ယမကာလုလင်များအတွက် Application

လွန်ခဲ့သော ဧပြီလ ၁၅ နေ့ ထုတ် ဟဲလိုမြန်မာဂျာနယ် လေးထဲမှာပါလာတဲ့ ဗဟုသုတပညာပေးလေးပါ။

အရက်သောက်ခြင်းဟာကျမ်းမာရေးကိုထိုခိုက်စေရုံမကပဲ မိမိ၏ပိုက်ဆံအိတ်ကိုပါထိခိုက်စေနိုင်ကြောင်းကို အဲဒီ ဆိုဒ့်လေးထဲမှာဖေါ်ပြပေးထားပါတယ်။အရက်သောက်ခြင်းကြောင့် ရရှိလာမယ့် အကျိုးအပြစ်တွေ၊သတိမူစရာအချက်အလက်တွေကို စိ်ဝင်စားဖွယ်ပညာပေးနေတဲ့ Application ပါ။

Booze Calculator ဟာ ကိုယ်သောက်ခဲ့တဲ့နူန်းထားပေါ်မူတည်ပြီး ကျမ်းမာရေးဘယ်လောက်ထိခိုက်နိုင်တယ်၊ပိုက်ဆံဘယ်လောက်ကုန်သွားတယ်၊အချိန်ဘယ်လောက်လေလွင့်သွားတယ်ဆိုတာတွေကို သရှိနိုင်သည့်အပြင် ရှိတဲ့ပိုက်ဆံနဲ့ အခုလိုလုပ်စားမယ့်အစား ဘယ်လိုအာဟာရရှိတဲ့ အစားအစာတွေကိုစားသုံးနိုင်တယ် စတဲ့ သတိမူစရာအချက်တွေကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးနေတဲ့ Flash Application လေးဖြစ်ပါတယ်။Booze Calaculator ကိုအသုံးပြုဖို့စစချင်းမှာ ကိုယ်ဟာ အမျိုးသား၊အမျိုသမီး ဖြစ်တယ်ဆိုတာရွေးချယ်ပေးပြီး နောက်ဆုံးကိုယ်သောက်ခဲ့တဲ့ စံချိန်အတိုင်း Application မှာရွေးချယ်ပေးရမှာဖြစ်ပါတယ်။သုံးစွဲသူ အနေနဲ့ ဘီယာ၊ဘီယာ(အပြင်း)၊ဝိုင်၊အရက်(ပြင်း)၊အပျော့ စတာတွေကို ဘယ်နှစ်ခွက်သောက်တယ်သုံးခဲ့သလဲဆိုတာ ရွေးချယ်ပေးဂမှာဖြစ်ပါတယ်။ဒါဆိုရင်သင်ပေးလိုက်တဲ့ အချက်အလက်တွေမှာမူတည်ပြီး Booze Calculator ကနေ စတင်တွက်ချက်မှာဖြစ်ပါတယ်။Booze Calculator Application ကတွက်ချက်လို့ရတဲ့ ရလဒ်တွေကနေ အသိတရားတစ်စုံတစ်ရာ ရရှိစေနိုင်ပါစေ။

စိတ်ပါဝင်စားသူများအနေနဲ့ http://www.bbc.co.uk/newsbeat/12254668 မှာသွားရောက်အသုံးပြုကြည့်နိုင်ပါတယ်။

4 comments

  • windtalker

    July 3, 2011 at 6:44 am

    အောင်မငှီးဗျာ ။ သွားစမ်းကြည့်လိုက်တော့ မမြင်ဝံ့တဲ့ ကိန်းဂဏန်း တွေ နဲ ့ပါကလား ဟရို ။ ကျေးဇူးပါပဲ ကိုဇော်မင်းရေ ။

  • moethidasoe

    July 4, 2011 at 10:13 am

    ကံစမ်းမဲတွေ ခေတ်စားလာတော့ ပေါက်မလားလို့ သောက်ကြတဲ့လူတွေ ..
    လောကကထွက်သွားဖို့ ဦးဆုံးမဲတွေပဲ ပေါက်ကုန်ကြတယ် ..
    ကား မဲပေါက်လို့ .. ဖုန်း မဲပေါက်လို့ ဆိုတဲ့လူတွေ အများစုက ဆိုင်ပိုင်ရှင်တွေ များတယ် နော်

    • pan pan

      July 4, 2011 at 10:22 am

      ကံစမ်းမဲပေါက်မလားလို့ ပိုသောက်ပေမယ့် မပေါက်မယ့်တူတူ
      အဲဒီပိုက်ဆံနဲ့ ဝယ်စရာရှိတာလေးဝယ်ရင်တောင် ထိုက်သလောက်ရဦးမယ်

  • zaw min

    July 5, 2011 at 8:04 am

    ကျနော့်မိတ်ဆွေတစ်ဦးလည်း ကံစမ်းမဲပေါက်သွားပါတယ်၊လွန်ခဲ့သော်နှစ်ကပါ၊တန်မလွန်ဘဝကို စရိတ်ငြိမ်းနဲ့ပါ။ကျနော်ကိုယ်တိုင်လည်းလွန်ခဲ့သော (ရ)နှစ်လောက်က ဆေးလိပ်၊အရက်၊ဘီယာတို့ကိုနှစ်ချိုက်စွာသုံးစွဲခဲ့ဘူးပါတယ်၊ယနေ့တော့ အဲဒီကုန်သွားခဲ့တဲ့ပိုက်ဆံတွေကိုနှမြောနေမိပါတယ်။

Leave a Reply