ိdriving ranks in forestry !

မောင် ပေJuly 2, 20111min671

စာလုံးပေါင်း မှားနေရင် ခွင့်လွှတ်ကြဦး ဗျို  ့။ eros ရဲ  ့ဒီအချိန်မှာ ဘာလုပ်ချင်သလဲ ဆိုတဲ့ ပို ့စ် နဲ ့အဲဒီအောက်က ပါလေရာ ရဲ  ့ကွန်မင့် ကို ဖတ်ပြီး သိသလောက်လေး ကို ပြန်ရှဲ ချင်လို ့ပါ ။

သစ်လုပ်ငန်းမှာ driver လုပ်မယ် ဆိုရင် Grade 1 to 5 ရှိတယ် ဗျား ။

Grade 1 : စပယ်ယာ ၊ သစ်တိုက်တဲ့ကား တို ့ဝန်ထမ်းကြိုပို ့ကား တို ့မှာ ယာဉ်နောက်လိုက် ( ဒီနေရာ ရဖို ့မလွယ်သလို ၊ ဒီနေရာ ကို ရပြီး ရင်လည်း မ out ကြပါဘူး ။)

Grade 2 : စပယ်ယာ မှ ရာထူး တက်သွားသောသူ ၊ ခေါက်တိုဆွဲ လေးများ  ၊ ရုံး လူကြီး များ ၏ ဟိုနားဒီနား သွားမောင်းပို ့ (လခ မပြောတော့ဘူးနော် )

Grade 3: မန်နေဂျာ ကား ကို မောင်းခွင့် ရသွားပြီ ဗျာ ။ များသောအားဖြင့် Grade 1, Grade 2 မှ တက်လာသူ များသာ ဦးစားပေးသည် ။ ( လခ မပြောဘူး)

Grade 4: သစ်တင်ကားတွေ မောင်းခွင့်ရှိသွားပြီ ။ ထုံးစံအတိုင်း Grade 1,2,3 က တက်လာသူတွေ ကို ဦးစားပေးတယ် ( လခ မပြောတော့ဘူး ၊ လခ က အဓိက မှ မဟုတ်တာ )

Grade 5 : ဆရာကြီး ဖြစ်ပြီပေါ့နော် ၊ သစ်လုံးငန်း driving မှာတော့ ။  သစ်လုပ်ငန်း ဆိုင်ရာ ဆီဘောက်ဆာ တို ့ကလပ် ( သစ်လုံးများကို ညှပ်ကြီးဖြင့် ညှပ်ကာ တင်မည့် ကားပေါ ်သို ့တင်ပို ့ပေးသော carrier တစ်မျိုး ) ။ ဒီအဆင့်မှာတော့ ဆရာကြီး လို ့ဆိုတဲ့ အတိုင်း ပေါ့ ၊ ဆီဘောက်ဆာ သမား လခ ကို တော့ အတိအကျ မသိလို ့မပြောဘူးဗျာ ။ သို ့ပေသည့် ကလပ်မောင်းနှင်သူ အကြောင်းပြောမယ် ။ လေလံ ဆွဲ ရတဲ့ သစ်ရုံးတွေ မှာ  လေလံ ပြီး ပြီ ဆိုရင် သစ်လုပ်ငန်း က သူ နဲ ့ဘာမှ မဆိုင်တော့ပါဘူး ။ လေလံအောင်သွားသူ က သာ ကိုယ်ဆွဲလိုက်တဲ့ lot ကို ကိုယ့်ဘာသာ ကိုယ် တင် ။ အဲဒီမှာ ရိုးရိုး သစ်တင်ကားတွေ နဲ ့လာသယ်ဖို ့လွယ်ပေမယ့် ၊ အဲဒီ သစ်တင်ကား ပေါ ်ကို သစ်တင်ပေးနိုင်တဲ့ ကလပ် ကို တော့ လုပ်ငန်းခွင် ရှိရာသို ့သယ်ယူလာရန် မလွယ် ၊ မည်သူ မျှ လည်း ကလပ် ကို ယူမလာပါ ။ ထိုအခါ သစ်လုပ်ငန်း ရှိ ကလပ် ကို ငှားရမ်း အသုံးပြု ကြ ရတော့တယ် ။ ကလပ် ဆိုတာလည်း လူတိုင်း တက်မောင်းနှင်ခွင့် မရှိ ။ သစ်လုပ်ငန်း ပိုင် ကလပ် ကို မောင်းနှင်မည် ဆိုလျှင် သစ်လုပ်ငန်း မှ ခွင့်ပြု ထားသော ယာဉ်မောင်းသည်သာ ခွင့်ရှိသည် ။ တိုတိုပြောရလျှင် လေလံအပြီး သစ်တင်ယာဉ်များပေါ ်သို ့ကလပ်မောင်းသူ က သစ်လုံးများ ကို ညှပ်တင်ပေးရသည် ။ သူ ၏ တစ်နေ ့တာ ဝင်ငွေ မှာ နှစ်သိန်းငါးသောင်းကျပ် အနည်းဆုံး ။ အဲဒါ ဟိုဟာဒီဟာ မပါသေးဘူးနော် ။ လေလံအောင်သူ က ကလပ်မောင်းသူ ကို ပေးရမယ့် တစ်ရက်တာ မောင်းနှင်ခ ။

ဒီလောက် ဆိုလျှင် သစ်လုပ်ငန်း ယာဉ်မောင်း ၊ စပယ်ယာ များ ရဲ  ့ဘဝ ကို နည်းနည်းလေး ခန် ့မှန်းလို ့ရပြီ ဟု ထင်ပါသည် ။ ကျွန်တော့် ပို ့စ်တွင် ကြားညှပ်သုံးထားသော အင်းဂလိ စာလုံးလေး များ ကို ဘိရုမာ ပြန်ဆိုခွင့်ပြု ပါဦး ။ သိရှိပြီးသား ဆိုလျှင်လည်း သည်းခံ တော်မူကြပါ ကုန် ။

driver = ယာဉ်မောင်း

Grade = အဆင့်အတန်း

out = ထွက်ခွါသည်

driving = ယာဉ်မောင်းနှင်ခြင်း ( ဥပမာ ကားမောင်းသည် )

carrier = သယ်ယူပို ့ဆောင်ပေးသူ

အားလုံး ကို ကျေးဇူးတင်ပါသည် ။

One comment

  • ဆူး

    July 3, 2011 at 3:13 pm

    ရေကြည်ရာ မြက်နုရာ ဆိုတာ ဒါပါပဲ။
    သစ်လုပ်ငန်း ပြောတော့ ကွန်တိန်နာ ကား မောင်းတဲ့ လူတွေ တနေ့ ၂သောင်း ကွန်တိန်နာ အခွံ တနေ့ကို ၅ခေါက်လောက် တိုက်နိုင်တယ်.. ပစ္စည်း ပါတဲ့ ကွန်တိန်နာ ဆိုရင် ၃သိန်း အပြတ်.. ကားငှားခ.. ဟိုင်းဝေး ထွက်မယ်ဆိုရင် ၁ဝသိန်း.. ပိုင်ရှင်နဲ့ ကားဆရာ.. ၂၀/၈ဝ နှုန်းနဲ့ ခွဲယူကြပါတယ်။

Leave a Reply