မြန်မာပြည်က ဖုန်းနဲ့ အင်တာနက်သုံးလိုသူတွေအတွက် Internet Setting လုပ်နည်း

Good IdeaJuly 2, 20111min1306

အခုနော ခေတ်နဲ့အညီ ရင်ဘောင်တန်းပြီး တိုးတက်နေတဲ့ ကျနော်တို့ မြန်မာပြည်ကြီးမှာ ဖုန်းတွေနဲ့ အင်တာနက်သုံးလို့ ရနေပြီဆိုတော့ အင်တာနက် Setting လုပ်တတ်ဖို့ လိုအပ်လာပြီ ထင်ပါတယ်။ အဲဒီအခါမှာ ကိုယ်က မလုပ်တတ်တော့ ဖုန်းဆိုင်ကိုပြေး။ ဖုန်းဆိုင်ကလည်း ခပ်တည်တည်နဲ့ ဘယ်လောက်ကျတယ်ဆိုပြီး မတန်တဆတောင်း။ အဲသလို အလကား ပိုက်ဆံကုန်မယ့်ဘေးက ဝေးရလေအောင် အင်တာနက်ကတွေ့လာတဲ့ Internet Setting လုပ်နည်းလေး ဝေမျှလိုက်ပါတယ်။ မိတ်ဆွေများ မိုဘိုင်းအင်တာနက်ဖြင့် ပျော်ရွှင်နိုင်ကြပါစေ။

အားလုံးကို လေးစားလျှက်…

Good Idea

…………………………………………………………..

အခုဒီမှာ ဖွင့်ပေးနေတဲ့ EDGE ကို Nokia ဖုန်းနဲ့ဘယ်လို setting လုပ်တယ်ဆိုတာလေး သိသလောက်ပြောပါမယ်။

Menuကနေ Menu > Setting > Connectivity > Setting > Destinationsကိုတဆင့်ခြင်းဝင်သွားပါ။ Destinations ထဲရောက်တာနဲ့ Access Point ရယ် Internet ရယ် WAP services ရယ် menu သုံးခုကိုတွေ့ရပါမယ်။

Access Point ထဲကိုဝင်လိုက်ပါ။ Automatically check for avaliable access points ကို Yes  လုပ်ပါ။  Packet data ကို ဝင်လိုက်ပါ။ Packet data access point name ကို MPTNET လို့နာမည်ပေးပါ။ Select destination ကို Internet ဟုရွေးပေးပါ။

အခုနောက် menu ဖြစ်တဲ့ Internet ကိုဝင်ပါမယ်။ အဲ့ဒီမှာခုနနာမည်ပေးခဲ့တဲ့ MPTNET ဆိုတာကိုတွေ့ရပါမယ် အဲ့ဒီကိုဝင်လိုက်ပါ။ Connection name ရယ် Access Point name  မှာ MPTNET ဆိုတာတွေ့နေရပါမယ်။ Data Bearer မှာတော့ Packet data လို့တွေ့နေရပါမယ်။ Username နဲ့ Password မှာမိမိနှစ်သက်ရာပေးပါ။ Prompt password ကိုတော့ internetသုံးတဲ့အချိန်မှာ ဖေါ်ပြစေချင်ရင် Yes ပေါ့။ Authentication မှာ secureပဲပေးပေး normal ပဲပေးပေးပါ။ Homepage ကတော့ none ပဲထားပါ။ ဘာထားထား Yatanarpon web page ပဲတက်မှာပါ။

ဒါဆိုပြီးသွားပါပြီ။ options ကနေ exit လုပ်ပြီး ထွက်လိုက်လို့ရပါပြီ။ ဖုန်းနဲ့ အင်တာနက်ထဲဝင်ချင်ရင် menu ထဲမှာရှိတဲ့ ကမ္ဘာလုံးပုံ web ဆိုတာနဲ့ အင်တာနက်ထဲဝင်ပါ။ ခဏနေတာနဲ့ Yatanarpon web page ပေါ်လာပါလိမ့်မယ်။

PC ကနေသွားမယ်ဆိုရင်တော့ PC နဲ့ချိတ်ဆက်ဖို့ USB ကြိုးလိုပါမယ်။ ပြီးတော့ Nokia Ovi suite (သို့) Nokia PC sui

6 comments

  • Good Idea

    July 2, 2011 at 5:18 pm

    PC ကနေသွားမယ်ဆိုရင်တော့ PC နဲ့ချိတ်ဆက်ဖို့ USB ကြိုးလိုပါမယ်။ ပြီးတော့ Nokia Ovi suite (သို့) Nokia PC suite ကွန်ပြူတာမှာ install လုပ်ထားတာရှိရပါမယ်။ အဲ့ဒီ software ကနေ connect your computer to the internet ဆိုတာနိုပ်ပြီး connect လုပ်ပါမယ်။ ပြီးရင်တော့ ကြိုက်ရာ Broswer ကိုသုံးနိုင်ပါပြီ။ ဘာ proxyမှထည့်စရာမလိုပါ။

    အချိန်ရရင် Sony Ericsson အတွက်ရေးပေးပါဦးမယ်။

    ဒီနေ့ငွေသွင်းပြီးရင် ညနေ ငါးနာရီလောက်ဆိုသုံးနိုင်ပါပြီ။ 100MB လောက်ကို download ဆွဲတာတော့ တစ်နာရီလောက်ကြာပါတယ်။

    ဒီပို့စ်ကို Nokia N8, C6, C7 တို့ကိုအခြေခံပြီးရေးပါသည်။

    ကျေးဇူးတင်ပါတယ် ကြိုက်သလိုသုံးနိုင်ပါတယ်ခင်ဗျာ ပိုက်ဆံသာသွင်းလိုက်ရပြီး ဘာကိုမှမသိလိုက်ရတဲ့သူတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ ကြိုးစားရေးလိုက်တာပါ။ connection မိရင် E ဆိုတဲ့ စာလေး ဖုန်းရဲ့ Notification Area မှာပေါ်ကြောင်းလေးပါ ထပ်ဖြည့်ပေးပါ။

    credit: http://mmcpcommunity.net/showthread.php?10652-rdkbdkif-vufudkifzkef-%283%29/page29 မှ DD85 ရေးသားထားသော post ကို ပြန်လည် မျှဝေပါသည်။

  • windtalker

    July 2, 2011 at 6:08 pm

    Good Idea ပြောသလို လိုက်လံ စမ်းသပ်ကြည့်ပါတယ် ။ Good Idea ရေးထားသလို ပဲ အားလုံး ကိုက်ညီပါတယ် ။ တစ်ခု ပဲ ရှိတာ က ကျွန်တော် က မန်းတလေး က ဖြစ်နေတာပါ ။ ။ မကြာခင် မန်းတလေး မှာလဲ သုံးခွင့်ပြု တော့ မှာ ဖြစ်လို ့ဒီပို ့စ်လေး ကို တင်ပေးတဲ့ Good Idea ကို ကျေးဇူးတင်ပါတယ်

  • manawphyulay

    July 3, 2011 at 7:34 am

    ဒါဆိုရင်တော့ ခုတင်တဲ့ ပိုစ့်က CDMA အတွက်ပဲဆိုတော့ GSM အတွက်လည်း သိချင်ပါသေးတယ်ရှင်.. ကိုယ်က ဖုန်းမကိုင်ပေမယ့် ကိုင်တဲ့သူတွေအတွက် အထောက်အကူဖြစ်အောင်လို့ပါနော်

  • :)

    July 3, 2011 at 12:49 pm

    Huawei C 8600, C 8500 တွေနဲ့ internet setting လုပ်နည်းပါသိချင်ပါသေးတယ် 🙂
    ကြိုပြီးကျေးဇူးတင်ထားမယ်နော်…

    • etone

      July 5, 2011 at 4:18 am

      ရတနာပုံ ဝက်ဖ်ဆိုက်မှာ သွားဖတ်ကြည့်လိုက်ပါ… အဲ့ဒီမှာ တင်ထားတာ မြင်ခဲ့ဖူးလို့ပါ … ။ 😛

Leave a Reply