မန်းလေးနဲ့ ရန်ကုန် တွေ့ကြပြီ

manawphyulayJuly 3, 20111min11450

လေးပေါက် ရန်ကုန်ရောက်နေတယ်လို့ နေပြည်တော်က ပြန်ပြန်လာချင်း လေးဖက်က ပြောလို့ ၃ ရက်နေ့ကို တွေ့ကြမလားဆိုပြီး ဒီနေ့မနက် ၁ဝ နာရီ မြေနီကုန်း စီးတီမတ်အောက်က ကော်ဖီဆိုင်ကို ချိန်းလိုက်ပါတယ်။ ဒါနဲ့ နောက်ကျနေမှာစိုးလို့ ကားကို နှစ်ဆင့်စီးပြီး စီးတီးမတ်အောက်ကို ဝင်လာတော့ ထိုင်နေတဲ့သူတွေထဲက လေးဖက်ကို လိုက်ရှာတာ မတွေ့ဘူးဖြစ်နေတယ်။ နောက်မှ လေးဖက်က ကင်မရာကြီးကိုင်ပြီး ရောက်လာတယ်။ နေမကောင်းနေတာ မနည်းထလာရတယ်လို့ ပြောပြီး လေးဖက်ဝယ်ကျွေးတဲ့ မုန့်နဲ့ ကော်ဖီကို ဝါးတီးဆွဲရတာပေါ့။ ခဏနေတော့ လေးဖက်က နေဦး ကိုပေါက်ကို ဖုန်းဆက်လိုက်ဦးမယ်ဆိုပြီး ခဏထွက်သွားတယ်။
တော်ကြာနေတော့ ပြန်လာတယ်။ မြေနီကုန်းရောက်နေပြီပြောတယ်ဟ။ မုန့်စားရင်းစောင့်နေလိုက်တာ ၁ဝ နာရီခွဲခါနီးတော့ လေးပေါက်တစ်ယောက်ရောက်ချလာပါတော့တယ်။ မြေနီကုန်း ဂမုန်းပွင့်ဝင်နေလို့တဲ့ မဟေသီတော့ မပါဘူးတဲ့။ ဒါနဲ့ လေးပေါက်အတွက် မုန့်နဲ့ကော်ဖီ ဒကာကတော့ လေးဖက်ပေါ့။ မနောက သွားဝယ်ပေးတဲ့ ဒကာပေါ့ ဟိဟိ။ ဒါနဲ့ ထိုင်ပြီး စကားတွေပြောနေလိုက်တာ ၁၂ နာရီထိုးတော့မှ စီးတီးမတ်အပေါ်ခဏတက်မယ်ဆိုပြီး တက်လိုက်တယ်။ နောက်စာအုပ်တန်းလျှောက်နဲ့ပေါ့။ လေးပေါက်က သွားစရာရှိတယ် လမ်းခွဲကြမယ် မနက်ဖြန်ဆို ပြန်တော့မယ်တဲ့။ ဒါနဲ့ သုံးယောက်သား စကားတွေကောင်းနေပြီး ပြန်လာခဲ့ပါတော့တယ်။ လေးပေါက်ကတော့ ပြောသွားတယ်။ ရေးစရာ စာမူတွေ ရသွားပြီတဲ့ တစ်ပုံကြီး ရေးတော့မယ်ပုံပဲနော်…… ထပ်မံလည်း တွေ့ဆုံချင်ပါသေးတယ်။ လေးပေါက်က ထပ်တွေ့ဖို့ နည်းလေးလည်းပြောသွားသေးတယ်….. လေးဖက်ကြီး နေမကောင်းပဲ လာခဲ့လို့ အထူးကျေးဇူးတင်ပါတယ်နော်။

50 comments

  • weiwei

    July 3, 2011 at 8:45 am

    ဟယ် .. တကယ်ကြီးတွေ့လာတာလား … အိမ်မက် မဟုတ်ဘူးလား 😛

    • manawphyulay

      July 3, 2011 at 9:27 am

      အိမ်မက်မမက်ပါ။ လက်တွေ့ တွေ့ပါသည်…..

  • zaw min

    July 3, 2011 at 9:04 am

    ဂေဇက် အဖွဲ့သားတွေအားလုံးတွေ့ဆုံနိုင်ကြရင်ကောင်းမယ်နော်…အားလုံးစုပေါင်းပြီး လူမူရေးလုပ်ငန်းလေးတွေ အတူတကွလုပ်နိုင်ကြရင်သိပ်ကောင်းမှာပဲလို့တွေးမိပါတယ်၊ကျွန်တော်က ဩဂုတ်လလောက်မှာ မြန်မာပြည်ပြန်လာဖို့ရှိပါတယ်။တွေ့ဆုံနိုင်ကြမယ်ဆိုရင်တော့ ပျော်စရာပဲပေါ့…

    • manawphyulay

      July 3, 2011 at 9:35 am

      မနက်ကတော့ လေးဖက်နဲ့ ပြောဖြစ်ကြပါတယ်။ ခုလည်း ဖိုရမ်တွေမှာ လူငယ်လူကြီးတွေ တွေ့ဆုံပွဲလုပ်နေကြပြီး ပရဟိတတွေလုပ်နေကြတာ အတော်ကို အားရဖို့ကောင်းတဲ့အကြောင်းတွေလည်း ပြောဖြစ်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဝမ်းသာမိပါတယ်။

  • shweminthar

    July 3, 2011 at 9:35 am

    လေးပေါက်က ထပ်တွေ့ဖို့ နည်းလေးလည်းပြောသွားသေးတယ်…..
    အဲဒီ နည်းလေးက ဘာလဲ ဟင်…..

  • manawphyulay

    July 3, 2011 at 9:40 am

    ဟီး ပြောပြဖူး သတ်ချင်သတ်လိုက်… မနက်က ပြောတဲ့ထဲမှာ ရွှေမင်းသားအကြောင်းလည်းပါတယ်။

  • fatty

    July 3, 2011 at 11:00 am

    ဟ … သတင်းက မြန်လှချည်လားဟ ပြန်လာပြီး ကောင်းကောင်းနေမကောင်းလို့ အိပ်ပျော်သွားပြီး
    အခုဘဲ GZ ဖွင့်လိုက်တော့ … သတင်းက တက်နေပြီ ….။
    ဖြေးဖြေးလုပ်ပါ … မောင်ရယ် ( မနောရယ် )

    • manawphyulay

      July 3, 2011 at 11:08 am

      မြန်ရမှာပေါ့… နို့မို့ဆို လေးဖက်ကြီး ဦးသွားမှာပေါ့ သတင်းထူးကိုနော်……. နေကောင်းသွားပြီလား…. ကျန်းမာရေးလည်းဂရုစိုက်ပါဦး လေးဖက်ရာ။ ဂေဇက်မှာ ရန်ဖြစ်ဖော်မရှိမှာစိုးလို့… 😛

  • MaMa

    July 3, 2011 at 12:08 pm

    ဟေ- ဘယ်တုန်းကလဲ။ ဘယ်နေရာမှာလဲ။ဘယ်သူတွေ တွေ့ကြတာလဲ။ ဘယ်နှစ်ယောက်လဲ။ ဘာတွေ ပြောကြသေးလဲ။ ( သတင်းသမား လေသံဖြင့်) 🙂

  • pooch

    July 3, 2011 at 1:21 pm

    အဲတော့် ပျော်စရာကြီး အနော်တို့ လည်း တွေ့ချင်လိုက်တာ….. 🙂

  • ဆူး

    July 3, 2011 at 2:06 pm

    ကင်မရာ ကိုင်ပြီး လာ တာ ဆိုတော့ အားလုံးကို ဓါတ်ပုံ မှတ်တမ်း ရိုက်ယူသွားတယ် မလား..
    အဲဒီမှာ စ တာပဲ..
    လေးပေါက် ဆိုတာ.. စီအိုင်ဒီ က ရာထူးကြီး တစ်ဦးပါ။

  • တညင်သား

    July 3, 2011 at 2:59 pm

    ရွှေမင်းသားတောင် သူ့ကော်ဖီနဲ့သူ သွားတာဆို……. မနော က ယူမသွားဘူးလား.. တော်တော် သတိ္တ ကောင်းတာပဲ…….:P

  • fatty

    July 3, 2011 at 3:14 pm

    မနောတဲ့နော် တစ်ကောင်ထဲ ဒါပေမဲ့ ခြသေ့င်္

  • shweminthar

    July 3, 2011 at 3:31 pm

    ရွှေမင်းသားက ရန်ကုန်ရောက်တော့ မျက်လုံးလေး ကလယ်ကလယ် နဲ့ ဟိုငေးဒီငေး ရင်း သူများတွေ ကော်ဖီမှာတာ တွေ့လို့ လိုက်မှာ လိုက်တာပါ။
    မှာပြီးမှ ကော်ဖီက ခါးလွန်းလို့ မသောက်နိုင်ဘူးလေ…
    တောသားလေးဆိုတော့လဲ…..

  • bigcat

    July 4, 2011 at 12:11 am

    ဒီလိုမှန်းသိရင် စီအိုင်အေကိုသတင်းပေးပြီး မြေနီကုန်းစီးတီးမတ် ကော်ဖီဆိုင်ကို ဒုံးပျံနဲ့လှမ်းပစ်ခိုင်းလိုက်ပါတယ်။ 🙂 ကျနော်တခုကြားတာ ဦးဖက်တီးက အဲဒီကော်ဖီဆိုင်မှာ ရှယ်ယာဝင်ထားတယ်တဲ့။ သူကျွေးရင် အားမနာနဲ့ စိတ်ရှိလက်ရှိသာ အားပေးလိုက်ကြ။ 😛

  • forever

    July 4, 2011 at 1:52 am

    မန်းလေးနဲ ရန်ကုန်တွေ.ကြပြီဆိုလို.
    ဘောလုံးပွဲလားလို. …….

  • etone

    July 4, 2011 at 3:03 am

    အော ခလေးမ မနောမနော … မသိရှာဘူးကိုး … 🙄 လေးပေါက်ကြီးနောက်ကျနေတာ ဂမုံးပွင့်ဝင်လို့ မဟုတ်ဘူး သိလား … ။ အဖွဲ့ နှစ်ဖွဲ့ကို ကြိုချိန်းထားတာ … etone၊ ဆူး ၊ မဝေ ၊ နွယ်ပင် ၊အာဂ ၊ သူရသဝါ၊ eros ၊ အာဖျံကွီး ၊ ချာတူးလန် နဲ့ AKKO တို့ကို မြေနီကုန်းစီးတီးမတ်ရှေ့မှာ ချိန်းပြီး …. လူစုံတော့ အနောက်ဘက်လမ်းက မြစံပယ်မှာ မုန့် အဝကျွေးတာလေ … ။ စကားကောင်းနေတာနဲ့ မနောနဲ့ ချိန်းထားတာ နည်းနည်းနောက်ကျသွားတာ ထင်တယ်…. ။ လေးဖက်တို့ မနောတို့နဲ့ တွေ့ပြီးတော့လည်း … ပြန်လာထိုင်သေးတယ် … ဒို့ အဖွဲ့ တွေ …. မြစံပယ်က ထွက်တော့ … သုံးနာရီထိုးဖို့ ဆယ်မိနစ်တိတိပဲ 😛 😛 😛

    • weiwei

      July 4, 2011 at 3:22 am

      ဒီတစ်ခါ အီးတုံးတော်သွားပြီ … အရင်တစ်ခါအိမ်မက်တုန်းက မဝေကို ထည့်မမက်တာကို သတိပေးလိုက်တာ အခု သတိတရနဲ့ ထည့်ပေးတဲ့အတွက် ကျေးဇူးပါပဲ …

      • etone

        July 4, 2011 at 10:14 am

        နောက်တာပါ မဝေရယ်… ထင်ယောင်ထင်မှားလေး စလိုက်တာ … မဝေတောင် နှစ်ကိုယ်ခွဲပြီ ဘုရားသွားဖူးတယ်လေ အဟဲ … 😛

    • eros

      July 4, 2011 at 10:48 am

      အဆိုပါနေ့တွင် eros လုံးဝ(လုံးဝ) မလာပါ။ ဘဝအတွက် အရေးကြီးသော သူနှင့်ကိစ္စရှိသောကြောင့် ဖြစ်သည်။

    • eros

      July 4, 2011 at 11:01 am

      ဒေါ်etone ရေ၊ ငါမပါပဲ ငါ့ နာမည် မထည့်ပါနဲ့ဟာ။ င့ါမှာ အခု ငါ့ချစ်သူအထင်မှားပြီး ငါ့ကို ပြဿနာရှာနေတယ်ဟ။ ငါ ကွိုင်အကြီးကြီးတက်နေတယ်။

      • ဆူး

        July 4, 2011 at 11:28 am

        လာတုန်းကတော့ ခပ်တည်တည်နဲ့.. အခုတော့ဘာ ကွိုင် ကြီးလဲ.. လိမ်တယ်ဆိုတာ သိရင် ပို အပြစ်ကြီးမယ်နော်။

        • eros

          July 4, 2011 at 11:59 am

          eros သည် ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် မန်းလေးဂေဇတ်တွင် လုံးဝရေးတော့မည် မဟုတ်ပါ။ လုံးဝပတ်သတ်တော့မည် မဟုတ်ပါ။

        • ဆူး

          July 4, 2011 at 2:26 pm

          မပတ်သတ်ဘူး ဆိုတဲ့ အကြောင်း မပတ်သတ်တော့ဘူးလို့ ထပ်ခါ ထပ်ခါ လာ ပြောသွားတယ်။

      • etone

        July 5, 2011 at 2:35 am

        နင့်ချစ်သူကလည်း ဒီလောက်တောင် တိုတတ်နေလျှင် တခါတည်း စေ့စပ်ချင်စေ့စပ်ထား ၊ လက်ထပ်ချင်လက်ထပ်ထားပါလား … ။ အွန်လိုင်းပေါ်မှာ စကြနောက်ကြတာတောင် တိုနေတာ ရှေ့လျှောက်နင်တော့ ဗျာများဦးမယ် … ။ နှစ်ဦးနှစ်ဘက် မျှမျှတတ နားလည်မှူရှိမှသာ ဘဝခရီးရှည်ကြီးကို လျှော့လိုက်တင်းလိုက်နဲ့ သွားလို့ ရမှာလေ … အခက်ခဲတွေကို ကြံ့ ကြံ့ ခိုင် ကျော်လွှားလို့ ရမှာ … ။
        ချစ်သူကို တွေ့လျှင် မေးလိုက်… ကိုယ့်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ဒီလောက်တောင် မယုံဘူးလားလို့ … ( ရင်ဘက်ကိုလက်သီးဖြင့် ဆက်တိုက် ထုပြီး မေးလျှင်ပိုကောင်းပါတယ်) 😛 😛 😛 😛

    • eros

      July 5, 2011 at 10:50 am

      သူကြီးနှင ့်သက်ဆိုင်သူများသိစေရန်
      erosသည ်ဤGZကို သံယောဇဉ်ရှိသည့်အားလျှော်စွာ ရွာထဲတွင်လည်ပတ်ရသည်ကို နေ့စဉ်အလုပ်တခုကဲ့သို့ပျော်ပိုက်ခဲ့သည်။
      သူငယ်ချင်းမိတ်ဆွေများကိုလည်း ခင်မင်ကူညီအားနာတတ်သည့်အကျင့်လည်း ရှိပါသည်။
      ယခုတလော ဤGZတွင် သူ့ထက်ငါတိုက်ခိုက်လို၍သော်လည်းကောင်း စနောက်၍သော်လည်းကောင်းရေးသားမှုများသည် ရေးသူအဖို့အဘယ်သို့အကျိုးရှိသည်မသိသော်လည်း သူတဖက်သား၏ကိုယ်ရေးကိုယ်တာက ိုထိခိုက်သည်ကိုသတိပြုစေချင်သည်။
      နောင်အခါတွင် ကိုယ်ပေးသောcommentသည ်သူတပါးအားထိခိုက်မှုရှိမရှိစမ်းစစ်ပီးမှရေးလျင် ပိုပီးသင့်တော်မည်လို ့အကြံပေးလိုပါသည်။

  • နွယ်ပင်

    July 4, 2011 at 3:24 am

    မနောရေ လေးပေါက်က မုန့်မဝယ်ကျွေးသွားဘူးလာဟင် …
    မနေ့က လေးပေါက်မွေးနေ့လေ ………….

  • pan pan

    July 4, 2011 at 5:03 am

    ရွာထဲကလူတွေကို အပြင်မှာမမြင်ဖူးသေးဘူး
    တွေ့ချင်လိုက်တာနော်

  • မောင်ဘလိူင်

    July 4, 2011 at 6:32 am

    လမ်းမှာတွေ့ရင် ဝေးဝေးကရှောင်လို့ရအောင် ကျွန်တော့်ပုံ
    တင်ထားရကောင်းမလား မသိဘူး 🙂

  • king

    July 4, 2011 at 7:54 am

    လူတိုင်းကို အဖွဲ့အလိုက်တွေ့သွားတာဆိုတော့ ….
    အဟင့် ဟင့် … 🙁
    ကျွန်တော့်ကိုကျတော့ တစ်ယောက်တည်းတွေ့သွားတယ်ဆိုတော့ ….
    လေးပေါက် မကောင်းတတ်လို့လား ဒါမှမဟုတ် …………..
    😛

  • fatty

    July 4, 2011 at 8:28 am

    GZ မှာ ဂိုဏ်းဂဏတွေကွဲနေပါပေါ့လား … ဘယ်သူကစခွဲတာလဲ အကျယ်အကျယ်နဲ့ အကျယ်ကြီး
    ဖြစ်ကုန်တော့မယ်။

    • manawphyulay

      July 4, 2011 at 10:06 am

      ဘယ်သူက စခွဲလည်းဆိုတာ မမေးပါနဲ့ လေးဖက်ရာ… တွေ့တဲ့သူက မပြောခဲ့တာက မသိစေချင်လို့လေ… ဟုတ်တယ်ဟုတ်… ဒီတော့ ထားလိုက်ပါတော့…. ထင်တော့ထင်သား ကားဂိတ်ဘက်မသွားပဲနဲ့ ဟိုဘက်ကိုသွားတယ်ဆိုထဲက တစ်ခုခုပဲပေါ့ … စုံထောက်တော့လုပ်လိုက်ပါသေးတယ်။ မပြောတော့တာပါ။ ဘာသံထွက်လာမလဲဆိုပြီး ဒီပိုစ့်တင်လိုက်တာ အဟိ… 😛

      • etone

        July 5, 2011 at 2:37 am

        နောက်တာပါဟဲ့ မနောကလည်း …. လေးပေါက်ဟိုပြေးဒီပြေးမလုပ်ပါဘူး … ။

    • ဆူး

      July 4, 2011 at 11:55 am

      ဦးလေး ပုံပြင် တခု ရှိတယ် နှုတ်မစောင့်တဲ့ လိပ်ပုတ် ဆိုတဲ့ ပုံပြင်လေးလိုပဲ..
      ပိုစ် တခု တင်တာ လွယ်တယ်။
      ဦးလေး အသိဆုံးပါပဲ.. ဒီတော့ ဒီကိစ္စ ဆက်မပြောနဲ့တော့..
      အကျယ် အကျယ် ဖြစ်မှာ စိုးရင် မသိချင်ယောင်ဆောင်နေလိုက်ပါ။

  • char too lan

    July 4, 2011 at 8:41 am

    နောက်ပြီး ရွာထဲ မှာ တူရာ တူကြောင်း ဝိုင်း စု တတ်တဲ့ အဖွဲ ့လေး တစ်ခု ရှိနေပြီ ဆိုတာ ကိုလည်း အသိတိုးမိလာကြောင်း…………..သည် ပို ့စ်လေး နဲ ့ညွှန်းဆို လိုက်ပါရစေနော် ။
    http://myanmargazette.net/54048/creative-writing

  • (GZ မှာ ဂိုဏ်းဂဏတွေကွဲနေပါပေါ့လား … ဘယ်သူကစခွဲတာလဲ အကျယ်အကျယ်နဲ့ အကျယ်ကြီး
    ဖြစ်ကုန်တော့မယ်။)
    ဒီစကားကတော့မှားပါတယ်။
    လူဆိုတာ အားလုံးသင့်မြတ်တယ်ဆိုတာ မရှိနိုင်ပါဘူး။
    ကိုယ်နဲ့အဆင်ပြေသူ အဆင်မပြေသူဆိုတာ ရှိစမြဲပါ။
    ကျနော်လာတုန်းလူခွဲတွေ့ရတယ်ဆိုတာတစ်နေရာထဲမှာအားလုံးတွေ့ဘို့လုံးဝမဖြစ်နိုင်ပါဘူး။
    နေရာလဲ မရှိပါဘူး။
    ရှိတောင်မှ မစီစဉ်နိုင်ပါဘူး။
    တကယ်
    အားတာမအားတာ ရှိကြမှာပါ။
    လာနိုင်တဲ့အချိန်လာနိုင်တဲ့သူကို ကြုံသလိုခွဲတွေ့ပေးရတာပါ။
    အထူးသဖြင့်ကျနော်နဲ့ ဂျီတော့ ဆက်သွယ်နေသူတွေကနေတစ်ဆင့်နီးစပ်ရာလူတွေကို တစ်ဆင့်ချင်းလိုက်စုရတာပါ။
    တကယ်ဖိတ်ရင်တောင်လာချင်မှလာနိုင်သူတွေလဲရှိမှာပါ။
    တကယ်ပြောရရင် ကျနော်က ခဏလာတဲ့ဧည့်သည်ပါ။
    ဘာမှခွဲံခြားစရာမရှိပါဘူး။
    တကယ်ပြောရရင် ရန်ကုန်မှာအမြဲနေသူတွေ က အားလုံးတွေ့နိုင်အောင်လုံးပန်းရမှာပါ.။
    အခုတော့ ကျနော်က ခဏလေးလာပြီး ကြိုးစားပြီး တွေ့တာတောင် လူစုခွဲသလိုဖြစ်နေတယ်။
    ဒီလိုဖြစ်မယ်မှန်းသိရင် ဆိုက်ထဲကနေတရားဝင်ကြေငြာပြီးဖိတ်လိုက်ပါတယ်၊

    မဖိတ်မိတာမှားသွားတယ်။
    တကယ်များဖိတ်ရင် မလာတဲ့သူဘယ်နှစ်ယောက်ရှိမလဲဆိုတာကိုလဲသိချင်ပါရဲ့။

  • ရွှေဘိုသား

    July 4, 2011 at 10:05 am

    ကျွန်တော် မောင်ရွှေဘိုသား ကတော. တော်တော်ကို ခေတ်နောက်ကျသွားပြီပဲ
    တွေ.ချင်လို. ပို.စ်တင်ပြီးနှိုးဆော်ပါတယ်
    မတွေ.လိုက်ရဘူး
    အခုတွေ.တော.လည်း ဘာမှတောင်မသိလိုက်ရဘူး

    ကျေးဇူးပြုပြီး နားဆင်ပေးပါ
    လေးပေါက် နောက်တစ်ခေါက်လောက် ချိန်းလိုက်ပါ

  • Yan Shin

    July 4, 2011 at 10:55 am

    လေးပေါက် ကျွန်တော်ကြိုပြောထားမယ်။
    စိတ်ကတော့ရောက်မှာပါ

    ဒါပေမဲ့ လူကတော့ရောက်နိုင်လောက်ဘူးဗျ။
    ခွင့်လွှတ်နားလည်ပေးကြပါ…………

  • fatty

    July 4, 2011 at 2:16 pm

    ဒေါ်ဆူးရေ … ဦးလေးလို့ခေါ်လိုက်တာတော့ကျေးဇူးတင်ပါတယ်။
    ဒီကိစ္စဆက်မပြောပါ(ပါ)နဲ့တော့လို့ဖြစ်သင့်သဗျ။ ဒီကိစ္စဆက်မပြောပါနဲ့ ဆိုတာက အမိန့်သံ
    ပြန်စဉ်းစားပါအုံး …။ ပုံပြင်လေးရှိတယ်တဲ့လား … မင်းမမွေးခင်ကထဲက အလွတ်ရနေပြီးသားတွေပါ။

    • ဆူး

      July 4, 2011 at 2:31 pm

      အမိန့်ပေးတဲ့ လေသံ ဖြစ်သွားရင်တော့ စိတ်မကောင်းပါဘူး။ အရေးအသား မှားသွားတာပါ။ အဲလို ရေးဖို့ စိတ်ကူး မရှိပါဘူး။
      သေချာတာ တခုကတော့ ဒီမှာ ပိုစ်အနေနဲ့ တင်ပြီးတာကိုက မဖြစ်သင့်တဲ့ ကိစ္စပါ.. ဦးလေး ကို ဒီကိစ္စ ပြောတာ မဟုတ်ပေမဲ့.. တိုက်ဆိုင်သွားတဲ့ အတွက် စိတ်မကောင်းပါဘူး။
      မမွေးခင်ကတည်းက သိပြီးသား ကိစ္စ ဖြစ်နေတော့ အကျယ် အကျယ် ရှင်းပြ စရာ မလိုဘူး ဆိုရင် သိသင့်တဲ့ လူကို ဦးလေး တာဝန်ယူပြီး ရှင်းပြ ပေးဖို့ မေတ္တာ ရပ်ခံပါတယ်။

  • fatty

    July 4, 2011 at 3:39 pm

    ဆူးရေ … တာဝန်ယူပြိးရှင်းပြပေးပါ လား ဆိုရင်ကိုရပါပြီ … မေတ္တာရပ်ခံတာတွေတော့ မလိုပါဘူးကွယ်
    ဥိးလေးဖက်တို့အသက်ကြီးပြီ ..။ ဆိုဒ်ပေါ်မှာ အယူအဆမတူကြလို့ငြင်းကြခုံကြတာကတခြား
    ရန်ဖြစ်သလိုအရေးအသားတွေက တခြားလေ။ ရန်ဖြစ်သလိုတွေ မရေးကြစေချင်တာလဲပါတယ်။ ဆူးရေးတယ်လို့ပြောတာမဟုတ်ဘူးနော် ..။ အားလုံးကိုခြုံပြီးပြောတာပါ။ ဒီဆိုဒ်က အတော့ကို နာမည်ကြီးနေပါတယ်။ ပြိးတော့ ဝင်လာမဲ့ အသစ် ပညာရှင်တွေအများကြီးရှိပါတယ်။ စနေနေ့ကဘဲ
    ့US က PHD ( physics ) အခု NTU မှာ research လုပ်နေတဲ့တယောက်ကဝင်ရေးအုံးမတဲ့။
    ပြီးတော့ မန်းလေးဆေးတက္ကသိုလ်က ပါမေက္ခ ဟောင်း ဒေါက်တာ တစ်ယောက်ကလဲ မကြာခင်
    ဝင်လာပါလိမ့်မယ်။ သူတို့က ပြင်ပနိုင်ငံကနေ ဝင်ကြမှာပါ။ အဲဒါတွေကြောင့် ပုဂိ္ဂုလ်ရေးတွေ
    ရန်ဖြစ်တာတွေ … တွေ့မသွားစေချင်လို့ပါ။

    • ဆူး

      July 4, 2011 at 3:59 pm

      ဦးလေး ရေ… ဒီပိုစ်ကို ဖတ်တဲ့ လူတွေက ဦးလေးနဲ့ ဆူး နဲ့ ရန်ဖြစ်နေတယ် ထင်နေကြအုန်းမယ်။ ဦးလေး သိတဲ့ ပညာရှိ ပညာကျော်တွေ အများကြီး ရှိသလို မသိတဲ့ လူတွေ လည်း အများကြီးပါ။
      အားလုံးက ကိုယ့်နေရာနဲ့ ကိုယ်ရှိနေပြီးသားပါ။ ဆူး ဆိုလိုတာ ဦးလေး သိပါတယ်။
      အစောကြီးကတည်းက အဆီအသားမတိုးတဲ့ ဒီပိုစ်ကို တင်ကို မတင်သင့်ဘူးလို့ ယူဆတယ်။
      ဒီပိုစ်မှာ ရေးထားတဲ့ အချက်အလက်တွေ က ပုဂိ္ဂုလ်ရေးတွေ ချရေးထားတဲ့ အကြံကုန် ဂဠုန် ဆားချက်တဲ့ ပိုစ်ကြီးဖြစ်နေတယ်။ အီးတုံးရေးထားတဲ့ တွေ့ဆုံပွဲ ဆိုတဲ့ ကွန်မန်းက ခပ်တည်တည် နဲ့ လူလည် လုပ်ပြီး တင်လို့ အမြင်ကတ်လို့ နိပ်ကွပ်သွားတာ.. အဲဒါကို ယောရောင်ပြီး အညာမိသွားကြတာ ဖြစ်ပါလိမ့်မယ်။ အဲဒီနေ့က ဆူး မြေနီကုန်းဘက်ကိုတောင် လုံးဝ မရောက်ခဲ့ဘူး။ အီးရိုးကလည်း သူမပါပဲ နာမည် ပါနေလို့ အသံပေးထားသားပဲ.. ဆူး က သူကိုနောက်ချင်လို့ ဝင်ပြီး စထားလိုက်သေးတယ်။ လူလည်လုပ်ချင်တဲ့ လူ ဘယ်လို နေမလဲ သိချင်လို့ တမင် မသိချင်ယောင်ဆောင်ပြီး ချောလဲ ရောထိုင်ပေးထားတာ။ ဝါသနာ အရ.. သူများတွေ ပွဲဆူမှ ကျေနပ်လို့.. ဟုတ်သယောင်ယောင် စုံထောက် လုပ်တယ် ဘာညာ ဝင်ရွီးလိုက်သေးတယ်။ ရီတော့ ရီစရာ ကောင်းသားပဲ။

      • etone

        July 5, 2011 at 2:43 am

        ဟုတ်တယ် လေးဖက်ရေ…. ။ လေးပေါက်ရန်ကုန်ရောက်ကတည်းက တွေ့ဖြစ်တဲ့ ရွာသူရွာသားတွေ နည်းမှမနည်းပဲ …ဘယ်သူမှ အသံမထွက်ပဲ … ဒီပို့စ်တက်လာလို့ …. နောက်ချင်စိတ်နဲ့ စလိုက်တာလေ… ။ မဝေလိုလေး ပြန်ရေးကြပါလား … ပျော်စရာတောင်ကောင်းသေးတယ်… ။ etone ပစ်တဲ့မြားက ငှက်ဘယ်နှစ်ကောင်မှန်သွားပါလိမ့်နော် 😛 😛 အစနောက်သန်တာ ဝါသနာမို့ မွှားတာရှိ … အဲ မှားတာရှိရင် တောင်းပန်ပါတယ် သီချင်းပဲ ဆိုပြလိုက်ချင်ပါရဲ့ နော် … 🙄

        • weiwei

          July 5, 2011 at 3:24 am

          အဲဒီနေ့က မဝေ ခရီးသွားနေပါတယ် .. မှော်ဘီဘက်ကိုပါ … အဲဒါကြောင့် အီးတုံးအိမ်မက်ထဲမှာ ကျွန်မကို ထည့်မက်တယ်လို့ ဝင်ရေးလိုက်တာပေါ့ … 😛

  • shweminthar

    July 5, 2011 at 2:59 am

    ကိုပေါက် က ရန်ကုန်မှာ မင်းသားကြီးဖြစ်သွားတာပေါ့။
    ကိုပေါက်ကို အားကျမိပါ၏……..

  • meengelay

    July 5, 2011 at 3:03 am

    မန်းဂေဇက်က တွေ့ဆုံပွဲလေးလုပ်ပါ သူကြီးကိုတောင်းဆိုပါတယ်.. သူကြီးကိုယ်တိုင်စီစဉ်မှ လူစုံမှာမို့ တွေ့ဆုံပွဲလေးလုပ်ပါ ဆူးတို့ မမအိတုန်တို့ မနောတို့ လေးဖက် တို့ လေးပေါက်တို့နဲ့ လဲ တွေ့ချင်ပါတယ်.. IT Site တစ်ခုဆို နှစ်ပတ်လည်နေ့တိုင်း တွေ့ဆုံပွဲလုပ်ပါတယ်.. မန်းဂေဇက်ရဲ့ နှစ်ပတ်လည်နေ့လဲ သိချင်တယ် သိတဲ့သူများရှိရင် ပြောကြပါနော်.. ရွာကလေးတော့တည်ပြီး သက္ကရာဇ်မသိတော့ မှတ်တမ်းမရှိဖြစ်နေတယ်.. ပြောပေးကြပါ….

  • (ဘယ်သူက စခွဲလည်းဆိုတာ မမေးပါနဲ့ လေးဖက်ရာ… တွေ့တဲ့သူက မပြောခဲ့တာက မသိစေချင်လို့လေ… ဟုတ်တယ်ဟုတ်… ဒီတော့ ထားလိုက်ပါတော့…. ထင်တော့ထင်သား ကားဂိတ်ဘက်မသွားပဲနဲ့ ဟိုဘက်ကိုသွားတယ်ဆိုထဲက တစ်ခုခုပဲပေါ့ … စုံထောက်တော့လုပ်လိုက်ပါသေးတယ်။ မပြောတော့တာပါ။ ဘာသံထွက်လာမလဲဆိုပြီး ဒီပိုစ့်တင်လိုက်တာ အဟိ… :P)

    ရှင်းရှင်းလေးပြောလိုက်ပါမယ်
    ကျနော်တွေ့ချင်သူကို ကျနော်က ကမ်းလှမ်းလို့ သူကလက်ခံတယ်ဆိုရင် ကျနော်ကြိုက်တဲ့အချိန်မှာ သူ့ကို ကျနော်တွေ့ပိုင်ခွင့်ရှိသလို။
    မတွေ့ချင်ဘူးလို့ ကျနော်ကမ်းလှမ်းသူကလဲ ငြင်းပယ်ပိုင်ခွင့်အပြည့်ရှိပါတယ်.။
    ကျနော်အား တွေ့ချင်သူကိုကျနော်က လက်ခံပိုင်ခွင့်ရှိသလို ငြင်းပယ်ပိုင်ခွင့်လဲရှိတယ်။
    ဒါရွာထဲမှာ အော်အော်နေတတ်တဲ့ လူအခွင့်အရေးဆိုတာ ဒါမျိုးလေးလို့ထင်ပါတယ်။
    ကျနော်နဲ့တွေ့တဲ့လူကိုအကြောင်းကို သူများကို ပြောချင်မှပြောမယ်။
    အဲဒါဘယ်သူ့ဆီကမှခွင့်ပြုမိန့်တောင်းစရာမလိုဘူး။
    ပြောချင်တယ်ဆိုရင်သာ ပြောလို့ရမလားလို့ ကာယကံရှင်အရင်ခွင့်ပြုမိန့်တောင်းရမှာ။
    ကာယကံရှင်က ရေုးဆိုမှနာမယ်ထည့်ရေးရမှာလေ။

    ရန်ကုန်မှာ ကျနော့်ပိုက်ဆံနဲ့ကျနော်လာတာ ကျနော်သွားချင်တဲ့ဘက်သွားလို့ရတယ်.။
    ဒါကလဲ ကျနော့် ကိုယ်ပိုင်အခွင့်အရေး။
    ကျနော်ဘယ်သွားမယ်ဘယ်လာမယ်ဆိုတာ ခွင့်ပြုမိန့်တောင်းဘို့က ကျနော်မိန်းမ မဒမ်ပေါက်ဘဲရှိတယ်. သူသာကျေနပ်ရင် ကျနော်ဘယ်သွားသွား
    အားလုံးပြီးသွားပြီ။
    ကျနော်ကြိုက်တဲ့ဆီသွားလို့ရတယ်။
    ဘယ်သူကို ဘယ်သွားမယ်နော်လို့အစီရင်ခံစာတင်စရာမလိုဘူး။
    စုံထောက်မကလို့ ကြိုက်တဲ့လူကို ငှားပြီးနောက်ကလိုက်ခို်င်းလို့ရပါတယ်။
    ထပ်ပြောရရင် ကိုပေါက်ရန်ကုန်ရောက်သမျှကာလ ပါတ်လုံး တစ်ရက်ဘဲ ဘတ်စကားစီးပါတယ်.။
    ကျန်တာအငှားကားနဲ့ဘဲသွားပါတယ်.။
    ချမ်းသာလို့မဟုတ်ပါ။
    ခါးပိုက်နှိက်ခံရမှာစိုးလို့ပါ။
    အဲတော့ ဘတ်စကားဂိတ်ဘက်သွားစရာမလိုပါဘူး။
    အပြတ်သားဆုံးပြောရရင် ကျနော်သူများကို မထိခိုက်တဲ့အလုပ်မှန်သမျှကျနော်လုပ်ချင်တာကို ကျနော်လုပ်မယ်။
    ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ သုံးသပ်ချက်ကိုမှ ခေါင်းထဲမထည့်လို့ပါ။
    ဒါပေမယ့် အစကတည်းက သူများအပြောမခံရအောင်နေတတ် လုပ်တတ်ပါတယ်။
    ကျနော့်အဖေဆုံးမထားလို့ပါ.။
    ကျနော်က နောက်ကျောလုံအောင်နေတတ်ပါတယ်.။
    ရွာထဲမှာ ကိုယ့်ဘာသာကိုယ်အေးအေးလေးဘဲစာရေးတယ် ခင်တဲ့လူနဲ့စကားပြောတယ်။
    တစ်ခုတော့ ရှိတယ် အယူအဆတစ်ခုနဲ့ပါတ်သက်လာရင်တော့ အလျော့ပေးလေ့မရှိဘူး။
    အခုတော့ ကိုယ်ဘာသာကို လာတယ် ကိုယ်တွေ့ချင်တဲ့လူတွေ့တာကို လူခွဲတယ်ဆိုပြီ း လာပြီးအလုပ်မဟုတ်တာအလုပ်လာလုပ်နေတယ်။
    နောက်ဆိုရင် ဘယ်သူနဲ့တွေ့ဘို့ ဘယ်သူ့ဆီမှာခွင့်တောင်းရမယ်
    ဘယ်သူနဲ့တွေ့ရင် ဘယ်လိုပုံစံနဲ့တွေ့ရမယ်ဆိုတဲ့
    တွေ့ပြီးရင်လဲ ဘယ်လိုတွေ့ကြောင်း သတင်းပို့ရမယ်ဆိုတဲ့ တွေ့နည်းလမ်းညွန်လေးများတောင်းထားပါအုံးမယ်နော်။
    မသက်ဆိုင်သူများကိုတော့ အားနာပါတယ်။
    ကိုပေါက်လမ်းသလားနေသည်မှာတော့ပြည့်ပြည့်စုံစုံလေးရေးမှာ ဖတ်ကြည့်ကြပါအုံးလို့ကြော်ငြာဝင်လိုက်ပါတယ်။

  • Foreign Resident

    July 6, 2011 at 6:47 am

    I like it 🙂
    “ခွင့်ပြုမိန့်တောင်းဘို့က “ကျနော်မိန်းမ မဒမ်ပေါက်” ဘဲရှိတယ်
    သူသာကျေနပ်ရင် ကျနော်ဘယ်သွားသွား”
    A Yann Shinn Linn Pyatt Tharr the.

Leave a Reply