Happy Birthday Ko Pauk

weiweiJuly 3, 20111min22530

ဒီနေ့ ဇူလိုင် ၃ ရက်နေ့
ကိုပေါက် (မန္တလေး) ရဲ့ မွေးနေ့မှာ …
စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ
အတွေးပါးပါးသာမက အတွေးနက်နက်တွေပါ တွေးနိုင်ပါစေ ..
အမြင်ဒေါင့်စောင်းနေရာကနေ အမြင်တည့်သွားနိုင်ပါစေ …
ယခုထက်ပိုပြီး ကျွေးနိုင်မွေးနိုင်ပါစေ ..
အလှူကြီးအတန်းကြီး ပေးနိုင်ပါစေ …
စီးပွားဥစ္စာများ ဒီရေအလားတိုးတက်များပြားလာပါစေ …
သက်တော်ရာကျော်ရှည်ပါစေ …

ကျန်တာကိုတော့ ရွာသားတွေပဲ ဆက်ပြီး ဆုတောင်းပေးပါအုန်း …..

30 comments

  • manawphyulay

    July 3, 2011 at 9:19 am

    ဘာတွေ ခုကျွေးမွေးနေလဲဟင်…. ဟီး ဘယ်နှနှစ်ပြည့်လဲဆိုတာပါ ထည့်ပေးသင့်တယ်နော်….

    • etone

      July 4, 2011 at 9:00 am

      သုံးဆယ့်ငါးနှစ်ပါတဲ့ … 😛 😛 😛

    • etone

      July 4, 2011 at 9:03 am

      လေးပေါက်ရဲ့ ယခုနှစ်မွေးနေ့ မှသည် နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာနဲ့ ချစ်သော မိသားစုဝင်များနှင့်အတူ … သာယာသောနေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေနော် ။

  • kai

    July 3, 2011 at 10:31 am

    မြန်မာပြည်က.. ဇူလိုင်၃ရက်က.. ယူအက်စ်မှာ ဇူလိုင်၄ရက် တဝက်ပါနေသမို့…
    ဇူလိုင်၄ရက်နေ့သည် အမေရိကား၏ လွတ်လပ်ရေးနေ့ဖြစ်ပါသဖြင့်….
    ရုံးပိတ်ရက်တရက်ရကြောင်း…
    ရုံးပိတ်သဖြင့်..ပျော်ကြောင်း ရွှင်ကြောင်း… ဆရာပေါက်မွေးနေ့နှင့် ရောကြိတ်လိုက်ပါကြောင်း… 🙂

  • MaMa

    July 3, 2011 at 10:49 am

    Happy birthday ပါ ကိုပေါက်။ ဝေဝေဆုတောင်းပေးတာတွေ ပြည့်စုံနေတော့ ဝေဝေ့လိုပဲလို့ follow လိုက် လိုက်ပါတယ်နော်။
    😀

  • fatty

    July 3, 2011 at 10:52 am

    ့happy birthday .. ပါလေးပေါက် … ကျနော် ဒီနေ့ ကိုပေါက်ရဲ့မွေးနေ့မှန်းမသိလိုက်ဘူး ..။
    ပြီးတော့ တွေ့ကြရပေမဲ့ စကားတွေဝအောင် မပြောလိုက်ရဘူးလေ …
    ကိုပေါက်က ပွဲ ဆက်တွေများနေတာကိုး …..။ နောက်တခါပေါ့ …။

  • manawphyulay

    July 3, 2011 at 11:01 am

    ပြောရင် မုန့်ဝယ်ကျွေးရမှာစိုးလို့ တိတ်တိတ်လေးပြန်သွားတာနေမယ်သိလား…..

  • naywoonni

    July 3, 2011 at 11:32 am

    မွေးနေ့ဆိုဒါက အသက်တစ်နှစ်ကြီးသွားတာပဲ..။ ရိုသေထိုက်တဲ့သူ လေးစားထိုက်တဲ့သူ အသက်တစ်နှစ်ရှည်တယ်ဆိုတာ မင်္ဂလာရှိပါတယ်..။ နောက်အနှစ် ငါးဆယ်လောက် ဒီလို မွေးနေ့မျိုးကြုံပါစေ… ဗျာ
    အမြင်တွေလက် ဆက်စောင်နိုင်ပါးစေ
    အတွေးဒွေလည်း ပါးသထက်ပါးနိုင်ပါစေ………

  • monmon

    July 3, 2011 at 12:08 pm

    အနာဂတ်ရည်မှန်းချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေရှင်…

  • mnoe

    July 3, 2011 at 12:36 pm

    ဒီနေ့ကို်ပေါက်မွေးနေ့လား။ မြန်မာအမျိုးသမီးများနေ့ကြီး။
    ဓာတ်ပုံလှလှ စာလှလှလေးတွေနဲ့ ရွာသားများကို ကြည်နူးရအောင်လုပ်ပေးတတ်တဲ့ ကိုပေါက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာစွာပါစေလို့…။
    Happy Birthday ကိုပေါက်။

  • pooch

    July 3, 2011 at 1:08 pm

    လေးပေါက်…. မင်္ဂလာရှိသော မွေးနေ့ ဖြစ်ပါစေ……. စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများနဲ့
    ပြည့်စုံပါစေ…..
    လေးပေါက်ရဲ့ စနက်ရှော့တွေ ရော အတွေးလက်ဆောင်တွေ ရော ဒီထက်မက သက်ဝင်လှုပ်ရှား
    ခံစားရင်ခုန် နိုင်ပါစေ…….

    မှ… လေးပေါက် gallery ရဲ့ မန်နေဂျာ
    pooch 🙂

  • ဆူး

    July 3, 2011 at 1:55 pm

    ပျော်ရွင်စရာ မွေးနေ့လေး ဖြစ်ပါစေ။
    စီးပွားဥစ္စာ ဒီရေ အလား တိုးတက် ပွားများပါစေ။
    မင်္ဂလာ ရှိသော နေ့သစ်များစွာကို ပိုင်ဆိုင် နိုင်ပါစေ။

  • 2011ခုနှစ်မွေးနေ့သည်ကျနော်ဘဝမှာ တစ်ခါမှ မကြုံဘူးသောအဖြစ်အပျက်တွေနဲ့ ဆုံတွေ့ရသော မွေးနေ့ဖြစ်ပါတယ်။
    လေထဲကမိတ်ဆွေများနဲ့လည်းဆုံတွေ့ရပါတယ်။
    အလှူလဲ အတူတကွလုပ်ရပါတယ်။
    အရင့် အရင်နှစ်တွေမှာ မဒမ်ပေါက်ရဲ့ မွေးနေ့ဆုတောင်းကိုသာရခဲ့ပေမယ့်
    ထူးကဲတဲ့ ဒီတစ်နှစ်မှာတော့ မမြင်ဘူးပေမယ့် အပြန်အလှန်မေတ္တာထားကြသောရွာထဲမှမိတ်ဆွေများ
    ဖေစ်ဘုတ်မှ မိတ်ဆွေများနှင့်အခြားသောဆိုက်များမှ မိတ်ဆွေများရဲ့ မွေးနေ့ဆုတောင်းအများကြီးကိုလက်
    ခံလိုက်ရတဲ့အတွက် လွန်စွာမှ ကြည်နူးမိပါကြောင်း။
    (ဒီနေရာမှာ ကျနော်သာကိုရီးယားမင်းသားဆိုရင် မျက်လုံးတစ်ဖက်ထဲ့ မျက်ရည်ကျပြပြီး ဝမ်းသာမျက်ရေတွေနဲ့ သရုပ်ဆောင်ပြမယ်ဆိုတာ မြင်ယောင်ကြည့်လိုက်ကြပါနော်။)

  • တညင်သား

    July 3, 2011 at 4:37 pm

    အနာဂါတ် မှာ ကိုပေါက်(မန ္တလေး) တယောက် ဘဝ နဲ့ ဆန္ဒ တထပ်ထဲ ကျပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်………..

  • xman

    July 3, 2011 at 4:47 pm

    ချမ်းမြေ့ပါစေဗျာ …။

    မန်း ရဲ့ သဘာဝအလှလေးတွေလဲ ဆက်လက်ဝေမျှနိုင်ပါစေလို့ …။

  • shweminthar

    July 3, 2011 at 4:49 pm

    ကိုပေါက်ကြီး တစ်ယောက် ပျော်ပါစေ မာပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

  • မင်းပြည့်ရှိန်

    July 3, 2011 at 5:22 pm

    ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ…လေးပေါက်..

    ယနေ့ မွေးနေ့မှသည်…
    ကျန်ရှိသော ဘဝတစ်လျှောက်…
    လျှောက်လှမ်းချင်သော လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ပါစေ..
    လိုချင် ရချင်သော ဘဝတစ်ခုကို တည်ဆောက်သွားနိုင်ပါစေ..
    ဘေးရန် ကြောင့်ကြ ဆင်းရဲ ကင်း၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝပါစေ…
    နောင်လာ နောက်သွားတို့အတွက်… လက်ဆင့်ကမ်းအမွေ များများ ပေးသွားနိုင်ပါစေ..

    ပျော်ရွှင်ချမ်းမြေ့ဖွယ် မွေးနေ့ မှသည်… ကာယသုခ စိတ္တသုခ နှင့်ပြည့်စုံလျှက်…
    ကာလသုံးပါးမှ လွတ်သောလမ်းသို့ ရောက်အောင် လျှောက်နိုင်ပါစေ..

  • bigcat

    July 4, 2011 at 12:06 am

    ဦးပေါက်တူမကို ကြိုက်တယ်ဗျို့။ အဲယောင်လို့ ဦးပေါက်၏ ယခုမွေးနေ့မှ အသက်၁၂ဝတိုင် ပျော်ရွှင်ချမ်းမြေ့မှု၊ အောင်မြင်မှုများစွာ ပိုင်ဆိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။

    တူတော်မောင်ကြောင်ကြီး

  • maungmoenyo

    July 4, 2011 at 1:37 am

    မောင်မိုးညို လေးစားရပါတဲ့ မန်းလေးက ကိုပေါက် ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြီးပြည့်စုံပါစေ..လို့

  • နွယ်ပင်

    July 4, 2011 at 3:23 am

    ပျော်ရွှင်စရာမွေးနေ့လေးပါ လေးပေါက်ရေ
    မွေးနေ့မှာ ပျော်ရွှင်မူတွေနဲ့အတူ ချစ်သောမဒမ်ပေါက်နဲ့ မင်္ဂလာရှိသော နေ့ရက်များစွာကို ဖြတ်သန်းနိုင်ပါစေ …
    မုန့်ကျွေးသွားတဲ့ အတွက်လည်းကျေးဇူးပါ …

  • meelay

    July 4, 2011 at 4:11 am

    HaPpY BiRtHdAy ပါ လေးပေါက် …… လေးပေါက်ကျွေးတဲ့ မွေးနေ့ကိတ်ကိုလဲ အားရပါးရ စားသွားပါကြောင်း …….. :B-) 😀

  • windtalker

    July 4, 2011 at 4:13 am

    ဝမ်စွေ ့ဝမ်စွေ ့ဝမ်ဝမ်စွေ ့

  • nozomi

    July 4, 2011 at 4:22 am

    ကိုပေါက်ကြီး မနေ့က မဖွင့်လိုက်ရလို့ ဒီနေ့မှ သိရတယ်
    မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့မွေးနေ့ ဖြစ်ပါစေ
    လိုချင်တာတွေ အားလုံး မဒမ်ပေါက် မိသားစု နဲ့ အတူ ရပါစေ ….

  • pan pan

    July 4, 2011 at 4:56 am

    မနေ့က လေးပေါက်မွေးနေ့ဆို
    တစ်ရွာလုံး မီးခိုးတိတ်ကျွေးနိုင်ပါစေ…။

  • AKKO

    July 4, 2011 at 9:14 am

    အရမ်းခင်ဖို့ ကောင်းတဲ့ ကိုပေါက်တယောက် ဘဝနဲ့ ဆန္ဒထပ်တူကျလို့ ပျော်ရွင်ပါစေဗျာ ။ လာဘ်ရွှင်လို့ ၊ ဝင်ငွေလည်း တိုးပါစေ ။ 🙂 🙂

  • nature

    July 4, 2011 at 9:18 am

    ကိုပေါက်ရေ ဘဝမှာ အရာရာ အဆင်ပြေချောမွေ့ပြီး ချမ်းသာသုခပြည့်ဝကြောင်းတရား များကို သိရှိကျင့်သုံးပြီး စစ်မှန်သော ချမ်းသာသုခ ရရှိပါစေလို့ မွေးနေ့မှာဆုတောင်းပေးလိုက်ပါတယ်။

  • paukpauk

    July 4, 2011 at 9:50 am

    Happy B’Day
    Senior Pauk
    with best wishes.

  • padonmar

    July 6, 2011 at 9:48 pm

    ကွန်မကောင်းလို့ ရွာထဲမရောက်နိုင်တာကြာသွားတယ်။
    ခေတ်နောက်ကျနေပါပကောလား ။ကိုင်း မီရာနေရာကနေ လိုက်ပြီး ဆုတောင်းပေးလိုက်မယ်နော်။
    ရှည်ပါစေ ရှည်ပါစေ အသက်ရာကျော်။

  • အားလုံးပို့သသောမေတ္တာအဟုန်ကြောင့်
    အားလုံးပြည့်စုံပြီလို့ ယုံကြည်လို်က်ပါပြီ။
    အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

Leave a Reply