • pooch

    July 2, 2011 at 6:12 pm

    အနော်တို့ အိမ်မှာ ကြိုးဖုန်းရော ဟန်းဖုန်းရော ဖြစ်ဖူးတယ်… ဖုန်းရုံးထိလိုက်ပြီး complain တက်တယ်
    ပြီးတော့ အထွက် call ကို လျှောက်လွှာတင်ပြီး တောင်းကြည့် တော့မှ ငြိမ်သွားတယ် … ဖုန်းဆက်ပြောတာလောက်နဲ့ တော့ သူတို့က အရေးမလုပ်ဘူး ….

  • fatty

    July 3, 2011 at 11:51 am

    အဲလိုမျိုးဖြစ်ရင် ဖုံးရုံးကို pass ward တပ်ဆင်ပေးဖို့ ညှိနှိုင်းပါ။ ကျနော်လဲဖြစ်ပြီးလို့ pass ward နဲ့ ထားရတယ်။ ကျနော့ဖုံး bill ထဲမှာ တခါမှ မကြားဘူးတဲ့နိုင်ငံတွေ ခေါ်ထားတာတောင်တွေ့ရတယ်။
    complaint စာတင်တော့ ရှင်းလင်းချက်လဲ ထွက်မလာဘူး အဲဒီလ အတွက် bill လဲ မဆောင်ရတော့ဘူး။
    နိပ်သ ဗျို့။ သူတို့ဖာသာ မရှင်းနိုင်တော့ ကျနော့ bill မတောင်းရဲတော့တာပါ။

  • R Ga

    July 5, 2011 at 8:48 am

    ဒါမျိုးဖြစ်ဖူးတယ်။အဒေါ်ရဲ့ဖုန်းကိုနံပါတ်အမှန်နဲ့ပဲခေါ်တာ..။ တခြားကောင်မလေးတွေလာကို်င်ပြီး လိုင်းမှားနေတယ်လို့ပြောနေတယ်။ဒါမျိုးဖြစ်တာခဏခဏပဲ..။ စိတ်ထင်ဖုန်းအပွားခံထားရတာထင်နေတယ်။

  • PMP

    July 30, 2011 at 1:01 am

    ကျုပ်GSMဟန်းဖုန်းကတော့ မျက်စိရှေ့ထားပြီးဖုန်းပိတ်ထားတာတောင် နောက်တစ်လုံးနဲ့ခေါ်ကြည့်တော့ ဖုန်းဝင်ပြီး မြင်သာကပါတဲ့.. ဒါကျွန်မဖုန်း၊ဘယ်လိုဖြစ်တာလဲဆိုတော့ စကားတောင်မဆုံးသေးဘူး.ဖုန်းချသွားရော..ဖုန်းဘေလ်က ၃သောင်းသွင်းလဲတစ်လ၊ ၅သောင်းသွင်းလဲ တစ်လဘဲ.. စိတ်တိုလာတော့ မဆောင်ဘဲ ရုံးကနေပိတ်တဲ့အထိထားလိုက်တယ်…၃ လလောက်ကြာတော့ ရုံးက အရမ်းကြာရင် ပြန်ဖွင့်ဖို့ လိုင်းကြေးပေးရတတ်တယ်ဆိုလို့၊ ဘေလ်အကုန်ထုတ်ပေးပါလို့ ပြောပြီး ဆောင်လိုက်တယ်.. ဖုန်းပြန်ပွင့်သွားပြီး ၊ ၄ရက်နေတော့ message ဝင်လာရော..ဘေလ်ဆောင်ဖို့တဲ့… ပြန်ဖွင့်ကတည်းက ဘယ်မှကို မခေါ်မသုံးတာ..နောက်ပြန်ပိတ်သွားပြန်ရော.. မဖြစ်ချေတော့ဘူးဆိုပြီး..အထက်ကိုတိုင်မယ်၊တောမယ် ဆိုပြီး တာမွေက​GSMဖုန်းရုံးတတ်ပြောလိုက်တော့မှ တစ်ပြားမှ မဆောင်လိုက်ရဘဲပြန်ပွင့်သွားတော့တာဘဲ..

Leave a Reply